iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူေတြ တစ္ဦးနဲ႕တစ္ဦး ဘယ္ေလာက္ပဲခ်စ္ၾကပါေစ၊ သူ႕ကိုယ့္ကိုအရင္ကထက္ ပိုခ်စ္လာေစခ်င္တဲ့ စိတ္မ်ိဳးေလးေတြေတာ့ ရွိတတ္ၾကစျမဲပါ။ သူကိုယ့္ကို စေတြ႕ခါစအခ်ိန္ကထက္ပိုျပီး သံေယာဇဥ္ၾကိဳး ခုိင္ျမဲလာေစခ်င္သလို၊ နားလည္မႈလည္း ပိုေစခ်င္တတ္ၾကပါတယ္။ ခ်စ္သူႏွစ္ဦး အခ်ိန္ကာလတစ္ခုေရာက္လာတာနဲ႕အမ်ွ  ခ်စ္ၾကိဳးပိုမုိခုိင္ျမဲဖုိ႕ဆုိရင္ ေအာက္ပါ အခ်က္ (၇)ခ်က္အတုိင္း လုပ္ေဆာင္ရန္သာ လိုပါတယ္။

(၁) သင့္ရဲ႕ နဂိုမူလ ပံုစံအမွန္ကို သူသိပါေစ ။ ဟန္မေဆာင္ပါနဲ႕ . . . အရွိကို အရွိအတိုင္းသာ ေနထိုင္ ျပဳမူေျပာဆိုပါ ။
(၂) သူ႕ကို နားလည္ေပးပါ ။ ေနမင္းၾကီး ထြက္လာတဲ့အခါ ၾကယ္တာရာေတြ အားလံုးေပ်ာက္ကြယ္သြားသလို မ်ိဳးေပါ့ . . . အတင္းၾကီး လုပ္ယူတာမ်ိဳးမဟုတ္ဘဲ သင့္အခ်စ္ေၾကာင့္ သူ႕ရဲ႕ လိုအပ္ခ်က္ေတြ အားလံုးေမွးမွိန္သြားရသလိုမ်ိဳး ျဖစ္ႏိုင္ရင္ေတာ့ အေကာင္းဆံုးပါ ။
(၃) သူ လိုအပ္တဲ့ အၾကံဥာဏ္ ေပးႏိုင္ပါေစ ။ အခ်စ္တစ္ခုမွာ သံေယာဇဥ္ အျပင္ ယံုၾကည္ ကိုးစားမႈ ေတြပါလာတဲ့ အခါ Relationship က ပိုၿပီး ခိုင္ၿမဲလာတတ္ပါတယ္ ။
(၄) သူနဲ႕ ပတ္သတ္လာရင္ သူ႕ပတ္ဝန္းက်င္ အသိုင္းအဝိုင္းကိုပါ လက္ခံႏိုင္ေအာင္ ၾကိဳးစားပါ ။ အဓိကအားျဖင့္ သူ႕မိသားစု နဲ႕ လိုက္ေလ်ာညီေထြ ျဖစ္ေအာင္ ေနတတ္ပါေစ ။ တစ္ခုေတာ့ သတိျပဳေစခ်င္ပါတယ္ ။ ဟန္မေဆာင္ပါနဲ႕ ။ စိတ္ရင္းနဲ႕ ၾကိဳးစားပါ ။ စိတ္ထဲက မပါဘဲ အေပၚယံ အမူအယာ နဲ႕ အဆင္ေျပခ်င္ေယာင္ ဟန္ေဆာင္တဲ့အခါ အခ်ိန္ၾကာလာတာနဲ႕အမွ် သင္တို႕ႏွစ္ေယာက္လံုး စိတ္ပင္ပန္းရပါလိမ့္မယ္ ။
(၅) အမွတ္တရ ျဖစ္ရပ္ဆိုရင္ အေသးအဖြဲ႕ေလးက အစ မွတ္မွတ္ရရ ရွိေပးပါ ။
(၆) သူ႕ရဲ႕ ေဘးမွာ အခ်ိန္ေပးၿပီး ရွိေနေပးပါ ။ သူလိုအပ္သမွ် ျဖည့္ဆည္းေပးရင္း ေနေပ်ာ္လာပါေစ ။
(၇) သူ႕အိမ္မက္ထဲ က နတ္သမီးေလး ၊ သူ႕ အနာဂတ္ရဲ႕ ပါရမီျဖည့္ဖက္ေလး ျဖစ္ေပးပါ ။ သူ လဲက်တဲ့အခါ ေဖးမပါ။ ေအာင္ျမင္တဲ့အခါ ေသြးနားထင္ေရာက္ၿပီး ေအာက္ေျခမလြတ္ေအာင္ ႏွစ္သိမ့္ပါ ။ ပါရမီျဖည့္ဘက္ေကာင္း တစ္ေယာက္ အေနနဲ႕ ရွိေနေပးပါ ။

Credit: Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version
ချစ်သူတွေ တစ်ဦးနဲ့တစ်ဦး ဘယ်လောက်ပဲချစ်ကြပါစေ၊ သူ့ကိုယ့်ကိုအရင်ကထက် ပိုချစ်လာစေချင်တဲ့ စိတ်မျိုးလေးတွေတော့ ရှိတတ်ကြစမြဲပါ။ သူကိုယ့်ကို စတွေ့ခါစအချိန်ကထက်ပိုပြီး သံယောဇဉ်ကြိုး ခိုင်မြဲလာစေချင်သလို၊ နားလည်မှုလည်း ပိုစေချင်တတ်ကြပါတယ်။ ချစ်သူနှစ်ဦး အချိန်ကာလတစ်ခုရောက်လာတာနဲ့အမျှ  ချစ်ကြိုးပိုမိုခိုင်မြဲဖို့ဆိုရင် အောက်ပါ အချက် (၇)ချက်အတိုင်း လုပ်ဆောင်ရန်သာ လိုပါတယ်။

(၁) သင့်ရဲ့ နဂိုမူလ ပုံစံအမှန်ကို သူသိပါစေ ။ ဟန်မဆောင်ပါနဲ့ . . . အရှိကို အရှိအတိုင်းသာ နေထိုင် ပြုမူပြောဆိုပါ ။
(၂) သူ့ကို နားလည်ပေးပါ ။ နေမင်းကြီး ထွက်လာတဲ့အခါ ကြယ်တာရာတွေ အားလုံးပျောက်ကွယ်သွားသလို မျိုးပေါ့ . . . အတင်းကြီး လုပ်ယူတာမျိုးမဟုတ်ဘဲ သင့်အချစ်ကြောင့် သူ့ရဲ့ လိုအပ်ချက်တွေ အားလုံးမှေးမှိန်သွားရသလိုမျိုး ဖြစ်နိုင်ရင်တော့ အကောင်းဆုံးပါ ။
(၃) သူ လိုအပ်တဲ့ အကြံဉာဏ် ပေးနိုင်ပါစေ ။ အချစ်တစ်ခုမှာ သံယောဇဉ် အပြင် ယုံကြည် ကိုးစားမှု တွေပါလာတဲ့ အခါ Relationship က ပိုပြီး ခိုင်မြဲလာတတ်ပါတယ် ။
(၄) သူနဲ့ ပတ်သတ်လာရင် သူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းကိုပါ လက်ခံနိုင်အောင် ကြိုးစားပါ ။ အဓိကအားဖြင့် သူ့မိသားစု နဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေတတ်ပါစေ ။ တစ်ခုတော့ သတိပြုစေချင်ပါတယ် ။ ဟန်မဆောင်ပါနဲ့ ။ စိတ်ရင်းနဲ့ ကြိုးစားပါ ။ စိတ်ထဲက မပါဘဲ အပေါ်ယံ အမူအယာ နဲ့ အဆင်ပြေချင်ယောင် ဟန်ဆောင်တဲ့အခါ အချိန်ကြာလာတာနဲ့အမျှ သင်တို့နှစ်ယောက်လုံး စိတ်ပင်ပန်းရပါလိမ့်မယ် ။
(၅) အမှတ်တရ ဖြစ်ရပ်ဆိုရင် အသေးအဖွဲ့လေးက အစ မှတ်မှတ်ရရ ရှိပေးပါ ။
(၆) သူ့ရဲ့ ဘေးမှာ အချိန်ပေးပြီး ရှိနေပေးပါ ။ သူလိုအပ်သမျှ ဖြည့်ဆည်းပေးရင်း နေပျော်လာပါစေ ။
(၇) သူ့အိမ်မက်ထဲ က နတ်သမီးလေး ၊ သူ့ အနာဂတ်ရဲ့ ပါရမီဖြည့်ဖက်လေး ဖြစ်ပေးပါ ။ သူ လဲကျတဲ့အခါ ဖေးမပါ။ အောင်မြင်တဲ့အခါ သွေးနားထင်ရောက်ပြီး အောက်ခြေမလွတ်အောင် နှစ်သိမ့်ပါ ။ ပါရမီဖြည့်ဘက်ကောင်း တစ်ယောက် အနေနဲ့ ရှိနေပေးပါ ။


Credit: Trend Myanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top