iMyanmarHouse.com - Best Property Website for Myanmar
×





စည်းမျဉ်းထားပါ။



Credit : Trend Myanmar

Unicode Version

လိင်မှုကိစ္စဆိုတာ လူတိုင်းနဲ့ မကင်းနိုင်ပါဘူး။ လိင်မှုကိစ္စက သင့်ရဲ့ ဘဝကို ပျော်ရွှင်အောင် ဖန်တီးပေးနိုင်တဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ အဲဒီလိုပါပဲ အပြာကားတွေဆိုတာကလည်း သင့်အတွက် တစ်ကိုယ်ရေ ဆန္ဒကို ဖန်တီးပေးနိုင်တဲ့အရာတွေဖြစ်ပါတယ်။ လူတွေအားလုံးက ကိုယ့်ရဲ့ပါတနာနဲ့ တစ်ကြိမ်တစ်ခါလောက်တော့ အပြာကားတွေ၊ဇာတ်ဝင်ခန်းတွေကို ကြည့်ဖူးချင်ကြမှာပါ။ ဒါပေမယ့်တော်တော်များများကတော့ ဒီကိစ္စကို မဝံ့မရဲဖြစ်ကြပါတယ်။

သီအိုရအရဆိုရင်တော့ အပြာကားတွေကို သင့်ရဲ့ ပါတနာနဲ့ အတူကြည့်တာက လွယ်ကူပါတယ်။ စစချင်းမှာတော့ အတူကြည့်ဖို့ပြောရမှာ ခက်ခဲကောင်းခက်ခဲနေပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ ဇာတ်ကားတစ်ကား၊ ရုပ်ရှင်တစ် ခုကို ကြည့်နေတယ်လို့ပဲ သဘောထားပါ။ အပြာကားတွေက သွေးဆောင်လိမ်လည်ဖို့ တွန်းအားပေးတဲ့အရာတွေလည်း မဟုတ်ပါဘူး။ ဒါ့အပြင် သင့်ရဲ့ လိင်မှုရေးရာအရည်အသွေးမှာလည်း အစွန်းအထင်း ထင်ဟပ်စေမှာမဟုတ်ပါဘူး။
တကယ်တမ်းတော့ သုတေသနတွေမှာ အပြာကား အတူကြည့်တဲ့ စုံတွဲတွေက အခြားစုံတွဲတွေထက် ပိုသာယာတဲ့ လိင်မှုဆက်ဆံရေးကို ရတယ်လို့ဆိုထားပါတယ်။

သင့်ရဲ့ပါတနာကို အပြာကားအတူကြည့်ဖို့ပြောဖူးပါသလား။ ဒါကတကယ်ကို ကိုင်ရတွယ်ရခက်တဲ့ ဘာသာရပ်ပါပဲ။ အခုထိ အထမမြောက်သေးဘူးဆိုရင်တော့ အောက်မှာပြောပြပေးထားတာတွေကို လေ့လာကြည့်လိုက်ပါဦး။

သင့်ရဲ့ ပါတနာကို စကားလမ်းကြောင်းစပေးပါ။
သင့်အနေနဲ့ သင့်ရဲ့ပါတနာက ဘာတွေကို နှစ်သက်လဲ မနှစ်သက်လဲဆိုတာ သိနေဖို့လိုပါတယ်။ အပြာကားအတူတူ ကြည့်ရတာ တကယ်ကို အမိုက်စားခံစားမှုဖြစ်ပြီး လူတိုင်းသဘောကျကြပါတယ်။ ဒါပေမယ့် တစ်ဖက်က ကိုယ့်ရဲ့ပါတနာအနေနဲ့ စိတ်ကွက်သွားတာ၊ ရှက်ရွံ့သွားတာတွေ မဖြစ်စေဖို့ စကားကို ပါးနပ်စွာ ပြောတတ်ဖို့လိုပါတယ်။

စည်းမျဉ်းထားပါ။
သင်မစတင်ခင်မှာ စည်းမျဉ်းတွေ ရှင်းရှင်းလင်းလင်း သတ်မှတ်ထားပါ။ သင့်အနေနဲ့ ဆက်ပြီးကြည့်ချင်ရင်တောင် သင့်ရဲ့ ပါတနာက ကြည့်နေရင်း အငြင်းသဘောဆောင်တဲ့ အပြုအမူတွေပြလာပြီဆိုရင် ချက်ချင်း ပိတ်လိုက်ပါ။ဘေးလူရဲ့ စိတ်ခံစားချက်ကို ဦးစားပေးပါ။

အပြာကားတွေက ကျန်းမာရေးအတွက် ကောင်းမွန်တယ်ဆိုတာ သတိရပါ။
Current Sexual Health Reports ဂျာနယ်မှာပါတဲ့ သုတေသနအရ အပြာကားတွေက စွဲလန်းမှုကို မဖြစ်စေဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် အပြာကားကြည့်တဲ့ အမျိုးသားတွေဟာ သူတို့ရဲ့ လိင်မှုဆက်ဆံရေးမှာ ပါတနာအတွက် မြင့်မားတဲ့ စွမ်းဆောင်ရည်နဲ့ စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်ပါတယ်တဲ့။

အပြာကားတွေက အန္တရာယ်ကင်းပြီး သင့်ရဲ့ လိင်မှုဘဝကို ကောင်းမွန်စေတဲ့အပြင် အပြာကားအတူကြည့်ချင်အားဖြင့် နှစ်ယောက်ကြား ရင်းနှီးမှု ပိုမိုရနိုင်မှာ ဖြစ်ပါတယ်။


Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top