iMyanmarHouse.com - Best Property Website for Myanmar
×

ပထမဆံုး မ်က္နွာ အဆီျပန္တတ္တဲ့ ခ်စ္ေလးေတြအတြက္ သခြားသီးကပ္ခြာလုပ္နည္း ေျပာျပေပးမယ္။

နည္းလမ္း (၁)

ဆႏြင္းမႈန္႕ (စားပြဲတင္ဇြန္း ၁ဇြန္း) ၊ သခြားသီးနွစ္ (လဘက္ရည္ခြက္ တစ္ဝက္) နဲ႕ လတ္လတ္ဆတ္ဆတ္ ညွစ္ယူထားတဲ့ သံပုယိုသီး (စားပြဲတင္ဇြန္းတစ္ဇြန္း) တို႕ကိုေရာၿပီး မ်က္နွာျပင္ေပၚမွာ လိမ္းေပးပါ။ ၁၅မိနစ္ေလာက္ထားၿပီးမွ ေရေႏြးေႏြးေလးနဲ႕ေဆးခ်ပါ။ (ၾကက္ဥထည့္ခ်င္လည္းထည့္လို႕ရပါေသးတယ္။

နည္းလမ္း (၂)

ဒိန္ခ်ဥ္(ရိုးရိုး)နဲ႕ သခြားသီးနွစ္တို႕ကိုေရာၿပီး မ်က္နွာျပင္ေပၚမွာ လိမ္းေပးပါ။ ၁၅မိနစ္ခန္႕ထားၿပီး ေရနဲ႕ ေဆးခ်ပါ။

#အသားေရေျခာက္တတ္တဲ့ ပ်ိဳေမတို႕အတြက္လည္း သခြားသီးကပ္ခြာလုပ္နည္း သက္သက္ရွိေသးတယ္ေနာ္။ ပထမဆံုး အုတ္ဂ်ံဳမႈန္႕ (စားပြဲတင္ဇြန္း တစ္ဇြန္း) နဲ႕ သခြားသီးနွစ္ကို ေရာပါ။ အဲ့အေရာထဲကို ပ်ားရည္ေလးေပါင္းထည့္ၿပီး မ်က္နွာျပင္ေပၚမွာ လိမ္းေပးပါ။ ၁၅မိနစ္ခန္႕ထားၿပီးမွ ေရေႏြးေႏြးေလးနဲ႕ ေဆးခ်ပါ။

#ကဲအခုကေတာ့ အသားေရအားလံုးအတြက္ သခြားသီးကပ္ခြာလုပ္နည္း ေျပာျပရမယ့္အလွည့္။

အုတ္ဂ်ံဳမႈန္႕ (စားပြဲတင္ဇြန္းတစ္ဇြန္း) နဲ႕ ႀကိတ္ေျခထားတဲ့ သခြားသီးတို႕ကို ေရာေပးပါ။ ထိုအေရာထဲကို (ေထာပတ္ထုတ္ယူၿပီး) နို႕ရည္နဲ႕ သံပယိုရည္တို႕ကို ထပ္ထည့္ကာ မ်က္နွာျပင္ေပၚလိမ္းေပးပါ။ ၁၅မိနစ္ခန္႕ထားၿပီး ေရေႏြးေႏြးေလးနဲ႕ ေဆးခ်ပါ။

#ေနာက္ထပ္ သခြားသီးကပ္ကြာတစ္မ်ိဳးကေတာ့ မမတို႕ကို ရွိရင္းစြဲအသက္ထက္

ငယ္ပံုေပၚေအာင္ အရြယ္တင္ေစမယ့္ သခြားသီးကပ္ခြာနည္းပါ။ ဒိန္ (စားပြဲတင္ဇြန္း နွစ္ဇြန္း) ၊ ပ်ားရည္ (စားပြဲတင္ဇြန္း တစ္ဝက္)၊ သံပယိုရည္(စားပြဲတင္ဇြန္း တစ္ဇြန္း)၊ ႀကိတ္ထားတဲ့ သခြားသီး (လဘက္ရည္ခြက္ တစ္ဝက္) နဲ႕ ဗီတာမင္အီး (၃လံုး)တို႕ကို ေရာၿပီး မ်က္နွာျပင္ေပၚ လိမ္းေပးပါ။ ၁၅မိနစ္ခန္႕ထားၿပီး ေရေႏြးေႏြးေလးနဲ႕ ေဆးခ်လိုက္ပါ။

ကဲဒါဆိုရင္ အရြယ္သံုးပါးစလံုးအတြက္ သခြားသီးေလးတစ္လံုးပဲ လိုတယ္ဆိုတာယံုၾကၿပီလား ပ်ိဳေမတို႕ေရ။ခ်စ္တဲ့ ေယာင္းေယာင္းေလးေတြကို ျပန္လည္မ်ွေဝေပးဖို႕ မေမ့နဲ႕ဦးေနာ္ 😉
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:Jasmine (Forhermyanmar)

#Unicode Version
ပထမဆုံး မျက်နှာ အဆီပြန်တတ်တဲ့ ချစ်လေးတွေအတွက် သခွားသီးကပ်ခွာလုပ်နည်း ပြောပြပေးမယ်။

နည်းလမ်း (၁)

ဆနွင်းမှုန့် (စားပွဲတင်ဇွန်း ၁ဇွန်း) ၊ သခွားသီးနှစ် (လဘက်ရည်ခွက် တစ်ဝက်) နဲ့ လတ်လတ်ဆတ်ဆတ် ညှစ်ယူထားတဲ့ သံပုယိုသီး (စားပွဲတင်ဇွန်းတစ်ဇွန်း) တို့ကိုရောပြီး မျက်နှာပြင်ပေါ်မှာ လိမ်းပေးပါ။ ၁၅မိနစ်လောက်ထားပြီးမှ ရေနွေးနွေးလေးနဲ့ဆေးချပါ။ (ကြက်ဥထည့်ချင်လည်းထည့်လို့ရပါသေးတယ်။

နည်းလမ်း (၂)

ဒိန်ချဉ်(ရိုးရိုး)နဲ့ သခွားသီးနှစ်တို့ကိုရောပြီး မျက်နှာပြင်ပေါ်မှာ လိမ်းပေးပါ။ ၁၅မိနစ်ခန့်ထားပြီး ရေနဲ့ ဆေးချပါ။

#အသားရေခြောက်တတ်တဲ့ ပျိုမေတို့အတွက်လည်း သခွားသီးကပ်ခွာလုပ်နည်း သက်သက်ရှိသေးတယ်နော်။ ပထမဆုံး အုတ်ဂျုံမှုန့် (စားပွဲတင်ဇွန်း တစ်ဇွန်း) နဲ့ သခွားသီးနှစ်ကို ရောပါ။ အဲ့အရောထဲကို ပျားရည်လေးပေါင်းထည့်ပြီး မျက်နှာပြင်ပေါ်မှာ လိမ်းပေးပါ။ ၁၅မိနစ်ခန့်ထားပြီးမှ ရေနွေးနွေးလေးနဲ့ ဆေးချပါ။

#ကဲအခုကတော့ အသားရေအားလုံးအတွက် သခွားသီးကပ်ခွာလုပ်နည်း ပြောပြရမယ့်အလှည့်။

အုတ်ဂျုံမှုန့် (စားပွဲတင်ဇွန်းတစ်ဇွန်း) နဲ့ ကြိတ်ခြေထားတဲ့ သခွားသီးတို့ကို ရောပေးပါ။ ထိုအရောထဲကို (ထောပတ်ထုတ်ယူပြီး) နို့ရည်နဲ့ သံပယိုရည်တို့ကို ထပ်ထည့်ကာ မျက်နှာပြင်ပေါ်လိမ်းပေးပါ။ ၁၅မိနစ်ခန့်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချပါ။

#နောက်ထပ် သခွားသီးကပ်ကွာတစ်မျိုးကတော့ မမတို့ကို ရှိရင်းစွဲအသက်ထက်

ငယ်ပုံပေါ်အောင် အရွယ်တင်စေမယ့် သခွားသီးကပ်ခွာနည်းပါ။ ဒိန် (စားပွဲတင်ဇွန်း နှစ်ဇွန်း) ၊ ပျားရည် (စားပွဲတင်ဇွန်း တစ်ဝက်)၊ သံပယိုရည်(စားပွဲတင်ဇွန်း တစ်ဇွန်း)၊ ကြိတ်ထားတဲ့ သခွားသီး (လဘက်ရည်ခွက် တစ်ဝက်) နဲ့ ဗီတာမင်အီး (၃လုံး)တို့ကို ရောပြီး မျက်နှာပြင်ပေါ် လိမ်းပေးပါ။ ၁၅မိနစ်ခန့်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။

ကဲဒါဆိုရင် အရွယ်သုံးပါးစလုံးအတွက် သခွားသီးလေးတစ်လုံးပဲ လိုတယ်ဆိုတာယုံကြပြီလား ပျိုမေတို့ရေ။ချစ်တဲ့ ယောင်းယောင်းလေးတွေကို ပြန်လည်မျှဝေပေးဖို့ မမေ့နဲ့ဦးနော် 😉
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Jasmine (Forhermyanmar)

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top