iMyanmarHouse.com - Best Property Website for Myanmar
×

ႏႈတ္ခမ္းဖ်ားေပၚက အၾကင္နာအနမ္း

လူသားေတြ တစ္ဦးနဲ႔တစ္ဦးခ်စ္ခင္စံုမက္ၾကတဲ့အခါမွာ အၾကင္နာအနမ္းေတြ ေခၽြေလ့ရွိတတ္ၾကပါတယ္။ ဒီလို ဘာေၾကာင့္ နမ္းၾကတာပါလဲ။ အနမ္းေတြရဲ႕ အဓိပၸါယ္၊ အက်ိဳးသက္ေရာက္မႈက ဘယ္လိုလဲဆိုတာကို ေလ့လာၾကည့္သင့္ပါတယ္။

လူေတြ အနမ္းေပးၾကသည့္ အေၾကာင္းရင္း

လူေတြ တစ္ဦးနဲ႔တစ္ဦး ႏႈတ္ခမ္းခ်င္းနမ္းၾကတာဟာ ဘ၀လက္တြဲေဖာ္ကို ရွာေဖြရွာမွာ အေထာက္အကူ ျဖစ္ေစတယ္လို႔ ဆိုပါတယ္။ ေျပာရရင္ ဒီလို ႏႈတ္ခမ္းခ်င္းနမ္းၾကတာဟာ ကိုယ္လုိခ်င္တဲ့ ခ်စ္သူကို အာ႐ုံခံေရြးခ်ယ္တာလို႔ ဆိုႏိုင္ပါတယ္။ လူႏွစ္ဦး မ်က္ႏွာခ်င္းအလြန္အမင္းနီးကပ္လာတဲ့အခါမွာ တစ္ဦးခ်င္းစီရဲ႕ ေဟာမုန္းေတြက စကားေတြေျပာလာၾကပါတယ္။ ဒီလူႏွစ္ေယာက္ကေန က်န္းမာသန္းစြမ္းတဲ့ သားသမီးေတြ ေမြးဖြားလာႏိုင္မလားဆိုတာကို ခႏၶာကိုယ္က အလုိအေလ်ာက္ဆန္းစစ္တဲ့ ဇီ၀ဆိုင္ရာအခ်က္အလက္ေတြ ဖလွယ္သြားတတ္ပါတယ္။ ဒီလိုဖလွယ္ၿပီး ကိုက္ညီမႈရွိျခင္းကပဲ တစ္ဦးနဲ႔တစ္ဦးကို ပိုၿပီးစြဲလမ္းတပ္မက္ သြားေစႏိုင္တာ ျဖစ္ပါတယ။

အနမ္းေတြရဲ႕ အေၾကာင္းရင္း

ေလ့လာသူေတြရဲ႕အဆိုအရ မတူညီတဲ့အနမ္းအမ်ိဳးအစား (၁၅၅)မ်ိဳးရွိတယ္လို႔ ဆိုပါတယ္။ တကယ္ေတာ့ အၾကင္နာအနမ္းေတြေခၽြရာမွာ ဘယ္ႏွစ္ႀကိမ္နမ္းတာ၊ ဘယ္လိုနမ္းတာနဲ႔ ဘယ္ေလာက္ၾကာေအာင္ နမ္းတာေတြထက္ မွန္မွန္ကန္ကန္နမ္းတတ္ဖို႔ လိုပါတယ္။ လူသားႏွစ္ေယာက္ရဲ႕ ႏႈတ္ခမ္းေတြ အမွန္ကန္ဆံုး ထိေတြ႕တဲ့အခါမွာ ေျပာမျပတတ္ေလာက္တဲ့ ခံစားခ်က္မ်ိဳးျဖစ္ေပၚလာၿပီး ႏွစ္ေယာက္စလံုးကို ကမာၻေလာကသစ္တစ္ခုဆီကို ပို႔ေဆာင္ေပးလိုက္ႏိုင္ပါတယ္။ ဒီေတာ့ အနမ္းအမ်ိဳးအစားဘယ္ေလာက္ပဲ ရွိရွိ အေရးမႀကီးပါဘူး။ အနမ္းေတြရဲ႕အေၾကာင္းရင္းက ပိုအေရးႀကီးပါတယ္။

ပထမအနမ္း – ဒီအနမ္းကေတာ့ ရိုးရွင္းပါတယ္။ ပထမဆံုးအနမ္းကို စတင္တဲ့အခ်ိန္မွာ ဒီကိစၥက ဘယ္လိုေနလဲ၊ တျခားသူေတြေျပာသလို တကယ္ပဲခ်ိဳၿမိန္ေကာင္းမြန္သလား ဆိုတာကိုပဲ သိခ်င္ေနမွာ ျဖစ္ပါတယ္။ ပထမဆံုးအနမ္းေတြက ေနာက္တစ္ခါထပ္ႀကိဳးစားဖို႔ တြန္းအားလည္း ေပးတတ္ပါတယ္။ အေတြ႕အၾကံဳရွိၿပီးသားသူတစ္ေယာက္ေတာင္မွ လူသစ္တစ္ေယာက္ကို နမ္းရမယ္ဆိုရင္ အစပိုင္းမွာ ကတုန္ကရင္ျဖစ္တတ္ၾကပါေသးတယ္။ ဒါေပမယ့္ ပထမဆံုးအနမ္းေတြက ဖိအားမမ်ားလွပါဘူး။

ရမက္အနမ္း – ဒီအနမ္းမ်ိဳးကေတာ့ ခ်စ္တင္းေႏွာဖို႔ စိတ္အားတက္ၾကြေနသူႏွစ္ဦးရဲ႕ သ႐ုပ္တစ္ခုျဖစ္ၿပီး နည္းလမ္းမ်ိဳးစံုျဖစ္ႏိုင္ပါတယ္။ ဒီလိုအနမ္းမ်ိဳးေတြက ႏွစ္ဦးစလံုးကို ရာဂစိတ္အျပင္းအထန္ႏိုးၾကားလာေအာင္ စြမ္းေဆာင္ႏိုင္ပါတယ္။ မ်ားေသာအားျဖင့္ အိပ္ခန္းထဲမွာ နမ္းေလ့ရွိၿပီး အျခားလံုျခံဳတဲ့ဘယ္ေနရာမဆိုလည္း ျဖစ္ႏိုင္ပါတယ္။

မင္းအတြက္ ငါရွိေနတယ္ အနမ္း – ဒီအနမ္းမ်ိဳးကေတာ့ နာက်င္မႈေတြ၊ မလံုျခံဳမႈေတြနဲ႔ သံသယေတြ ခံစားေနရာတဲ့အခါမ်ိဳးမွာ တစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွန္ ဂ႐ုစိုက္မႈ၊ စာနာသနားမႈကို ေဖာ္ျပတဲ့ အနမ္းမ်ိဳးျဖစ္ပါတယ္။ ဒီအနမ္းမွာ မင္းအတြက္ ငါအျမဲရွိေနမယ္ဆိုတဲ့ အဓိပၸါယ္သက္ေရာက္ေနၿပီး လူႏွစ္ဦးကို ခိုင္ျမဲစြာ ခ်ည္ေႏွာင္ထားေပးႏိုင္ပါတယ္။္

ႏႈတ္ခြန္းဆက္အနမ္း – ဒီအနမ္းမ်ိဳးက အလ်င္လိုေနခ်ိန္မွာ ခ်စ္သူကိုအျမန္ႏႈတ္ဆက္တဲ့ သေဘာမ်ိဳးနဲ႔ နမ္းၾကတာျဖစ္ပါတယ္။ အနမ္းစာရင္းထဲမွာ ထည့္ဖို႔ေတာင္ မလိုေလာက္ေပမယ့္ အသံုးမ်ားတဲ့အနမ္းအမ်ိဳးအစားတစ္ခု ျဖစ္ေနပါတယ္။

ကမာၻႀကီးရပ္တန္႔သြားေစသည့္ အနမ္း – ဒီအနမ္းကေတာ့ တစ္ေလာကလံုးမွာ ႏွစ္ေယာက္တည္းပဲ ရွိသလို ခံစားသြားရေစမယ့္ အနမ္းမ်ိဳးျဖစ္ပါတယ္။ အရင္ဆံုး မိန္းကေလးရဲ႕မ်က္လံုးထဲကို ေလးေလးနက္နက္စိုက္ၾကည့္ပါ။ မ်က္လံုးေတြ၊ စိတ္၀ိညာဥ္နဲ႔ နမ္းတဲ့သေဘာျဖစ္ပါတယ္။ ၿပီးရင္ ေခါင္းေလးကို အသာေလးေမာ့ၿပီး ႏႈတ္ခမ္းေလးေတြကို အသာအယာနမ္းပါ။ လက္မေလးနဲ႔ ပါးအို႔ေလးေတြကို ပြတ္သပ္ေပးပါ။ ဒီလိုအနမ္းမ်ိဳးကို မွန္မွန္ကန္ကန္ေပးတတ္မယ္ဆိုရင္ ပတ္၀န္းက်င္တစ္လုံုးကို ေမ့ေလ်ာ့သြားၿပီး ေန႔စဥ္အခက္အခဲေတြ အားလံုးေပ်ာက္ကြယ္သြားတာကို ခံစားရမွာျဖစ္ပါတယ္။

အနမ္းေတြနဲ႔ အခ်စ္ကို လွပေနပါေစ။

အနမ္းေတြက အႏုပညာဆန္ပါတယ္။ အၾကင္နာအနမ္းေတြက ႏွစ္ဦးႏွစ္ဖက္စလံုးအတြက္ ပိုမိုရင္းႏွီးခိုင္ျမဲတဲ့ ဆက္သြယ္မႈတစ္ခုကို တည္ေဆာက္ႏိုင္မွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အနမ္းေတြကို မွန္မွန္ကန္ကန္ေခၽြတတ္ေအာင္ ေလ့က်င့္ၿပီး သင့္ရဲ႕ခ်စ္ျခင္းကို လွပတည္ၿငိမ္ေနပါေစ။


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit: Gentleman Magazine

#Unicode Version

နှုတ်ခမ်းဖျားပေါ်က အကြင်နာအနမ်း

လူသားတွေ တစ်ဦးနဲ့တစ်ဦးချစ်ခင်စုံမက်ကြတဲ့အခါမှာ အကြင်နာအနမ်းတွေ ချွေလေ့ရှိတတ်ကြပါတယ်။ ဒီလို ဘာကြောင့် နမ်းကြတာပါလဲ။ အနမ်းတွေရဲ့ အဓိပ္ပါယ်၊ အကျိုးသက်ရောက်မှုက ဘယ်လိုလဲဆိုတာကို လေ့လာကြည့်သင့်ပါတယ်။

လူတွေ အနမ်းပေးကြသည့် အကြောင်းရင်း

လူတွေ တစ်ဦးနဲ့တစ်ဦး နှုတ်ခမ်းချင်းနမ်းကြတာဟာ ဘဝလက်တွဲဖော်ကို ရှာဖွေရှာမှာ အထောက်အကူ ဖြစ်စေတယ်လို့ ဆိုပါတယ်။ ပြောရရင် ဒီလို နှုတ်ခမ်းချင်းနမ်းကြတာဟာ ကိုယ်လိုချင်တဲ့ ချစ်သူကို အာရုံခံရွေးချယ်တာလို့ ဆိုနိုင်ပါတယ်။ လူနှစ်ဦး မျက်နှာချင်းအလွန်အမင်းနီးကပ်လာတဲ့အခါမှာ တစ်ဦးချင်းစီရဲ့ ဟောမုန်းတွေက စကားတွေပြောလာကြပါတယ်။ ဒီလူနှစ်ယောက်ကနေ ကျန်းမာသန်းစွမ်းတဲ့ သားသမီးတွေ မွေးဖွားလာနိုင်မလားဆိုတာကို ခန္ဓာကိုယ်က အလိုအလျောက်ဆန်းစစ်တဲ့ ဇီဝဆိုင်ရာအချက်အလက်တွေ ဖလှယ်သွားတတ်ပါတယ်။ ဒီလိုဖလှယ်ပြီး ကိုက်ညီမှုရှိခြင်းကပဲ တစ်ဦးနဲ့တစ်ဦးကို ပိုပြီးစွဲလမ်းတပ်မက် သွားစေနိုင်တာ ဖြစ်ပါတယ။

အနမ်းတွေရဲ့ အကြောင်းရင်း

လေ့လာသူတွေရဲ့အဆိုအရ မတူညီတဲ့အနမ်းအမျိုးအစား (၁၅၅)မျိုးရှိတယ်လို့ ဆိုပါတယ်။ တကယ်တော့ အကြင်နာအနမ်းတွေချွေရာမှာ ဘယ်နှစ်ကြိမ်နမ်းတာ၊ ဘယ်လိုနမ်းတာနဲ့ ဘယ်လောက်ကြာအောင် နမ်းတာတွေထက် မှန်မှန်ကန်ကန်နမ်းတတ်ဖို့ လိုပါတယ်။ လူသားနှစ်ယောက်ရဲ့ နှုတ်ခမ်းတွေ အမှန်ကန်ဆုံး ထိတွေ့တဲ့အခါမှာ ပြောမပြတတ်လောက်တဲ့ ခံစားချက်မျိုးဖြစ်ပေါ်လာပြီး နှစ်ယောက်စလုံးကို ကမ္ဘာလောကသစ်တစ်ခုဆီကို ပို့ဆောင်ပေးလိုက်နိုင်ပါတယ်။ ဒီတော့ အနမ်းအမျိုးအစားဘယ်လောက်ပဲ ရှိရှိ အရေးမကြီးပါဘူး။ အနမ်းတွေရဲ့အကြောင်းရင်းက ပိုအရေးကြီးပါတယ်။

ပထမအနမ်း – ဒီအနမ်းကတော့ ရိုးရှင်းပါတယ်။ ပထမဆုံးအနမ်းကို စတင်တဲ့အချိန်မှာ ဒီကိစ္စက ဘယ်လိုနေလဲ၊ တခြားသူတွေပြောသလို တကယ်ပဲချိုမြိန်ကောင်းမွန်သလား ဆိုတာကိုပဲ သိချင်နေမှာ ဖြစ်ပါတယ်။ ပထမဆုံးအနမ်းတွေက နောက်တစ်ခါထပ်ကြိုးစားဖို့ တွန်းအားလည်း ပေးတတ်ပါတယ်။ အတွေ့အကြုံရှိပြီးသားသူတစ်ယောက်တောင်မှ လူသစ်တစ်ယောက်ကို နမ်းရမယ်ဆိုရင် အစပိုင်းမှာ ကတုန်ကရင်ဖြစ်တတ်ကြပါသေးတယ်။ ဒါပေမယ့် ပထမဆုံးအနမ်းတွေက ဖိအားမများလှပါဘူး။

ရမက်အနမ်း – ဒီအနမ်းမျိုးကတော့ ချစ်တင်းနှောဖို့ စိတ်အားတက်ကြွနေသူနှစ်ဦးရဲ့ သရုပ်တစ်ခုဖြစ်ပြီး နည်းလမ်းမျိုးစုံဖြစ်နိုင်ပါတယ်။ ဒီလိုအနမ်းမျိုးတွေက နှစ်ဦးစလုံးကို ရာဂစိတ်အပြင်းအထန်နိုးကြားလာအောင် စွမ်းဆောင်နိုင်ပါတယ်။ များသောအားဖြင့် အိပ်ခန်းထဲမှာ နမ်းလေ့ရှိပြီး အခြားလုံခြုံတဲ့ဘယ်နေရာမဆိုလည်း ဖြစ်နိုင်ပါတယ်။

မင်းအတွက် ငါရှိနေတယ် အနမ်း – ဒီအနမ်းမျိုးကတော့ နာကျင်မှုတွေ၊ မလုံခြုံမှုတွေနဲ့ သံသယတွေ ခံစားနေရာတဲ့အခါမျိုးမှာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ဂရုစိုက်မှု၊ စာနာသနားမှုကို ဖော်ပြတဲ့ အနမ်းမျိုးဖြစ်ပါတယ်။ ဒီအနမ်းမှာ မင်းအတွက် ငါအမြဲရှိနေမယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်နေပြီး လူနှစ်ဦးကို ခိုင်မြဲစွာ ချည်နှောင်ထားပေးနိုင်ပါတယ်။်

#50001

နှုတ်ခွန်းဆက်အနမ်း – ဒီအနမ်းမျိုးက အလျင်လိုနေချိန်မှာ ချစ်သူကိုအမြန်နှုတ်ဆက်တဲ့ သဘောမျိုးနဲ့ နမ်းကြတာဖြစ်ပါတယ်။ အနမ်းစာရင်းထဲမှာ ထည့်ဖို့တောင် မလိုလောက်ပေမယ့် အသုံးများတဲ့အနမ်းအမျိုးအစားတစ်ခု ဖြစ်နေပါတယ်။

ကမ္ဘာကြီးရပ်တန့်သွားစေသည့် အနမ်း – ဒီအနမ်းကတော့ တစ်လောကလုံးမှာ နှစ်ယောက်တည်းပဲ ရှိသလို ခံစားသွားရစေမယ့် အနမ်းမျိုးဖြစ်ပါတယ်။ အရင်ဆုံး မိန်းကလေးရဲ့မျက်လုံးထဲကို လေးလေးနက်နက်စိုက်ကြည့်ပါ။ မျက်လုံးတွေ၊ စိတ်ဝိညာဉ်နဲ့ နမ်းတဲ့သဘောဖြစ်ပါတယ်။ ပြီးရင် ခေါင်းလေးကို အသာလေးမော့ပြီး နှုတ်ခမ်းလေးတွေကို အသာအယာနမ်းပါ။ လက်မလေးနဲ့ ပါးအို့လေးတွေကို ပွတ်သပ်ပေးပါ။ ဒီလိုအနမ်းမျိုးကို မှန်မှန်ကန်ကန်ပေးတတ်မယ်ဆိုရင် ပတ်ဝန်းကျင်တစ်လုံးကို မေ့လျော့သွားပြီး နေ့စဉ်အခက်အခဲတွေ အားလုံးပျောက်ကွယ်သွားတာကို ခံစားရမှာဖြစ်ပါတယ်။

အနမ်းတွေနဲ့ အချစ်ကို လှပနေပါစေ။

အနမ်းတွေက အနုပညာဆန်ပါတယ်။ အကြင်နာအနမ်းတွေက နှစ်ဦးနှစ်ဖက်စလုံးအတွက် ပိုမိုရင်းနှီးခိုင်မြဲတဲ့ ဆက်သွယ်မှုတစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် အနမ်းတွေကို မှန်မှန်ကန်ကန်ချွေတတ်အောင် လေ့ကျင့်ပြီး သင့်ရဲ့ချစ်ခြင်းကို လှပတည်ငြိမ်နေပါစေ။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit: Gentleman Magazine


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top