iMyanmarHouse.com - Best Property Website for Myanmar
×
#Unicode Version
နံနက်အိပ်ယာမှနိုးလျှင် ကျော များတောင့်တင်းခြင်း၊ ခြေထောက်နာ ခြင်းနှင့် အခြားသောကိုယ်ခန္ဓာ အစိတ်အပိုင်းများ နာကျင်မှုကို ဖြစ် စေပါသည် ။ ယင်းတို့ကို ဖြေလျော့ပြီး ပေါ့ပါးသည့်
ကိုယ်ခန္ဓာရရှိစေရန် အောက်ပါလေ့ကျင့်ခန်းများကို အိပ် ယာထဲ၌ပင် ပြုလုပ်ပါ။
(၁) အိပ်ယာပေါ်တွင် ပက်လက်အနေ အထားဖြင့် ဒူးနှစ်ဖက်ကိုထောင်ပါ။ ခန္ဓာကိုယ်ကို ညာသို့စောင်းပါ။ ပြီး လျှင် ဘယ်သို့လှိမ့်၍စောင်းပါ။ (၁၀)ကြိမ် ပြုလုပ်ပါ။
(၂) ပက်လက်အနေအထားတွင် လက်နှစ်ဖက်ကို ဘေးမှာခပ်လျော့ လျော့ ကပ်ထားပြီး ခြေထောက်နှစ် ဖက်ကို မျက်နှာကျက်ဆီသို့ မတင်ပါ။ (၁၀)စက္ကန့်ထားပါ ။ ဤအနေအထား အတိုင်း (၁၀)
ကြိမ်ပြုလုပ်ပါ ။ သတိပြု ရန်မှာ ခြေဖျားကို ဖြေလျော့ထားပါ ။ ခြေချောင်းများကို ချွန်မထားပါနှင့် ခြေသ လုံးြွကက်တတ် တက်သည် ။
(၃) ပက်လက်နေ၍ ခြေတစ်ဖက်၏ ဒူးကို ရင်ညွှန့်အထိကွေးချပါ ။ စက္ကန့် (၂၀)ခန့်ထားပါ ။ ဤနည်းဖြင့် ညာဒူး ၊ ဘယ်ဒူးပြောင်းပြီး တစ်ဖက်ကို (၃)ကြိမ်ပြုလုပ်ပါ ။
(၄) အိပ်ယာပေါ်တွင် ပက်လက်အနေ အထားဖြင့် ဒူးနှစ်ဖက်ကို ထောင်ပါ ။  လက်နှစ်ဖက်ကို မိမိအိပ်သည့် ခေါင်းရင်းဖက်ဖြည်းဖြည်းဆန့်ထုတ်ပါ ။ (၁၀)ကြိမ်ပြုလုပ်ပါ ။
(၅) ပက်လက်ဆန့်အိပ်ပြီး ညာခြေကို ဖြည်းဖြည်းချင်း ညာဘက်ကို ဆန့် ထုတ်ပါ ။ ညာဘက်ပြီးလျှင် ဘယ် ဘက်ခြေထောက်ကို အလားတူပြု လုပ်ပါ ။ခြေထောက်ကို ဆန့်ထားဖို့ မမေ့ပါနှင့် ။
ထုံးစံအတိုင်း တစ်ဖက်ကို (၁၀)ကြိမ်ပြုလုပ်ပါ။
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Health Updates Journal
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top