iMyanmarHouse.com - Best Property Website for Myanmar
×

အာရွႏုိင္ငံေတြရဲ႕ အဓိကအစား အစာျဖစ္တဲ့ ဆန္မွာ ဗီတာမင္ဘီ၊ စီ၊ အီး၊ အမိုင္ႏိုအက္စစ္နဲ႔ သတၱဳ ဓာတ္ေတြပါတဲ့အတြက္ ခႏၶာကိုယ္တစ္ခုလံုး က်န္းမာေရးသာ မက အလွအပေရးရာအတြက္ ေထာက္ကူေပးပါတယ္။ အဓိက အားျဖင့္ ဆံပင္နဲ႔ အသားအေရအ တြက္ ေကာင္းက်ိဳးျပဳတာမို႔ ဘယ္ လိုသံုးစြဲရမလဲဆုိတာ ေဖာ္ျပေပး လိုက္ပါတယ္။

ပထမနည္းကေတာ့ ဆန္ကို ထမင္းရည္ငွဲ႔ခ်က္တဲ့သူေတြဆုိ ရင္ တကူးတကလုပ္စရာမလိုဘဲ အဆင္ေျပပါတယ္။ ထမင္းရည္ ကို ခြက္သန္႔သန္႔တစ္ခုထဲထည့္ ၿပီး အေအးခံပါ။ ေအးသြားၿပီဆုိ ရင္ ေလလံုတဲ့ဘူးတစ္ခုထဲထည့္ ၿပီး ေရခဲေသတၱာထဲမွာ တစ္ပတ္ ေလာက္သိမ္းထားပါ။ ၿပီးရင္ ေတာ့ ထမင္းရည္စားပြဲတင္ဇြန္း ႏွစ္ဇြန္းကို ေရတစ္ဖန္ခြက္နဲ႔ေရာ ၿပီးသံုးစြဲႏုိင္ပါတယ္။

ဒုတိယနည္းကေတာ့ ဆန္ ေဆးရည္သံုးတာပါ။ ဆန္ေဆး ရည္ကို ပုလင္းသန္႔သန္႔တစ္ခုထဲ ထည့္ၿပီး ေရခဲေသတၱာထဲမွာ သံုး၊ ေလးရက္ေလာက္သိမ္းထားပါ။ ေရခဲေသတၱာမရွိရင္လည္း အခန္းတြင္း အပူခ်ိန္မွာ ႏွစ္ရက္ေလာက္ထားၿပီး အခ်ဥ္ေဖာက္ႏုိင္ပါတယ္။အခ်ဥ္ေဖာက္ထားတဲ့ ဆန္ေဆးရည္နဲ႔ ေရကို သံုးခ်ိဳးတစ္ခ်ိဳးေရာၿပီး သံုးႏုိင္ပါတယ္။

ဆံပင္သန္စြမ္းက်န္းမာၿပီး ႏူးညံ့ေပ်ာ့ေပ်ာင္းဖို႔နဲ႔ က်စ္ေန ေအာင္ ေကာက္တဲ့ဆံပင္ေတြအ တြက္ဆုိရင္ ထမင္းရည္ပဲျဖစ္ျဖစ္၊ ဆန္ေဆးရည္ပဲျဖစ္ျဖစ္သံုးၿပီး ေခါင္းေလွ်ာ္ေပးတာမ်ိဳး တစ္ပတ္ ကို ႏွစ္ႀကိမ္ေလာက္လုပ္ေပးႏုိင္ ပါတယ္။

အေရျပားနဲ႔ပတ္သက္ၿပီး ေတာ့လည္း အေရျပားေရာင္ရမ္း တာေတြ၊ ယားယံတာေတြျဖစ္ရင္ ေရခပ္ေႏြးေႏြးထဲကို ဆန္ေဆး ရည္ (သို႔) ထမင္းရည္ထည့္ၿပီး မိနစ္ ၂၀ေလာက္ တစ္ေန႔ႏွစ္ႀကိမ္ေလာက္  လုပ္ေပးႏုိင္ပါတယ္။

ဟိုနားယား၊ ဒီနားယားျဖစ္ရင္ လည္း ဆန္ေဆးရည္ကို အေအး ခံထားၿပီး ဂြမ္းလံုးေလးနဲ႔ ယားတဲ့ ေနရာေတြကို သုတ္လိမ္းေပးရင္ သက္သာေစပါတယ္။

ေခြၽးေပါက္က်ယ္၊ ေခြၽး ေပါက္ပြင့္တဲ့ အေရျပားေတြမွာ ဆားဝက္ၿခံတုိ႔၊ ဝက္ၿခံတုိ႔မျဖစ္ဘဲ အသားအေရတင္းရင္းလွပ ေအာင္လို႔ ထမင္းရည္ (သို႔) ဆန္ ေဆးေရကို ေရနဲ႔ဆတူေရာၿပီး ဂြမ္းလံုးနဲ႔  မ်က္ႏွာအႏွံ႔ပြတ္ေဆးေပးတာမ်ိဳးလုပ္ႏုိင္ပါတယ္။ အသားအေရာင္ညီဖို႔နဲ႔ အသားအေရႏူးညံ့ဖို႔ဆုိရင္လည္း တုိနာအျဖစ္ သံုးႏုိင္သလို အဝတ္သန္႔ တစ္ခုကို   ဆန္ေဆး ရည္စိမ္ၿပီး မ်က္ႏွာေပၚ တင္ ေပးၿပီး သဘာဝေပါင္းတင္လႊာ အျဖစ္ ျပဳလုပ္ေပးႏုိင္ပါတယ္။

Credit : 7day daily

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အာရှနိုင်ငံတွေရဲ့ အဓိကအစား အစာဖြစ်တဲ့ ဆန်မှာ ဗီတာမင်ဘီ၊ စီ၊ အီး၊ အမိုင်နိုအက်စစ်နဲ့ သတ္တု ဓာတ်တွေပါတဲ့အတွက် ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးသာ မက အလှအပရေးရာအတွက် ထောက်ကူပေးပါတယ်။ အဓိက အားဖြင့် ဆံပင်နဲ့ အသားအရေအ တွက် ကောင်းကျိုးပြုတာမို့ ဘယ် လိုသုံးစွဲရမလဲဆိုတာ ဖော်ပြပေး လိုက်ပါတယ်။

ပထမနည်းကတော့ ဆန်ကို ထမင်းရည်ငှဲ့ချက်တဲ့သူတွေဆို ရင် တကူးတကလုပ်စရာမလိုဘဲ အဆင်ပြေပါတယ်။ ထမင်းရည် ကို ခွက်သန့်သန့်တစ်ခုထဲထည့် ပြီး အအေးခံပါ။ အေးသွားပြီဆို ရင် လေလုံတဲ့ဘူးတစ်ခုထဲထည့် ပြီး ရေခဲသေတ္တာထဲမှာ တစ်ပတ် လောက်သိမ်းထားပါ။ ပြီးရင် တော့ ထမင်းရည်စားပွဲတင်ဇွန်း နှစ်ဇွန်းကို ရေတစ်ဖန်ခွက်နဲ့ရော ပြီးသုံးစွဲနိုင်ပါတယ်။

ဒုတိယနည်းကတော့ ဆန် ဆေးရည်သုံးတာပါ။ ဆန်ဆေး ရည်ကို ပုလင်းသန့်သန့်တစ်ခုထဲ ထည့်ပြီး ရေခဲသေတ္တာထဲမှာ သုံး၊ လေးရက်လောက်သိမ်းထားပါ။ ရေခဲသေတ္တာမရှိရင်လည်း အခန်းတွင်း အပူချိန်မှာ နှစ်ရက်လောက်ထားပြီး အချဉ်ဖောက်နိုင်ပါတယ်။အချဉ်ဖောက်ထားတဲ့ ဆန်ဆေးရည်နဲ့ ရေကို သုံးချိုးတစ်ချိုးရောပြီး သုံးနိုင်ပါတယ်။

ဆံပင်သန်စွမ်းကျန်းမာပြီး နူးညံ့ပျော့ပျောင်းဖို့နဲ့ ကျစ်နေ အောင် ကောက်တဲ့ဆံပင်တွေအ တွက်ဆိုရင် ထမင်းရည်ပဲဖြစ်ဖြစ်၊ ဆန်ဆေးရည်ပဲဖြစ်ဖြစ်သုံးပြီး ခေါင်းလျှော်ပေးတာမျိုး တစ်ပတ် ကို နှစ်ကြိမ်လောက်လုပ်ပေးနိုင် ပါတယ်။

အရေပြားနဲ့ပတ်သက်ပြီး တော့လည်း အရေပြားရောင်ရမ်း တာတွေ၊ ယားယံတာတွေဖြစ်ရင် ရေခပ်နွေးနွေးထဲကို ဆန်ဆေး ရည် (သို့) ထမင်းရည်ထည့်ပြီး မိနစ် ၂၀လောက် တစ်နေ့နှစ်ကြိမ်လောက်  လုပ်ပေးနိုင်ပါတယ်။

ဟိုနားယား၊ ဒီနားယားဖြစ်ရင် လည်း ဆန်ဆေးရည်ကို အအေး ခံထားပြီး ဂွမ်းလုံးလေးနဲ့ ယားတဲ့ နေရာတွေကို သုတ်လိမ်းပေးရင် သက်သာစေပါတယ်။

ချွေးပေါက်ကျယ်၊ ချွေး ပေါက်ပွင့်တဲ့ အရေပြားတွေမှာ ဆားဝက်ခြံတို့၊ ဝက်ခြံတို့မဖြစ်ဘဲ အသားအရေတင်းရင်းလှပ အောင်လို့ ထမင်းရည် (သို့) ဆန် ဆေးရေကို ရေနဲ့ဆတူရောပြီး ဂွမ်းလုံးနဲ့  မျက်နှာအနှံ့ပွတ်ဆေးပေးတာမျိုးလုပ်နိုင်ပါတယ်။ အသားအရောင်ညီဖို့နဲ့ အသားအရေနူးညံ့ဖို့ဆိုရင်လည်း တိုနာအဖြစ် သုံးနိုင်သလို အဝတ်သန့် တစ်ခုကို   ဆန်ဆေး ရည်စိမ်ပြီး မျက်နှာပေါ် တင် ပေးပြီး သဘာဝပေါင်းတင်လွှာ အဖြစ် ပြုလုပ်ပေးနိုင်ပါတယ်။

Credit : 7day daily



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top