iMyanmarHouse.com - Best Property Website for Myanmar
×

 ျမန္မာႏိုင္ငံရွိ ကေလးငယ္ အမ်ားစုတြင္ ျဖစ္ပြားတတ္ၿပီး ဒုတိယ ေသဆုံးမႈ အမ်ားဆုံး ျဖစ္ေသာ ဝမ္းပ်က္ ဝမ္းေလွ်ာ ေရာဂါ ျဖစ္ပြားပါက ေရဓာတ္ ခန္းေျခာက္မႈကို ျဖစ္ေစႏိုင္ သျဖင့္ ေရဓာတ္ ျဖည့္တင္းသည့္ ဓာတ္ဆား ေရ ကို ေသာက္သုံးေပးရန္ လိုအပ္ေၾကာင္း ျမန္မာႏိုင္ငံ ဆရာဝန္ အသင္း ကြင္းဆင္း  ေစာင့္ေရွာက္ေရး စီမံခ်က္ ဒုတိယမန္ေနဂ်ာ ေဒါက္တာ ေအးျမလြင္က ေျပာသည္။ ကမၻာတစ္ဝန္းလုံးရွိ အသက္ငါးႏွစ္ေအာက္ ကေလးသူငယ္ အမ်ား ေသဆုံးေနရျခင္း၏ ဒုတိယအႀကီးမားဆုံး အေၾကာင္းအရင္းမွာ ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါေၾကာင့္ျဖစ္ၿပီး ယင္းေရာဂါေၾကာင့္ ကေလး ၁ဝ ဦးအနက္ တစ္ဦးႏႈန္း တစ္ႏွစ္တြင္ ကေလးအေရ အတြက္ ရွစ္သိန္းအထိ အသက္ဆုံး႐ႈံးေနရေၾကာင္း Unicef ၏ တင္ျပခ်က္အရ သိရသည္။

''ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါက မျဖစ္မီ ႀကိဳတင္ကာကြယ္တာ အေကာင္းဆုံးပါ။ ျဖစ္လာၿပီဆိုရင္ ေရဓာတ္ ခန္းသြားတတ္ပါတယ္။ ဝမ္းႏွစ္ႀကိမ္၊ သံုးႀကိမ္ သြားတဲ့အတြက္ ေရဓာတ္က ခႏၶာကိုယ္ထဲမွာ ခန္းသြားေတာ့ ေရဓာတ္ အစား ျပန္ျဖည့္ဖို႔ ဓာတ္ဆားထုပ္ေတြနဲ႔ ျပန္ျဖည့္ရမယ္။ ဒီထက္ပိုရင္ Drift သြင္းတာတို႔၊ ႏွာေခါင္း ထဲ ပိုက္ထည့္တာတို႔ ေရမ်ားမ်ားဝင္ေအာင္ လုပ္ရပါမယ္။ တကယ္လို႔ ဝမ္းပ်က္တဲ႔အျပင္ ဗက္တီးရီးယား ပါဝင္မယ္ဆိုရင္ေတာ့ ပိုးသတ္ေဆးေတြ တိုက္သင့္ရင္ တိုက္ရမယ္။ ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါက ဝမ္းပ်က္ တာအျပင္ ဘယ္လို လကၡဏာရပ္ေတြ ျပေသးလဲဆိုရင္ လက္ကေလးေတြမွာ ပဲႀကီးေရခြံလိုမ်ဳိး တြန္႔လာ တတ္တယ္။ မ်က္လုံးေလး ေတြ ခ်ဳိင့္လာတယ္။ လက္ဖ်ားေျခဖ်ားေအးၿပီး ေသြးေပါင္္က်သြားႏိုင္တဲ့ လကၡဏာ ေတြျဖစ္ႏိုင္ပါတယ္။ အဓိကကေတာ့ ဒီေရာဂါဟာ က်န္းမာေရး အသိပညာေတြျဖစ္တဲ့ အစားအစာ သန္႔ရွင္း ဖို႔နဲ႔ အစာမစားမီ လက္ေဆး ဖို႔တို႔ကိုသိရင္ ႀကိဳတင္ ကာကြယ္ႏိုင္ပါတယ္'' ဟု ေဒါက္တာေအးျမလြင္က ေျပာၾကားခဲ့သည္။

အမ်ဳိးသားအဆင့္ ကေလးသူငယ္ က်န္းမာေရး ေစာင့္ေရွာက္မႈဆိုင္ရာ မဟာဗ်ဴဟာ စီမံကိန္း၏ ေလ့လာ ခ်က္အရ အဆုတ္ေရာင္ေရာဂါႏွင့္ ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါေၾကာင့္ ကေလးသူငယ္ ေသဆုံးမႈမွာ အေရွ႕ ေတာင္ အာရွ ႏိုင္ငံမ်ား၌ ၃၃ ရာခိုင္ႏႈန္းခန္႔ႏွင့္ ျမန္မာႏိုင္ငံ၌ ၂၅ ရာခိုင္ႏႈန္းခန္႔အထိ ရွိေနေၾကာင္း သိရသည္။


Credit:ျမ၀တီ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

 မြန်မာနိုင်ငံရှိ ကလေးငယ် အများစုတွင် ဖြစ်ပွားတတ်ပြီး ဒုတိယ သေဆုံးမှု အများဆုံး ဖြစ်သော ဝမ်းပျက် ဝမ်းလျှော ရောဂါ ဖြစ်ပွားပါက ရေဓာတ် ခန်းခြောက်မှုကို ဖြစ်စေနိုင် သဖြင့် ရေဓာတ် ဖြည့်တင်းသည့် ဓာတ်ဆား ရေ ကို သောက်သုံးပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆရာဝန် အသင်း ကွင်းဆင်း  စောင့်ရှောက်ရေး စီမံချက် ဒုတိယမန်နေဂျာ ဒေါက်တာ အေးမြလွင်က ပြောသည်။ ကမ္ဘာတစ်ဝန်းလုံးရှိ အသက်ငါးနှစ်အောက် ကလေးသူငယ် အများ သေဆုံးနေရခြင်း၏ ဒုတိယအကြီးမားဆုံး အကြောင်းအရင်းမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့်ဖြစ်ပြီး ယင်းရောဂါကြောင့် ကလေး ၁ဝ ဦးအနက် တစ်ဦးနှုန်း တစ်နှစ်တွင် ကလေးအရေ အတွက် ရှစ်သိန်းအထိ အသက်ဆုံးရှုံးနေရကြောင်း Unicef ၏ တင်ပြချက်အရ သိရသည်။

''ဝမ်းပျက်ဝမ်းလျှော ရောဂါက မဖြစ်မီ ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါ။ ဖြစ်လာပြီဆိုရင် ရေဓာတ် ခန်းသွားတတ်ပါတယ်။ ဝမ်းနှစ်ကြိမ်၊ သုံးကြိမ် သွားတဲ့အတွက် ရေဓာတ်က ခန္ဓာကိုယ်ထဲမှာ ခန်းသွားတော့ ရေဓာတ် အစား ပြန်ဖြည့်ဖို့ ဓာတ်ဆားထုပ်တွေနဲ့ ပြန်ဖြည့်ရမယ်။ ဒီထက်ပိုရင် Drift သွင်းတာတို့၊ နှာခေါင်း ထဲ ပိုက်ထည့်တာတို့ ရေများများဝင်အောင် လုပ်ရပါမယ်။ တကယ်လို့ ဝမ်းပျက်တဲ့အပြင် ဗက်တီးရီးယား ပါဝင်မယ်ဆိုရင်တော့ ပိုးသတ်ဆေးတွေ တိုက်သင့်ရင် တိုက်ရမယ်။ ဝမ်းပျက်ဝမ်းလျှော ရောဂါက ဝမ်းပျက် တာအပြင် ဘယ်လို လက္ခဏာရပ်တွေ ပြသေးလဲဆိုရင် လက်ကလေးတွေမှာ ပဲကြီးရေခွံလိုမျိုး တွန့်လာ တတ်တယ်။ မျက်လုံးလေး တွေ ချိုင့်လာတယ်။ လက်ဖျားခြေဖျားအေးပြီး သွေးပေါင်ကျသွားနိုင်တဲ့ လက္ခဏာ တွေဖြစ်နိုင်ပါတယ်။ အဓိကကတော့ ဒီရောဂါဟာ ကျန်းမာရေး အသိပညာတွေဖြစ်တဲ့ အစားအစာ သန့်ရှင်း ဖို့နဲ့ အစာမစားမီ လက်ဆေး ဖို့တို့ကိုသိရင် ကြိုတင် ကာကွယ်နိုင်ပါတယ်'' ဟု ဒေါက်တာအေးမြလွင်က ပြောကြားခဲ့သည်။

အမျိုးသားအဆင့် ကလေးသူငယ် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ မဟာဗျူဟာ စီမံကိန်း၏ လေ့လာ ချက်အရ အဆုတ်ရောင်ရောဂါနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် ကလေးသူငယ် သေဆုံးမှုမှာ အရှေ့ တောင် အာရှ နိုင်ငံများ၌ ၃၃ ရာခိုင်နှုန်းခန့်နှင့် မြန်မာနိုင်ငံ၌ ၂၅ ရာခိုင်နှုန်းခန့်အထိ ရှိနေကြောင်း သိရသည်။


Credit:မြဝတီ



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top