iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခါတစ္ရံျဖစ္တတ္တဲ့ ကုိက္ခဲနာက်င္မႈေတြဟာ ခဏအၾကာမွာေပ်ာက္ကင္းသြားတတ္ေပမဲ့ တစ္ခ်ဳိ႕ေသာလကၡဏာေတြက သင္ေစာျပီးသိထားေလ သင့္ေရာဂါကုိ လြယ္ကူစြာ ကုသႏုိင္ေလပါပဲ။အထူးသျဖင့္ အေနာက္ႏုိင္ငံအမ်ားစုမွာေတာ့ က်န္းမာေရးအာမခံဆုိတာမ်ဳိးက အသီးအသီး ရွိေနတဲ့ အတြက္ ဆရာ၀န္ေဆးခန္းဆီသြားဖုိ႕ ဘာမွေနာက္ဆံတင္းစရာမလုိေပမဲ့ ကၽြန္ေတာ္တုိ႕ ျမန္မာႏုိင္ငံမွာေတာ့ ေဆးခန္းတစ္ခါသြားဖုိ႕ဟာေတာ္ေတာ္ၾကီးစဥ္းစားရတဲ့ ကိစၥတစ္ခုျဖစ္ေနျပီးခ်က္ခ်င္းမျပသတဲ့အတြက္ ေရာဂါကုိ ေမြးထားသလုိ ျဖစ္တတ္ပါတယ္။အိပ္ယာ
ထဲဘုံးဘုံးလဲေတာ့မွေဆးခန္းကုိသြားျခင္းဟာ က်န္းမာေရးကုိ ပုိျပီးထိခုိက္ေစျပီး ကုသလုိ႕ မရတဲ့ အေျခအေနမ်ဳိးအထိဆုိက္ေရာက္သြားႏုိင္တဲ့အတြက္ ဒီေရာဂါလကၡဏာေတြ ေပၚေပါက္လာတာနဲ႕ ဆရာ၀န္ဆီ ခ်က္ျခင္းသြားျပလုိ႕ရႏုိင္ေအာင္ ေဖာ္ျပလုိက္ပါတယ္။

၁။လက္မ်ားႏွင့္ ေျခေထာက္မ်ားအားနည္းျခင္း။

သင့္ရဲ႕လက္ေတြ၊ေျခေထာက္နဲ႔ မ်က္ႏွာေတြ ထုံက်င္ေနတယ္ဆုိရင္ ဒီလကၡဏာေတြဟာ ေလသင္တုန္းျဖတ္ျခင္းရဲ႕ လကၡဏာေတြ(symptoms) ျဖစ္ႏုိင္ပါတယ္။အထူးသျဖင့္ သင့္ခႏၶာကုိယ္ တစ္ဖက္ျခမ္းပဲ သီးသန္႕ ျဖစ္ေနတယ္ဆိုရင္ ပုိလုိ႕ဂရုစုိက္သင့္ပါတယ္။မတ္တပ္ရပ္လုိက္ရင္ေခါင္းမူးသြားျခင္း၊လမ္းေလွ်ာက္လုိ႕မရျခင္း၊ေခါင္း
ကုိက္ျခင္း၊စကားေျပာရာမွာ မပီမသျဖစ္ျခင္း၊သူမ်ားေျပာလုိက္္တာကုိ နားမလည္ျခင္း စတဲ့ေရာဂါလကၡဏာစု (syndrome)မ်ားကုိေတြ႕ရတာနဲ႕ ခ်က္ျခင္း ေဆးခန္းေဆးရုံသြားသင့္ပါတယ္။သင္ေစာျပီးသိေလ သင့္အတြက္ေကာင္းေလပါပဲ။ေလသင္တုန္းျဖတ္ျခင္းရဲ႕ ပထမဆုံးေရာဂါလကၡဏာ(symptoms) ကုိစျပီးသိသိျခင္း ၄-၅ နာရီအတြင္းမွာ clot-buster drug ဆုိတဲ့ ေသြးခဲျခင္းကုိ ေခ်မႈန္းႏုိင္တဲ့ေဆးေသာက္သုံးလုိက္ရင္ ကာလၾကာရွည္ဒုကၡိတ ျဖစ္ျခင္းကုိ ကာကြယ္ေပးႏုိင္ပါတယ္။(မွတ္ခ်က္ – ကၽြန္ေတာ္တုိ႕ ရန္ကုန္ျပည္သူ႕ေဆးရုံၾကီးမွာလည္း clot-buster drug ေဆးမ်ားျဖင့္ ေလျဖတ္ျခင္းကုိ ကုသေပးေနျပီျဖစ္ပါတယ္။)


၂။ရင္ဘတ္နာျခင္း

ရင္ဘတ္နာျခင္း၊ေခၽြးမ်ားထြက္ျခင္း၊အသက္ရူခက္ခဲလာျခင္း၊မအီမသာ ပ်ဳိ႕အန္ျခင္းစတဲ့ေရာဂါလကၡဏာစု (syndrome)ေတြ ျဖစ္ေပၚလာတာနဲ႕ေဆးရုံေဆးခန္းကုိ ခ်က္ျခင္းသြားသင့္ပါတယ္။ရင္ဘတ္နာျခင္း အထူးသျဖင့္ သင္လႈပ္လႈပ္ရွားရွား ျဖစ္ေနစဥ္ရင္ဘတ္နာျခင္းက ႏွလုံးေရာဂါ (သုိ႕) ႏွလုံးရုတ္တရက္ေဖာက္ျပန္ျခင္းျဖစ္ႏိုင္ပါတယ္။ဒါမွမဟုတ္ ရုတ္တရက္ႏွလုံေအာင့္ျခင္းဟာ ေသြးခဲမ်ား သင္အဆုတ္အတြင္းသုိ႕ေရာက္ေနလုိ႕ ရုတ္တရတ္ နာက်င္ျခင္းလည္းျဖစ္ႏုိ္င္ပါတယ္။ရင္ဘတ္က ျပင္းျပင္းထန္ထန္နာက်င္ျပီးေပ်ာက္သြားတယ္၊ျပီးရင္
 ျပန္လည္နာက်င္လာမယ္ဆုိရင္ေတာ့ ေဆးရုံ၊ေဆးခန္းသုိ႕ ခ်က္ျခင္းသြားသင့္ပါတယ္။

၃။ေျခသလုံးပိုင္းက နာက်င္ျခင္း။

ဒီလကၡဏာ(symptom)ဟာ သင့္ေျခေထာက္အတြင္းမွာ ေသြးျပန္ေၾကာပိတ္ဆို႕ျခင္း (deep vein thrombosis DVT) ျဖစ္ႏုိင္ျပီးေတာ့ သင္အၾကာၾကီးထုိင္ေနမယ္၊ဒါမွမဟုတ္ အိပ္ယာထဲမွာ အၾကာၾကီးလဲေနရင္ လည္း ျဖစ္တတ္ပါတယ္။တကယ္လုိ႕ေသြးခဲပိတ္ဆုိ႕ျခင္းျဖစ္ေနရင္ေတာ့ သင္မတ္တပ္ရပ္ေနစဥ္၊လမ္းေလွ်ာက္ေနစဥ္ နာက်င္လာတာကုိေတြ႕ရမွာ ျဖစ္ျပီး သင့္ေျခေထာက္ဟာ နီရဲေယာင္ယမ္းျခင္း ျဖစ္တတ္ပါတယ္။ေလ့က်င့္ခန္းလုပ္ျပီးရင္ ဒီလကၡဏာ ျဖစ္တတ္ေပမဲ့ ဒီအတုိင္းနာက်င္လာရင္ေတာ့ ေသြးခဲဟာ သင့္ေသြးေၾကာေတြကုိ မပိတ္ဆုိ႕ခင္ ဆရာ၀န္ဆီကုိ အျမန္သြားသင့္ပါတယ္။


၄။ဆီးသြားစဥ္ေသြးပါလာျခင္း။

ဆီးသြားစဥ္ ေသြးပါလာျခင္းက အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ျဖစ္ႏုိင္ေပမဲ့ ဆီးသြားစဥ္ ေသြးပါျပီး သင္ရဲ႕ေနာက္ေက်ာကလည္း နာက်င္ေနမယ္ဆုိရင္ သင့္ေက်ာက္ကပ္မွာေက်ာက္တည္ေနတာျဖစ္ႏုိင္ပါတယ္။ေက်ာက္ကပ္မွာေက်ာက္တည္တယ္ဆုိတာ သတၱဳမ်ားနဲ႕ဆားမ်ားဟာ  ေက်ာက္အျဖစ္တည္လာျပီး သင့္ဆီးသြားလမ္းကုိ ပိတ္ဆုိ႕ထားလုိ႕ နာက်င္ရတာ ျဖစ္ပါတယ္။

၅။ခၽြဲသလိပ္မ်ားႏွင့္ အသက္ရူက်ပ္လာျခင္း။

အသက္ရူလမ္းေၾကာင္းဆုိင္ရာေရာဂါေတြက အေရးၾကီးပါတယ္။တကယ္လုိ႕ ခၽြဲသလိပ္မ်ားနဲ႕ အသက္ရူက်ပ္လာမယ္ဆုိရင္ ပန္းနာရင္ၾကပ္၊အဆုတ္ေရာဂါမ်ား၊ဓာတ္မတဲ့မႈ စတာေတြ ျဖစ္ႏုိင္ပါတယ္။ဒီလုိ ခၽြဲသလိပ္မ်ားနဲ႕ အသက္ရူရက်ပ္ျခင္းဟာ လည္ေခ်ာင္းနာ(ေလျပြန္မ်ားေယာင္ျခင္း)၊အဆုတ္ေရာင္ေရာဂါလည္း ျဖစ္ႏုိင္ျပီး အဲ့ဒီအခ်ိန္မွာ အဖ်ားလည္းရွိမယ္၊အသက္ရူရက်ပ္ေနမယ္ဆုိ ဆရာ၀န္ထံခ်က္ျခင္းသြားသင့္ပါတယ္။

၆။မိမိကိုယ္ကုိ အဆုံးစီရင္ဖုိ႕အေတြးမ်ားျဖစ္ေပၚလာျခင္း။

ဘ၀မွာေမွ်ာ္လင့္ခ်က္မဲ႕ေနျပီး လမ္းေပ်ာက္ေနျပီးလား၊အသက္ရွင္စရာ အေၾကာင္းအရင္း ဘာမွမရွိေတာ့ဘူးလုိ႕ထင္ေနျပီးလား။ဒီလုိလကၡဏာေတြက မိမိကုိယ္ကုိ အဆုံးစီရင္ဖုိ႕လမ္းစေတြပါပဲ။အေနာက္ႏုိင္ငံမ်ားမွာေတာ့ ဒီလုိလူေတြအတြက္ စီစဥ္ေပးထားတဲ့ အမ်ဳိးသား အဆုံးစီရင္ျခင္းကာကြယ္မႈအဖြဲ႕ဆုိတာရွိျပီး ၂၄ လုံးလုံး စိတ္ပညာရွင္မ်ားႏွင့္ စကားေျပာႏုိင္တဲ့ေနရာေတြရွိပါတယ္။ကၽြန္ေတာ္တုိ႕ဆီမွာ ဒီလုိအဖြဲ႕အစည္းမ်ဳိးေတြမရွိေသးေပမဲ့ မိမိကုိယ္နားလည္ေပးႏုိင္တဲ့ သူမ်ားကုိ ရင္ဖြင့္ျခင္း၊စိတ္ပညာရွင္ဆရာ၀န္မ်ားထံသြားေရာက္ေဆြးေႏြးျခင္း၊ဘာသာတရားဘက္အခ်ိန္ယူျခင္း စတဲ့ အခ်က္ေတြကုိ ျပဳလုပ္ႏုိင္ပါတယ္။

Credit : Shwemom
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တစ်ခါတစ်ရံဖြစ်တတ်တဲ့ ကိုက်ခဲနာကျင်မှုတွေဟာ ခဏအကြာမှာပျောက်ကင်းသွားတတ်ပေမဲ့ တစ်ချို့သောလက္ခဏာတွေက သင်စောပြီးသိထားလေ သင့်ရောဂါကို လွယ်ကူစွာ ကုသနိုင်လေပါပဲ။အထူးသဖြင့် အနောက်နိုင်ငံအများစုမှာတော့ ကျန်းမာရေးအာမခံဆိုတာမျိုးက အသီးအသီး ရှိနေတဲ့ အတွက် ဆရာဝန်ဆေးခန်းဆီသွားဖို့ ဘာမှနောက်ဆံတင်းစရာမလိုပေမဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ဆေးခန်းတစ်ခါသွားဖို့ဟာတော်တော်ကြီးစဉ်းစားရတဲ့ ကိစ္စတစ်ခုဖြစ်နေပြီးချက်ချင်းမပြသတဲ့အတွက် ရောဂါကို မွေးထားသလို ဖြစ်တတ်ပါတယ်။အိပ်ယာထဲဘုံးဘုံးလဲတော့မှဆေးခန်းကိုသွားခြင်းဟာ ကျန်းမာရေးကို ပိုပြီးထိခိုက်စေပြီး ကုသလို့ မရတဲ့ အခြေအနေမျိုးအထိဆိုက်ရောက်သွားနိုင်တဲ့အတွက် ဒီရောဂါလက္ခဏာတွေ ပေါ်ပေါက်လာတာနဲ့ ဆရာဝန်ဆီ ချက်ခြင်းသွားပြလို့ရနိုင်အောင် ဖော်ပြလိုက်ပါတယ်။

၁။လက်များနှင့် ခြေထောက်များအားနည်းခြင်း။

သင့်ရဲ့လက်တွေ၊ခြေထောက်နဲ့ မျက်နှာတွေ ထုံကျင်နေတယ်ဆိုရင် ဒီလက္ခဏာတွေဟာ လေသင်တုန်းဖြတ်ခြင်းရဲ့ လက္ခဏာတွေ(symptoms) ဖြစ်နိုင်ပါတယ်။အထူးသဖြင့် သင့်ခန္ဓာကိုယ် တစ်ဖက်ခြမ်းပဲ သီးသန့် ဖြစ်နေတယ်ဆိုရင် ပိုလို့ဂရုစိုက်သင့်ပါတယ်။မတ်တပ်ရပ်လိုက်ရင်ခေါင်းမူးသွားခြင်း၊လမ်းလျှောက်လို့မရခြင်း၊ခေါင်းကိုက်ခြင်း၊စကားပြောရာမှာ မပီမသဖြစ်ခြင်း၊သူများပြောလိုက်တာကို နားမလည်ခြင်း စတဲ့ရောဂါလက္ခဏာစု (syndrome)များကိုတွေ့ရတာနဲ့ ချက်ခြင်း ဆေးခန်းဆေးရုံသွားသင့်ပါတယ်။သင်စောပြီးသိလေ သင့်အတွက်ကောင်းလေပါပဲ။လေသင်တုန်းဖြတ်ခြင်းရဲ့ ပထမဆုံးရောဂါလက္ခဏာ(symptoms) ကိုစပြီးသိသိခြင်း ၄-၅ နာရီအတွင်းမှာ clot-buster drug ဆိုတဲ့ သွေးခဲခြင်းကို ချေမှုန်းနိုင်တဲ့ဆေးသောက်သုံးလိုက်ရင် ကာလကြာရှည်ဒုက္ခိတ ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။(မှတ်ချက် – ကျွန်တော်တို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာလည်း clot-buster drug ဆေးများဖြင့် လေဖြတ်ခြင်းကို ကုသပေးနေပြီဖြစ်ပါတယ်။)


၂။ရင်ဘတ်နာခြင်း

ရင်ဘတ်နာခြင်း၊ချွေးများထွက်ခြင်း၊အသက်ရူခက်ခဲလာခြင်း၊မအီမသာ ပျို့အန်ခြင်းစတဲ့ရောဂါလက္ခဏာစု (syndrome)တွေ ဖြစ်ပေါ်လာတာနဲ့ဆေးရုံဆေးခန်းကို ချက်ခြင်းသွားသင့်ပါတယ်။ရင်ဘတ်နာခြင်း အထူးသဖြင့် သင်လှုပ်လှုပ်ရှားရှား ဖြစ်နေစဉ်ရင်ဘတ်နာခြင်းက နှလုံးရောဂါ (သို့) နှလုံးရုတ်တရက်ဖောက်ပြန်ခြင်းဖြစ်နိုင်ပါတယ်။ဒါမှမဟုတ် ရုတ်တရက်နှလုံအောင့်ခြင်းဟာ သွေးခဲများ သင်အဆုတ်အတွင်းသို့ရောက်နေလို့ ရုတ်တရတ် နာကျင်ခြင်းလည်းဖြစ်နိုင်ပါတယ်။ရင်ဘတ်က ပြင်းပြင်းထန်ထန်နာကျင်ပြီးပျောက်သွားတယ်၊ပြီးရင် ပြန်လည်နာကျင်လာမယ်ဆိုရင်တော့ ဆေးရုံ၊ဆေးခန်းသို့ ချက်ခြင်းသွားသင့်ပါတယ်။

၃။ခြေသလုံးပိုင်းက နာကျင်ခြင်း။

ဒီလက္ခဏာ(symptom)ဟာ သင့်ခြေထောက်အတွင်းမှာ သွေးပြန်ကြောပိတ်ဆို့ခြင်း (deep vein thrombosis DVT) ဖြစ်နိုင်ပြီးတော့ သင်အကြာကြီးထိုင်နေမယ်၊ဒါမှမဟုတ် အိပ်ယာထဲမှာ အကြာကြီးလဲနေရင် လည်း ဖြစ်တတ်ပါတယ်။တကယ်လို့သွေးခဲပိတ်ဆို့ခြင်းဖြစ်နေရင်တော့ သင်မတ်တပ်ရပ်နေစဉ်၊လမ်းလျှောက်နေစဉ် နာကျင်လာတာကိုတွေ့ရမှာ ဖြစ်ပြီး သင့်ခြေထောက်ဟာ နီရဲယောင်ယမ်းခြင်း ဖြစ်တတ်ပါတယ်။လေ့ကျင့်ခန်းလုပ်ပြီးရင် ဒီလက္ခဏာ ဖြစ်တတ်ပေမဲ့ ဒီအတိုင်းနာကျင်လာရင်တော့ သွေးခဲဟာ သင့်သွေးကြောတွေကို မပိတ်ဆို့ခင် ဆရာဝန်ဆီကို အမြန်သွားသင့်ပါတယ်။


၄။ဆီးသွားစဉ်သွေးပါလာခြင်း။

ဆီးသွားစဉ် သွေးပါလာခြင်းက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပေမဲ့ ဆီးသွားစဉ် သွေးပါပြီး သင်ရဲ့နောက်ကျောကလည်း နာကျင်နေမယ်ဆိုရင် သင့်ကျောက်ကပ်မှာကျောက်တည်နေတာဖြစ်နိုင်ပါတယ်။ကျောက်ကပ်မှာကျောက်တည်တယ်ဆိုတာ သတ္တုများနဲ့ဆားများဟာ  ကျောက်အဖြစ်တည်လာပြီး သင့်ဆီးသွားလမ်းကို ပိတ်ဆို့ထားလို့ နာကျင်ရတာ ဖြစ်ပါတယ်။

၅။ချွဲသလိပ်များနှင့် အသက်ရူကျပ်လာခြင်း။

အသက်ရူလမ်းကြောင်းဆိုင်ရာရောဂါတွေက အရေးကြီးပါတယ်။တကယ်လို့ ချွဲသလိပ်များနဲ့ အသက်ရူကျပ်လာမယ်ဆိုရင် ပန်းနာရင်ကြပ်၊အဆုတ်ရောဂါများ၊ဓာတ်မတဲ့မှု စတာတွေ ဖြစ်နိုင်ပါတယ်။ဒီလို ချွဲသလိပ်များနဲ့ အသက်ရူရကျပ်ခြင်းဟာ လည်ချောင်းနာ(လေပြွန်များယောင်ခြင်း)၊အဆုတ်ရောင်ရောဂါလည်း ဖြစ်နိုင်ပြီး အဲ့ဒီအချိန်မှာ အဖျားလည်းရှိမယ်၊အသက်ရူရကျပ်နေမယ်ဆို ဆရာဝန်ထံချက်ခြင်းသွားသင့်ပါတယ်။

၆။မိမိကိုယ်ကို အဆုံးစီရင်ဖို့အတွေးများဖြစ်ပေါ်လာခြင်း။

ဘဝမှာမျှော်လင့်ချက်မဲ့နေပြီး လမ်းပျောက်နေပြီးလား၊အသက်ရှင်စရာ အကြောင်းအရင်း ဘာမှမရှိတော့ဘူးလို့ထင်နေပြီးလား။ဒီလိုလက္ခဏာတွေက မိမိကိုယ်ကို အဆုံးစီရင်ဖို့လမ်းစတွေပါပဲ။အနောက်နိုင်ငံများမှာတော့ ဒီလိုလူတွေအတွက် စီစဉ်ပေးထားတဲ့ အမျိုးသား အဆုံးစီရင်ခြင်းကာကွယ်မှုအဖွဲ့ဆိုတာရှိပြီး ၂၄ လုံးလုံး စိတ်ပညာရှင်များနှင့် စကားပြောနိုင်တဲ့နေရာတွေရှိပါတယ်။ကျွန်တော်တို့ဆီမှာ ဒီလိုအဖွဲ့အစည်းမျိုးတွေမရှိသေးပေမဲ့ မိမိကိုယ်နားလည်ပေးနိုင်တဲ့ သူများကို ရင်ဖွင့်ခြင်း၊စိတ်ပညာရှင်ဆရာဝန်များထံသွားရောက်ဆွေးနွေးခြင်း၊ဘာသာတရားဘက်အချိန်ယူခြင်း စတဲ့ အချက်တွေကို ပြုလုပ်နိုင်ပါတယ်။

Credit : Shwemom

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top