iMyanmarHouse.com - Best Property Website for Myanmar
×

ခႏၶာကိုယ္အတြက္ ေကာင္းတာအစားအစာေတြဟာ မွတ္ဥာဏ္အတြက္လည္း ေကာင္းမြန္ေၾကာင္း ကြ်ႏု္ပ္တုိ႔ မၾကာခဏ ၾကားဖူးၾကပါလိမ့္မယ္။ ဒါ့ေၾကာင့္ မွ်တတဲ့ေန႔စဥ္အစားအစာက ဦးေႏွာက္အတြက္ ေကာင္းမြန္ျပီး အသက္ၾကီးလာတဲ့အခါ အယ္လ္ဇုိင္းမားေရာဂါအႏၱရာယ္ျဖစ္ပြားမႈ ေလ်ာ့နည္းေစပါတယ္။

ဒါေပမယ့္ အသက္မၾကီးခင္ မွတ္ဥာဏ္ ထိခုိက္ပ်က္စီးေစႏုိင္တဲ့ အခ်က္တခ်ဳိ႕ ရိွပါတယ္။ ဒီအခ်က္ေတြက သင့္ကို အံ့အားသင့္ေစပါလိမ့္မယ္။

၁။ အအိပ္နည္းျခင္း

အိပ္ခ်ိန္မမွန္တာက ဦးေႏွာက္ လုံလုံေလာက္ေလာက္ အနားမရတဲ့ အဓိပၸါယ္ပဲ ျဖစ္ပါတယ္။ ဒီအခ်က္က အယ္လ္ဇုိင္းမားေရာဂါနဲ႔ ဆက္စပ္တဲ့ ပရုိတိန္းဓာတ္ေတြကို တျဖည္းျဖည္း ျဖစ္ပြားေစပါတယ္။ အိပ္စက္ျခင္းက ဦးေႏွာက္သြက္လက္ဖ်တ္လတ္ဖုိ႔ မျဖစ္မေနလို အပ္ပါတယ္။

၂။ ေလထုညစ္ညမ္းမႈ

ေလထုညစ္ညမ္းမႈ ျမင့္မားတဲ့ေဒသေတြမွာ ေနထုိင္တဲ့ သက္ၾကီးအမ်ဳိးသမီးေတြဟာ ပိုမိုသန္႔ရွင္းတဲ့ သဘာဝပတ္ဝန္းက်င္က အမ်ဳိးသမီးေတြထက္ ဦးေႏွာက္မွတ္ဥာဏ္ထိခုိက္မႈ ပိုျဖစ္ေလ့ရိွေၾကာင္း ၂၀၁၇ ေလ့လာမႈအရ သိရပါတယ္။

၃။ စားေသာက္မႈပုံစံ

အလြန္အကြ်ံစားတာ၊ ညဘက္ အရမ္းေနာက္က်မွ စားေလ့ရိွပါသလား။ အယ္လ္ဇုိင္းမားေရာဂါကုဆရာဝန္ေတြ လူနာေတြကို ညစာ ေစာေစာစားျပီး မနက္အဆာေျပစားသုံးခ်ိန္အထိ ဘာမွထပ္မစားဖုိ႔ မွာၾကားထားပါတယ္။ ဦးေႏွာက္ပိုက်န္းမာဖုိ႔ အစာမစားဘဲေနတဲ့အခ်ိန္ ၁၂ နာရီရိွဖုိ႔ မျဖစ္မေန လုိအပ္ပါတယ္။

၄။ သီးသန္႔ေနျခင္း

အထီးက်န္ျခင္းနဲ႔ လူေတြနဲ႔ ဆက္သြယ္စကားေျပာဆုိမႈ မရိွျခင္းက အယ္လ္ဇုိင္းမားေရာဂါအႏၱရာယ္ ပိုမိုျဖစ္ပြားေစတယ္လုိ႔ ေလ့လာမႈမ်ားစြာက ေဖာ္ျပထားပါတယ္။

၅။ ေသြးတုိးေရာဂါ

ေသြးတုိးေရာဂါက ခႏၶာကိုယ္နဲ႔ ဦးေႏွာက္အတြက္ မေကာင္းတာ လူတုိင္းသိပါတယ္။ ဒီေတာ့ မိမိေသြးေပါင္ကို ဂရုစုိက္ျပီး ခႏၶကုိယ္နဲ႔ ဦးေႏွာက္အတြက္ သင့္ေတာ္တဲ့ ကုိလက္ထေရာပမဏကို ထိန္းသိမ္းပါ။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:trend myanmar

#Unicode Version

ခန္ဓာကိုယ်အတွက် ကောင်းတာအစားအစာတွေဟာ မှတ်ဉာဏ်အတွက်လည်း ကောင်းမွန်ကြောင်း ကျွနု်ပ်တို့ မကြာခဏ ကြားဖူးကြပါလိမ့်မယ်။ ဒါ့ကြောင့် မျှတတဲ့နေ့စဉ်အစားအစာက ဦးနှောက်အတွက် ကောင်းမွန်ပြီး အသက်ကြီးလာတဲ့အခါ အယ်လ်ဇိုင်းမားရောဂါအန္တရာယ်ဖြစ်ပွားမှု လျော့နည်းစေပါတယ်။

ဒါပေမယ့် အသက်မကြီးခင် မှတ်ဉာဏ် ထိခိုက်ပျက်စီးစေနိုင်တဲ့ အချက်တချို့ ရှိပါတယ်။ ဒီအချက်တွေက သင့်ကို အံ့အားသင့်စေပါလိမ့်မယ်။

၁။ အအိပ်နည်းခြင်း

အိပ်ချိန်မမှန်တာက ဦးနှောက် လုံလုံလောက်လောက် အနားမရတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ ဒီအချက်က အယ်လ်ဇိုင်းမားရောဂါနဲ့ ဆက်စပ်တဲ့ ပရိုတိန်းဓာတ်တွေကို တဖြည်းဖြည်း ဖြစ်ပွားစေပါတယ်။ အိပ်စက်ခြင်းက ဦးနှောက်သွက်လက်ဖျတ်လတ်ဖို့ မဖြစ်မနေလို အပ်ပါတယ်။

၂။ လေထုညစ်ညမ်းမှု

လေထုညစ်ညမ်းမှု မြင့်မားတဲ့ဒေသတွေမှာ နေထိုင်တဲ့ သက်ကြီးအမျိုးသမီးတွေဟာ ပိုမိုသန့်ရှင်းတဲ့ သဘာဝပတ်ဝန်းကျင်က အမျိုးသမီးတွေထက် ဦးနှောက်မှတ်ဉာဏ်ထိခိုက်မှု ပိုဖြစ်လေ့ရှိကြောင်း ၂၀၁၇ လေ့လာမှုအရ သိရပါတယ်။

၃။ စားသောက်မှုပုံစံ

အလွန်အကျွံစားတာ၊ ညဘက် အရမ်းနောက်ကျမှ စားလေ့ရှိပါသလား။ အယ်လ်ဇိုင်းမားရောဂါကုဆရာဝန်တွေ လူနာတွေကို ညစာ စောစောစားပြီး မနက်အဆာပြေစားသုံးချိန်အထိ ဘာမှထပ်မစားဖို့ မှာကြားထားပါတယ်။ ဦးနှောက်ပိုကျန်းမာဖို့ အစာမစားဘဲနေတဲ့အချိန် ၁၂ နာရီရှိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

၄။ သီးသန့်နေခြင်း

အထီးကျန်ခြင်းနဲ့ လူတွေနဲ့ ဆက်သွယ်စကားပြောဆိုမှု မရှိခြင်းက အယ်လ်ဇိုင်းမားရောဂါအန္တရာယ် ပိုမိုဖြစ်ပွားစေတယ်လို့ လေ့လာမှုများစွာက ဖော်ပြထားပါတယ်။

၅။ သွေးတိုးရောဂါ

သွေးတိုးရောဂါက ခန္ဓာကိုယ်နဲ့ ဦးနှောက်အတွက် မကောင်းတာ လူတိုင်းသိပါတယ်။ ဒီတော့ မိမိသွေးပေါင်ကို ဂရုစိုက်ပြီး ခန္ဓကိုယ်နဲ့ ဦးနှောက်အတွက် သင့်တော်တဲ့ ကိုလက်ထရောပမဏကို ထိန်းသိမ်းပါ။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:trend myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top