iMyanmarHouse.com - Best Property Website for Myanmar
×

အျခားခႏၶာကိုယ္ အစိတ္အပိုင္းမ်ားကဲ့သုိ႔ ခ်ဳိင္းၾကားကလည္း ပုံမွန္တစ္ကိုယ္ေရသန္႔ရွင္းေရး လုိအပ္ပါတယ္။ မလုိလားအပ္တဲ့ အေမႊးအမွ်င္၊ အနံ႔အသက္ဆိုးအပါအဝင္ တကယ္တမ္း ခ်ဳိင္းၾကားနဲ႔ပတ္သက္တဲ့ အလွပေရးရာျပသနာတခ်ဳိ႕ရိွပါတယ္။ ခ်ဳိင္းေမႊးေတြႏုတ္ျပီးတာနဲ႔တျပိဳင္နက္ အနံ႔အသက္ဆုိးေတြ ေလ်ာ့နည္းတာ လူအမ်ားစု သတိထားမိၾကပါတယ္။ ခ်ဳိင္းေမႊးပုံမွန္ႏုတ္ျခင္းက အထူးသျဖင့္ အရွည္ျမန္ေနရင္ အခ်ိန္ကုန္ဆုံးေစႏုိင္ပါတယ္။

အလွျပင္ဆိုင္မွာ ကုန္က်မယ့္စရိတ္ေတြ သက္သာေစႏိုင္တဲ့ သဘာဝခ်ဳိင္းေမႊးႏုတ္နည္းေတြ ျဖစ္ပါတယ္။ ဒီနည္းလမ္းေတြမွာ သဘာဝနည္းအတုိင္း ေဝဒနာသက္သာျပီး က်န္းမာတဲ့အသားအေရျဖစ္ေစမယ့္ antioxidant ၊ vitamin နဲ႔ mineral ပါဝင္ေတြ အသုံးျပဳထားပါတယ္။

နည္းလမ္း (၁)

သံပုယုိသီးနဲ႔ သၾကား

သၾကားအဓိကသုံး ဖေယာင္းအေမႊးခြ်တ္နည္းေတြကုိ အာရွအမ်ဳိးသမီးေတြ ရာစုႏွစ္ခ်ီ အသုံးျပဳခဲ့ပါတယ္။ ဒီနည္းက ရုိးရွင္းျပီး ထိေရာက္ပါတယ္။ သံပုယိုရည္ ထမင္းစားဇြန္း (၂) ဇြန္းနဲ႔ သၾကား ထမင္းစားဇြန္း (၂) ဇြန္းကို အရည္ပ်စ္ပ်စ္ေလးျဖစ္ေအာင္ ေရာစပ္ရုံေလးပါပဲ။ ခ်ဳိင္းေမႊးကို လိမ္းျပီး မိနစ္အနည္းငယ္ထားပါ။ ျပီးေတာ့ အဝတ္စ စုိစိုသန္႔သန္႔ေလးတစ္ခုနဲ႔ ဖယ္ရွားရပါမယ္။ ဒီနည္းအတိုင္း တစ္ပတ္ ၂ ၾကိမ္ လုပ္ေပးပါ။ ကုသမႈတစ္ခါလုပ္တုိင္း ခ်ဳိင္းေမႊးေတြ ေလ်ာ့ေလ်ာ့သြားပါလိမ့္မယ္။

နည္းလမ္း (၂)

ၾကက္ဥနဲ႔ ဂ်ဳံမႈန္႔

ၾကက္ဥ (၁) လုံးနဲ႔ ဂ်ဳံမႈန္႔ထမင္းစားဇြန္းကို ခပ္ပ်စ္ပ်စ္အရည္ျဖစ္ေအာင္ လုပ္ပါ။ ဒီအရည္ပ်စ္ပ်စ္ကို ခ်ဳိင္းၾကားမွာ  လိမ္းျပီး မေျခာက္မခ်င္းထားပါ။ ျပီးေတာ့ ေရနဲ႔ ေဆးခ်ေပးရပါမယ္။

နည္းလမ္း (၃)

ႏုိ႔နဲ႔ နႏြင္း

နႏြင္း ထမင္းစားဇြန္း (၁) ဇြန္းနဲ႔ ႏုိ႔ထမင္းစားဇြန္း (၁) ဇြန္းကို အရည္ပ်စ္ပ်စ္ျဖစ္ေအာင္ ေရာစပ္ပါ။ ျပီးေတာ့ ခ်ဳိင္းၾကားမွာ လိမ္း၊ ခဏထားျပီး ေရနဲ႔ျပန္ေဆးခ်ရပါမယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:trend myanmar

#Unicode Version
အခြားခန္ဓာကိုယ် အစိတ်အပိုင်းများကဲ့သို့ ချိုင်းကြားကလည်း ပုံမှန်တစ်ကိုယ်ရေသန့်ရှင်းရေး လိုအပ်ပါတယ်။ မလိုလားအပ်တဲ့ အမွှေးအမျှင်၊ အနံ့အသက်ဆိုးအပါအဝင် တကယ်တမ်း ချိုင်းကြားနဲ့ပတ်သက်တဲ့ အလှပရေးရာပြသနာတချို့ရှိပါတယ်။ ချိုင်းမွှေးတွေနုတ်ပြီးတာနဲ့တပြိုင်နက် အနံ့အသက်ဆိုးတွေ လျော့နည်းတာ လူအများစု သတိထားမိကြပါတယ်။ ချိုင်းမွှေးပုံမှန်နုတ်ခြင်းက အထူးသဖြင့် အရှည်မြန်နေရင် အချိန်ကုန်ဆုံးစေနိုင်ပါတယ်။

အလှပြင်ဆိုင်မှာ ကုန်ကျမယ့်စရိတ်တွေ သက်သာစေနိုင်တဲ့ သဘာဝချိုင်းမွှေးနုတ်နည်းတွေ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေမှာ သဘာဝနည်းအတိုင်း ဝေဒနာသက်သာပြီး ကျန်းမာတဲ့အသားအရေဖြစ်စေမယ့် antioxidant ၊ vitamin နဲ့ mineral ပါဝင်တွေ အသုံးပြုထားပါတယ်။

နည်းလမ်း (၁)

သံပုယိုသီးနဲ့ သကြား

သကြားအဓိကသုံး ဖယောင်းအမွှေးချွတ်နည်းတွေကို အာရှအမျိုးသမီးတွေ ရာစုနှစ်ချီ အသုံးပြုခဲ့ပါတယ်။ ဒီနည်းက ရိုးရှင်းပြီး ထိရောက်ပါတယ်။ သံပုယိုရည် ထမင်းစားဇွန်း (၂) ဇွန်းနဲ့ သကြား ထမင်းစားဇွန်း (၂) ဇွန်းကို အရည်ပျစ်ပျစ်လေးဖြစ်အောင် ရောစပ်ရုံလေးပါပဲ။ ချိုင်းမွှေးကို လိမ်းပြီး မိနစ်အနည်းငယ်ထားပါ။ ပြီးတော့ အဝတ်စ စိုစိုသန့်သန့်လေးတစ်ခုနဲ့ ဖယ်ရှားရပါမယ်။ ဒီနည်းအတိုင်း တစ်ပတ် ၂ ကြိမ် လုပ်ပေးပါ။ ကုသမှုတစ်ခါလုပ်တိုင်း ချိုင်းမွှေးတွေ လျော့လျော့သွားပါလိမ့်မယ်။

နည်းလမ်း (၂)

ကြက်ဥနဲ့ ဂျုံမှုန့်

ကြက်ဥ (၁) လုံးနဲ့ ဂျုံမှုန့်ထမင်းစားဇွန်းကို ခပ်ပျစ်ပျစ်အရည်ဖြစ်အောင် လုပ်ပါ။ ဒီအရည်ပျစ်ပျစ်ကို ချိုင်းကြားမှာ  လိမ်းပြီး မခြောက်မချင်းထားပါ။ ပြီးတော့ ရေနဲ့ ဆေးချပေးရပါမယ်။

နည်းလမ်း (၃)

နို့နဲ့ နနွင်း

နနွင်း ထမင်းစားဇွန်း (၁) ဇွန်းနဲ့ နို့ထမင်းစားဇွန်း (၁) ဇွန်းကို အရည်ပျစ်ပျစ်ဖြစ်အောင် ရောစပ်ပါ။ ပြီးတော့ ချိုင်းကြားမှာ လိမ်း၊ ခဏထားပြီး ရေနဲ့ပြန်ဆေးချရပါမယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:trend myanmar




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top