iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ဳိးသမီးတစ္ဦးရဲ့ ရင္သား လွပမႈ၊ ၾကည့္ေကာင္းမႈနဲ႔ ဆဲြေဆာင္မႈဆိုတာ အမ်ိဳးသားေတြ စိတ္ဝင္စားတဲ့အရာေတြထဲမွာ တစ္ခုအပါအဝင္ျဖစ္ပါတယ္။ ရင္သားေသးတာ၊ ႀကီးတာကေတာ့ သူ႔အႀကိဳက္နဲ႔သူ ရွိၾကပါတယ္။ ရင္သားေသးတယ္ထင္တဲ့ အမ်ိဳးသမီးေတြက ထြားခ်င္သလို ေသးေသးပဲ ဇက္ေၾကာတက္သက္သာပါတယ္ ဆိုၿပီး လက္ခံသူေတြလဲ ရွိၾကပါတယ္။

ရင္သားကို အဆီေတြနဲ႔သာ တည္ေဆာက္ထားတာျဖစ္ၿပီး အထဲမွာ ႏို႔ျပြန္ေလးေတြ၊ ႏို႔အိတ္ေလးေတြနဲ႔ အဲဒါေတြကို တြယ္ဆက္ေပးတဲ့ (တစ္ရွဴး) ေတြပဲ ရွိပါတယ္။ ဒီလို ရင္သားမွာ ၾကြက္သားမပါတဲ့အတြက္ ၾကြက္သားေတြလိုမ်ိဳး ေလ့က်င့္ခန္းလုပ္ၿပီး သန္မာ ၾကီးထြားလာေအာင္ လုပ္လို႔ မရႏိုင္ပါဘူး။

ရင္သားရဲ့လွပမႈ၊ ၾကည့္ေကာင္းမႈကို ေဘးတိုက္ ၾကည့္တဲ့အခါမွာ သိသာပါတယ္။ အခ်ိဳးအစားက်ေနတဲ့ ရင္သားဟာ ေဘးတိုက္ၾကည့္လိုက္ရင္ မ်ဥ္းေကြးက ေကြးေကြးေလးနဲ႔ သူ႔ေနရာနဲ႔သူ ျဖစ္ေနမွာပါ။ ေဆးပညာအရေတာ့ ရင္သား ဖြံ႔ထြားေအာင္ လုပ္နည္းဆိုၿပီး မရွိေပမယ့္ ရင္သားႀကီးထြားမႈကို အေထာက္အကူေပးႏိုင္တဲ့ ကိုယ္ေနဟန္ထားတစ္ခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။


(၁) ကိုယ္ေနဟန္ထား မွန္ေအာင္ေလ့က်င့္ပါ

ေခါင္းကို မတ္မတ္ထား ၊ ပခံုးကို ျမွင့္ၿပီး ေက်ာရိုးတစ္ေျဖာင့္တည္း လမ္းေလွ်ာက္ပါ။ လက္ျပင္မကုန္းပါနဲ႕။ ဒီလမ္းေလွ်ာက္ ဟန္က ရင္သားႀကီးတယ္လို႕ထင္ရေစၿပီး ပိုပိန္ ၊ ပိုသြယ္သြားတယ္လို႕ ထင္ရပါတယ္။

(၂) ခါးသြယ္ေအာင္လုပ္ပါ

ခါးေလ့က်င့္ခန္း လုပ္တဲ့အတြက္ ဗုိက္နဲ႕ နံရိုးတစ္ေလွ်ာက္က ၾကြက္သြားေတြက ေတာင့္တင္းသြားၿပီး ရင္သားကို ေထာက္ကူ ထားသလိုျဖစ္ေနေစတဲ့အတြက္ ရင္သားႀကီးက ခါးသြယ္သြားတဲ့အတြက္ ရင္သား တဲြက်ျခင္းမျဖစ္ပါဘူး။ ဒါဟာ ရင္သားမွာ တစ္သွ်ဴးအပိုထပ္ထည့္စရာမလုိဘဲ ႀကီးတယ္ လုိ႕ထင္ရေစတဲ့နည္းပါ။


(၃) အတြင္းခံဆုိဒ္ကို ေသခ်ာတုိင္းပါ

မိန္းကေလးအမ်ားစုက ကိုယ့္အတြင္းခံဆုိဒ္ အမွန္ကို ေသခ်ာမတုိင္းၾကပါဘူး။ ဆုိဒ္မွန္တဲ့ အတြင္းခံအက်ႌမွန္မွသာ ရင္သားတစ္သွ်ဴး ေတြကို ပံုစံမွန္ပူးကပ္ေနေစၿပီး ေအာက္ေျခကေန ပင့္တင္ထားႏုိင္မွာပါ။

(၄) လည္ပင္းဆုိဒ္အမွန္နဲ႕ အက်ႌကိုသာ ၀တ္ပါ

လည္ပင္းနဲ႕ ရင္အုပ္ပိုင္း ပြေနတဲ့ အက်ႌမ်ိဳး မ၀တ္ပါနဲ႕ ။ လည္ပင္းဆုိဒ္မွန္မွသာ အက်ႌက ခႏၶာကိုယ္နဲ႕အတိျဖစ္ၿပီး ရင္သားအပိုင္းကို ေပၚလြင္ေစမွာျဖစ္ပါတယ္။

(၅) မွန္ကန္တဲ့ ေရြးခ်ယ္မႈကို ျပဳလုပ္ႏိုင္ပါေစ

ဓါတုေဆး၀ါးအခ်ိဳ႕မွီ၀ဲျခင္းဟာ ေဘးထြက္ဆိုးက်ိဳးမ်ား ျဖစ္ႏုိင္တာမို႕ ေလ့က်င့္ခန္းနဲ႕ မွန္ကန္တဲ့ အက်ႌေတြ ေရြးခ်ယ္ဖို႕ကို အထူးဂရုစိုက္ေစခ်င္ပါတယ္။

ပံုမွန္ေလ့က်င့္ခန္းလုပ္ၿပီး အာဟာရျပည့္ဝေအာင္ စားသံုးမယ္ဆုိရင္ အႏၲရာယ္ကင္းၿပီး ေက်ာ့ရွင္းတဲ့ အလွတရားတစ္ခုကို ပိုင္ဆုိင္ႏုိင္မွာပါ။

Credit:Duwun


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမျိုးသမီးတစ်ဦးရဲ့ ရင်သား လှပမှု၊ ကြည့်ကောင်းမှုနဲ့ ဆွဲဆောင်မှုဆိုတာ အမျိုးသားတွေ စိတ်ဝင်စားတဲ့အရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ရင်သားသေးတာ၊ ကြီးတာကတော့ သူ့အကြိုက်နဲ့သူ ရှိကြပါတယ်။ ရင်သားသေးတယ်ထင်တဲ့ အမျိုးသမီးတွေက ထွားချင်သလို သေးသေးပဲ ဇက်ကြောတက်သက်သာပါတယ် ဆိုပြီး လက်ခံသူတွေလဲ ရှိကြပါတယ်။

ရင်သားကို အဆီတွေနဲ့သာ တည်ဆောက်ထားတာဖြစ်ပြီး အထဲမှာ နို့ပြွန်လေးတွေ၊ နို့အိတ်လေးတွေနဲ့ အဲဒါတွေကို တွယ်ဆက်ပေးတဲ့ (တစ်ရှူး) တွေပဲ ရှိပါတယ်။ ဒီလို ရင်သားမှာ ကြွက်သားမပါတဲ့အတွက် ကြွက်သားတွေလိုမျိုး လေ့ကျင့်ခန်းလုပ်ပြီး သန်မာ ကြီးထွားလာအောင် လုပ်လို့ မရနိုင်ပါဘူး။

ရင်သားရဲ့လှပမှု၊ ကြည့်ကောင်းမှုကို ဘေးတိုက် ကြည့်တဲ့အခါမှာ သိသာပါတယ်။ အချိုးအစားကျနေတဲ့ ရင်သားဟာ ဘေးတိုက်ကြည့်လိုက်ရင် မျဉ်းကွေးက ကွေးကွေးလေးနဲ့ သူ့နေရာနဲ့သူ ဖြစ်နေမှာပါ။ ဆေးပညာအရတော့ ရင်သား ဖွံ့ထွားအောင် လုပ်နည်းဆိုပြီး မရှိပေမယ့် ရင်သားကြီးထွားမှုကို အထောက်အကူပေးနိုင်တဲ့ ကိုယ်နေဟန်ထားတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


(၁) ကိုယ်နေဟန်ထား မှန်အောင်လေ့ကျင့်ပါ

ခေါင်းကို မတ်မတ်ထား ၊ ပခုံးကို မြှင့်ပြီး ကျောရိုးတစ်ဖြောင့်တည်း လမ်းလျှောက်ပါ။ လက်ပြင်မကုန်းပါနဲ့။ ဒီလမ်းလျှောက် ဟန်က ရင်သားကြီးတယ်လို့ထင်ရစေပြီး ပိုပိန် ၊ ပိုသွယ်သွားတယ်လို့ ထင်ရပါတယ်။

(၂) ခါးသွယ်အောင်လုပ်ပါ

ခါးလေ့ကျင့်ခန်း လုပ်တဲ့အတွက် ဗိုက်နဲ့ နံရိုးတစ်လျှောက်က ကြွက်သွားတွေက တောင့်တင်းသွားပြီး ရင်သားကို ထောက်ကူ ထားသလိုဖြစ်နေစေတဲ့အတွက် ရင်သားကြီးက ခါးသွယ်သွားတဲ့အတွက် ရင်သား တွဲကျခြင်းမဖြစ်ပါဘူး။ ဒါဟာ ရင်သားမှာ တစ်သျှူးအပိုထပ်ထည့်စရာမလိုဘဲ ကြီးတယ် လို့ထင်ရစေတဲ့နည်းပါ။


(၃) အတွင်းခံဆိုဒ်ကို သေချာတိုင်းပါ

မိန်းကလေးအများစုက ကိုယ့်အတွင်းခံဆိုဒ် အမှန်ကို သေချာမတိုင်းကြပါဘူး။ ဆိုဒ်မှန်တဲ့ အတွင်းခံအကျႌမှန်မှသာ ရင်သားတစ်သျှူး တွေကို ပုံစံမှန်ပူးကပ်နေစေပြီး အောက်ခြေကနေ ပင့်တင်ထားနိုင်မှာပါ။

(၄) လည်ပင်းဆိုဒ်အမှန်နဲ့ အကျႌကိုသာ ဝတ်ပါ

လည်ပင်းနဲ့ ရင်အုပ်ပိုင်း ပွနေတဲ့ အကျႌမျိုး မဝတ်ပါနဲ့ ။ လည်ပင်းဆိုဒ်မှန်မှသာ အကျႌက ခန္ဓာကိုယ်နဲ့အတိဖြစ်ပြီး ရင်သားအပိုင်းကို ပေါ်လွင်စေမှာဖြစ်ပါတယ်။

(၅) မှန်ကန်တဲ့ ရွေးချယ်မှုကို ပြုလုပ်နိုင်ပါစေ

ဓါတုဆေးဝါးအချို့မှီဝဲခြင်းဟာ ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်တာမို့ လေ့ကျင့်ခန်းနဲ့ မှန်ကန်တဲ့ အကျႌတွေ ရွေးချယ်ဖို့ကို အထူးဂရုစိုက်စေချင်ပါတယ်။

ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး အာဟာရပြည့်ဝအောင် စားသုံးမယ်ဆိုရင် အန္တရာယ်ကင်းပြီး ကျော့ရှင်းတဲ့ အလှတရားတစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ။


Credit:Duwun




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top