iMyanmarHouse.com - Best Property Website for Myanmar
×

ဒိန္ခ်ဥ္ႏွင့္ အဆီဓာတ္ ပါဝင္မႈ နည္းေသာ ဒိန္ခဲမ်ားကုိ စားသံုးျခင္းသည္ ၎အစား အစာကုိ လံုးဝ မစားသံုး ျခင္းႏွင့္ ႏႈိင္းယွဥ္ပါက ဆီးခ်ဳိေရာဂါ ျဖစ္ပြားမႈ အႏၲရာယ္ကုိ ေလးပံု တစ္ပံုခန္႔ ေလွ်ာ့ခ် ေပးႏုိင္ေၾကာင္း၊ ၿဗိတိန္ ႏိုင္ငံသား ၃၅ဝဝ ကုိ ေလ့လာမႈ ျပဳလုပ္ခဲ့သည့္ သုေတသီ မ်ား၏ ေျပာၾကားခ်က္ အရ သိရေၾကာင္း အင္တာနက္ သတင္း တစ္ပုဒ္တြင္ ေဖာ္ျပထားသည္။

သုေတသီ မ်ားသည္ ႏုိင္ငံ အေရွ႕ပုိင္း ေနာ္ေဖာ့ခ္ခ႐ိုင္ အတြင္း၌ ေနထုိင္လ်က္ ရွိသည့္ အမ်ဳိးသမီး မ်ားႏွင့္ အမ်ဳိးသား မ်ားကုိ ၁၁ ႏွစ္ေက်ာ္ၾကာ ေလ့လာမႈမ်ား ျပဳလုပ္ ခဲ့ၿပီး ေလ့လာမႈမ်ား စတင္ခဲ့ခ်ိန္ မွစ၍ ၎တုိ႔၏ စားေသာက္ ေနထုိင္မႈ အက်င့္ စ႐ိုက္ကုိ အေသးစိတ္ ေလ့လာမွတ္သား ခဲ့ၾကသည္။

၁၁ ႏွစ္ၾကာ ေလ့လာမႈမ်ား ျပဳလုပ္ ခဲ့ရာတြင္ ဒိန္ခ်ဥ္၊ ျပင္သစ္ ဒိန္ခဲႏွင့္ အဆီဓာတ္ နည္းပါးေသာ ဒိန္ခဲမ်ားကုိ စားသံုးသည့္ လူ ၇၅၃ ဦးသည္ ၎အစား အေသာက္မ်ားကုိ လံုးဝ မစားသံုးသည့္ အျခား လူမ်ားထက္ ေရာဂါ ျဖစ္ႏုိင္ေျခ ၂၄ ရာခုိင္ႏႈန္းခန္႔ ပုိမုိ နည္းပါးေၾကာင္း ေတြ႕ရွိ ခဲ့ၾကျခင္း ျဖစ္သည္ဟု အဆုိပါ သတင္းတြင္ ေဖာ္ျပထားသည္။


Credit:ျမ၀တီ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဒိန်ချဉ်နှင့် အဆီဓာတ် ပါဝင်မှု နည်းသော ဒိန်ခဲများကို စားသုံးခြင်းသည် ၎င်းအစား အစာကို လုံးဝ မစားသုံး ခြင်းနှင့် နှိုင်းယှဉ်ပါက ဆီးချိုရောဂါ ဖြစ်ပွားမှု အန္တရာယ်ကို လေးပုံ တစ်ပုံခန့် လျှော့ချ ပေးနိုင်ကြောင်း၊ ဗြိတိန် နိုင်ငံသား ၃၅ဝဝ ကို လေ့လာမှု ပြုလုပ်ခဲ့သည့် သုတေသီ များ၏ ပြောကြားချက် အရ သိရကြောင်း အင်တာနက် သတင်း တစ်ပုဒ်တွင် ဖော်ပြထားသည်။

သုတေသီ များသည် နိုင်ငံ အရှေ့ပိုင်း နော်ဖော့ခ်ခရိုင် အတွင်း၌ နေထိုင်လျက် ရှိသည့် အမျိုးသမီး များနှင့် အမျိုးသား များကို ၁၁ နှစ်ကျော်ကြာ လေ့လာမှုများ ပြုလုပ် ခဲ့ပြီး လေ့လာမှုများ စတင်ခဲ့ချိန် မှစ၍ ၎င်းတို့၏ စားသောက် နေထိုင်မှု အကျင့် စရိုက်ကို အသေးစိတ် လေ့လာမှတ်သား ခဲ့ကြသည်။

၁၁ နှစ်ကြာ လေ့လာမှုများ ပြုလုပ် ခဲ့ရာတွင် ဒိန်ချဉ်၊ ပြင်သစ် ဒိန်ခဲနှင့် အဆီဓာတ် နည်းပါးသော ဒိန်ခဲများကို စားသုံးသည့် လူ ၇၅၃ ဦးသည် ၎င်းအစား အသောက်များကို လုံးဝ မစားသုံးသည့် အခြား လူများထက် ရောဂါ ဖြစ်နိုင်ခြေ ၂၄ ရာခိုင်နှုန်းခန့် ပိုမို နည်းပါးကြောင်း တွေ့ရှိ ခဲ့ကြခြင်း ဖြစ်သည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။


Credit:မြဝတီ


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top