iMyanmarHouse.com - Best Property Website for Myanmar
×

ကိုကိုနဲ႔ခ်ိန္းေတြ႔တဲ့အခါျဖစ္ျဖစ္၊ သူငယ္ခ်င္းေတြနဲ႔ အျပင္သြားတဲ့အခါျဖစ္ျဖစ္ ကိုယ္က ဖလန္းဖလန္းအလန္းဇယားျဖစ္ေနေပမယ့္ ဆံပင္ကလိုက္မလန္းႏိုင္ပဲ အဆီျပန္ေစးျပစ္ျပစ္ ျဖစ္ေနရင္ေတာ့ စိတ္ညစ္စရာပါပဲေနာ္။ အဲ့ဒီ့အတြက္ ေခါင္းခဏခဏေလ်ွာ္ရေပါင္းလည္းမ်ားၿပီ အဆီကျပန္တုန္းျဖစ္ေနသူတို႔ သိထားသင့္တဲ့ တရားခံအေၾကာင္းအရင္းေလးေတြကိုေဖာ္ျပလိုက္ပါတယ္။

၁။ဆံပင္ကို မၾကာခဏကလိျခင္း။

ဆံပင္ကို ခဏခဏ လက္နဲ့သပ္ေနတဲ့ မမမ်ားသိထားရန္ပါ။ ပဲမ်ားတဲ့အခါျဖစ္ျဖစ္၊ ဆရာမစာေမးလို႔ ေခါင္းစားတဲ့အခါျဖစ္ျဖစ္ ဆံပင္ကို ကလိတတ္ၾကပါတယ္။ အဲ့ဒီအခါ လက္ေခ်ာင္းေပၚကအဆီေတြ ဆံသာအေပၚကူးစက္သြားတာေၾကာင့္ ဆံပင္အဆီျပန္ရပါတယ္။

၂။ေခါင္းအေလ်ွာ္လြန္းျခင္း။

ဆံပင္က အဆီျပန္ ျဖစ္ေနတဲ့အတြက္ေၾကာင့္ ေန႔တိုင္းလိုလို ဆီေခ်းေျပာင္ေအာင္ေခါင္းေလ်ွာ္မယ္ဆိုရင္ေတာ့ သင္ဟာ ျပသနာကို ေခါင္းေလ်ွာ္ရည္ေလာင္းၿပီး႐ွာေနတာပါ။ ေခါင္းခဏခဏေလ်ွာ္ျခင္းက ဦးေရျပားမွ သဘာဝအဆီကိုခမ္းေျခာက္ေစတဲ့အတြက္ ျပန္လည္အစားသြင္းဖို႔ ပိုမိုအဆီေတြထုတ္လုပ္ေပးတာေၾကာင့္ ဆိုးရြားလာေစပါတယ္။

၃။ေပါင္းအတင္လြန္းျခင္း။

ဆံပင္ေပါင္းတင္တာ ေကာင္းတယ္ဆိုေပမယ့္ ေရြးတတ္ဖို႔ေတာ့လိုတယ္ေနာ္။ အကယ္၍ ကိုယ့္ဆံပင္အမ်ိဳးအစားအလိုက္ မေရြးခ်ယ္ႏိုင္ပဲ ပိုမိုေလးလံေစမယ့္ ေပါင္းေဆးသံုးမယ္ (သ့ို) ေဆးေျပာင္ေအာင္ ေခါင္းမေလ်ွာ္ႏိုင္ဘူး ဆိုရင္ေတာ့ အဆီျပန္ေစပါတယ္။

၄။ေခါင္းၿဖီးလြန္းျခင္း။

ေခါင္းၿဖီးရမွာ ႀကိဳက္ႏွစ္သက္လို႔ အျပင္သြားတိုင္း ဘီးေဆာင္တတ္တဲ့ အက္ဒမင့္လို အမ်ိဳသမီးတို႔ သတိထားရန္။ ဆံပင္ၿဖီးျခင္းအားျဖင့္ အဆီထုတ္လုပ္မႈကို လႈံ႕ေဆာ္ေပးတာေၾကာင့္ ၿဖီးတုန္းက သပ္ရပ္ေနေပမယ့္ မၾကာခင္ပဲ အဆီျပန္လာေစပါတယ္။ဆိုးက်ိဳးအေနနဲ႔ ဆံပင္႐ွည္ျခင္းကိုလည္း ေႏွာင့္ေႏွးလာေစပါတယ္။

၅။ဘီးမသန္႔ျခင္း။

ေခါင္းမၿဖီးခင္ ဘီးသန္႔မသန္႔စစ္ေဆးပါ။ ဖုန္း သို႔မဟုတ္ ေခ်း႐ွိေနတဲ့ ဘီးက ပိုမိုအဆီျပန္ေစပါတယ္။ ဒီ့အျပင္ ဆံပင္ေတြနဲ႔႐ႈပ္ေထြးေနတဲ့ ဘီးကိုလည္း အသံုးမျပဳပါနဲ႔။ ဆံပင္ေဟာင္းထဲက အဆီေတြ ဆံပင္သစ္ကို အိမ္ေျပာင္းသလို ေျပာင္းလာပါလိမ္းမယ္။

 ၆။ကုန္ပစၥည္း အသံုးမွားျခင္း။

ဆံပင္နဲ႔ပတ္သတ္တဲ့ အလွကုန္ပစၥည္းသံုးတဲ့အခါ ေရြးျခယ္မႈမွားတာကလည္း သင့္ဆံပင္ကို အဆီျပန္ေစပါတယ္။ ကိုယ့္ဆံပင္အမ်ိဳးအစားနဲ႔သင့္ေတာ္ေအာင္ ဝယ္သံုးပါ။ ရည္းစားေရြးမွာရင္ အခ်စ္ေတြ အလဟသျဖစ္ေစၿပီး ပစၥည္းေရြးမွားရင္ေတာ့ ဆံပင္ေတြကိုအလဟသျဖစ္ေစပါတယ္။

ပသနာတစ္ခုျဖစ္ၿပီဆို ဘာဆက္လုပ္ရမလဲထက္ ဘာေၾကာင့္ဒီျပသနာျဖစ္ရသလဲ ဆိုတာကို႐ွာေဖြျပဳျပင္ျခင္းက အခ်ိန္တိုအတြင္းထိေရာက္ေစတာေၾကာင့္ အခုေဖာ္ျပတဲ့အခ်က္ကေလးေတြကို လိုက္နာျပဳျပင္ျခင္းျဖင့္ ဆံပင္အဆီျပန္တဲ့ ျပသနာမွ အလ်င္အျမန္ လြတ္ကြၽတ္ႏိုင္ပါၿပီ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:for her myanmar

#Unicode Version


ကိုကိုနဲ့ချိန်းတွေ့တဲ့အခါဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ အပြင်သွားတဲ့အခါဖြစ်ဖြစ် ကိုယ်က ဖလန်းဖလန်းအလန်းဇယားဖြစ်နေပေမယ့် ဆံပင်ကလိုက်မလန်းနိုင်ပဲ အဆီပြန်စေးပြစ်ပြစ် ဖြစ်နေရင်တော့ စိတ်ညစ်စရာပါပဲနော်။ အဲ့ဒီ့အတွက် ခေါင်းခဏခဏလျှော်ရပေါင်းလည်းများပြီ အဆီကပြန်တုန်းဖြစ်နေသူတို့ သိထားသင့်တဲ့ တရားခံအကြောင်းအရင်းလေးတွေကိုဖော်ပြလိုက်ပါတယ်။

၁။ဆံပင်ကို မကြာခဏကလိခြင်း။

ဆံပင်ကို ခဏခဏ လက်နဲ့သပ်နေတဲ့ မမများသိထားရန်ပါ။ ပဲများတဲ့အခါဖြစ်ဖြစ်၊ ဆရာမစာမေးလို့ ခေါင်းစားတဲ့အခါဖြစ်ဖြစ် ဆံပင်ကို ကလိတတ်ကြပါတယ်။ အဲ့ဒီအခါ လက်ချောင်းပေါ်ကအဆီတွေ ဆံသာအပေါ်ကူးစက်သွားတာကြောင့် ဆံပင်အဆီပြန်ရပါတယ်။

၂။ခေါင်းအလျှော်လွန်းခြင်း။

ဆံပင်က အဆီပြန် ဖြစ်နေတဲ့အတွက်ကြောင့် နေ့တိုင်းလိုလို ဆီချေးပြောင်အောင်ခေါင်းလျှော်မယ်ဆိုရင်တော့ သင်ဟာ ပြသနာကို ခေါင်းလျှော်ရည်လောင်းပြီးရှာနေတာပါ။ ခေါင်းခဏခဏလျှော်ခြင်းက ဦးရေပြားမှ သဘာဝအဆီကိုခမ်းခြောက်စေတဲ့အတွက် ပြန်လည်အစားသွင်းဖို့ ပိုမိုအဆီတွေထုတ်လုပ်ပေးတာကြောင့် ဆိုးရွားလာစေပါတယ်။

၃။ပေါင်းအတင်လွန်းခြင်း။

ဆံပင်ပေါင်းတင်တာ ကောင်းတယ်ဆိုပေမယ့် ရွေးတတ်ဖို့တော့လိုတယ်နော်။ အကယ်၍ ကိုယ့်ဆံပင်အမျိုးအစားအလိုက် မရွေးချယ်နိုင်ပဲ ပိုမိုလေးလံစေမယ့် ပေါင်းဆေးသုံးမယ် (သ့ို) ဆေးပြောင်အောင် ခေါင်းမလျှော်နိုင်ဘူး ဆိုရင်တော့ အဆီပြန်စေပါတယ်။

၄။ခေါင်းဖြီးလွန်းခြင်း။

ခေါင်းဖြီးရမှာ ကြိုက်နှစ်သက်လို့ အပြင်သွားတိုင်း ဘီးဆောင်တတ်တဲ့ အက်ဒမင့်လို အမျိုသမီးတို့ သတိထားရန်။ ဆံပင်ဖြီးခြင်းအားဖြင့် အဆီထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာကြောင့် ဖြီးတုန်းက သပ်ရပ်နေပေမယ့် မကြာခင်ပဲ အဆီပြန်လာစေပါတယ်။ဆိုးကျိုးအနေနဲ့ ဆံပင်ရှည်ခြင်းကိုလည်း နှောင့်နှေးလာစေပါတယ်။

၅။ဘီးမသန့်ခြင်း။

ခေါင်းမဖြီးခင် ဘီးသန့်မသန့်စစ်ဆေးပါ။ ဖုန်း သို့မဟုတ် ချေးရှိနေတဲ့ ဘီးက ပိုမိုအဆီပြန်စေပါတယ်။ ဒီ့အပြင် ဆံပင်တွေနဲ့ရှုပ်ထွေးနေတဲ့ ဘီးကိုလည်း အသုံးမပြုပါနဲ့။ ဆံပင်ဟောင်းထဲက အဆီတွေ ဆံပင်သစ်ကို အိမ်ပြောင်းသလို ပြောင်းလာပါလိမ်းမယ်။

 ၆။ကုန်ပစ္စည်း အသုံးမှားခြင်း။

ဆံပင်နဲ့ပတ်သတ်တဲ့ အလှကုန်ပစ္စည်းသုံးတဲ့အခါ ရွေးခြယ်မှုမှားတာကလည်း သင့်ဆံပင်ကို အဆီပြန်စေပါတယ်။ ကိုယ့်ဆံပင်အမျိုးအစားနဲ့သင့်တော်အောင် ဝယ်သုံးပါ။ ရည်းစားရွေးမှာရင် အချစ်တွေ အလဟသဖြစ်စေပြီး ပစ္စည်းရွေးမှားရင်တော့ ဆံပင်တွေကိုအလဟသဖြစ်စေပါတယ်။

ပသနာတစ်ခုဖြစ်ပြီဆို ဘာဆက်လုပ်ရမလဲထက် ဘာကြောင့်ဒီပြသနာဖြစ်ရသလဲ ဆိုတာကိုရှာဖွေပြုပြင်ခြင်းက အချိန်တိုအတွင်းထိရောက်စေတာကြောင့် အခုဖော်ပြတဲ့အချက်ကလေးတွေကို လိုက်နာပြုပြင်ခြင်းဖြင့် ဆံပင်အဆီပြန်တဲ့ ပြသနာမှ အလျင်အမြန် လွတ်ကျွတ်နိုင်ပါပြီ။


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:for her myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top