iMyanmarHouse.com - Best Property Website for Myanmar
×

Denim ( ဒီနင္း ) အသား ျဖင့္ ခပ္ၾကပ္ၾကပ္ခ်ဳပ္ထားေသာ ေဘာင္းဘီမ်ားက အေၾကာမ်ား၏ ပ်က္စီးျခင္းကို ျဖစ္ေစတတ္ေၾကာင္း အေမရိကန္ႏိုင္ငံဆရာဝန္မ်ားက အတည္ျပဳၾကသည္ ။ ၾကပ္တည္း လြန္းေသာေဘာင္းဘီရွည္ေၾကာင့္ meralgia pares thetica ႄကြက္ သားအားနည္းေရာဂါတစ္မ်ိဳးကို ခံစားရေစႏိုင္သည္။

ယင္းေရာဂါလကၡဏာက တဆစ္ဆစ္ႏွင့္ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္ျခင္း ၊ ထံုက်ဥ္ျခင္း ၊ နာက်င္ျခင္း တို႔ကို ေျခ ေထာက္ အေပၚပိုင္း၌ ခံစားရေစ ႏိုင္သည္ ။ ABC News တြင္ ေဒါက္တာ ကဲရင္ဘြိဳင္းလ္ က ေပါင္ အေပၚယံပိုင္းကို သြားေသာအေၾကာ မ်ားထဲမွ တစ္ခုကို ဖိသိပ္ထားျခင္း ျဖင့္ အေနအထား ပ်က္စီးေစသည္ဟု ဆိုသည္ ။ ေျခတံရွည္သည္ ထင္ရ ေအာင္ ဂ်င္းေဘာင္းဘီက်ပ္က်ပ္ကို ခြာျမင့္ ဖိနပ္ႏွင့္စီးျခင္းသည္ တင္ပဆံု ႐ိုးကို ေစာင္းသည့္အေနအထားကို ျဖစ္ေစသည္ ။
ဤေရာဂါကို ခံစားရသူ အမ်ိဳးသမီးမ်ားတြင္ ေပါင္မ်ား၌ စပ္ဖ်ဥ္းဖ်ဥ္းႏွင့္အပူေလာင္ျခင္းတို႔ကို ခံစားရျခင္း ၊ အခ်ိဳ႕တြင္ ဦးေႏွာက္ ႏွင့္ အာ႐ံုေၾကာထိခိုက္ေသာေရာဂါလကၡဏာကို ေတြ႕ရွိရသည္ ။

ဤေရာဂါခံစားရသူေဝဒနာရွင္မ်ား အား ဆရာဝန္က (၆)ပတ္တိုင္ ေအာင္ ပြေယာင္းေသာအဝတ္အစားမ်ား ကိုသာ ဝတ္ဆင္ေစသည္ ။ ျဖစ္ႏိုင္ လွ်င္ Lycra (လိုက္ကရာ) အသား ႏွင့္ေရာသည့္ဂ်င္းေဘာင္းဘီကိုသာ ဝတ္ဆင္ေစသည္ ။

အကယ္၍ ေဘာင္းဘီ ၾကပ္လြန္းပါက ေနာက္ဆက္တြဲ ျဖစ္ေပၚလာတတ္ၿပီး ဤအနာမ်ား ကို လ်စ္လ်ဴ႐ႈျခင္းျဖင့္ အေၾကာအၿခင္မ်ား ထာဝရ ပ်က္စီးသြားေစႏိုင္ သည္ ။ အမ်ိဳးသားမ်ား အေနႏွင့္မူ ပူေလာင္သည့္ ဒဏ္ေၾကာင့္ ခႏၶာ ကိုယ္တြင္ မိႈစြဲျခင္း ၊ ကေလးရႏိုင္ဖို႔ အတြက္ အတားအဆီးမ်ား ျဖစ္ လာႏိုင္ေၾကာင္း ေဖာ္ျပထားသည္ ။


Credit:Health Updates Journal

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

Denim ( ဒီနင်း ) အသား ဖြင့် ခပ်ကြပ်ကြပ်ချုပ်ထားသော ဘောင်းဘီများက အကြောများ၏ ပျက်စီးခြင်းကို ဖြစ်စေတတ်ကြောင်း အမေရိကန်နိုင်ငံဆရာဝန်များက အတည်ပြုကြသည် ။ ကြပ်တည်း လွန်းသောဘောင်းဘီရှည်ကြောင့် meralgia pares thetica ကြွက် သားအားနည်းရောဂါတစ်မျိုးကို ခံစားရစေနိုင်သည်။

ယင်းရောဂါလက္ခဏာက တဆစ်ဆစ်နှင့် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း ၊ ထုံကျဉ်ခြင်း ၊ နာကျင်ခြင်း တို့ကို ခြေ ထောက် အပေါ်ပိုင်း၌ ခံစားရစေ နိုင်သည် ။ ABC News တွင် ဒေါက်တာ ကဲရင်ဘွိုင်းလ် က ပေါင် အပေါ်ယံပိုင်းကို သွားသောအကြော များထဲမှ တစ်ခုကို ဖိသိပ်ထားခြင်း ဖြင့် အနေအထား ပျက်စီးစေသည်ဟု ဆိုသည် ။ ခြေတံရှည်သည် ထင်ရ အောင် ဂျင်းဘောင်းဘီကျပ်ကျပ်ကို ခွာမြင့် ဖိနပ်နှင့်စီးခြင်းသည် တင်ပဆုံ ရိုးကို စောင်းသည့်အနေအထားကို ဖြစ်စေသည် ။
ဤရောဂါကို ခံစားရသူ အမျိုးသမီးများတွင် ပေါင်များ၌ စပ်ဖျဉ်းဖျဉ်းနှင့်အပူလောင်ခြင်းတို့ကို ခံစားရခြင်း ၊ အချို့တွင် ဦးနှောက် နှင့် အာရုံကြောထိခိုက်သောရောဂါလက္ခဏာကို တွေ့ရှိရသည် ။

ဤရောဂါခံစားရသူဝေဒနာရှင်များ အား ဆရာဝန်က (၆)ပတ်တိုင် အောင် ပွယောင်းသောအဝတ်အစားများ ကိုသာ ဝတ်ဆင်စေသည် ။ ဖြစ်နိုင် လျှင် Lycra (လိုက်ကရာ) အသား နှင့်ရောသည့်ဂျင်းဘောင်းဘီကိုသာ ဝတ်ဆင်စေသည် ။

အကယ်၍ ဘောင်းဘီ ကြပ်လွန်းပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာတတ်ပြီး ဤအနာများ ကို လျစ်လျူရှုခြင်းဖြင့် အကြောအခြင်များ ထာဝရ ပျက်စီးသွားစေနိုင် သည် ။ အမျိုးသားများ အနေနှင့်မူ ပူလောင်သည့် ဒဏ်ကြောင့် ခန္ဓာ ကိုယ်တွင် မှိုစွဲခြင်း ၊ ကလေးရနိုင်ဖို့ အတွက် အတားအဆီးများ ဖြစ် လာနိုင်ကြောင်း ဖော်ပြထားသည် ။


Credit:Health Updates Journal



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top