iMyanmarHouse.com - Best Property Website for Myanmar
×

BB ခရင္မ္ဆိုတာ ဘာလဲ။

BB ဆိုတာ Blemish Balm ရဲ႕ အတိုေကာက္ပါ။ ဆိုလိုတာက အသား အေရေပၚက အျပစ္အနာအဆာေတြကို ဖံုးေအာင္ လိမ္းရတဲ့ ခရင္မ္လို႔ အဓိပၸာယ္ ရပါတယ္။ ဒါေပမဲ့ အေရျပားေခ်ာေမြ႕ ေနသူေတြလည္း လိမ္းႏိုင္ပါတယ္။ ဘယ္ အသားအေရာင္မ်ိဳးပဲ ရွိရွိ၊ ဘယ္အသား အေရအမ်ိဳးအစားနဲ႔မဆို လိုက္ဖက္ပါတယ္။

BBခရင္မ္က ဘယ္လိုစျဖစ္လာ သလဲ။

BB ခရင္မ္ကို လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၅၀ေက်ာ္ကတည္းက ဂ်ာမန္ဆရာဝန္ ေဒါက္တာခရစၥတင္းေစခရမ္မက္ခ္က ထုတ္လုပ္ခဲ့ပါတယ္။ အေရျပားကို လွီး ျဖတ္ကုသၿပီးတဲ့အခါ မွာ အေရျပားအနာ က်က္ဖို႔နဲ႔ အမာရြတ္၊ နီျမန္းမႈ...စတဲ့ ေနာက္ဆက္ တြဲျပႆနာေတြကို ဖံုးအုပ္ ဖို႔အတြက္ BB ခရင္မ္ကို စတင္အသံုးျပဳ ခဲ့တာပါ။ ေနာက္ပိုင္းမွာ အာရွကို မိတ္ ဆက္ခဲ့ၿပီး အထူးသျဖင့္ ကိုရီးယားေပါ့ပ္ စတားေတြနဲ႔ သ႐ုပ္ေဆာင္ေတြ အသား အေရ ျပဳျပင္ေျပာင္း လဲမႈမ်ားတဲ့ ေတာင္ ကိုရီးယားမွာ ေခတ္စားခဲ့ပါတယ္ ။ အခု ဆိုရင္ BB ခရင္မ္ကို ကိုရီးယားႏိုင္ငံသား တိုင္း သိၾကပါတယ္။ ဘယ္ေနရာမွာမဆို ဝယ္ႏိုင္ၿပီး ေရပန္းစားတဲ့ အလွကုန္လည္း ျဖစ္လာပါတယ္ ။

BB ခရင္မ္က ဘယ္လို အလုပ္လုပ္သလဲ။

BB ခရင္မ္က အလုပ္မ်ိဳးစံု လုပ္တဲ့ အသားအေရထိန္း ပစၥည္းတစ္ခု ျဖစ္ၿပီး သင့္အေရျပားက လိုအပ္ေနတဲ့ ပစၥည္း ျဖစ္ပါတယ္။ ဆိုလိုတာက အေရျပားကို အစိုဓာတ္ထိန္းေပးႏိုင္စြမ္း၊ ေနေရာင္ ကာကြယ္ႏိုင္စြမ္း၊ အေရျပားေခ်ာေမြ႕ႏူး ညံ့ႏိုင္စြမ္း၊ အျပစ္အနာအဆာေတြကို ဖံုး အုပ္ႏိုင္စြမ္း ရွိတယ္လို႔ ေျပာတာပါ။ BB ခရင္မ္မလိမ္းခင္ အစိုဓာတ္ထိန္းခရင္မ္ ကို အရင္လိမ္းေပရင္ သဘာဝက်တဲ့ အ လွမ်ိဳးကို ရရွိေစတယ္လို႔ ကြ်မ္းက်င္သူ ေတြက ဆိုပါတယ္။

BB ခရင္မ္က ေဖာင္ေဒးရွင္း ခရင္မ္ပဲလား။

ဟုတ္လည္း ဟုတ္တယ္၊ မဟုတ္ လည္း မဟုတ္ဘူးလို႔ ေျပာရမလိုပါ။ ဒါက Tinted အစိုဓာတ္ထိန္းခရင္မ္နဲ႔ ပိုတူပါ တယ္။ ပိုသာတာက အရြယ္ရင့္တာကို ဖံုးအုပ္ေပးႏိုင္ၿပီး ေနကာႏိုင္တဲ့ ပမာဏ မ်ားမ်ား ပါဝင္တာပါ။ Brand အမ်ိဳး အစားေပၚ မူတည္ၿပီး အေရျပားေပၚက အျပစ္အနာအဆာေတြကို ဖံုးကြယ္ႏိုင္စြမ္း ကလည္း မတူပါဘူး။

ဘယ္လို BB ခရင္မ္အမ်ိဳးအစား ကို လိမ္းသင္႕သလဲ။

BB ခရင္မ္အားလံုးဟာ အေရာင္၊ ေနေရာင္ကာကြယ္ႏိုင္စြမ္းနဲ႔ အေရျပား ေပၚက အျပစ္အနာအဆာေတြကို ဖံုး အုပ္ႏိုင္စြမ္း စတဲ့ အာနိသင္ေတြ ကြဲျပား ေနပါတယ္။ သင့္အသားအေရအတြက္ အေကာင္းဆံုးျဖစ္မယ့္ အမ်ိဳးအစားကို အေတြ႕အႀကံဳအရ သိသြားပါလိမ့္မယ္။ သင္က ေဖာင္ေဒးရွင္းထူထူလိမ္းရတာ မ ႀကိဳက္ရင္၊ အေရျပားအျပစ္အနာအဆာ ေတြကို ဖံုးအုပ္လိုရင္ BB ခရင္မ္ကို လိမ္းသင့္ပါတယ္။ ဒါကို ကြန္ဆဲလ္လာ အေနနဲ႔လည္း သံုးႏိုင္ပါတယ္။

BB ခရင္မ္ကို ဘယ္သူေတြ အဓိကလိမ္းသင္႕သလဲ။

အသားအေရာင္ လတ္သူ၊ ျဖဴသူ အမ်ိဳးသား၊ အမ်ိဳးသမီးတိုင္း လိမ္းသင့္ပါ တယ္။ ဒါေပမဲ့ သင္က အသားညိဳတယ္ ဆိုရင္BB ခရင္မ္နဲ႔ ေဖာင္ေဒးရွင္းမိတ္ ကပ္ကို ေရာလိမ္းသင့္ပါတယ္။ ဒါမွ အ ေရျပားအေရာင္က ပိုဝင္းပလာမွာပါ။



Credit:ဇြန္
Mg Mandalay


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

BB ခရင်မ်ဆိုတာ ဘာလဲ။

BB ဆိုတာ Blemish Balm ရဲ့ အတိုကောက်ပါ။ ဆိုလိုတာက အသား အရေပေါ်က အပြစ်အနာအဆာတွေကို ဖုံးအောင် လိမ်းရတဲ့ ခရင်မ်လို့ အဓိပ္ပာယ် ရပါတယ်။ ဒါပေမဲ့ အရေပြားချောမွေ့ နေသူတွေလည်း လိမ်းနိုင်ပါတယ်။ ဘယ် အသားအရောင်မျိုးပဲ ရှိရှိ၊ ဘယ်အသား အရေအမျိုးအစားနဲ့မဆို လိုက်ဖက်ပါတယ်။

BBခရင်မ်က ဘယ်လိုစဖြစ်လာ သလဲ။

BB ခရင်မ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ကျော်ကတည်းက ဂျာမန်ဆရာဝန် ဒေါက်တာခရစ္စတင်းစေခရမ်မက်ခ်က ထုတ်လုပ်ခဲ့ပါတယ်။ အရေပြားကို လှီး ဖြတ်ကုသပြီးတဲ့အခါ မှာ အရေပြားအနာ ကျက်ဖို့နဲ့ အမာရွတ်၊ နီမြန်းမှု...စတဲ့ နောက်ဆက် တွဲပြဿနာတွေကို ဖုံးအုပ် ဖို့အတွက် BB ခရင်မ်ကို စတင်အသုံးပြု ခဲ့တာပါ။ နောက်ပိုင်းမှာ အာရှကို မိတ် ဆက်ခဲ့ပြီး အထူးသဖြင့် ကိုရီးယားပေါ့ပ် စတားတွေနဲ့ သရုပ်ဆောင်တွေ အသား အရေ ပြုပြင်ပြောင်း လဲမှုများတဲ့ တောင် ကိုရီးယားမှာ ခေတ်စားခဲ့ပါတယ် ။ အခု ဆိုရင် BB ခရင်မ်ကို ကိုရီးယားနိုင်ငံသား တိုင်း သိကြပါတယ်။ ဘယ်နေရာမှာမဆို ဝယ်နိုင်ပြီး ရေပန်းစားတဲ့ အလှကုန်လည်း ဖြစ်လာပါတယ် ။

BB ခရင်မ်က ဘယ်လို အလုပ်လုပ်သလဲ။

BB ခရင်မ်က အလုပ်မျိုးစုံ လုပ်တဲ့ အသားအရေထိန်း ပစ္စည်းတစ်ခု ဖြစ်ပြီး သင့်အရေပြားက လိုအပ်နေတဲ့ ပစ္စည်း ဖြစ်ပါတယ်။ ဆိုလိုတာက အရေပြားကို အစိုဓာတ်ထိန်းပေးနိုင်စွမ်း၊ နေရောင် ကာကွယ်နိုင်စွမ်း၊ အရေပြားချောမွေ့နူး ညံ့နိုင်စွမ်း၊ အပြစ်အနာအဆာတွေကို ဖုံး အုပ်နိုင်စွမ်း ရှိတယ်လို့ ပြောတာပါ။ BB ခရင်မ်မလိမ်းခင် အစိုဓာတ်ထိန်းခရင်မ် ကို အရင်လိမ်းပေရင် သဘာဝကျတဲ့ အ လှမျိုးကို ရရှိစေတယ်လို့ ကျွမ်းကျင်သူ တွေက ဆိုပါတယ်။

BB ခရင်မ်က ဖောင်ဒေးရှင်း ခရင်မ်ပဲလား။

ဟုတ်လည်း ဟုတ်တယ်၊ မဟုတ် လည်း မဟုတ်ဘူးလို့ ပြောရမလိုပါ။ ဒါက Tinted အစိုဓာတ်ထိန်းခရင်မ်နဲ့ ပိုတူပါ တယ်။ ပိုသာတာက အရွယ်ရင့်တာကို ဖုံးအုပ်ပေးနိုင်ပြီး နေကာနိုင်တဲ့ ပမာဏ များများ ပါဝင်တာပါ။ Brand အမျိုး အစားပေါ် မူတည်ပြီး အရေပြားပေါ်က အပြစ်အနာအဆာတွေကို ဖုံးကွယ်နိုင်စွမ်း ကလည်း မတူပါဘူး။

ဘယ်လို BB ခရင်မ်အမျိုးအစား ကို လိမ်းသင့်သလဲ။

BB ခရင်မ်အားလုံးဟာ အရောင်၊ နေရောင်ကာကွယ်နိုင်စွမ်းနဲ့ အရေပြား ပေါ်က အပြစ်အနာအဆာတွေကို ဖုံး အုပ်နိုင်စွမ်း စတဲ့ အာနိသင်တွေ ကွဲပြား နေပါတယ်။ သင့်အသားအရေအတွက် အကောင်းဆုံးဖြစ်မယ့် အမျိုးအစားကို အတွေ့အကြုံအရ သိသွားပါလိမ့်မယ်။ သင်က ဖောင်ဒေးရှင်းထူထူလိမ်းရတာ မ ကြိုက်ရင်၊ အရေပြားအပြစ်အနာအဆာ တွေကို ဖုံးအုပ်လိုရင် BB ခရင်မ်ကို လိမ်းသင့်ပါတယ်။ ဒါကို ကွန်ဆဲလ်လာ အနေနဲ့လည်း သုံးနိုင်ပါတယ်။

BB ခရင်မ်ကို ဘယ်သူတွေ အဓိကလိမ်းသင့်သလဲ။

အသားအရောင် လတ်သူ၊ ဖြူသူ အမျိုးသား၊ အမျိုးသမီးတိုင်း လိမ်းသင့်ပါ တယ်။ ဒါပေမဲ့ သင်က အသားညိုတယ် ဆိုရင်BB ခရင်မ်နဲ့ ဖောင်ဒေးရှင်းမိတ် ကပ်ကို ရောလိမ်းသင့်ပါတယ်။ ဒါမှ အ ရေပြားအရောင်က ပိုဝင်းပလာမှာပါ။



Credit:ဇွန်
Mg Mandalay




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top