iMyanmarHouse.com - Best Property Website for Myanmar
×

 ေသာက္တဲ့ေဆး၀ါး၊  စားတဲ့အစားအစာ စတဲ့တစံုတခုနဲ႔ဓာတ္မတည့္ျခင္းျဖစ္ပါက  အင္ပ်ဥ္၊ ယားနာ ေတြ ထြက္လာႏိုင္ပါတယ္။  အစားအစာေၾကာင့္ျဖစ္ေစတဲ့  ဓာတ္မတည့္တာျဖစ္ရျခင္းဟာ  လူတစ္ေယာက္ခ်င္းစီအလိုက္ကြဲျပားေစႏိုင္သလို ေဆးနဲ႔ဓာတ္မတည့္ျခင္းျဖစ္တယ္ဆိုရာမွာလည္း
 ေဆးတစ္မ်ဳိးကပဲ လူတစ္ေယာက္နဲ႔တစ္ေယာက္အေပၚသက္ေရာက္ပံုျခင္း ကြာျခားႏိုင္ပါတယ္။  တစ္စံုတစ္ေယာက္မွာ ေဆးေၾကာင့္ေကာင္းက်ဳိးရွိသြားေစႏိုင္တယ္ဆိုေပမယ့္  ေနာက္တစ္ေယာက္မွာက
 ေဆးနဲ႔ဓာတ္မတည့္ျခင္းေၾကာင့္  ဆိုးက်ဳိးျဖစ္သြားတယ္ဆိုတာမ်ိဴး ျဖစ္တတ္ပါတယ္။

 ဒါေၾကာင့္ တစ္ႀကိမ္ဓာတ္မတည့္ျခင္းျဖစ္ဖူးတယ္ဆိုပါက   မည္သည့္အရာနွင့္ဓာတ္မတဲ့
ရသလဲဆိုတာကို အေျဖရွာကာ  ေနာက္တစ္ႀကိမ္မခံစားရေအာင္  မိမိနဲ႔မတည့္တဲ့ေဆး၀ါး၊  အစားအစာကို  မွတ္သားထားသင့္ပါတယ္။  ပင္နီစလင္ (Penicillin) ၊ ဆာလဖာ (Sulphur) စတဲ့ေဆးေတြဟာ လူအခ်ိဳ႕နဲ႔ ဓာတ္မတည့္တတ္တဲ့ေဆး၀ါးေတြျဖစ္ၿပီး ဓာတ္မတည့္ျခင္းျဖစ္ေလ့ရွိ
တဲ့အစားအစာေတြမွာေတာ့ ေျမပဲ၊ အခြံမာသီး၊ ပဲေတာင့္ရွည္၊ ဥမ်ား၊ ေခ်ာကလက္၊ စေတာ္ဘယ္ရီသီး၊ အျခားေသာ ဘယ္ရီသီးမ်ား၊ ဟင္းခတ္အေမႊးအႀကိဳင္၊ ေရခ်ဳိငါး၊  ပင္လယ္စာ၊  ႏို႔၊ ဂ်ဳံ၊  ခ်ိစ္၊ ခရမ္းခ်ဥ္သီးတို႔ပါ၀င္ပါတယ္။

ဓာတ္မတည့္ျခင္းျဖစ္တဲ့အခါ ကိုယ္ခံအားစနစ္ကေန Histamin ဟုေခၚေသာ ဓာတ္တစ္မ်ိဴး
ထြက္လာပါတယ္။၄င္းဓာတ္က ေသြးေၾကာေတြကိုေဖာင္းကားလာေစၿပီး  ေဖာင္းလာတဲ့ေသြးေၾကာထဲက အရည္မ်ားစိမ့္ထြက္လာကာ  ယင္းအရည္မ်ားဟာ ေဖာင္းႂကြနီျမန္းလာတဲ့အဖုအပိမ့္ေတြေအာက္မွာ သြားစုေစပါတယ္။

 ဓာတ္မတည့္ျခင္းေၾကာင့္ႏႈတ္ခမ္း၊ လည္ေခ်ာင္းမွာျဖစ္ေပၚတဲ့ အင္ပ်ဥ္ေတြေၾကာင့္ အစာမ်ဳိခ်ရ
ခက္ခဲတာ၊  အသက္ရွဴရခက္တာေတြျဖစ္တတ္ၿပီး အဖုအပိမ့္ေတြ ခႏၶာကိုယ္တစ္ေလွ်ာက္
ပ်ံ႕ႏွံ႔ႏႈန္းမ်ားလာပါက ေရာင္ရမ္းတာ၊ မူးေ၀တာနဲ႔  သတိလစ္တာေတြေတာင္ ျဖစ္ေစႏိုင္ပါတယ္။

 ျပင္းထန္တဲ့  အင္ပ်ဥ္၊ ယားနာေတြ ေပ်ာက္ကင္းဖို႔နာရီေပါင္းမ်ားစြာ၊ ရက္ေပါင္းမ်ားစြာၾကာတတ္ၿပီး အေၾကာင္းရင္းအတိအက်မရွိဘဲထြက္လာတဲ့ အင္ပ်ဥ္၊ ယားနာေတြဆိုရင္ေတာ့ ရက္သတၱ
ပတ္ေပါင္းမ်ားစြာ၊  လေပါင္းမ်ားစြာ ၾကာရွည္ကာနာတာရွည္သေဘာမ်ဳိးျဖစ္တတ္ပါတယ္။

 ဓာတ္မတည့္မႈျဖစ္ေပၚပါက Histamin တားေဆးေသာက္ျခင္း၊ Hydrocortisone  cream  လိမ္းျခင္း၊ ေရၾကက္သီးေႏြြး ဒါမွမဟုတ္  ရုိးရုိးေရထဲမွာ   မုန္႔ဖုတ္ဆိုဒါ  ဒါမွမဟုတ္  အုတ္ဂ်ဳံထည့္ကာ
 ေရခ်ဳိးျခင္းျဖင့္  အင္ပ်ဥ္၊ ယားနာကို သက္သာေအာင္လုပ္သင့္ၿပီး၊ ပ်ားတုတ္ခံရျခင္း သို႔မဟုတ္ ပိုးမႊားကိုက္ခံရၿပီးေနာက္ျဖစ္ေပၚလာတဲ့ ယားနာ၊ အင္ပ်ဥ္ကိုေတာ့  ဆရာ၀န္နွင့္ သြားေရာက္ျပသ
သင့္ပါတယ္။

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: DrMyanmar

#Unicode Version
 သောက်တဲ့ဆေးဝါး၊  စားတဲ့အစားအစာ စတဲ့တစုံတခုနဲ့ဓာတ်မတည့်ခြင်းဖြစ်ပါက  အင်ပျဉ်၊ ယားနာ တွေ ထွက်လာနိုင်ပါတယ်။  အစားအစာကြောင့်ဖြစ်စေတဲ့  ဓာတ်မတည့်တာဖြစ်ရခြင်းဟာ  လူတစ်ယောက်ချင်းစီအလိုက်ကွဲပြားစေနိုင်သလို ဆေးနဲ့ဓာတ်မတည့်ခြင်းဖြစ်တယ်ဆိုရာမှာလည်း ဆေးတစ်မျိုးကပဲ လူတစ်ယောက်နဲ့တစ်ယောက်အပေါ်သက်ရောက်ပုံခြင်း ကွာခြားနိုင်ပါတယ်။  တစ်စုံတစ်ယောက်မှာ ဆေးကြောင့်ကောင်းကျိုးရှိသွားစေနိုင်တယ်ဆိုပေမယ့်  နောက်တစ်ယောက်မှာက ဆေးနဲ့ဓာတ်မတည့်ခြင်းကြောင့်  ဆိုးကျိုးဖြစ်သွားတယ်ဆိုတာမျိူး ဖြစ်တတ်ပါတယ်။

         ဒါကြောင့် တစ်ကြိမ်ဓာတ်မတည့်ခြင်းဖြစ်ဖူးတယ်ဆိုပါက   မည်သည့်အရာနှင့်ဓာတ်မတဲ့ရသလဲဆိုတာကို အဖြေရှာကာ  နောက်တစ်ကြိမ်မခံစားရအောင်  မိမိနဲ့မတည့်တဲ့ဆေးဝါး၊  အစားအစာကို  မှတ်သားထားသင့်ပါတယ်။  ပင်နီစလင် (Penicillin) ၊ ဆာလဖာ (Sulphur) စတဲ့ဆေးတွေဟာ လူအချို့နဲ့ ဓာတ်မတည့်တတ်တဲ့ဆေးဝါးတွေဖြစ်ပြီး ဓာတ်မတည့်ခြင်းဖြစ်လေ့ရှိတဲ့အစားအစာတွေမှာတော့ မြေပဲ၊ အခွံမာသီး၊ ပဲတောင့်ရှည်၊ ဥများ၊ ချောကလက်၊ စတော်ဘယ်ရီသီး၊ အခြားသော ဘယ်ရီသီးများ၊ ဟင်းခတ်အမွှေးအကြိုင်၊ ရေချိုငါး၊  ပင်လယ်စာ၊  နို့၊ ဂျုံ၊  ချိစ်၊ ခရမ်းချဉ်သီးတို့ပါဝင်ပါတယ်။

        ဓာတ်မတည့်ခြင်းဖြစ်တဲ့အခါ ကိုယ်ခံအားစနစ်ကနေ Histamin ဟုခေါ်သော ဓာတ်တစ်မျိူးထွက်လာပါတယ်။ ၎င်းဓာတ်က သွေးကြောတွေကိုဖောင်းကားလာစေပြီး  ဖောင်းလာတဲ့သွေးကြောထဲက အရည်များစိမ့်ထွက်လာကာ  ယင်းအရည်များဟာ ဖောင်းကြွနီမြန်းလာတဲ့အဖုအပိမ့်တွေအောက်မှာ သွားစုစေပါတယ်။

        ဓာတ်မတည့်ခြင်းကြောင့်နှုတ်ခမ်း၊ လည်ချောင်းမှာဖြစ်ပေါ်တဲ့ အင်ပျဉ်တွေကြောင့် အစာမျိုချရခက်ခဲတာ၊  အသက်ရှူရခက်တာတွေဖြစ်တတ်ပြီး အဖုအပိမ့်တွေ ခန္ဓာကိုယ်တစ်လျှောက်ပျံ့နှံ့နှုန်းများလာပါက ရောင်ရမ်းတာ၊ မူးဝေတာနဲ့  သတိလစ်တာတွေတောင် ဖြစ်စေနိုင်ပါတယ်။

       ပြင်းထန်တဲ့  အင်ပျဉ်၊ ယားနာတွေ ပျောက်ကင်းဖို့နာရီပေါင်းများစွာ၊ ရက်ပေါင်းများစွာကြာတတ်ပြီး အကြောင်းရင်းအတိအကျမရှိဘဲထွက်လာတဲ့ အင်ပျဉ်၊ ယားနာတွေဆိုရင်တော့ ရက်သတ္တပတ်ပေါင်းများစွာ၊  လပေါင်းများစွာ ကြာရှည်ကာနာတာရှည်သဘောမျိုးဖြစ်တတ်ပါတယ်။

       ဓာတ်မတည့်မှုဖြစ်ပေါ်ပါက Histamin တားဆေးသောက်ခြင်း၊ Hydrocortisone  cream  လိမ်းခြင်း၊ ရေကြက်သီးနွေး ဒါမှမဟုတ်  ရိုးရိုးရေထဲမှာ   မုန့်ဖုတ်ဆိုဒါ  ဒါမှမဟုတ်  အုတ်ဂျုံထည့်ကာ ရေချိုးခြင်းဖြင့်  အင်ပျဉ်၊ ယားနာကို သက်သာအောင်လုပ်သင့်ပြီး၊ ပျားတုတ်ခံရခြင်း သို့မဟုတ် ပိုးမွှားကိုက်ခံရပြီးနောက်ဖြစ်ပေါ်လာတဲ့ ယားနာ၊ အင်ပျဉ်ကိုတော့  ဆရာဝန်နှင့် သွားရောက်ပြသသင့်ပါတယ်။

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit: DrMyanmar

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top