iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္တစ္ခုဟာ ေမြးဖြားခ်ိန္ဆိုတာရွိပါတယ္။ ရွင္သန္ၾကီးထြားခ်ိန္ဆုိတာလည္း ရွိပါတယ္။ အဲဒီ့ထဲကမွ တစ္ခ်ိဳ႕ေသာ အခ်စ္ေတြပဲ ဆက္လက္ရွင္သန္ၾကျပီး အမ်ားစုကေတာ့ အဆံုးသတ္သြားတတ္ပါတယ္။ ဒါဟာ လက္ခံရခက္ခဲတဲ့ အမွန္တရားတစ္ခုပါ။ ဒီေတာ့ သင့္တုိ႔ရဲ႕ အခ်စ္ေရးဟာ အဆံုးသတ္ခရီးနားေရာက္ေနျပီလား? ဒီလို အဆံုးသတ္ရဲ႕ လကၡဏာေတြကို ေတြ႔ေနရျပီဆုိရင္ေတာ့ သတိထားျပီး အခ်ိန္မွီ ျပင္ဆင္နုိင္ဖို႔ တုိက္တြန္းလုိက္ရပါတယ္။
.
(၁) ရင္းႏွီးမႈေတြ ေပ်ာက္ဆံုးလာျပီ။

သင္တို႔ေတြ အခ်ိန္ယူတည္ေဆာက္ထားတဲ့ ရင္းႏွီးကြ်မ္းဝင္မႈေတြ ေပ်ာက္ဆံုးလာျပီဆုိရင္ေတာ့ ႏွစ္ေယာက္ထဲက တစ္ေယာက္ျဖစ္ေစ၊ ႏွစ္ေယာက္လံုးျဖစ္ေစ ဒီအခ်စ္ေရးကို ျငီးေငြ႔လာတဲ့ သေဘာပါပဲ။ သင္တုိ႔ရဲ႕ စကားဝုိင္းေတြက စုိစုိေျပေျပမရွိေတာ့သလို၊ အျပဳအမူေတြကလည္း ေအးစက္ေကာင္း ေအးစက္လာပါမယ္။ စကားေျပာမိျပန္ရင္လည္း ရန္ျဖစ္စကားမ်ားေနရတာက ပိုအၾကိမ္ေရ မ်ားခ်င္မ်ားေနပါမယ္။
.
(၂) စိတ္ေတြပင္ပန္းလာျပီ။

စိတ္ပင္ပန္းလာျပီဆုိတဲ့ အဆင့္ကိုေရာက္လာျပီဆုိရင္ေတာ့ ျပတ္က်ကာနီး ၾကိဳးတစ္ေခ်ာင္းကို ဆုပ္ကုိင္ထားတဲ့ အခ်ိန္နဲ႔ တူပါတယ္။ သင္တုိ႔ရဲ႕ သေဘာထား မတုိက္ဆုိင္မႈေတြ၊ စကားမ်ားရန္ျဖစ္မႈေတြ၊ ပတ္ဝန္းက်င္နဲ႔ အေၾကာင္းအရာ အမ်ိဳးမ်ိဳးတုိ႔ရဲ႕ သက္ေရာက္မႈေတြေၾကာင့္ ေနာက္ဆံုး စိတ္ေတြ ပင္ပန္းလာခဲ့ျပီဆုိတဲ့ အခ်ိန္ကို ေရာက္လာပါျပီ။ ဒီအဆင့္ရဲ႕ ေနာက္မွာေတာ့ လက္ေလ်ာ့အရံႈးေပးျခင္းဆုိတာေတြ ရွိေနတယ္ဆုိတာ သတိျပဳေစလုိပါတယ္။
.
(၃) အတူရွိမေနခ်င္ေတာ့ဘူး။

ေတြ႔ေနက် အခ်ိန္ေတြနဲ႔ ေတြ႔ေနက် ေနရာေတြမွာလည္း အတူရွိမေနခ်င္ေတာ့ပါဘူး။ သံေယာဇဥ္ေတြ ရွိေကာင္းရွိေနပါလိမ့္မယ္။ ဒါေပမယ့္ သင္တုိ႔တစ္ေယာက္ကိုတစ္ေယာက္ေတြ႔ေနရတာကိုက စိတ္ညစ္စရာေတြ ျဖစ္လာေနပါျပီ။ ေတြ႔တဲ့အခ်ိန္တုိင္းအလုိလုိ စကားေတြလည္း မ်ားမယ္။ ၾကည္နူးခ်ိန္နည္းနည္းနဲ႔ စကားမ်ားရန္ျဖစ္ခ်ိန္ေတြ မ်ားလာျပီဆုိရင္ေတာ့ လူ႔စိတ္သဘာဝအရ တစ္ေယာက္နားမွာတစ္ေယာက္ ရွိမေနခ်င္ေတာ့ပါဘူး။
.
(၄) စကားေတြ မ်ားလာမယ္။

သင္တုိ႔ရဲ႕ အခ်စ္ေရးဟာ စည္းလံုးမႈမရွိေတာ့တဲ့အျပင္ မတူညီတဲ့ သေဘာထားေတြအတြက္လည္း ညွိႏိႈင္းဖုိ႔ မၾကိဳးစားေတာ့ပါဘူး။ ထစ္ခနဲရွိတာနဲ႔ စကားမ်ားရန္ျဖစ္ျပီး စိတ္မခ်မ္းေျမ႕စရာအေျခအေနမ်ိဳးေတြနဲ႔ပဲ အဆံုးသတ္ေလ့ရွိပါတယ္။ ခ်စ္သူေတြ ရန္ျဖစ္တာအဆန္းမဟုတ္ေပမယ့္ အျမဲတမ္း ရန္ပဲျဖစ္ေနမယ္ဆုိရင္ေတာ့ မေကာင္းေတာ့ပါဘူး။
.
(၅) နားလည္မႈေတြ၊ ေလးစားမႈေတြ။

"သူသာဆုိရင္၊ ကုိယ္သာဆုိရင္" ဆုိတဲ့ စာနာေထာက္ထားတဲ့စိတ္၊ နားလည္မႈရွိတဲ့စိတ္ေတြလည္း မရွိေတာ့ပါဘူး။ အဆုိးဆံုးကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ၾကားမွာ ရွိရမယ့္ အေျခခံေလးစားစိတ္ပါ။ ဒါေတြ လံုးဝကို ေပ်ာက္ကြယ္သြားျပီဆုိရင္ေတာ့ သင္တုိ႔ရဲ႕အခ်စ္ေရးဟာ ေဆးမွီနုိင္ဖုိ႔ ခဲယဥ္းသြားပါျပီ။
.
(၆) ၾကင္နာစကားေတြ ဆိတ္သုဥ္းသြားျပီ။

ခ်စ္တယ္ဆုိတဲ့ စကားမဆုိထားနဲ႔ တျခားေသာ ၾကင္ၾကင္နာနာစကားေတြ ေျပာရတာကိုပဲ စိတ္ထဲမွာ ကသိကေအာက္လိုလုိ၊ တစ္မ်ိဳးၾကီးလုိလုိ ခံစားေနရမယ္ဆုိရင္ေတာ့ ဒါဟာ ေကာင္းတဲ့လကၡဏာမဟုတ္ပါဘူး။ ဒါ အခ်စ္ေရး နာတာရွည္ေရာဂါရဲ႕ ရလဒ္ဆုိးတစ္ခုပါပဲ။
.
(၇) လြတ္ေျမာက္လမ္းေတြ ရွာလာမယ္။

ဒီလို စိတ္ေသာကေတြ ခံစားေနရျပီဆုိရင္ေတာ့ လြတ္ေျမာက္လမ္းေတြ ရွာမိပါေတာ့တယ္။ မိတ္ေဆြအေပါင္းအသင္း၊ မိသားစု၊ အလုပ္အကုိင္ စတဲ့ေနရာေတြမွာ စိတ္ကိုျမွပ္ႏွံျပီး သက္သာရာရေအာင္ လုပ္ပါတယ္။ ေနာက္ဆံုး ကုိယ့္အတြက္ ေပ်ာ္စရာလုိ႔ထင္တဲ့ အရာမွန္သမွ်ေနာက္ကိုလုိက္ရင္း လြတ္ေျမာက္ရာ လြတ္ေျမာက္ေၾကာင္း အားထုတ္ပါေတာ့မယ္။
.
(၈) ေနဝင္ခ်ိန္ေရာက္ျပီ။

ဒီလုိအေျခအေနေပါင္းစံု ၾကံဳေနရျပီဆုိရင္ အေနွးနဲ႔အျမန္ဆုိသလိုပဲ သင္တို႔အခ်စ္ေရးရဲ႕ ေနဝင္ခ်ိန္ကို ေရာက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ ဒီေနဝင္ခ်ိန္ဟာ သင္ထင္သလို စိတ္ညစ္စရာေတြ မရွိေတာ့ဘူး၊ ေပါ့ပါးသြားျပီလုိ႔ ခံစားရခ်င္မွ ခံစားရမွာပါ။ သင္တုိ႔ၾကားမွာ ရွိေနတဲ့ သံေယာဇဥ္ေတြကပဲ သင့္ကို မျပတ္သားတဲ့ ဆံုးျဖတ္ခ်က္ေတြ ျဖစ္လာေစဦးမွာပါ။ ဒီေတာ့ အခ်ိန္မီ ျပင္ဆင္နုိင္ျခင္း မရွိေသးဘူးဆိုရင္ ေနဝင္ခ်ိန္ေရာက္လာတာေတာင္ စိတ္ေသာကေတြကို မ်ိဳးစံုခံစားေနရဦးမွာပါ။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit: (Focus Youth)

#Unicode Version

အချစ်တစ်ခုဟာ မွေးဖွားချိန်ဆိုတာရှိပါတယ်။ ရှင်သန်ကြီးထွားချိန်ဆိုတာလည်း ရှိပါတယ်။ အဲဒီ့ထဲကမှ တစ်ချို့သော အချစ်တွေပဲ ဆက်လက်ရှင်သန်ကြပြီး အများစုကတော့ အဆုံးသတ်သွားတတ်ပါတယ်။ ဒါဟာ လက်ခံရခက်ခဲတဲ့ အမှန်တရားတစ်ခုပါ။ ဒီတော့ သင့်တို့ရဲ့ အချစ်ရေးဟာ အဆုံးသတ်ခရီးနားရောက်နေပြီလား? ဒီလို အဆုံးသတ်ရဲ့ လက္ခဏာတွေကို တွေ့နေရပြီဆိုရင်တော့ သတိထားပြီး အချိန်မှီ ပြင်ဆင်နိုင်ဖို့ တိုက်တွန်းလိုက်ရပါတယ်။
.
(၁) ရင်းနှီးမှုတွေ ပျောက်ဆုံးလာပြီ။

သင်တို့တွေ အချိန်ယူတည်ဆောက်ထားတဲ့ ရင်းနှီးကျွမ်းဝင်မှုတွေ ပျောက်ဆုံးလာပြီဆိုရင်တော့ နှစ်ယောက်ထဲက တစ်ယောက်ဖြစ်စေ၊ နှစ်ယောက်လုံးဖြစ်စေ ဒီအချစ်ရေးကို ငြီးငွေ့လာတဲ့ သဘောပါပဲ။ သင်တို့ရဲ့ စကားဝိုင်းတွေက စိုစိုပြေပြေမရှိတော့သလို၊ အပြုအမူတွေကလည်း အေးစက်ကောင်း အေးစက်လာပါမယ်။ စကားပြောမိပြန်ရင်လည်း ရန်ဖြစ်စကားများနေရတာက ပိုအကြိမ်ရေ များချင်များနေပါမယ်။
.
(၂) စိတ်တွေပင်ပန်းလာပြီ။

စိတ်ပင်ပန်းလာပြီဆိုတဲ့ အဆင့်ကိုရောက်လာပြီဆိုရင်တော့ ပြတ်ကျကာနီး ကြိုးတစ်ချောင်းကို ဆုပ်ကိုင်ထားတဲ့ အချိန်နဲ့ တူပါတယ်။ သင်တို့ရဲ့ သဘောထား မတိုက်ဆိုင်မှုတွေ၊ စကားများရန်ဖြစ်မှုတွေ၊ ပတ်ဝန်းကျင်နဲ့ အကြောင်းအရာ အမျိုးမျိုးတို့ရဲ့ သက်ရောက်မှုတွေကြောင့် နောက်ဆုံး စိတ်တွေ ပင်ပန်းလာခဲ့ပြီဆိုတဲ့ အချိန်ကို ရောက်လာပါပြီ။ ဒီအဆင့်ရဲ့ နောက်မှာတော့ လက်လျော့အရှုံးပေးခြင်းဆိုတာတွေ ရှိနေတယ်ဆိုတာ သတိပြုစေလိုပါတယ်။
.
(၃) အတူရှိမနေချင်တော့ဘူး။

တွေ့နေကျ အချိန်တွေနဲ့ တွေ့နေကျ နေရာတွေမှာလည်း အတူရှိမနေချင်တော့ပါဘူး။ သံယောဇဉ်တွေ ရှိကောင်းရှိနေပါလိမ့်မယ်။ ဒါပေမယ့် သင်တို့တစ်ယောက်ကိုတစ်ယောက်တွေ့နေရတာကိုက စိတ်ညစ်စရာတွေ ဖြစ်လာနေပါပြီ။ တွေ့တဲ့အချိန်တိုင်းအလိုလို စကားတွေလည်း များမယ်။ ကြည်နူးချိန်နည်းနည်းနဲ့ စကားများရန်ဖြစ်ချိန်တွေ များလာပြီဆိုရင်တော့ လူ့စိတ်သဘာဝအရ တစ်ယောက်နားမှာတစ်ယောက် ရှိမနေချင်တော့ပါဘူး။
.
(၄) စကားတွေ များလာမယ်။

သင်တို့ရဲ့ အချစ်ရေးဟာ စည်းလုံးမှုမရှိတော့တဲ့အပြင် မတူညီတဲ့ သဘောထားတွေအတွက်လည်း ညှိနှိုင်းဖို့ မကြိုးစားတော့ပါဘူး။ ထစ်ခနဲရှိတာနဲ့ စကားများရန်ဖြစ်ပြီး စိတ်မချမ်းမြေ့စရာအခြေအနေမျိုးတွေနဲ့ပဲ အဆုံးသတ်လေ့ရှိပါတယ်။ ချစ်သူတွေ ရန်ဖြစ်တာအဆန်းမဟုတ်ပေမယ့် အမြဲတမ်း ရန်ပဲဖြစ်နေမယ်ဆိုရင်တော့ မကောင်းတော့ပါဘူး။
.
(၅) နားလည်မှုတွေ၊ လေးစားမှုတွေ။

"သူသာဆိုရင်၊ ကိုယ်သာဆိုရင်" ဆိုတဲ့ စာနာထောက်ထားတဲ့စိတ်၊ နားလည်မှုရှိတဲ့စိတ်တွေလည်း မရှိတော့ပါဘူး။ အဆိုးဆုံးကတော့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ရှိရမယ့် အခြေခံလေးစားစိတ်ပါ။ ဒါတွေ လုံးဝကို ပျောက်ကွယ်သွားပြီဆိုရင်တော့ သင်တို့ရဲ့အချစ်ရေးဟာ ဆေးမှီနိုင်ဖို့ ခဲယဉ်းသွားပါပြီ။
.
(၆) ကြင်နာစကားတွေ ဆိတ်သုဉ်းသွားပြီ။

ချစ်တယ်ဆိုတဲ့ စကားမဆိုထားနဲ့ တခြားသော ကြင်ကြင်နာနာစကားတွေ ပြောရတာကိုပဲ စိတ်ထဲမှာ ကသိကအောက်လိုလို၊ တစ်မျိုးကြီးလိုလို ခံစားနေရမယ်ဆိုရင်တော့ ဒါဟာ ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။ ဒါ အချစ်ရေး နာတာရှည်ရောဂါရဲ့ ရလဒ်ဆိုးတစ်ခုပါပဲ။
.
(၇) လွတ်မြောက်လမ်းတွေ ရှာလာမယ်။

ဒီလို စိတ်သောကတွေ ခံစားနေရပြီဆိုရင်တော့ လွတ်မြောက်လမ်းတွေ ရှာမိပါတော့တယ်။ မိတ်ဆွေအပေါင်းအသင်း၊ မိသားစု၊ အလုပ်အကိုင် စတဲ့နေရာတွေမှာ စိတ်ကိုမြှပ်နှံပြီး သက်သာရာရအောင် လုပ်ပါတယ်။ နောက်ဆုံး ကိုယ့်အတွက် ပျော်စရာလို့ထင်တဲ့ အရာမှန်သမျှနောက်ကိုလိုက်ရင်း လွတ်မြောက်ရာ လွတ်မြောက်ကြောင်း အားထုတ်ပါတော့မယ်။
.
(၈) နေဝင်ချိန်ရောက်ပြီ။

ဒီလိုအခြေအနေပေါင်းစုံ ကြုံနေရပြီဆိုရင် အနှေးနဲ့အမြန်ဆိုသလိုပဲ သင်တို့အချစ်ရေးရဲ့ နေဝင်ချိန်ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီနေဝင်ချိန်ဟာ သင်ထင်သလို စိတ်ညစ်စရာတွေ မရှိတော့ဘူး၊ ပေါ့ပါးသွားပြီလို့ ခံစားရချင်မှ ခံစားရမှာပါ။ သင်တို့ကြားမှာ ရှိနေတဲ့ သံယောဇဉ်တွေကပဲ သင့်ကို မပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်လာစေဦးမှာပါ။ ဒီတော့ အချိန်မီ ပြင်ဆင်နိုင်ခြင်း မရှိသေးဘူးဆိုရင် နေဝင်ချိန်ရောက်လာတာတောင် စိတ်သောကတွေကို မျိုးစုံခံစားနေရဦးမှာပါ။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit: (Focus Youth)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top