iMyanmarHouse.com - Best Property Website for Myanmar
×
Credit: Trend Myanmar             
#Unicode Version
ကြောင်မစင်မှာ သန်မာလှတဲ့ ကပ်ပါးပိုးToxoplasma Gondii  ရှိနေပြီး လူ့ကျန်းမာရေးအတွက်
အန္တရာယ်ရှိ ပါတယ်။ အဲ့ဒီ့ ကပ်ပါးပိုးဟာ လူဆီမှာမနေပဲ ကြောင်မစင်ထဲမှာသာနေတဲ့အတွက် ကံကောင်းလှပါတယ်။ အချစ်တော်ကြောင်လေးတွေ မစင်စွန့်ပြီးရင်တော့ မစင်စွန့်သွားတဲ့နေရာတွေကို အသေအချာ သန့်ရှင်းရေးလုပ်ဖို့သင့်ပါတယ်။ ဘယ်သူမှမပြောချင်ရင်သာနေမယ်၊ ကြောင်တွေဟာ
 နေရာတကာမစင် လျှောက်စွန့်တတ်ကြပါတယ်။
အိမ်မွေးကြောင်နဲ့ ကြောင်ရိုင်းတွေရဲ့ မစင် ၁ဒဿမ၂မီလီယံ မက်ထရစ် တန် အလေးချိန်ပမာဏကို သုတေသီတွေက နှစ်စဉ် လေ့လာမှုပြုခဲ့ကြပါတယ်။ အဲ့ဒီ့အလေးချိန်ဟာ ကုန်တင်လေယာဉ်၁၂စီးနဲ့ တိုက်ယူရမယ့် ပမာဏပါ။ ကြောင်မစင်ပမဏနည်းနည်းလေးမှာတောင် Toxoplasma Gondii ကပ်ပါးပိုးတွေဟာ ငုပ်လျှိူးပါဝင်နေပြီး လူတွေနဲ့ အခြားသွေးနွေးသတ္တဝါတွေကို ကူးစက်နိုင်တဲ့ အလားအလာရှိပါတယ်။ ကြောင်မစင်မှာပါတဲ့ ကပ်ပါးပိုးကူးစက်ခဲ့ရင် မွေးလာတဲ့ကလေးမှာ နားမကြားတာ၊စိတ်ဝေဒနာ ဖြစ်နိုင်တဲ့အတွက် ကြောင်တွေကို လှောင်အိမ်နဲ့မွေးသင့်ပါတယ်။
 ကြောင်မစင်တွေကိုလည်း မြေမြှုပ်သိမ်းဆည်းသင့်ပါတယ်။ ကလေးတွေဆော့တဲ့နေရာမှာ
 ကြောင်မစင်စွန့်ရင် ကပ်ပါးပိုးကူးစက်နှုန်းဟာ မြင့်ပါတယ်။ ဥယျာဉ်ထဲမှာလဲ ကြောင်မစင်စွန့်နိုင်တဲ့
အတွက် ဥယျာဉ်စိုက်ပျိုးတဲ့အခါ လက်အိတ်သုံးပေးပါ။ ပြီးရင်လဲလက်တွေကိုအသေအချာဆေးပါ။ ဥယျာဉ်ထဲက အသီးအရွက်တွေကို စားမယ်ဆိုရင်လဲ ရေသေချာဆေးသင့်ပါတယ်။    
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit: Trend Myanmar             
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top