iMyanmarHouse.com - Best Property Website for Myanmar
×

2NE1 အဖြဲ႕မွ အဆုိ ေတာ္ CL အပါအဝင္ အေမရိကန္ ႏုိင္ငံမွ နာမည္ႀကီး ရက္ပ္ပါမ်ား ပါဝင္မည့္ ေဖ်ာ္ေျဖပြဲကို ရန္ကုန္ တြင္ ေမလအတြင္း ျပဳလုပ္ရန္ အစီအစဥ္ရွိေၾကာင္း ပြဲစီစဥ္သူ ကိုေဂ်ာမရန္က ေျပာသည္။

‘‘ျမန္မာႏုိင္ငံမွာ အင္တာေန ရွင္နယ္ ဟစ္ေဟာ့ပ္ပြဲ တစ္ခါမွ မရွိေသးဘူး။ EDM တုိ႔၊ K-POP တုိ႔လို Show ေတြပဲရွိတာ။ ဟစ္ ေဟာ့ပ္ကို အဓိကဦးတည္ၿပီး ဟစ္ေဟာ့ပ္ပါမယ္။ Urban ပါမယ္။  Urban ဆုိတာ Black Music ကို ေျပာတာ။ Nelly ဆုိရင္ Urban နဲ႔ အရမ္းနာမည္ႀကီးတာ’’ဟု ယင္း ေဖ်ာ္ေျဖပြဲအေၾကာင္း ေျပာသည္။

2NE1 အဖြဲ႕မွ CLႏွင့္အတူအေမရိကန္ႏုိင္ငံမွ  နာမည္ႀကီးရက္ပ္ပါမ်ားျဖစ္သည့္ Soulja Boyႏွင့္ Nelly တုိ႔ ပါဝင္ေဖ်ာ္ေျဖမည္ ျဖစ္သည္။

2NE1 အဖြဲ႕၏ အဖြဲ႕လိုက္ ေဖ်ာ္ေျဖပြဲကို ျမန္မာႏုိင္ငံတြင္ ၂၀၁၄ ဩဂုတ္အတြင္းက က်င္းပ ခဲ့ၿပီး ပရိသတ္ေသာင္းႏွင့္ခ်ီ၍ လာေရာက္အားေပးခဲ့သည္။

အဆုိပါ ေဖ်ာ္ေျဖပြဲသည္ Underground Music မ်ားကို အဓိကေဖ်ာ္ေျဖမည့္ပြဲျဖစ္ေသာ ေၾကာင့္ UnDerDawg Festival ဟု အမည္ေပးထားၿပီး ေမလ ၁၃ ရက္တြင္ သုဝဏၰဘူမိ Event Park ၌ ျပဳလုပ္မည္ျဖစ္သည္။

‘‘Helping Hand Project အေနနဲ႔ ပြဲေတြလုပ္ဖို႔ ရည္ရြယ္ ထားေတာ့ ဒီပြဲကရတဲ့ အက်ိဳးအ ျမတ္ေတြနဲ႔ ျမန္မာျပည္ ျပန္လည္ ထူေထာင္ေရး ရန္ပံုေငြမွာ တစ္ စိတ္တစ္ပိုင္း ပါဝင္ကူညီလုိ႔ရ ေအာင္ေပါ့။ ၁၀၀ ရာခုိင္ႏႈန္းမလွဴ ႏုိင္ေတာင္ ၂၅ ရာခုိင္ႏႈန္းေလာက္ လွဴသြားႏုိင္ေအာင္ တည္ထားတဲ့ ပြဲတစ္ခုပါ’’ဟု ကုိေဂ်ာမရန္က ေျပာသည္။

ေဖ်ာ္ေျဖပြဲလက္မွတ္မ်ားကို မတ္လ ၂၉ ရက္တြင္ စတင္ေရာင္း ခ်မည္ျဖစ္ၿပီး လက္မွတ္ခႏႈန္းထားကို  က်ပ္သံုးေသာင္း၊ ေျခာက္ ေသာင္းခြဲ၊ ႏွစ္သိန္း၊ သံုးသိန္းႏွင့္ VVIP ဟု သတ္မွတ္ထားသည္။

‘‘လက္မွတ္ေရာင္းအား ေကာင္းရင္ေတာ့ အႏုပညာရွင္ ေတြ ထပ္ထည့္ဖို႔ လ်ာထားတာ လည္းရွိပါတယ္။ Production ပိုင္းကိုလည္း ႏုိင္ငံတကာအဆင့္ YG က လုပ္သြားမွာ။ စတိတ္ဒီ ဇိုင္းကအစ Show Director ေရာ အကုန္လံုးေပါ့။ ဒီတစ္ေခါက္ After ပါတီလည္း လုပ္ဖို႔ရွိတယ္။ အႏုပညာရွင္ေတြကိုယ္တုိင္တက္ မယ့္ After Party ေပါ့’’ဟု ၎က ေျပာသည္။

Credit : 7day daily

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version


2NE1 အဖွဲ့မှ အဆို တော် CL အပါအဝင် အမေရိကန် နိုင်ငံမှ နာမည်ကြီး ရက်ပ်ပါများ ပါဝင်မည့် ဖျော်ဖြေပွဲကို ရန်ကုန် တွင် မေလအတွင်း ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း ပွဲစီစဉ်သူ ကိုဂျောမရန်က ပြောသည်။

‘‘မြန်မာနိုင်ငံမှာ အင်တာနေ ရှင်နယ် ဟစ်ဟော့ပ်ပွဲ တစ်ခါမှ မရှိသေးဘူး။ EDM တို့၊ K-POP တို့လို Show တွေပဲရှိတာ။ ဟစ် ဟော့ပ်ကို အဓိကဦးတည်ပြီး ဟစ်ဟော့ပ်ပါမယ်။ Urban ပါမယ်။  Urban ဆိုတာ Black Music ကို ပြောတာ။ Nelly ဆိုရင် Urban နဲ့ အရမ်းနာမည်ကြီးတာ’’ဟု ယင်း ဖျော်ဖြေပွဲအကြောင်း ပြောသည်။

2NE1 အဖွဲ့မှ CLနှင့်အတူအမေရိကန်နိုင်ငံမှ  နာမည်ကြီးရက်ပ်ပါများဖြစ်သည့် Soulja Boyနှင့် Nelly တို့ ပါဝင်ဖျော်ဖြေမည် ဖြစ်သည်။

2NE1 အဖွဲ့၏ အဖွဲ့လိုက် ဖျော်ဖြေပွဲကို မြန်မာနိုင်ငံတွင် ၂၀၁၄ ဩဂုတ်အတွင်းက ကျင်းပ ခဲ့ပြီး ပရိသတ်သောင်းနှင့်ချီ၍ လာရောက်အားပေးခဲ့သည်။

အဆိုပါ ဖျော်ဖြေပွဲသည် Underground Music များကို အဓိကဖျော်ဖြေမည့်ပွဲဖြစ်သော ကြောင့် UnDerDawg Festival ဟု အမည်ပေးထားပြီး မေလ ၁၃ ရက်တွင် သုဝဏ္ဏဘူမိ Event Park ၌ ပြုလုပ်မည်ဖြစ်သည်။

‘‘Helping Hand Project အနေနဲ့ ပွဲတွေလုပ်ဖို့ ရည်ရွယ် ထားတော့ ဒီပွဲကရတဲ့ အကျိုးအ မြတ်တွေနဲ့ မြန်မာပြည် ပြန်လည် ထူထောင်ရေး ရန်ပုံငွေမှာ တစ် စိတ်တစ်ပိုင်း ပါဝင်ကူညီလို့ရ အောင်ပေါ့။ ၁၀၀ ရာခိုင်နှုန်းမလှူ နိုင်တောင် ၂၅ ရာခိုင်နှုန်းလောက် လှူသွားနိုင်အောင် တည်ထားတဲ့ ပွဲတစ်ခုပါ’’ဟု ကိုဂျောမရန်က ပြောသည်။

ဖျော်ဖြေပွဲလက်မှတ်များကို မတ်လ ၂၉ ရက်တွင် စတင်ရောင်း ချမည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားကို  ကျပ်သုံးသောင်း၊ ခြောက် သောင်းခွဲ၊ နှစ်သိန်း၊ သုံးသိန်းနှင့် VVIP ဟု သတ်မှတ်ထားသည်။

‘‘လက်မှတ်ရောင်းအား ကောင်းရင်တော့ အနုပညာရှင် တွေ ထပ်ထည့်ဖို့ လျာထားတာ လည်းရှိပါတယ်။ Production ပိုင်းကိုလည်း နိုင်ငံတကာအဆင့် YG က လုပ်သွားမှာ။ စတိတ်ဒီ ဇိုင်းကအစ Show Director ရော အကုန်လုံးပေါ့။ ဒီတစ်ခေါက် After ပါတီလည်း လုပ်ဖို့ရှိတယ်။ အနုပညာရှင်တွေကိုယ်တိုင်တက် မယ့် After Party ပေါ့’’ဟု ၎င်းက ပြောသည်။

Credit : 7day daily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top