iMyanmarHouse.com - Best Property Website for Myanmar
×

ဟင္းရြက္သစ္သီးေဖ်ာ္ရည္ေတြ ေဖ်ာ္တဲ့အခါမွာ ေဖ်ာ္ၿပီး နာရီဝက္အတြင္းမွာ ကုန္ေအာင္ ေသာက္သံုးသင့္ပါတယ္။ နာရီဝက္ေက်ာ္ေအာင္ ထားတဲ့အခါမွာ ေဖ်ာ္ရည္က အမည္းေရာင္ ေပါက္လာတာကို ျမင္ရေလ့ရွိတယ္။ ဒါက ဟင္းရြက္သစ္သီးေတြကို ေဖ်ာ္တဲ့အခါမွာ သံုးတဲ့ သံထည္ပစၥည္းကိရိယာေတြနဲ႔ ဗီတာမင္ဓာတ္ေတြက အလြန္လ်င္ျမန္စြာ ပ်က္စီးသြားတတ္တာေၾကာင့္ ေဖ်ာ္ရည္ရဲ့ အရည္အေသြးေတြပါ ေျပာင္းလဲသြားႏိုင္ပါတယ္။ ေဖ်ာ္ရည္အေရာင္က အၾကည့္ရဆိုးတဲ့အျပင္ အရသာလည္း ပ်က္ေနတတ္ပါတယ္။ ဒါေၾကာင့္ ဟင္းရြက္သစ္သီးေဖ်ာ္ရည္ေတြ ေဖ်ာ္တဲ့အခါမွာ ေသာက္ခါနီးမွ ေဖ်ာ္တာေကာင္းပါတယ္။ လူအေရအတြက္ေတြပါ ခ်ိန္ကိုက္ၿပီး တစ္ခါတည္း ေဖ်ာ္၊ ေဖ်ာ္ရည္ကိုလည္း ခ်က္ခ်င္းကုန္ေအာင္ ေသာက္ႏိုင္ဖို႔ လိုသလို တစ္ခါတည္း အမ်ားႀကီး မေဖ်ာ္သင့္ပါဘူး။

အူနဲ႔ အစာအိမ္ အားနည္းသူမ်ား၊ ဝမ္းေလွ်ာလြယ္သူမ်ားအေနနဲ႔ ဟင္းရြက္သစ္သီးေဖ်ာ္ရည္ေသာက္ခ်င္ရက္နဲ႔ တည့္ပါ့မလားလို႔ စိုးရိမ္ႏိုင္ပါတယ္။ တကယ္ေတာ့ ဟင္းရြက္သစ္သီးေဖ်ာ္ရည္ဟာ အူကို အားေပးပံ့ပိုးလို႔ ဝမ္းခ်ဳပ္တာေရာ၊ ဝမ္းေလွ်ာတာေတြကိုပါ သက္သာေစႏိုင္ပါတယ္။ ဟင္းရြက္သစ္သီးေဖ်ာ္ရည္ေသာက္လို႔ ဝမ္းေလွ်ာမွာစိုးရိမ္ရင္ ေရခဲမထည့္ပါနဲ႔။ အရင္ နည္းနည္းစေသာက္တဲ့အက်င့္ေလးလုပ္ၿပီးမွ တျဖည္းျဖည္း ပမာဏ တိုးၿပီး ေသာက္ေပးပါ။

ဟင္းရြက္သစ္သီးေဖ်ာ္ရည္ ေသာက္ဖို႔ သင့္ေတာ္တဲ့အခ်ိန္ကေတာ့ မနက္ေစာေစာ ဘာမွ မစားခင္ တစ္ခြက္ေလာက္ အရင္ေသာက္ေပးႏိုင္ရင္ အေကာင္းဆံုးပါပဲ။ ေဖ်ာရည္ထဲက အာဟာရဓာတ္ေတြ အားလံုးကို ခႏၶာကိုယ္က စုပ္ယူႏိုင္လို႔ပါ။ တကယ္လို႔ မနက္ပိုင္းမွာ အခ်ိန္မရရင္ ေန႔လည္ ေန႔ခင္းပိုင္းေလာက္မွာ ေသာက္လို႔ ရပါတယ္။ ညဘက္ အိပ္ခါနီးေသာက္မယ္ဆိုရင္ေတာ့ အရည္ေတြ အမ်ားႀကီး ခႏၶာကိုယ္ထဲကေန စီးဆင္းသြားမွာ ျဖစ္တာေၾကာင့္ ဆီးအိမ္နဲ႔ ေက်ာက္ကပ္ကို သန္႔ရွင္းစင္ၾကယ္ေပးၿပီး ဆီး ခဏခဏ သြားတတ္ပါတယ္။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

ဟင်းရွက်သစ်သီးဖျော်ရည်တွေ ဖျော်တဲ့အခါမှာ ဖျော်ပြီး နာရီဝက်အတွင်းမှာ ကုန်အောင် သောက်သုံးသင့်ပါတယ်။ နာရီဝက်ကျော်အောင် ထားတဲ့အခါမှာ ဖျော်ရည်က အမည်းရောင် ပေါက်လာတာကို မြင်ရလေ့ရှိတယ်။ ဒါက ဟင်းရွက်သစ်သီးတွေကို ဖျော်တဲ့အခါမှာ သုံးတဲ့ သံထည်ပစ္စည်းကိရိယာတွေနဲ့ ဗီတာမင်ဓာတ်တွေက အလွန်လျင်မြန်စွာ ပျက်စီးသွားတတ်တာကြောင့် ဖျော်ရည်ရဲ့ အရည်အသွေးတွေပါ ပြောင်းလဲသွားနိုင်ပါတယ်။ ဖျော်ရည်အရောင်က အကြည့်ရဆိုးတဲ့အပြင် အရသာလည်း ပျက်နေတတ်ပါတယ်။ ဒါကြောင့် ဟင်းရွက်သစ်သီးဖျော်ရည်တွေ ဖျော်တဲ့အခါမှာ သောက်ခါနီးမှ ဖျော်တာကောင်းပါတယ်။ လူအရေအတွက်တွေပါ ချိန်ကိုက်ပြီး တစ်ခါတည်း ဖျော်၊ ဖျော်ရည်ကိုလည်း ချက်ချင်းကုန်အောင် သောက်နိုင်ဖို့ လိုသလို တစ်ခါတည်း အများကြီး မဖျော်သင့်ပါဘူး။

အူနဲ့ အစာအိမ် အားနည်းသူများ၊ ဝမ်းလျှောလွယ်သူများအနေနဲ့ ဟင်းရွက်သစ်သီးဖျော်ရည်သောက်ချင်ရက်နဲ့ တည့်ပါ့မလားလို့ စိုးရိမ်နိုင်ပါတယ်။ တကယ်တော့ ဟင်းရွက်သစ်သီးဖျော်ရည်ဟာ အူကို အားပေးပံ့ပိုးလို့ ဝမ်းချုပ်တာရော၊ ဝမ်းလျှောတာတွေကိုပါ သက်သာစေနိုင်ပါတယ်။ ဟင်းရွက်သစ်သီးဖျော်ရည်သောက်လို့ ဝမ်းလျှောမှာစိုးရိမ်ရင် ရေခဲမထည့်ပါနဲ့။ အရင် နည်းနည်းစသောက်တဲ့အကျင့်လေးလုပ်ပြီးမှ တဖြည်းဖြည်း ပမာဏ တိုးပြီး သောက်ပေးပါ။

ဟင်းရွက်သစ်သီးဖျော်ရည် သောက်ဖို့ သင့်တော်တဲ့အချိန်ကတော့ မနက်စောစော ဘာမှ မစားခင် တစ်ခွက်လောက် အရင်သောက်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ဖျောရည်ထဲက အာဟာရဓာတ်တွေ အားလုံးကို ခန္ဓာကိုယ်က စုပ်ယူနိုင်လို့ပါ။ တကယ်လို့ မနက်ပိုင်းမှာ အချိန်မရရင် နေ့လည် နေ့ခင်းပိုင်းလောက်မှာ သောက်လို့ ရပါတယ်။ ညဘက် အိပ်ခါနီးသောက်မယ်ဆိုရင်တော့ အရည်တွေ အများကြီး ခန္ဓာကိုယ်ထဲကနေ စီးဆင်းသွားမှာ ဖြစ်တာကြောင့် ဆီးအိမ်နဲ့ ကျောက်ကပ်ကို သန့်ရှင်းစင်ကြယ်ပေးပြီး ဆီး ခဏခဏ သွားတတ်ပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top