iMyanmarHouse.com - Best Property Website for Myanmar
×

ၿဗိတိန္ႏုိင္ငံ အဘာဒင္းတကၠသိုလ္မွ သုေတသီမ်ားက အမ်ိဳး သမီး ၄၆,၀၀၀ ေက်ာ္ကို ေလ့လာရာတြင္ သေႏၶတားေဆးလံုး ေသာက္သံုးေသာ အမ်ိဳးသမီးမ်ားသည္ အူမႀကီးကင္ဆာ၊ သားအိမ္ ကင္ဆာႏွင့္ သားအိမ္နံရံကင္ဆာတို႔ ျဖစ္ပြားႏုိင္ေသာ အႏၲရာယ္ ေလ်ာ့နည္းေၾကာင္း ေလ့လာေတြ႕ရွိခဲ့သည္။
မ်ိဳးပြားႏုိင္ေသာ အသက္အရြယ္တြင္ သေႏၶတားေဆးမ်ား ေသာက္သံုးျခင္းႏွင့္ ဘ၀ေႏွာင္းပိုင္း၌ ကင္ဆရာေရာဂါျဖစ္ပြားႏုိင္ သည့္ အႏၲရာယ္ျမင့္မားျခင္းၾကား ဆက္စပ္မႈမရွိဟုလည္း သုေတသီမ်ားကေျပာသည္။

အေမရိကန္ ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးဌာန(CDC)၏ အဆုိအရ အေမရိကန္ႏုိင္ငံတြင္ အသက္(၁၅)ႏွစ္ႏွင့္ (၄၄)ႏွစ္အၾကား အမ်ိဳးသမီး ၁၆ ရာခုိင္ႏႈန္းသည္ သေႏၶတားနည္းအျဖစ္ သေႏၶတား ေဆးေသာက္ေဆးမ်ား အသံုးျပဳေနေၾကာင္း သိရသည္။

အသံုးမ်ားေသာ သေႏၶတားေဆး ေသာက္ေဆးပံုစံတြင္ မ ေဟာ္မုန္းႏွင့္ ရာသီစက္၀န္းျဖစ္ေပၚမႈအတြက္ အေရးပါသည့္ ပ႐ို ဂ်က္စထရြန္းဟုေခၚသည့္ ေဟာ္မုန္းတုိ႔ပါ၀င္သည္။

သေႏၶတားေဆး ေသာက္ေဆးမ်ား လံုး၀အသံုးမျပဳဖူးသည့္ အမ်ိဳးသမီးမ်ားႏွင့္ ႏိႈင္းယွဥ္ပါက သေႏၶတားေဆး ေသာက္သံုးေသာ အမ်ိဳးသမီးမ်ားသည္ အနည္းဆံုး ႏွစ္ေပါင္း ၃၀ အထိ ကင္ဆာအခ်ိဳ႕ ျဖစ္ပြားႏုိင္သည့္အႏၲရာယ္္ ေလ်ာ့နည္းေၾကာင္း သိရသည္။

ယင္းေၾကာင့္မ်ိဳးပြားႏုိင္ေသာအရြယ္တြင္ သေႏၶတားေဆးမ်ား ေသာက္သံုးမႈ၏ အက်ိဳးေက်းဇူးမ်ားသည္ ေဆးေသာက္သံုးမႈ ရပ္ နားၿပီးေနာက္ ႏွစ္ေပါင္း ၃၀ အထိ ၾကာရွည္ခံေၾကာင္း သုေတသီ မ်ားက ေျပာသည္။  


Credit : 7day daily
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

    ဗြိတိန်နိုင်ငံ အဘာဒင်းတက္ကသိုလ်မှ သုတေသီများက အမျိုး သမီး ၄၆,၀၀၀ ကျော်ကို လေ့လာရာတွင် သန္ဓေတားဆေးလုံး သောက်သုံးသော အမျိုးသမီးများသည် အူမကြီးကင်ဆာ၊ သားအိမ် ကင်ဆာနှင့် သားအိမ်နံရံကင်ဆာတို့ ဖြစ်ပွားနိုင်သော အန္တရာယ် လျော့နည်းကြောင်း လေ့လာတွေ့ရှိခဲ့သည်။

မျိုးပွားနိုင်သော အသက်အရွယ်တွင် သန္ဓေတားဆေးများ သောက်သုံးခြင်းနှင့် ဘဝနှောင်းပိုင်း၌ ကင်ဆရာရောဂါဖြစ်ပွားနိုင် သည့် အန္တရာယ်မြင့်မားခြင်းကြား ဆက်စပ်မှုမရှိဟုလည်း သုတေသီများကပြောသည်။

အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန(CDC)၏ အဆိုအရ အမေရိကန်နိုင်ငံတွင် အသက်(၁၅)နှစ်နှင့် (၄၄)နှစ်အကြား အမျိုးသမီး ၁၆ ရာခိုင်နှုန်းသည် သန္ဓေတားနည်းအဖြစ် သန္ဓေတား ဆေးသောက်ဆေးများ အသုံးပြုနေကြောင်း သိရသည်။

အသုံးများသော သန္ဓေတားဆေး သောက်ဆေးပုံစံတွင် မ ဟော်မုန်းနှင့် ရာသီစက်ဝန်းဖြစ်ပေါ်မှုအတွက် အရေးပါသည့် ပရို ဂျက်စထရွန်းဟုခေါ်သည့် ဟော်မုန်းတို့ပါဝင်သည်။

သန္ဓေတားဆေး သောက်ဆေးများ လုံးဝအသုံးမပြုဖူးသည့် အမျိုးသမီးများနှင့် နှိုင်းယှဉ်ပါက သန္ဓေတားဆေး သောက်သုံးသော အမျိုးသမီးများသည် အနည်းဆုံး နှစ်ပေါင်း ၃၀ အထိ ကင်ဆာအချို့ ဖြစ်ပွားနိုင်သည့်အန္တရာယ် လျော့နည်းကြောင်း သိရသည်။

ယင်းကြောင့်မျိုးပွားနိုင်သောအရွယ်တွင် သန္ဓေတားဆေးများ သောက်သုံးမှု၏ အကျိုးကျေးဇူးများသည် ဆေးသောက်သုံးမှု ရပ် နားပြီးနောက် နှစ်ပေါင်း ၃၀ အထိ ကြာရှည်ခံကြောင်း သုတေသီ များက ပြောသည်။   

Credit : 7day daily
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top