iMyanmarHouse.com - Best Property Website for Myanmar
×
ဒါဆို ရင်သား ပြန်လည်တင်းရင်းအောင် ဘယ်လိုလုပ်မလဲ ..
Credit:(ရွှေအင်းလေး)
Unicode Version
ကျွန်မတို့ရဲ့ ရင်သားနှစ်မွှာဟာ အခြား အစိတ်အပိုင်းတွေကဲ့သို့ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတာ မဟုတ်ပါဘူး ။ တစ်သျှူးတွေနှင့် နို့ထုတ်ပေးနိုင်တဲ့ အကျိတ်ခဲလေးများနှင့် ဖွဲ့စည်းထားပြီး အရေပြားဖြင့် ဖုံးအုပ်ထားခြင်းသာ ဖြစ်ပါတယ် ။ ဆေးလိပ်သောက်ခြင်း ၊ ကိုယ်အလေးချိန်တက်ခြင်း ၊ ကျခြင်း ၊ ကိုယ်ဝန်ဆောင်ခြင်း စသော အကြောင်းအမျိုးမျိုးကြောင့် ရင်သားတွဲကျခြင်း ဖြစ်ပါတယ် ။
ဒါဆို ရင်သား ပြန်လည်တင်းရင်းအောင် ဘယ်လိုုလုပ်မလဲ ..
၁ ။ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ ။ ခန္ဓာကိုယ်ကို ကျန်းမာအောင် နေထိုင်ပါ ။ အလွန်အမင်း ဝိတ်တက်လာခြင်း ၊ ဝိတ်ကျခြင်းတွေက သင့်ရင်သားကို တွဲကျစေနိုင်ပါတယ်။
၂။ ရေသောက်ခြင်းဖြင့်လည်း သင့်ရင်သားကို တင်းရင်းစေနိုင်ပါတယ် ။ ရေက သင့်ကို ကျန်းမာရေကောင်းကျိုးတွေ အများကြီး ပေးစွမ်းတဲ့အပြင် အရေပြားကိုလည်း ကျန်းမာစေပါတယ် ။ ရေသောက်နည်းလျှင် အရေပြားခြောက်သွေ့ပြီး မြန်မြန်အိုစာနိင်ပြီး ရင်သားတွဲကျစေခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ မနက်အိပ်ရာနိုးလျှင် ရေသောက်တတ်တဲ့ အကျင့်ကို မွေးပါ ။ ရင်သားအတွက် ပိုမိုကောင်းမွန်စေချင်တယ်ဆိုရင်တော့ ဆားအနည်းငယ် နှင့် သံပုယိုရည်ကို ရောကာ သောက်သုံးနိုင်ပါတယ်။
၃။နောက်ထပ် နည်းလမ်းတစ်ခုကတော့ အစားအသာက်နဲ့ ထိန်းသိမ်းခြင်းပဲ ဖြစ်ပါတယ် ။ အစေ့အဆန်များ ၊ ဥများ ၊ ဗီတာမင်စီ ၊ အစိမ်းရောင် အသီးအရွက် စသဖြင့် ရင်သားကို အားဖြစ်စေနိုင်တဲ့ အစားအစာတွေကို စားပေးသင်ပါတယ် ။
ရင်သားအတွက် စားသင့်သော အစားအစာများကို အောက်ပါလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်
===> http://www.shweinnlay.com/2017/02/blog-post_49.html
၄။လေ့ကျင့်ခန်း လုပ်ခြင်းဖြင့်လည်း ရင်သားကို တင်းရင်းစေနိင်ပါတယ် ။ အကယ်၍ သင်ဟာ ဝိတ်လျှော့နေတယ်ဆိုလျှင် အစားအသောက်ကို မျှတစွာ စားသုံးပြီး သင့်တင့်လျောက်ပတ်သော လေ့ကျင့်ခန်းကိုသာ ပြုလုပ်ပါ ။ ဆေးလိပ်သောက်ခြင်းကိုတော့ လုံးဝ ရှောင်ကြဉ်ပါ ။
၅။ ရှားစောင်းလက်ပက်ကိုလည်း ရင်သားတင်းရင်းစေအောင် အသုံးပြုလို့ ရပါတယ် ။ ရှားစောင်းလက်ပက်ဂျယ်လ်ကို ရင်သားပေါ်လိမ်း၍ ပင့်တင်နှိပ်နယ်ပေးပါ။ ၁၀ မိနစ်ခန့်ကြာလျှင် ရေဖြင့် ဆေးကြောပါ ။ တစ်ပါတ်လျှင် ၄၊ ၅ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပြီး ရှားစောင်းလက်ပက်က အရေပြားကို ဆန့်နိုင်တဲ့ သဘာဝ အစွမ်းသတ္တိရှိပါတယ်။ ရှားစောင်းလက်ပက်အပြင် အုန်းဆီ (သို့) ကိုကိုးထောပတ်ကိုလည်း အသုံးပြုနိုင်ပြီး တစ်ပါတ်လျှင် ၃ ကြိမ်ခန့် နှိပ်နယ်ပေးနိုင်ပါသည်။
၆။ နောက်ဆုံးနည်းလမ်းလေးကတော့ mask လုပ်တဲ့ နည်းလေးပါ။ အရောအနှောမပါသော ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၁ဇွန်းခန့် ၊ လတ်ဆတ်သော ကြက်ဥတစ်လုံး ၊ ဗီတာမင်အီ လက်ဖက်ရည်ဇွန်း ၁ဇွန်း တို့ကို ကြေညက်အောင် ရောမွှေပါ ။ ထို့နောက် ရင်သားပေါ်သို့ နှိပ်နယ်လိမ်းပေးပါ ။ မိနစ် ၂၀ ၊ ၂၅ မိနစ်ခန့်ကြာလျှင် ရေဆေးပါ ။ တစ်ပါတ် တစ်ခါ ပုံမှန်လုပ်ပေးလျှင် လုံလောက်ပါတယ်။
Credit:(ရွှေအင်းလေး)
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top