iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ္ေယာက္ကုိ ကုိယ့္အေၾကာင္း အိပ္မက္ေစဖုိ႕ဆုိတာ ေတာ္ေတာ္ ခက္ခဲပါတယ္။ဘာျဖစ္လုိ႕လဲဆုိေတာ့ ကုိယ့္အိပ္မက္ေတာင္ ဘာကုိ မက္ခ်င္တယ္ဆုိျပီး ၾကဳိတင္ျပီး အစီအစဥ္ခ်ထားလုိ႕မွမရတာကုိး။ဒါေပမဲ့ မျဖစ္ႏုိင္ဘူးရယ္ေတာ့မဟုတ္ပါဘူး။အိပ္မက္ဆုိတာ မသိစိတ္က ကၽြန္ေတာ္တုိ႕ ၾကဳံေတြ႕ေနရတဲ့ ျပႆနာေတြကုိ ညဘက္မွာ အိပ္မက္အျဖစ္အသြင္ေျပာင္းလုိက္ျခင္းျဖစ္ပါတယ္။မသိစိတ္ဆုိတာကလဲ ကၽြန္ေတာ္တုိ႕ လူသားေတြအေနနဲ႕ လုံး၀မသိတဲ့ အတြက္ မသိစိတ္ရယ္လုိ႕ နာမည္ေပးထားျခင္းျဖစ္ပါတယ္ဒါေပမဲ့ မသိစိတ္အေၾကာင္းကုိ လုံးလုံးလ်ားလ်ားၾကီး မသိၾကတာမဟုတ္ဘဲ မသိစိတ္မွာ စုိးမုိးသြားေစႏုိင္တယ္လုိ႕ ယူဆထားတယ္ အခ်က္ေလးေတြရွိပါတယ္။အခုေတာ့ လူတစ္ေယာက္ မိမိအေၾကာင္းကုိ အိပ္မက္မက္ေစဖုိ႕ သူရဲ႕ မသိစိတ္ထဲမွာ စုိးမုိးသြားေစႏုိင္မဲ့ နည္းလမ္းေလးေတြကုိ ေဖာ္ျပလုိက္ပါတယ္။

၁။ မသိစိတ္ထဲေရာက္ေအာင္လုပ္ပါ။

အထက္က ေျပာခဲ့သလိုပါပဲ မသိစိတ္က ကၽြန္ေတာ္တုိ႕ရဲ႕ အိပ္မက္ကုိ ဖန္တီးတာ ျဖစ္ပါတယ္။ဒါေပမဲ့ မသိစိတ္ဟာ လူေတြ မသိၾကတဲ့အတြက္ မသိစိတ္လုိ႕ နာမည္ေပးထားတာ ျဖစ္ေပမဲ့ သူမရဲ႕ မသိစိတ္ထဲေရာက္ေစတယ္လုိ႕ ေယဘုယ်အားျဖင့္ ယုံၾကည္ၾကတဲ့အခ်က္ေတြရွိပါတယ္။သူ႕ကုိ မိမိရဲ႕ ဓာတ္ပုံေပးပုိ႕ထားပါ။သူကလည္း သင့္ကုိ တကယ္စိတ္၀င္စားေနျပီး သူအိပ္ယာမ၀င္ခင္ၾကည့့့့့့့့့့့့့့့့့့္မိတဲ့ ပုံဟာ သင္ပုံျဖစ္မယ္ဆုိရင္ သင့္အေၾကာင္း အိပ္မက္မက္ဖုိ႕ အေထာက္အကူျပဳပါလိမ့္မယ္။ညအိပ္ယာမ၀င္ခင္ဖုန္းေခၚပါ။ဒီလုိျပဳလုပ္ေပးျခင္းကလည္း ခုနတုန္းက ဓာတ္ပုံေပးသလုိမ်ိဳးပဲ သင့္အေၾကာင္းကုိ သူရဲ႕ မသိစိတ္ထဲေရာက္ရွိဖုိ႕ ကူညီႏုိင္ပါလိမ့္မယ္။

၂။သင့္ရဲ႕ ပင္ကို အနံ႕တစ္ခုခုရွိပါေစ။

သင္ဟာ သီးျခားေရေမႊးတစ္မ်ဳိးမ်ဳိး၊ဒါမွမဟုတ္ သီးျခား ဆပ္ျပာ တစ္မ်ဳိးကုိ သုံးတယ္ဆုိရင္ ထုိအနံ႕အသက္ကလည္း သင့္အေၾကာင္း အိပ္မက္မက္ဖုိ႕ အေထာက္အကူ ျပဳေပးမွာ ျဖစ္ပါတယ္။ျဖစ္ႏုိင္ရင္ေတာ့ သူမအိပ္ခင္ သင့္ရဲ႕ ကုိယ္ပုိင္အနံ႕အသက္ေလးရေနတာ အေကာင္းဆုံးပါပဲ။

၃။သင့္ရဲ႕ ပင္ကုိပုံစံ တစ္ခု ရွိေနပါေစ။

ဥပမာ သင့္မွာ ေၾကာင္အေကာင္ ၂၀ ေလာက္ရွိေနတာ မ်ဳိး စတဲ့ ထူးျခားတဲ့ ပင္ကုိယ္ပုံစံေတြကုိ ေျပာျပပါ။သင့္အေၾကာင္းကုိ သူ႕ကုိ အိပ္မက္မက္ေစခ်င္တယ္ဆုိရင္ မဖုံးကြယ္ပါနဲ႕။ဥပမာ သင့္အေၾကာင္းကုိအိပ္မက္မက္ေစခ်င္တဲ့ လူတစ္ေယာက္က သင့္ကုိ ” ဘာရုပ္ရွင္ကားမ်ဳိးေတြၾကဳိက္တတ္လဲ” လုိ႕ေမးလာခဲ့ရင္ အင္း ” သရဲကားေတြေတာ့ ၾကဳိက္တယ္ ” ဆုိတာမ်ဳိး ၀ုိးတ၀ါး သြားမေျဖလုိက္ပါနဲ႕။ဥပမာ Cast away ဇာတ္ကားေလးကုိၾကဳိက္တယ္ေပါ့။ဒီအထဲမွာ တြမ္ဟန္႕ သရုပ္ေဆာင္သြားတာ အရမ္းေကာင္းတာပဲ စသျဖင့္ တိတိက်က်ေျပာပါ။


၄။ စစ္မွန္ေသာ ခ်ီးမြမ္းစကား ေျပာပါ။

လူတုိင္းဟာ ကဲ့ရဲ႕စကားေျပာခဲ့တဲ့ လူေတြကုိ အျမဲမမွတ္ထားႏုိင္ၾကေပမဲ့ ခ်ီးမြမ္းစကား ေျပာခဲ့တဲ့ သူေတြကုိေတာ့ တစ္သက္လုံးမွတ္ထားႏုိင္ၾကပါတယ္။လူတစ္ေယာက္ရဲ႕ စစ္မွန္ေသာ အရည္အခ်င္းတစ္ခုခုအတြက္ ခ်ီးမြမ္းစကားေျပာပါေပးပါ။ခ်ီးမြမ္းစကားေျပာေပးျခင္းျဖင့္ သင့္အေၾကာင္းကုိ သူ႕အေနနဲ႕ ပုိမွတ္မိႏုိင္ျပီး သူ႕ရဲ႕ မသိစိတ္ထဲကုိ ေရာက္သြားဖုိ႕လည္း အခြင့္အလမ္းရွိပါတယ္။

Credit :  (Shwemom)

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လူတစ်ယောက်ကို ကိုယ့်အကြောင်း အိပ်မက်စေဖို့ဆိုတာ တော်တော် ခက်ခဲပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အိပ်မက်တောင် ဘာကို မက်ချင်တယ်ဆိုပြီး ကြိုတင်ပြီး အစီအစဉ်ချထားလို့မှမရတာကိုး။ဒါပေမဲ့ မဖြစ်နိုင်ဘူးရယ်တော့မဟုတ်ပါဘူး။အိပ်မက်ဆိုတာ မသိစိတ်က ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ညဘက်မှာ အိပ်မက်အဖြစ်အသွင်ပြောင်းလိုက်ခြင်းဖြစ်ပါတယ်။မသိစိတ်ဆိုတာကလဲ ကျွန်တော်တို့ လူသားတွေအနေနဲ့ လုံးဝမသိတဲ့ အတွက် မသိစိတ်ရယ်လို့ နာမည်ပေးထားခြင်းဖြစ်ပါတယ်ဒါပေမဲ့ မသိစိတ်အကြောင်းကို လုံးလုံးလျားလျားကြီး မသိကြတာမဟုတ်ဘဲ မသိစိတ်မှာ စိုးမိုးသွားစေနိုင်တယ်လို့ ယူဆထားတယ် အချက်လေးတွေရှိပါတယ်။အခုတော့ လူတစ်ယောက် မိမိအကြောင်းကို အိပ်မက်မက်စေဖို့ သူရဲ့ မသိစိတ်ထဲမှာ စိုးမိုးသွားစေနိုင်မဲ့ နည်းလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ်။

၁။ မသိစိတ်ထဲရောက်အောင်လုပ်ပါ။

အထက်က ပြောခဲ့သလိုပါပဲ မသိစိတ်က ကျွန်တော်တို့ရဲ့ အိပ်မက်ကို ဖန်တီးတာ ဖြစ်ပါတယ်။ဒါပေမဲ့ မသိစိတ်ဟာ လူတွေ မသိကြတဲ့အတွက် မသိစိတ်လို့ နာမည်ပေးထားတာ ဖြစ်ပေမဲ့ သူမရဲ့ မသိစိတ်ထဲရောက်စေတယ်လို့ ယေဘုယျအားဖြင့် ယုံကြည်ကြတဲ့အချက်တွေရှိပါတယ်။သူ့ကို မိမိရဲ့ ဓာတ်ပုံပေးပို့ထားပါ။သူကလည်း သင့်ကို တကယ်စိတ်ဝင်စားနေပြီး သူအိပ်ယာမဝင်ခင်ကြည့်မိတဲ့ ပုံဟာ သင်ပုံဖြစ်မယ်ဆိုရင် သင့်အကြောင်း အိပ်မက်မက်ဖို့ အထောက်အကူပြုပါလိမ့်မယ်။ညအိပ်ယာမဝင်ခင်ဖုန်းခေါ်ပါ။ဒီလိုပြုလုပ်ပေးခြင်းကလည်း ခုနတုန်းက ဓာတ်ပုံပေးသလိုမျိုးပဲ သင့်အကြောင်းကို သူရဲ့ မသိစိတ်ထဲရောက်ရှိဖို့ ကူညီနိုင်ပါလိမ့်မယ်။

၂။သင့်ရဲ့ ပင်ကို အနံ့တစ်ခုခုရှိပါစေ။

သင်ဟာ သီးခြားရေမွှေးတစ်မျိုးမျိုး၊ဒါမှမဟုတ် သီးခြား ဆပ်ပြာ တစ်မျိုးကို သုံးတယ်ဆိုရင် ထိုအနံ့အသက်ကလည်း သင့်အကြောင်း အိပ်မက်မက်ဖို့ အထောက်အကူ ပြုပေးမှာ ဖြစ်ပါတယ်။ဖြစ်နိုင်ရင်တော့ သူမအိပ်ခင် သင့်ရဲ့ ကိုယ်ပိုင်အနံ့အသက်လေးရနေတာ အကောင်းဆုံးပါပဲ။

၃။သင့်ရဲ့ ပင်ကိုပုံစံ တစ်ခု ရှိနေပါစေ။

ဥပမာ သင့်မှာ ကြောင်အကောင် ၂၀ လောက်ရှိနေတာ မျိုး စတဲ့ ထူးခြားတဲ့ ပင်ကိုယ်ပုံစံတွေကို ပြောပြပါ။သင့်အကြောင်းကို သူ့ကို အိပ်မက်မက်စေချင်တယ်ဆိုရင် မဖုံးကွယ်ပါနဲ့။ဥပမာ သင့်အကြောင်းကိုအိပ်မက်မက်စေချင်တဲ့ လူတစ်ယောက်က သင့်ကို ” ဘာရုပ်ရှင်ကားမျိုးတွေကြိုက်တတ်လဲ” လို့မေးလာခဲ့ရင် အင်း ” သရဲကားတွေတော့ ကြိုက်တယ် ” ဆိုတာမျိုး ဝိုးတဝါး သွားမဖြေလိုက်ပါနဲ့။ဥပမာ Cast away ဇာတ်ကားလေးကိုကြိုက်တယ်ပေါ့။ဒီအထဲမှာ တွမ်ဟန့် သရုပ်ဆောင်သွားတာ အရမ်းကောင်းတာပဲ စသဖြင့် တိတိကျကျပြောပါ။


၄။ စစ်မှန်သော ချီးမွမ်းစကား ပြောပါ။

လူတိုင်းဟာ ကဲ့ရဲ့စကားပြောခဲ့တဲ့ လူတွေကို အမြဲမမှတ်ထားနိုင်ကြပေမဲ့ ချီးမွမ်းစကား ပြောခဲ့တဲ့ သူတွေကိုတော့ တစ်သက်လုံးမှတ်ထားနိုင်ကြပါတယ်။လူတစ်ယောက်ရဲ့ စစ်မှန်သော အရည်အချင်းတစ်ခုခုအတွက် ချီးမွမ်းစကားပြောပါပေးပါ။ချီးမွမ်းစကားပြောပေးခြင်းဖြင့် သင့်အကြောင်းကို သူ့အနေနဲ့ ပိုမှတ်မိနိုင်ပြီး သူ့ရဲ့ မသိစိတ်ထဲကို ရောက်သွားဖို့လည်း အခွင့်အလမ်းရှိပါတယ်။

Credit :  (Shwemom)


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top