iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္ႏွာကို ေရခဲကပ္ေပးျခင္းဟာ ကိုးရီးယားႏိုင္ငံက မိန္းကေလးေတြအၾကားေရ ပန္းစားတဲ့ အလွအပဆိုင္ရာ နည္းလမ္းတစ္ခုပါ။သူတို႔ရဲ႕မ်က္ႏွာအသားအေရ လွပဖို႔အတြက္ ဒီနည္းလမ္းကို အလွအပဆိုင္ရာ treatments ျဖစ္ၿပီး သူတို႔ေ လးေတြရဲ႕ မ်က္ႏွာအသားအေရေတြ လွပေနရတဲ့ လွ်ိဳ႕၀ွက္ခ်က္လို႔ လည္း ေျပာ လုိ႔ရပါတယ္။မ်က္ႏွာကို ေရခဲကပ္ေပးျခင္းအားျဖင့္ ရရွိႏိုင္မယ့္ အက်ိဳးေက်း ဇူးေတြကေတာ့..

(၁)အသားအေရကို ေခ်ာမြတ္ေစ

မ်က္ႏွာကို ေရခဲကပ္ေပးျခင္းအားျဖင့္ အေရျပားကို တင္းရင္းလွပေစကာ၊ေခၽြးနဲ႔ အညစ္အေၾကးေတြေၾကာင့္ ပံုမွန္ရွိသင့္တာထက္ က်ယ္ေနတဲ့ေခၽြးေပါက္ေတြကို က်ံဳ႕သြားေစပါတယ္။အသားအေရကိုလည္း ႏူးညံ့ေခ်ာမြတ္ေစပါတယ္။

(၂)skin toner

ေရခဲဟာ မ်က္ႏွာအတြက္ ေစ်းအသက္သာဆံုး (toner)လို႔ ေျပာလို႔ရပါတယ္။ မိတ္ကပ္မလိမ္းခင္ မ်က္ႏွာကို ေရခဲကပ္ေပးျခင္းအားျဖင့္ မိတ္ကပ္လိမ္းတဲ့ အခါ ပိုမိုအဆင္ေျပေစပါတယ္။မိတ္ကပ္နဲ႔ဖံုးထားတဲ့ မ်က္ႏွာအသားအေရမွာ ရွိ တဲ့ ေခၽြးေပါက္ေတြကို က်ံဳ႕ေပးေစႏိုင္တာေၾကာင့္ ေခၽြးေၾကာင့္ မိတ္ကပ္ကြက္ တာမ်ိဳးေတြမျဖစ္ေစပါဘူး။အရင္နဲ႔မတူပဲ ပိုမိုႏူးညံ့ေနတဲ့ မ်က္ႏွာအသားအေရမွာ လိမ္းေပးရတဲ့ အတြက္ ဒါ့အျပင္ေအာက္ခံ Foundation လိမ္းတဲ့အခါမွာ ပိုၿပီး အဆင္ေျပေနတာကို သိသိသာသာခံစားရမွာျဖစ္ပါတယ္။

(၃)ေသြးလွည့္ပတ္မႈ

ေရခဲဟာ မ်က္ႏွာအေရျပားရဲ႕ေအာက္မွာ ရွိတဲ့ ေသြးလွည့္ပတ္မႈေတြကို ပိုမိုေ ကာင္းမြန္ေစပါတယ္။ေရခဲဟာ ေသြးေၾကာေတြကို ညွစ္လိုက္သလို ျဖစ္ေစကာ၊ မ်က္ႏွာသုိ႔ ေသြးေလွ်ာက္တာနည္းသြားေစပါတယ္။ဒါေၾကာင့္ မ်က္ႏွာေယာင္ တာ၊အမ္းတာေတြအတြက္ အထူးေကာင္းမြန္ပါတယ္။ေရခဲကပ္ေပးလိုက္တဲ့ (cold treatment)ေၾကာင့္ မ်က္ႏွာမွာ (warm blood )ေသြးေလွ်ာက္အား (လွည့္ပတ္) အားကို ပိုေကာင္းလာေစပါတယ္။

(၄)မ်က္အိတ္တြဲက်

မ်က္လံုးမွာ မ်က္အိတ္တြဲက်တဲ့သူေတြအတြက္လည္း ေရခဲ ဟာအထူးေကာင္းမြန္ ပါတယ္။မ်က္ႏွာကို ပံံုမွန္ေရခဲကပ္ေပးျခင္းအားျဖင့္ မ်က္အိတ္တြဲက်ေတြကို သိ သိသာသာသက္သာေစမွာျဖစ္ပါတယ္။

(၅)ပါးေရ နားေရတြန္႔

ေရခဲမွာ အေရျပားကို တင္းရင္းေစတဲ့ အစြမ္းရွိတာေၾကာင့္ အမ်ိဳးသမီးေတြအေနနဲ႔ အထူးသျဖင့္ အသက္(၃၀)ေက်ာ္ အမ်ိဳးသမီးေတြအေန နဲ႔ ေရ ခဲကပ္ေပးျခင္း အားျဖင့္ ပါးေရနားေရတြန္႕တာေတြကို သိသိသာသာသက္ သာေစမွာျဖစ္ ပါတယ္။

(၆)အမည္းကြက္

မ်က္ႏွာေပၚမွာျဖစ္ေပၚတတ္တဲ့ အဖုအပိန္႔ေတြနဲ႔အမည္းကြက္ေတြအတြက္ လည္း ေရခဲက ထိေရာက္တဲ့ေဆးတစ္မ်ိဳးပါ။

ေရခဲရဲ႕အသံုး၀င္ပံုေတြကို ေျပာျပၿပီးၿပီဆုိေတာ့ ေရခဲကို နည္းလမ္းမွန္ကန္စြာ ဘယ္လုိအသံုးျပဳရမလဲဆိုတာကို ေျပာျပေပးခ်င္ပါတယ္။အရင္ဆံုး မ်က္ႏွာ ကို ေသခ်ာစင္ၾကယ္ေအာင္ သစ္လိုက္ပါ။ၿပီးရင္ေတာ့ ေရခဲတံုးအေသးေလး တစ္တံုး(သို႔)ႏွစ္တံုးကို ႏူးညံ့တဲ့အ၀တ္စတစ္ခုထဲမွာ ထည့္ထုပ္လိုက္ပါ။ၿပီးရင္ေ တာ့ အဲ့ဒီအ၀တ္ကို မ်က္ႏွာေပၚမွာရွိတဲ့ ဥပမာ-ပါးမွာ တစ္မိနစ္(သို႔)ႏွစ္ မိ နစ္ ေ လာက္ စက္၀ိုင္းပံုစံ ပြတ္ေပးပါ။ ၿပီးရင္ ေနာက္တစ္ေနရာကို အဲ့ဒီလိုပဲ တစ္ မိနစ္ (သို႔)ႏွစ္မိနစ္ၾကာေအာင္ အလားတူျပဳလုပ္ေပးရမွာျဖစ္ပါတယ္။အားလံုးၿပီးရ င္ေတာ့ မ်က္နွာကို moisturizer တစ္မ်ိဳးမ်ိဳးလိမ္းေပးပါ။

သတိျပဳရမယ့္ အခ်က္ေတြကေတာ့လက္ကေရခဲရဲ႕အေအးဒဏ္ကို ၾကာၾကာခံႏို င္မွာမဟုတ္ တာေၾကာင့္ ေရခဲကို လက္မွာ ဒီတိုင္းႀကီးကိုင္ၿပီး မပြတ္ပါနဲ႔။တ ကယ္လို႔ မ်က္ႏွာရွိတဲ့ ဆံျခည္မွ်င္ေသြးေၾကာေလးေ တြ ျပတ္ေတာက္တဲ့ သူမ်ိဳး ဆိုရင္ေတာ့ ေရခဲကို အသံုးမျပဳသင့္ပါဘူး။ေရခဲကပ္ေနရင္း မ်က္ႏွာတစ္ခု ခုအ ဆင္မေျပတာမ်ိဳးျဖစ္မယ္၊အရမ္းထံုလာမယ္္ဆိုရင္ေတာ့ ဆက္မလုပ္သင့္ပါဘူး။ မ်က္ႏွာကို ေရခဲကပ္ေပးတဲ့အခ်ိန္ဟာ (၁၅)မိနစ္ထက္ မပိုသင့္ပါဘူး။

Credit : Shwemom

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မျက်နှာကို ရေခဲကပ်ပေးခြင်းဟာ ကိုးရီးယားနိုင်ငံက မိန်းကလေးတွေအကြားရေ ပန်းစားတဲ့ အလှအပဆိုင်ရာ နည်းလမ်းတစ်ခုပါ။သူတို့ရဲ့မျက်နှာအသားအရေ လှပဖို့အတွက် ဒီနည်းလမ်းကို အလှအပဆိုင်ရာ treatments ဖြစ်ပြီး သူတို့ေ လးတွေရဲ့ မျက်နှာအသားအရေတွေ လှပနေရတဲ့ လျှို့ဝှက်ချက်လို့ လည်း ပြော လို့ရပါတယ်။မျက်နှာကို ရေခဲကပ်ပေးခြင်းအားဖြင့် ရရှိနိုင်မယ့် အကျိုးကျေး ဇူးတွေကတော့..

(၁)အသားအရေကို ချောမွတ်စေ

မျက်နှာကို ရေခဲကပ်ပေးခြင်းအားဖြင့် အရေပြားကို တင်းရင်းလှပစေကာ၊ချွေးနဲ့ အညစ်အကြေးတွေကြောင့် ပုံမှန်ရှိသင့်တာထက် ကျယ်နေတဲ့ချွေးပေါက်တွေကို ကျုံ့သွားစေပါတယ်။အသားအရေကိုလည်း နူးညံ့ချောမွတ်စေပါတယ်။

(၂)skin toner

ရေခဲဟာ မျက်နှာအတွက် ဈေးအသက်သာဆုံး (toner)လို့ ပြောလို့ရပါတယ်။ မိတ်ကပ်မလိမ်းခင် မျက်နှာကို ရေခဲကပ်ပေးခြင်းအားဖြင့် မိတ်ကပ်လိမ်းတဲ့ အခါ ပိုမိုအဆင်ပြေစေပါတယ်။မိတ်ကပ်နဲ့ဖုံးထားတဲ့ မျက်နှာအသားအရေမှာ ရှိ တဲ့ ချွေးပေါက်တွေကို ကျုံ့ပေးစေနိုင်တာကြောင့် ချွေးကြောင့် မိတ်ကပ်ကွက် တာမျိုးတွေမဖြစ်စေပါဘူး။အရင်နဲ့မတူပဲ ပိုမိုနူးညံ့နေတဲ့ မျက်နှာအသားအရေမှာ လိမ်းပေးရတဲ့ အတွက် ဒါ့အပြင်အောက်ခံ Foundation လိမ်းတဲ့အခါမှာ ပိုပြီး အဆင်ပြေနေတာကို သိသိသာသာခံစားရမှာဖြစ်ပါတယ်။

(၃)သွေးလှည့်ပတ်မှု

ရေခဲဟာ မျက်နှာအရေပြားရဲ့အောက်မှာ ရှိတဲ့ သွေးလှည့်ပတ်မှုတွေကို ပိုမိုေ ကာင်းမွန်စေပါတယ်။ရေခဲဟာ သွေးကြောတွေကို ညှစ်လိုက်သလို ဖြစ်စေကာ၊ မျက်နှာသို့ သွေးလျှောက်တာနည်းသွားစေပါတယ်။ဒါကြောင့် မျက်နှာယောင် တာ၊အမ်းတာတွေအတွက် အထူးကောင်းမွန်ပါတယ်။ရေခဲကပ်ပေးလိုက်တဲ့ (cold treatment)ကြောင့် မျက်နှာမှာ (warm blood )သွေးလျှောက်အား (လှည့်ပတ်) အားကို ပိုကောင်းလာစေပါတယ်။

(၄)မျက်အိတ်တွဲကျ

မျက်လုံးမှာ မျက်အိတ်တွဲကျတဲ့သူတွေအတွက်လည်း ရေခဲ ဟာအထူးကောင်းမွန် ပါတယ်။မျက်နှာကို ပံုံမှန်ရေခဲကပ်ပေးခြင်းအားဖြင့် မျက်အိတ်တွဲကျတွေကို သိ သိသာသာသက်သာစေမှာဖြစ်ပါတယ်။

(၅)ပါးရေ နားရေတွန့်

ရေခဲမှာ အရေပြားကို တင်းရင်းစေတဲ့ အစွမ်းရှိတာကြောင့် အမျိုးသမီးတွေအနေနဲ့ အထူးသဖြင့် အသက်(၃၀)ကျော် အမျိုးသမီးတွေအနေ နဲ့ ရေ ခဲကပ်ပေးခြင်း အားဖြင့် ပါးရေနားရေတွန့်တာတွေကို သိသိသာသာသက် သာစေမှာဖြစ် ပါတယ်။

(၆)အမည်းကွက်

မျက်နှာပေါ်မှာဖြစ်ပေါ်တတ်တဲ့ အဖုအပိန့်တွေနဲ့အမည်းကွက်တွေအတွက် လည်း ရေခဲက ထိရောက်တဲ့ဆေးတစ်မျိုးပါ။

ရေခဲရဲ့အသုံးဝင်ပုံတွေကို ပြောပြပြီးပြီဆိုတော့ ရေခဲကို နည်းလမ်းမှန်ကန်စွာ ဘယ်လိုအသုံးပြုရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။အရင်ဆုံး မျက်နှာ ကို သေချာစင်ကြယ်အောင် သစ်လိုက်ပါ။ပြီးရင်တော့ ရေခဲတုံးအသေးလေး တစ်တုံး(သို့)နှစ်တုံးကို နူးညံ့တဲ့အဝတ်စတစ်ခုထဲမှာ ထည့်ထုပ်လိုက်ပါ။ပြီးရင်ေ တာ့ အဲ့ဒီအဝတ်ကို မျက်နှာပေါ်မှာရှိတဲ့ ဥပမာ-ပါးမှာ တစ်မိနစ်(သို့)နှစ် မိ နစ် ေ လာက် စက်ဝိုင်းပုံစံ ပွတ်ပေးပါ။ ပြီးရင် နောက်တစ်နေရာကို အဲ့ဒီလိုပဲ တစ် မိနစ် (သို့)နှစ်မိနစ်ကြာအောင် အလားတူပြုလုပ်ပေးရမှာဖြစ်ပါတယ်။အားလုံးပြီးရ င်တော့ မျက်နှာကို moisturizer တစ်မျိုးမျိုးလိမ်းပေးပါ။

သတိပြုရမယ့် အချက်တွေကတော့လက်ကရေခဲရဲ့အအေးဒဏ်ကို ကြာကြာခံနို င်မှာမဟုတ် တာကြောင့် ရေခဲကို လက်မှာ ဒီတိုင်းကြီးကိုင်ပြီး မပွတ်ပါနဲ့။တ ကယ်လို့ မျက်နှာရှိတဲ့ ဆံခြည်မျှင်သွေးကြောလေးေ တွ ပြတ်တောက်တဲ့ သူမျိုး ဆိုရင်တော့ ရေခဲကို အသုံးမပြုသင့်ပါဘူး။ရေခဲကပ်နေရင်း မျက်နှာတစ်ခု ခုအ ဆင်မပြေတာမျိုးဖြစ်မယ်၊အရမ်းထုံလာမယ်ဆိုရင်တော့ ဆက်မလုပ်သင့်ပါဘူး။ မျက်နှာကို ရေခဲကပ်ပေးတဲ့အချိန်ဟာ (၁၅)မိနစ်ထက် မပိုသင့်ပါဘူး။


Credit : Shwemom


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top