iMyanmarHouse.com - Best Property Website for Myanmar
×

ႏွလံုး က်န္းမာေရးသည္ မနက္စာ စားေသာက္သည့္ အေလ့အထႏွင့္ ဆက္ႏြယ္မႈရွိၿပီး ေန႔စဥ္ေန႔တိုင္း နံနက္စာကို ပံုမွန္ အခ်ိန္ယူ စားေသာက္သင့္ေၾကာင္း သုေတသီမ်ားက အႀကံုျပဳ ေျပာၾကားလုိက္သည္။ Circulation (ေသြးလွည့္ပတ္မႈ) ေဆးပညာ ဂ်ာနယ္တြင္ ေဖာ္ျပထားသည့္ ေဆာင္းပါးသည္ လူေပါင္း (၂၇၀၀၀)၏ ေနထိုင္မႈ ဓေလ့စရိုက္ႏွင့္ က်န္းမာေရး ဆက္ႏြယ္မႈတို႔အေပၚ အေျခခံ သုေတသန ျပဳထားျခင္း ျဖစ္သည္။ သုေတသီမ်ားက နံနက္စာ မစားဘဲ ေနျခင္းသည္ ႏွလံုးတြင္ ျပႆနာမ်ား ျဖစ္ေပၚႏိုင္သည့္ အႏၱရာယ္ကို ပိုမို ႀကီးမားလာေစႏုိင္ေၾကာင္း ဆိုသည္။

တစ္ဖက္တြင္လည္း နံနက္စာကို က်န္းမာေရးႏွင့္ ေလ်ာ္ညီသင့္တင့္သည့္ ေရြးခ်ယ္မႈမ်ိဳးျဖင့္ စားေသာက္သင့္ေၾကာင္း သုေတသီမ်ားက ေျပာၾကားခဲ့သည္။ ဟားဗက္ ျပည္သူ႔က်န္းမာေရး ေဆးေက်ာင္းမွ ပညာရွင္မ်ားက မနက္စာ လြတ္သြားျခင္းေၾကာင့္ ခႏၶာကိုယ္သည္ ဇီဝကမၼ ျဖစ္စဥ္မ်ားအတြက္ ပိုမို အားစိုက္ လႈပ္ရွားရေလ့ရွိေၾကာင္း ရွင္းျပခဲ့သည္။ ထိုအေနအထားေၾကာင့္ ခႏၶာကိုယ္ ေသြးလွည့္ပတ္မႈတြင္ အဓိက အစိတ္အပိုင္းျဖစ္ေသာ ႏွလံုးသည္ ထိခိုက္မႈ ပိုႀကီးလာတတ္ေၾကာင္းလည္း သိရသည္။

ၿဗိတိသွ် ႏွလံုးေဖာင္ေဒးရွင္းကလည္း မနက္စာကို ေလ်ာ္ေလ်ာ္ကန္ကန္ စားသံုးျခင္းသည္ လူအမ်ားအေနျဖင့္ သၾကားဓာတ္ လြန္ကဲသည့္ Snackကဲ့သို႔ သေရစာမုန္႔မ်ား စားေသာက္ျခင္းကို အတားအဆီးတစ္ရပ္ ျဖစ္သြားေစေလ့ရွိေၾကာင္း ေထာက္ခံထားသည္။ အသက္(၄၅)ႏွစ္မွ (၈၂)ႏွစ္ၾကား လူေပါင္း (၂၇၀၀၀)တို႔၏ (၁၆)ႏွစ္ၾကာ က်န္းမာေရး မွတ္တမ္းမ်ားႏွင့္ ေနထုိင္မႈ ဓေလ့စရိုက္မ်ားကို သုေတသီမ်ားက ယွဥ္တြဲ ေလ့လာခဲ့ၿပီး ယင္းတို႔အနက္ (၁၅၀၀)ခန္႔သည္ ႏွလံုးေဖာက္ျပန္မႈ၊ ေသဆံုးသည္အထိ ဆိုးရြားသည့္ ႏွလံုးေရာဂါ ထိုးႏွက္မႈမ်ားႏွင့္ ႀကံဳခဲ့ရေၾကာင္း ေတြ႕ရွိခဲ့သည္။ အဓိကအားျဖင့္ ယင္းတို႔အနက္ အမ်ားစုသည္ မနက္စာ ပံုမွန္စားေသာက္သည့္ အေလ့အက်င့္မ်ိဳး ကင္းကြာေနသည္ကို ေဖာ္ထုတ္ႏုိင္ခဲ့သည္။

ႏွလံုးထိခိုက္မႈကို ထိခိုက္ေစသည့္ အျခားညႊန္ကိန္းမ်ားမွာ ေဆးလိပ္ေသာက္ျခင္းႏွင့္ ကိုယ္လက္လႈပ္ရွားမႈ နည္းပါးျခင္းတို႔ ျဖစ္ေၾကာင္းလည္း ပညာရွင္မ်ားက ထပ္မံ အတည္ျပဳခဲ့သည္။ သုေတသီ တစ္ဦးျဖစ္သူ ေဒါက္တာ လားကာေဟးလ္က BBCႏွင့္ အင္တာဗ်ဴးတြင္ "ကၽြန္မတုိ႔ ေျပာခ်င္တာကေတာ့ နံနက္ခင္း ကိုယ့္အိမ္မွာ အစားမွန္မွန္ စားဖို႔ပါပဲ။ အထူးသျဖင့္ မနက္အိပ္ရာထၿပီး (၁)နာရီ အေတာအတြင္းေလာက္ ဆိုပါေတာ့။ တစ္ခုခု အက်ိဳးရွိတယ္ဆိုတာ ဘာမွ အက်ိဳးမရွိတာထက္ ေကာင္းပါတယ္။ ေသခ်ာတာက က်န္းမာေရးအရ မွ်ေျခရွိတဲ့ ေနထုိင္မႈ ပံုစံတစ္ခုက အၿမဲတမ္း ပိုေကာင္းတဲ့ဘက္က ရွိတယ္ ဆိုတာပါပဲ"ဟု ေျပာၾကားခဲ့သည္။

သူမက နံနက္စာလြတ္ၿပီး ေန႔လယ္စာ စားခ်ိန္ထိ အဆာခံေနရျခင္းသည္ ေရရွည္တြင္ ထိခုိက္မႈ မ်ားလိမ့္မည္ဟု ဆိုသည္။ "မနက္စာကို လက္လြတ္ မခံပါနဲ႔။ ခႏၶာကိုယ္ထဲက ဇီဝကမၼ ျဖစ္စဥ္ေတြအတြက္ ပိုအားစိုက္ရရင္ ေသြးတိုးႏုိင္တာမ်ိဳး၊ အဝလြန္တာမ်ိဳး၊ ဆီးခ်ိဳျဖစ္တာမ်ိဳး ႀကံဳရႏိုင္တယ္။ အဲဒီအခ်က္ေတြ အားလံုးက ႏွလံုးကို ထိခုိက္သြားႏိုင္တယ္။ ဒါေၾကာင့္ မနက္စာကို လက္လြတ္ မခံပါနဲ႔"ဟုလည္း ေဒါက္တာကာေဟးလ္က အေလးအနက္ ထပ္မံ တိုက္တြန္းသြားသည္။

 Credit :  Planet
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

နှလုံး ကျန်းမာရေးသည် မနက်စာ စားသောက်သည့် အလေ့အထနှင့် ဆက်နွယ်မှုရှိပြီး နေ့စဉ်နေ့တိုင်း နံနက်စာကို ပုံမှန် အချိန်ယူ စားသောက်သင့်ကြောင်း သုတေသီများက အကြုံပြု ပြောကြားလိုက်သည်။ Circulation (သွေးလှည့်ပတ်မှု) ဆေးပညာ ဂျာနယ်တွင် ဖော်ပြထားသည့် ဆောင်းပါးသည် လူပေါင်း (၂၇၀၀၀)၏ နေထိုင်မှု ဓလေ့စရိုက်နှင့် ကျန်းမာရေး ဆက်နွယ်မှုတို့အပေါ် အခြေခံ သုတေသန ပြုထားခြင်း ဖြစ်သည်။ သုတေသီများက နံနက်စာ မစားဘဲ နေခြင်းသည် နှလုံးတွင် ပြဿနာများ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ကို ပိုမို ကြီးမားလာစေနိုင်ကြောင်း ဆိုသည်။

တစ်ဖက်တွင်လည်း နံနက်စာကို ကျန်းမာရေးနှင့် လျော်ညီသင့်တင့်သည့် ရွေးချယ်မှုမျိုးဖြင့် စားသောက်သင့်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။ ဟားဗက် ပြည်သူ့ကျန်းမာရေး ဆေးကျောင်းမှ ပညာရှင်များက မနက်စာ လွတ်သွားခြင်းကြောင့် ခန္ဓာကိုယ်သည် ဇီဝကမ္မ ဖြစ်စဉ်များအတွက် ပိုမို အားစိုက် လှုပ်ရှားရလေ့ရှိကြောင်း ရှင်းပြခဲ့သည်။ ထိုအနေအထားကြောင့် ခန္ဓာကိုယ် သွေးလှည့်ပတ်မှုတွင် အဓိက အစိတ်အပိုင်းဖြစ်သော နှလုံးသည် ထိခိုက်မှု ပိုကြီးလာတတ်ကြောင်းလည်း သိရသည်။

ဗြိတိသျှ နှလုံးဖောင်ဒေးရှင်းကလည်း မနက်စာကို လျော်လျော်ကန်ကန် စားသုံးခြင်းသည် လူအများအနေဖြင့် သကြားဓာတ် လွန်ကဲသည့် Snackကဲ့သို့ သရေစာမုန့်များ စားသောက်ခြင်းကို အတားအဆီးတစ်ရပ် ဖြစ်သွားစေလေ့ရှိကြောင်း ထောက်ခံထားသည်။ အသက်(၄၅)နှစ်မှ (၈၂)နှစ်ကြား လူပေါင်း (၂၇၀၀၀)တို့၏ (၁၆)နှစ်ကြာ ကျန်းမာရေး မှတ်တမ်းများနှင့် နေထိုင်မှု ဓလေ့စရိုက်များကို သုတေသီများက ယှဉ်တွဲ လေ့လာခဲ့ပြီး ယင်းတို့အနက် (၁၅၀၀)ခန့်သည် နှလုံးဖောက်ပြန်မှု၊ သေဆုံးသည်အထိ ဆိုးရွားသည့် နှလုံးရောဂါ ထိုးနှက်မှုများနှင့် ကြုံခဲ့ရကြောင်း တွေ့ရှိခဲ့သည်။ အဓိကအားဖြင့် ယင်းတို့အနက် အများစုသည် မနက်စာ ပုံမှန်စားသောက်သည့် အလေ့အကျင့်မျိုး ကင်းကွာနေသည်ကို ဖော်ထုတ်နိုင်ခဲ့သည်။

နှလုံးထိခိုက်မှုကို ထိခိုက်စေသည့် အခြားညွှန်ကိန်းများမှာ ဆေးလိပ်သောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းတို့ ဖြစ်ကြောင်းလည်း ပညာရှင်များက ထပ်မံ အတည်ပြုခဲ့သည်။ သုတေသီ တစ်ဦးဖြစ်သူ ဒေါက်တာ လားကာဟေးလ်က BBCနှင့် အင်တာဗျူးတွင် "ကျွန်မတို့ ပြောချင်တာကတော့ နံနက်ခင်း ကိုယ့်အိမ်မှာ အစားမှန်မှန် စားဖို့ပါပဲ။ အထူးသဖြင့် မနက်အိပ်ရာထပြီး (၁)နာရီ အတောအတွင်းလောက် ဆိုပါတော့။ တစ်ခုခု အကျိုးရှိတယ်ဆိုတာ ဘာမှ အကျိုးမရှိတာထက် ကောင်းပါတယ်။ သေချာတာက ကျန်းမာရေးအရ မျှခြေရှိတဲ့ နေထိုင်မှု ပုံစံတစ်ခုက အမြဲတမ်း ပိုကောင်းတဲ့ဘက်က ရှိတယ် ဆိုတာပါပဲ"ဟု ပြောကြားခဲ့သည်။

သူမက နံနက်စာလွတ်ပြီး နေ့လယ်စာ စားချိန်ထိ အဆာခံနေရခြင်းသည် ရေရှည်တွင် ထိခိုက်မှု များလိမ့်မည်ဟု ဆိုသည်။ "မနက်စာကို လက်လွတ် မခံပါနဲ့။ ခန္ဓာကိုယ်ထဲက ဇီဝကမ္မ ဖြစ်စဉ်တွေအတွက် ပိုအားစိုက်ရရင် သွေးတိုးနိုင်တာမျိုး၊ အဝလွန်တာမျိုး၊ ဆီးချိုဖြစ်တာမျိုး ကြုံရနိုင်တယ်။ အဲဒီအချက်တွေ အားလုံးက နှလုံးကို ထိခိုက်သွားနိုင်တယ်။ ဒါကြောင့် မနက်စာကို လက်လွတ် မခံပါနဲ့"ဟုလည်း ဒေါက်တာကာဟေးလ်က အလေးအနက် ထပ်မံ တိုက်တွန်းသွားသည်။


 Credit :  Planet

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top