iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Trend Myanmar
Unicode Version
ထိပ်ပြောင်တဲ့ အမျိုးသားတွေ အတွက်တော့ သိပ္ပံပညာရှင်တွေရဲ့ ဆံပင်ပြန်ပေါက်အောင်ပြုလုပ်နည်း ကို ရှာဖွေတွေ့ရှိမှုကြောင့် ဝမ်းသာစရာ ဖြစ်လာခဲ့ပါပြီ။အဲဒီနည်းလမ်းက ပျော်ဖို့တော့ကောင်းမှာ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ ကျန်တဲ့ ဆံပင်တွေ အားလုံးကိုပါ ညှပ်ပစ်ရမှာ မို့လို့ပါ။ စိတ်ဝင်စားဖို့ကောင်းတဲ့ အတွေအကြုံများစွာအရ အမေရိကန် သုတေသီ တွေဟာ သူတို့ ဆံပင် ၂၀၀ ခန့် ကို ရိတ်လိုက်ရာမှာ ခြောက်ဆ လောက်ရှိတဲ့ များစွာသော ဆံပင်တွေ ပြန်ပေါက်လာတာကို တွေ့ရှိခဲ့ပါတယ်။
ဆံပင်တွေကို ရိတ်လိုက်တာတော့ တစ်နေရာတည်းကပါ။ ဒါပေမယ့် ဆံပင်တွေ ပြန်ပေါက်လာတဲ့အခါမှာတော့ နေရာ အနှံမှာ ပြန်လည် ပေါက်လာနိုင်တာကို တွေ့ရပါတယ်။
ဆံပင်တွေကို ရိတ်ပစ်တာထက် ဆွဲနှုတ်လိုက်ပြီး နာကျင်မှုကို ခံစားလိုက်ရတယ်ဆိုရင်တော့ ဆံပင်မပေါက်ခြင်းရဲ့ ကုထုံးဆီကို ဦးတည်လိုက်နိုင်ပြီလို့ ကယ်လီဖိုးနီးယား တောင်ပိုင်း တက္ကသိုလ်က သုတေသီတွေက ဆိုပါတယ်။
သုတေသီတွေဟာ ကြွက်တစ်ကောင်ရဲ့ ဆံပင် ၂၀၀ ခန့်ကို ဆွဲနှုတ်ခဲ့ပြီး ရက်အနည်းငယ် အကြာမှာ ထိုကြွက်ဟာ ဆံပင် ၁၃၀၀ ခန့် ပြန်ပေါက်နေတာကို တွေ့ခဲ့ရပါတယ်။
ယောကျာၤးလေးတော်တော်များများဟာ ဆယ်ကျော်သက်ဘ၀ ကတည်းက ဆံပင်မပေါက်တော့တဲ့ ဝေဒနာကို ခံစားနေခဲ့ရတာ ဖြစ်ပါတယ်။ အမျိုးသမီး အများစုမှာလည်း ဆံပင်ပါးတဲ့ ပြသနာကို ကြုံနေရပြီး ထိုပြသနာတွေရဲ့ သက်ရောက်မှုတွေဟာ တူညီတယ်လို့ သိရပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top