iMyanmarHouse.com - Best Property Website for Myanmar
×
(၂)ဥာဏ်ပညာရှိတဲ့ အရေးအသားမျိုး
(၅)ဇွဲရှိပါ
Credit : Shwemom
ပို့သပေးပါတယ်။
 Unicode Version
များသောအားဖြင့် ရုပ်ရည်လှပတဲ့ မိန်းကလေးတွေက ချစ်သူကောင်း၊လက်တွဲေ ဖာ်ကောင်းကောင်းနဲ့ဆုံဖို့ အခွင့်အရေးပိုများတတ်ပါတယ်။ဒါပေမယ့် ရုပ်အ လှ မပြည့်စုံတဲ့သူတွေအနေနဲ့ ဒီလိုအခွင့်အရေးကို မပိုင်ဆိုင်ဘူးလို့တော့ မဆို လိုပါဘူး။အဲ့ဒီအတွက် နည်းလမ်းရှိပါတယ်။
(၁)ငြင်းပယ်မှုဒဏ်တွေကို ပြင်ဆင်ထားပါ
တစ်ချို့သော ယောက်ျားတွေဟာ လှတဲ့ မိန်းကလေးကိုမှ သဘောကျရွေးချယ် တတ်ကြပါတယ်။အင်တာနက်ဆိုရှယ်နက်ဝါ့ခ်တွေမှာ ဆိုရင် များသောအားဖြင့် သူတို့မျှော်နေတာက ချစ်စရာကောင်းတဲ့ လှတဲ့ကောင်းမလေးတွေပါ။ဒါကြောင့် ဒီလိုအလှအပကိုမှရှာနေတဲ့ သူတွေနဲ့ဆုံခဲ့မယ်ဆိုရင်၊သူတိုု့ဆီကေ န ငြင်း ပယ် ခံရတာမျိုးနဲ့ ကြုံရမယ်ဆိုရင် ဘာမှဝမ်းနည်းစရာ မလိုပါဘူး။သူတို့က သင်လို ချင်နေတဲ့ လူမျိုးမဟုတ်ပါဘူး။သူတို့ဆီက အငြင်းခံရလည်း ပြဿာနာမရှိပါဘူး။ date apps တွေကနေ ချစ်သူရှာမယ်လို့ ဆုံးဖြတ်ထားရင် လိုက်နာရမယ့် အချက်တွေရှိပါတယ်။
(၂)ဉာဏ်ပညာရှိတဲ့ အရေးအသားမျိုး
အင်တာနက် date app တွေမှာရှိတဲ့ အမျိုးသားတော်တော်များများဟာ ဉာဏ် ပညာရှိတဲ့ အရေးအသားမျိုး၊ပညာရှင်ဆန်တဲ့ စကားလုံးမျိုးကို မိန်းကလေးတွေ ဆီက ကြားရတာနည်းပါတယ်။ဒါကြောင့် ကိုယ့်ရဲ့ အရေးအသားက ထက်မြက် တဲ့ အရေးအသားမျိုး ဖြစ်နေဖို့လိုပါတယ်။အဲ့ဒီလိုပြောလို့ ပညာရှင်ဆန်တဲ့ စကားလုံး အရေးအသားတွေကို အများကြီး သုံးစရာ၊ပြောနေစရာမလိုပါဘူး။ ပုံမှန်အတိုင်းပဲပြောပါ။ဥပမာ fb မှာ ဉာဏ်ပညာရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အရေးအသား post တွေကို တင်ပေးပါ။မပြောခင် မရေးခင်မှာ အရင်ဆုံး ကြိုစဉ်းစားပါ။သေချာပြင်ဆင်ပါ။
(၃)ပုံမတင်ပါနဲ့ပုံမပို့ပါနဲ့
Date app ကိုသုံးတဲ့သူ၊ကိုယ်နဲ့လိုက်ဖက်မယ်ထင်တဲ့သူဆီ စမ်းပြီး အီးမေး လ်ပို့ဆက်သွယ်ဆိုရင် ပုံထည့်မပို့ပါနဲ့။အီးမေးလ်ဆိုရင်လည်း ငြင်းရက်စရာ မရှိတဲ့ အရေးအသားမျိုးဖြစ်ပါစေ။စွဲမက်စရာ စကားလုံး ငြင်းရက်စရာ မရှိတဲ့ အရေးအသားဖြစ်ပါစေ။
(၄)profile ကောင်းကောင်းရေးပါ
တစ်ချို့က သူ့ရဲ့ profile ကို ပြောပြမယ်၊ဖော်ပြမယ်ဆိုရင် ကျွန်မကတော့.. ဒါမျိုးနဲ့စလေ့ရှိပါတယ်။အဲ့ဒီလိုမလုပ်ပါနဲ့။အနှစ်သက်ဆုံး စကားပုံတစ်ခု ရယ်စရာပုံပြင်တစ်ပုဒ် အစရှိတာတွေနဲ့စပါ။profile ကိုမပြောခင် တခြား ဟာလေးနဲ့ အရင်စချင်တယ် အဲ့ဒီလိုမျိုး စကားအရင်ခံပေးဖို့ လိုပါတယ်။
(၄)ပထမဆုံး ဒိတ်မှာ စကားတွေအများကြီး မပြောပါနဲ့
ဒီလိုနဲ့ပထမဆုံး ဒိတ်လုပ်မယ့် အဆင့်ကို ရောက်ရင် တော့ ဒီအချက်ကို သိထား သင့်ပါတယ်။အခုထိလွတ်လပ်ပေါ့ပါးစွာ ပြောချင်တာပြောလို့ရတဲ့ အဆင့်ကို မရောက်သေးပါဘူး။စကားတွေအများကြီးမပြောပါနဲ့။နားထောင်သူအရင် လုပ်ပါ။ တစ်ချို့သူပြောတဲ့ စကားတွေကိုတော့ မေးခွန်းပြန်ထုတ်ပါ။ပထမဆုံး ဒိတ်စကား ဝိုင်းဟာ တိတ်ဆိတ်ရင်လည်း တိတ်ဆိတ်နေနိုင်ပါတယ်။ဒါက ပြဿနာမဟုတ် ပါဘူး။ဖြစ်တတ်ပါတယ်။
(၅)ဇွဲရှိပါ
ဒီအချက်ကတော့ အရေးအကြီးဆုံးပါပဲ။အချစ်စစ်ဆိုတာ အလွယ်လေးရောက် လာတဲ့ အရာမဟုတ်ပါဘူး။ရုပ်အလှမပြည့်စုံတဲ့ အမျိုးသမီးတွေကမှ ကမ္ဘာကြီးကို တကယ်အလှဆင်ပေးနိုင်သူတွေပါ။အချစ်စစ်ကို ရောက်လာဖို့ကတော့ အချိန်ပေးဖို့လိုပါတယ်။ဘယ်တော့မှအရှုံးမပေးပါနဲ့။စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ သင့်ဆီကို ရောက်လာမှာပါ။
Credit : Shwemom
 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top