iMyanmarHouse.com - Best Property Website for Myanmar
×




(၂)ကိုယ်အလေးချိန်ကျစေ


(၃)သွေးပေါင်ချိန်ကျစေ






(၆)ဆီးချိုအတွက် ကောင်း




Credit : Shwemom



Unicode Version

အပူပိုင်းဒေသမှာ ပေါက်ရောက်လေ့ရှိတဲ့ ပိန္နဲသီးကို စားခြင်းဖြင့် ရလာမယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးချင်ပါတယ်။ပိန္နဲသီးဟာ Moraceae မျိုးဝင် အပင်ဖြစ်ပါတယ်။vitamin C ၊ A, thiamin, niacin, riboflavin, calcium, potassium အစရှိတာတွေ ပါဝင်ပါတယ်။ပိန္နဲသီးစားခြင်းဖြင့် ရလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့..

(၁)ကင်ဆာဖြစ်နိုင်ချေကို လျော့ကျစေ

ပိန္နဲသီးမှာ  anti-oxidants နဲ့ phytonutrient တို့ပါရှိတာကြောင့် အဆုတ် ကင်ဆာ၊ရင်သားကင်ဆာ၊အစာအိမ်ကင်ဆာ၊အရေပြားကင်ဆာ၊ဆီးကြိတ်ကင်ဆာ ဖြစ်ပွားနိုင်ချေကို လျော့ချပေးနိုင်ပါတယ်။

(၂)ကိုယ်အလေးချိန်ကျစေ

အဝလွန်သူတွေအတွက် ပိန္နဲသီးက ကူညီပေးနိုင်ပါတယ်။သူ့မှာfree of fat နဲ့ ကယ်လိုရီနည်းပါးတာကြောင့် ကိုယ်အလေးချိန်ကျစေဖို့ အထောက်အကူဖြစ်ေ စပါတယ်။

(၃)သွေးပေါင်ချိန်ကျစေ

potassium အများကြီးပါတာကြောင့် သွေးဖိအားကို လျော့ကျစေကာ၊နှ လုံးေ ရာဂါ၊လေဖြတ်ရောဂါ ဖြစ်ပွားခြင်းတွေကို လျော့ကျစေပါတယ်။

(၄)အစာချေစနစ်ကို ကောင်းမွန်စေ

အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။သူ့မှာ အမျှင်ဓါတ်(fibers)တွေေ ပါကြွယ်ဝစွာပါဝင်ပါတယ်။အူမကြီးနဲ့အစာအိမ်တို့မှာရှိတဲ့ ကင်ဆာဖြစ်စေနို င်တဲ့ ဒြပ်ပေါင်းတို့ကို ဖယ်ရှားပေးနိုင်ပါတယ်။

(၅)အိပ်မပျော်တာတွေကို သက်သာစေ

အိပ်မပျော်တာတွေကို သက်သာစေပါတယ်။သူ့မှာ magnesium နဲ့ iron ပေါကြွယ်ဝစွာပါဝင်တာကြောင့် အိပ်မပျော်တာတွေကို ကာကွယ်၊ သက်သာစေပါတယ်။

(၆)ဆီးချိုအတွက် ကောင်း

သွေးထဲမှာရှိတဲ့ သကြားကို စုပ်ယူပေးနိုင်စွမ်းရှိတာကြောင့် ဆီးချိုရောဂါအတွ က်ေ ကာင်းပါတယ်။

(၇)မျက်လုံးနဲ့အသားအရေကို ထိန်းသိမ်းပေးနိုင်

vitamin A ပါရှိတာကြောင့် မျက်လုံးအမြင်အာရုံနဲ့အသားအရေပျက်စီး တာ (ပါးရေ၊နားရေတွန့်)တာတွေကို သက်သာစေပါတယ်။ဒါ့အပြင်တခြားကောင်း ကျိုးတွေကတော့ အရိုးတွေကိုသန်မာစေကာ အာရုံကြောစနစ်တွေအတွက် အထောက်အကူဖြစ်စေပါတယ်.

Credit : Shwemom


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...





 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top