iMyanmarHouse.com - Best Property Website for Myanmar
×

ဆီးချိုရောဂါနဲ့ ပတ်သက်လာရင် မိမိဆီစားသုံးမှု စစ်ဆေးဖို့နဲ့ အကောင်းဆုံးဆီကို ရွေးချယ်ဝယ်ယူဖို့ အရေးကြီးပါတယ်။ အာဟာရဗေဒပညာရှင်တွေ အကြံပြုထားတဲ့ ဆီးချိုရောဂါရှိသူတွေ နေ့စဉ်ပုံမှန်အစားအစာထဲ ထည့်သွင်းစားသုံးသင့်တဲ့ ဟင်းချက်ဆီတချို့ရှိပါတယ်။

သံလွင်ဆီ

နှလုံးကျန်းမာဖို့သာမက သံလွင်ဆီက ဆီးချိုရောဂါခံစားသူတွေအတွက်လည်း သင့်တော်ကောင်းမွန်ပါတယ်။ ဘာလို့လဲဆိုတော့ သံလွင်ဆီဟာ သွေးထဲသကြားဓာတ်ဝင်မှု ထိန်းချုပ်ပေးတဲ့ဒြပ်တုံ့ပြန်နိုင်မှု ပိုမိုကောင်းမွန်စေပြီး triglycerides လျှော့ချခြင်းဖြင့် သွေးထဲသကြားဓာတ်ပမာဏ ထိန်းသိမ်းပေးလို့ပဲ ဖြစ်ပါတယ်။

အုန်းဆီ

ဆံပင်နဲ့ အသားအရေအတွက် အုန်းဆီရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက လူသိများပေမယ့် ဆီးချိုရောဂါအတွက် ကျန်းမာရေးနဲ့ညီညွတ်နိုင်တယ်လို့ရော စဉ်းစားမိဖူးပါသလား။ အုန်းဆီမှာ ဇီဝတွင်းဖြစ်ပျက်မှုနဲ့ အစာခြေဖျက်မှုလွယ်ကူစေတဲ့ (medium chain triglycerides) ပေါကြွယ်ဝစွာ ပါဝင်တာမို့  အဆီမဖြစ်ပွားစေပါဘူး။

ဖွဲနုဆီ

ကိုလက်ထရောလျှော့နည်းစေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်တာကြောင့် မိမိနေ့စဉ်ပုံမှန်အစားအစာထဲမှာ ဖွဲနုဆီအသုံးပြုသင့်ပါတယ်။ အဲဒီအပြင် antioxidant အရင်းအမြစ်ကောင်းတစ်ခုဖြစ်ကာ ကိုယ်ခံအား ကောင်းစေ၊ အားအင်တိုးမြင့်စေပြီး နှလုံးလည်း ကာကွယ်ပေးပါတယ်။


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top