iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ္ေယာက္ရဲ႕ ဦးေႏွာက္ကို ပ်က္စီးေစတဲ့ အေလ့အက်င့္ေတြက ဦးေႏွာက္ရဲ႕ စြမ္းေဆာင္ႏုိင္ေခ်ကို ျမင့္ေအာင္လုပ္ႏုိင္တဲ့ အက်င့္ေတြထက္ပိုျပီး သိထားသင့္ပါတယ္။ ကၽြန္မတို႔ဟာ သတိမထားလိုက္မိဘဲ မိမိရဲ႕ ဦးေႏွာက္ကို ထိိခိုက္ေအာင္လုပ္မိတတ္ပါတယ္။ ဒါေၾကာင့္ ဦးေႏွာက္ကို ပ်က္စီးေစတဲ့ အေလ့အက်င့္ေတြ ကုိေျပာျပေပးခ်င္ပါတယ္။
 
မနက္စာမစားတာ- မနက္စာမစားတဲ့လူေတြမွာ ေသြးတြင္းသၾကားဓာတ္ပမာဏ ေလ်ာ့က်ႏုိင္ပါတယ္။ ဒါက ဦးေႏွာက္အတြက္လိုအပ္တဲ့ အာဟာရလုံလုံေလာက္ေလာက္မရျဖစ္ေစျပီး ဦးေႏွာက္ပ်က္စီးျခင္းကို ျဖစ္ေစႏုိ္င္ပါတယ္။
 
အစာအလြန္အကၽြံစားတာ - ဦးေႏွာက္တြင္းမွာရွိတဲ့ ေသြးလႊတ္ေၾကာေတြကို မာေၾကာေစျပီး စိတ္စြမ္းအင္ကို ေလ်ာ့က်ေစႏုိ္င္ပါတယ္။
 
ေဆးလိပ္ေသာက္တာ - ဦးေႏွာက္ကို အၾကိမ္ေပါင္းမ်ားစြာၾကဳံ႔ေစျပီး အယ္ဇိုင္းမားေရာဂါျဖစ္ေစႏုိင္ပါတယ္။
 
အခ်ဳိအစားမ်ားတာ- သၾကားဓာတ္မ်ားလြန္းျခင္းက ပရိုတင္းဓာတ္နဲ႔ အာဟာရေတြစုပ္ယူျခင္းကို အေႏွာင့္အယွက္ေပးႏုိင္တာေၾကာင့္ အာဟာရခ်ဳိ႔တဲ့ျခင္းနဲ႔ ဦးေႏွာက္ဖြံ႔ျဖိဳးျခင္းတုိ႔မွာ အေႏွာင့္အယွက္ ျဖစ္ေစႏုိင္ပါတယ္။
 
ေလထုညစ္ညမ္းျခင္း - ဦးေႏွာက္က ခႏၶာကိုယ္မွာ ေအာက္ဆီဂ်င္ကို အသုံးစြဲဆုံးအစိတ္အပိုင္းျဖစ္ျပီး မသန္႔ရွင္းတဲ့ေလကို ရွဴရႈိက္ျခင္းက ဦးေႏွာက္ရဲ႕ စြမ္းေဆာင္ရည္ကို က်ဆင္းေစပါတယ္။
 
အိပ္ေရးပ်က္ျခင္း - အိပ္စက္ျခင္းက ဦးေႏွာက္ကို အနားေပးျခင္းျဖစ္ပါတယ္။ မၾကာခဏအိပ္ေရးပ်က္ျခင္းက ဦးေႏွာက္ဆဲလ္မ်ားေသဆုံးမႈကို ျဖစ္ေစႏုိင္ပါတယ္။
 
ေခါင္းျမီးျခဳံအိပ္ျခင္း- အိပ္ေနစဥ္မွာ ေခါင္းကိုဖုံးျပီးအိပ္တာက ကာဗြန္ဒုိင္ေအာက္ဆုိက္ဒ္မ်ားလာေစျပီး ေအာက္ဆီဂ်င္ေလ်ာ့နည္းေစတဲ့အတြက္ ဦးေႏွာက္ကိုအဓိက ပ်က္စီးေစႏုိင္ပါတယ္။
 
ေနမေကာင္းျဖစ္ေနစဥ္ဦးေႏွာက္ျဖင့္အလုပ္လုပ္ျခင္း- ေနမေကာင္းျဖစ္ေနခ်ိန္ စာက်က္ျခင္း၊ စဥ္းစားရလြန္းေသာ အလုပ္လုပ္ျခင္းက ဦးေႏွာက္ရဲ႕ စြမ္းေဆာင္ရည္ကို က်ဆင္းေစရုံမက ဦးေႏွာက္ပ်က္စီးမႈကိုပါ ျဖစ္ေစႏုိင္ပါတယ္။
 
ဦးေႏွာက္ကို လႈံ႕ေဆာ္ေပးႏုိင္တဲ့အေတြးမ်ား မေတြးျခင္း- ေတြးေတာျခင္းက ဦးေႏွာက္ကို အေကာင္းဆုံးေလ့က်င့္ေပးတဲ့နည္းလမ္းျဖစ္ျပီး စဥ္းစားေတြးေခၚမႈမရွိျခင္းက ဦးေႏွာက္က်ဳံ႕ျခင္းကို ျဖစ္ေစႏုိင္ပါတယ္။
 
 Credit : Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 
Unicode Version
 
လူတစ်ယောက်ရဲ့ ဦးနှောက်ကို ပျက်စီးစေတဲ့ အလေ့အကျင့်တွေက ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်ချေကို မြင့်အောင်လုပ်နိုင်တဲ့ အကျင့်တွေထက်ပိုပြီး သိထားသင့်ပါတယ်။ ကျွန်မတို့ဟာ သတိမထားလိုက်မိဘဲ မိမိရဲ့ ဦးနှောက်ကို ထိခိုက်အောင်လုပ်မိတတ်ပါတယ်။ ဒါကြောင့် ဦးနှောက်ကို ပျက်စီးစေတဲ့ အလေ့အကျင့်တွေ ကိုပြောပြပေးချင်ပါတယ်။

မနက်စာမစားတာ- မနက်စာမစားတဲ့လူတွေမှာ သွေးတွင်းသကြားဓာတ်ပမာဏ လျော့ကျနိုင်ပါတယ်။ ဒါက ဦးနှောက်အတွက်လိုအပ်တဲ့ အာဟာရလုံလုံလောက်လောက်မရဖြစ်စေပြီး ဦးနှောက်ပျက်စီးခြင်းကို ဖြစ်စေနိုင်ပါတယ်။

အစာအလွန်အကျွံစားတာ - ဦးနှောက်တွင်းမှာရှိတဲ့ သွေးလွှတ်ကြောတွေကို မာကြောစေပြီး စိတ်စွမ်းအင်ကို လျော့ကျစေနိုင်ပါတယ်။

ဆေးလိပ်သောက်တာ - ဦးနှောက်ကို အကြိမ်ပေါင်းများစွာကြုံ့စေပြီး အယ်ဇိုင်းမားရောဂါဖြစ်စေနိုင်ပါတယ်။

အချိုအစားများတာ- သကြားဓာတ်များလွန်းခြင်းက ပရိုတင်းဓာတ်နဲ့ အာဟာရတွေစုပ်ယူခြင်းကို အနှောင့်အယှက်ပေးနိုင်တာကြောင့် အာဟာရချို့တဲ့ခြင်းနဲ့ ဦးနှောက်ဖွံ့ဖြိုးခြင်းတို့မှာ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

လေထုညစ်ညမ်းခြင်း - ဦးနှောက်က ခန္ဓာကိုယ်မှာ အောက်ဆီဂျင်ကို အသုံးစွဲဆုံးအစိတ်အပိုင်းဖြစ်ပြီး မသန့်ရှင်းတဲ့လေကို ရှူရှိုက်ခြင်းက ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။

အိပ်ရေးပျက်ခြင်း - အိပ်စက်ခြင်းက ဦးနှောက်ကို အနားပေးခြင်းဖြစ်ပါတယ်။ မကြာခဏအိပ်ရေးပျက်ခြင်းက ဦးနှောက်ဆဲလ်များသေဆုံးမှုကို ဖြစ်စေနိုင်ပါတယ်။

ခေါင်းမြီးခြုံအိပ်ခြင်း- အိပ်နေစဉ်မှာ ခေါင်းကိုဖုံးပြီးအိပ်တာက ကာဗွန်ဒိုင်အောက်ဆိုက်ဒ်များလာစေပြီး အောက်ဆီဂျင်လျော့နည်းစေတဲ့အတွက် ဦးနှောက်ကိုအဓိက ပျက်စီးစေနိုင်ပါတယ်။

နေမကောင်းဖြစ်နေစဉ်ဦးနှောက်ဖြင့်အလုပ်လုပ်ခြင်း- နေမကောင်းဖြစ်နေချိန် စာကျက်ခြင်း၊ စဉ်းစားရလွန်းသော အလုပ်လုပ်ခြင်းက ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေရုံမက ဦးနှောက်ပျက်စီးမှုကိုပါ ဖြစ်စေနိုင်ပါတယ်။

ဦးနှောက်ကို လှုံ့ဆော်ပေးနိုင်တဲ့အတွေးများ မတွေးခြင်း- တွေးတောခြင်းက ဦးနှောက်ကို အကောင်းဆုံးလေ့ကျင့်ပေးတဲ့နည်းလမ်းဖြစ်ပြီး စဉ်းစားတွေးခေါ်မှုမရှိခြင်းက ဦးနှောက်ကျုံ့ခြင်းကို ဖြစ်စေနိုင်ပါတယ်။

 Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top