iMyanmarHouse.com - Best Property Website for Myanmar
×

 
 
 
 Credit : Trend Myanmar

 
Unicode Version
 
နေ့စဉ်သုံးနေတဲ့ Makeup sponges တွေက သင့်ရဲ့ ဖောင်ဒေးရှင်းတွေကို မျက်နှာတစ်ပြင်လုံး ပြန့်နှံသွားအောင် ကူညီပေးနိုင်ဆိုတာ သိခဲ့ကြပြီးသားပါ။ ဒါပေမယ့် မိတ်ကပ်နဲ့ပတ်သက်ပြီး Influencerတွေက အမျိုးမျိုးပြောင်းလဲဆန်းသစ်နေကြပါတယ်။အခုလည်း ကျွန်မတို့ အားလုံးပါးစပ်အဟောင်းသားနဲ့ အံ့သြသွားစေမယ့် နည်းတစ်ခုထပ်ပေါ်လာပြန်ပါပြီ။

အဲဒါကတော့ အမျိုးသမီးတွေ ဓမ္မတာလာတဲ့အချိန်မှာ Pad အစား သုံးတဲ့ Tamponနဲ့ မိတ်ကပ်လိမ်းတာပါပဲ။ Ashley Blue DeFranscesco လို့ခေါ်တဲ့ မိတ်ကပ်ပညာရှင် အမျိုးသမီးက ဒီနည်းလမ်းအသစ်နဲ့ မိတ်ကပ်လိမ်းပြထားတဲ့ Video ကို ဝေမျှခဲ့ရာကနေ နာမည်ကြီးလာခဲ့ပါတယ်။


သူမရဲ့ မိတ်ကပ်ပြင်ဆင်မှုဟာ အရမ်းမိုက်တယ်ဆိုတာ ငြင်းရက်စရာမရှိသလို အချက်အလက်နဲ့ပြောရမယ်ဆိုရင်လူတိုင်း မှင်သက်သွားအောင် သူတို့က တကယ်ကို အလုပ်ဖြစ်ပါတယ်။ Beauty Blenderတွေ နာမည်ကြီးပြီး လူကြိုက်များလာတယ်ဆိုတာ မိတ်ကပ်တွေကို အများကြီး မစုပ်ယူတဲ့အတွက်ကြောင့်ပါ။ Tamponတွေကို သုံးတဲ့အခါမှာတော့ Tamponတွေရဲ့ တည်ဆောက်မှုက စိမ့်ဝင်အောင်လုပ်ထားတာဖြစ်တဲ့အတွက် မိတ်ကပ်တွေ အလဟသ ဖြစ်နိုင်ပါတယ်။

အခုနောက်ပိုင်းမှာတော့ Bloggerတော်တော်များများက ကွန်ဒုံးတွေထဲကို Makeup Spongeတွေ ထည့်လိမ်းတာတွေကအစ အဆန်းအပြားထွင်လာကြပါတယ်။ သင့်အနေနဲ့ အသစ်အဆန်းတွေသဘောကျတယ်ဆိုရင်တော့ အိမ်မှာ ဆန်းသပ်ကြည့်လို့ရပါတယ်။
 Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top