iMyanmarHouse.com - Best Property Website for Myanmar
×

ဘာေၾကာင့္ Stress (စိတ္ဖိစီးမႈ) ျဖစ္ျဖစ္ ကိုယ္ခႏၶာမွ တံု႕ျပန္တဲ့အေနနဲ႕ (၂) မ်ိဳး တံုျပန္ေလ့ရွိပါတယ္။ တစ္ခုက အာရံုေၾကာေတြကေန ခ်က္ခ်င္းတံုျပန္တာျဖစ္ၿပီး ေနာက္တစ္နည္းကေတာ့ အက္ဒရီနယ္လင္း (Adrenaline) ကေန ေဟာ္မုန္းေတြ ထုတ္လႊတ္ျပီး တံု႕ျပန္တာ ျဖစ္ပါတယ္။ အာရံုေၾကာေတြကေန တံုျပန္ရင္ ျမန္ဆန္ၿပီး ခဏေလးပဲ ခံပါတယ္။ ေဟာ္မုန္းေတြကေတာ့ ထြက္တာေႏွးေပမယ့္ အၾကာႀကီးခံပါတယ္။ 

Stress (စိတ္ဖိစီးမႈ) ျဖစ္ရတဲ့ အေၾကာင္းရင္းက ကိုယ္ခႏၶာက ရွိသမွ်ဒဏ္ေတြကို ခံႏိုင္ရည္ရွိဖို႔ ျဖစ္ပါတယ္။ ခံႏိုင္ရည္ရွိေအာင္ တံု႔ျပန္တာျဖစ္တာေၾကာင့္ မွန္ကန္ၿပီး အခ်ိဳးက်ထြက္မယ္ဆိုရင္ ေကာင္းမြန္တဲ့ အက်ိဳးဆက္ေတြ အလြန္မ်ားျပားပါတယ္။ အက္ဒရီနယ္လင္းလို႔ ေခၚတဲ့ ေဟာ္မုန္းထြက္ဖို႔အတြက္ ခႏၶာကိုယ္အတြင္းမွ အစာေျခေသာ လုပ္ငန္းမ်ား၊ အစာကို စုပ္ယူျခင္း၊ အသံုးျပဳႏိုင္သည့္ တစ္သွ်ဴးမ်ား ျဖစ္သည္အထိ ျပဳျပင္ေျပာင္းလဲတည္ေဆာက္ျခင္းမ်ားကို ခ်က္ခ်င္းစြမ္းေဆာင္ရပါတယ္။ ကိုယ္ခႏၶာ အနားယူတာ ျပန္လည္အားျဖည့္တာနဲ႔ ေသခ်ာျပဳျပင္ျခင္းေတြကို ခဏရပ္နားထားရပါတယ္။ သၾကားဓာတ္၊ အသားဓာတ္ႏွင့္ အဆီဓာတ္တို႔ကေန လတ္တေလာ အသက္ေဘးကေန လြတ္ေျမာက္ႏိုင္ဖို႔အတြက္ စြမ္းအင္မ်ား ထုတ္ရပါတယ္။

စိတ္ဖိစီးတဲ့ ဒဏ္ကို ခံႏိုင္ရည္ရွိဖို႔ သံုးတဲ့ စြမ္းရည္ေတြျဖစ္တာမို႔ ေရတို ခဏတာအခ်ိန္ေလးမွာေတာ့ အေတာ္ အသံုးတည့္ေပမယ့္ အခ်ိန္ၾကာတဲ့အထိ ေဟာ္မုန္းေတြ ထြက္ေနမယ္၊ စြမ္းအင္ေတြ ထုတ္ေနမယ္ဆိုရင္ လူအတြက္ အႏၱရာယ္ရိွလာႏိုင္ပါတယ္။ အေရးေပၚအေျခအေနအတြက္ အဆင္သင့္ျဖစ္ဖို႔ ျပဳျပင္တာေတြကိုအတြက္လည္း အခ်ိန္ေပးရမွာျဖစ္ပါတယ္။ ေနာက္ၿပီး အျပင္မွ ၀င္ေရာက္လာမယ့္ ေရာဂါပိုးမ်ား၊ ဓာတ္တိုးပစၥည္းမ်ားရဲ့ ရန္ကေန ကာကြယ္ဖို႔ ျပင္ဆင္ထားရမွာ ျဖစ္ပါတယ္။

ဒီလို မျပင္ဆင္ထားႏိုင္ဘူးဆိုရင္ အစာမေၾကျခင္း၊ ရင္ျပည့္ရင္ကယ္ျခင္း၊ အစာအိမ္တြင္ အနာမ်ားျဖစ္ျခင္း၊ အစာအိမ္ ေရာင္ျခင္း၊ အဆီမ်ားစုေ၀းလာျခင္း ( ဗိုက္ေခါက္၊ လက္ေမာင္း၊ ေပါင္၊ မ်က္ႏွာ၊ အတြင္းကလီစာမ်ား)၊ ကိုယ္ခံအားစနစ္ အားနည္းလာျခင္း၊ ဓာတ္တိုးပစၥည္းမ်ားကို မစြန္႕ဖယ္အားေသာေၾကာင့္ ကင္ဆာေရာဂါျဖစ္ပြားႏိုင္ေခ် မ်ားလာျခင္း၊ ေနာက္ဆက္တဲြအေနျဖင့္ ႏွလံုးေရာဂါ၊ ေသြးတိုးေရာဂါ ႏွင့္ ဆီးခ်ိဳေရာဂါမ်ား ျဖစ္ပြားလာႏိုင္ျခင္း၊ ရူးျခင္း၊ အရိုးပြေရာဂါမ်ားျဖစ္ျခင္း၊ အနာမက်က္ျခင္း အစရိွတဲ့ ေရာဂါေတြ ျဖစ္ပြားႏိုင္ပါတယ္။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဘာကြောင့် Stress (စိတ်ဖိစီးမှု) ဖြစ်ဖြစ် ကိုယ်ခန္ဓာမှ တုံ့ပြန်တဲ့အနေနဲ့ (၂) မျိုး တုံပြန်လေ့ရှိပါတယ်။ တစ်ခုက အာရုံကြောတွေကနေ ချက်ချင်းတုံပြန်တာဖြစ်ပြီး နောက်တစ်နည်းကတော့ အက်ဒရီနယ်လင်း (Adrenaline) ကနေ ဟော်မုန်းတွေ ထုတ်လွှတ်ပြီး တုံ့ပြန်တာ ဖြစ်ပါတယ်။ အာရုံကြောတွေကနေ တုံပြန်ရင် မြန်ဆန်ပြီး ခဏလေးပဲ ခံပါတယ်။ ဟော်မုန်းတွေကတော့ ထွက်တာနှေးပေမယ့် အကြာကြီးခံပါတယ်။

Stress (စိတ်ဖိစီးမှု) ဖြစ်ရတဲ့ အကြောင်းရင်းက ကိုယ်ခန္ဓာက ရှိသမျှဒဏ်တွေကို ခံနိုင်ရည်ရှိဖို့ ဖြစ်ပါတယ်။ ခံနိုင်ရည်ရှိအောင် တုံ့ပြန်တာဖြစ်တာကြောင့် မှန်ကန်ပြီး အချိုးကျထွက်မယ်ဆိုရင် ကောင်းမွန်တဲ့ အကျိုးဆက်တွေ အလွန်များပြားပါတယ်။ အက်ဒရီနယ်လင်းလို့ ခေါ်တဲ့ ဟော်မုန်းထွက်ဖို့အတွက် ခန္ဓာကိုယ်အတွင်းမှ အစာခြေသော လုပ်ငန်းများ၊ အစာကို စုပ်ယူခြင်း၊ အသုံးပြုနိုင်သည့် တစ်သျှူးများ ဖြစ်သည်အထိ ပြုပြင်ပြောင်းလဲတည်ဆောက်ခြင်းများကို ချက်ချင်းစွမ်းဆောင်ရပါတယ်။ ကိုယ်ခန္ဓာ အနားယူတာ ပြန်လည်အားဖြည့်တာနဲ့ သေချာပြုပြင်ခြင်းတွေကို ခဏရပ်နားထားရပါတယ်။ သကြားဓာတ်၊ အသားဓာတ်နှင့် အဆီဓာတ်တို့ကနေ လတ်တလော အသက်ဘေးကနေ လွတ်မြောက်နိုင်ဖို့အတွက် စွမ်းအင်များ ထုတ်ရပါတယ်။

စိတ်ဖိစီးတဲ့ ဒဏ်ကို ခံနိုင်ရည်ရှိဖို့ သုံးတဲ့ စွမ်းရည်တွေဖြစ်တာမို့ ရေတို ခဏတာအချိန်လေးမှာတော့ အတော် အသုံးတည့်ပေမယ့် အချိန်ကြာတဲ့အထိ ဟော်မုန်းတွေ ထွက်နေမယ်၊ စွမ်းအင်တွေ ထုတ်နေမယ်ဆိုရင် လူအတွက် အန္တရာယ်ရှိလာနိုင်ပါတယ်။ အရေးပေါ်အခြေအနေအတွက် အဆင်သင့်ဖြစ်ဖို့ ပြုပြင်တာတွေကိုအတွက်လည်း အချိန်ပေးရမှာဖြစ်ပါတယ်။ နောက်ပြီး အပြင်မှ ဝင်ရောက်လာမယ့် ရောဂါပိုးများ၊ ဓာတ်တိုးပစ္စည်းများရဲ့ ရန်ကနေ ကာကွယ်ဖို့ ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။

ဒီလို မပြင်ဆင်ထားနိုင်ဘူးဆိုရင် အစာမကြေခြင်း၊ ရင်ပြည့်ရင်ကယ်ခြင်း၊ အစာအိမ်တွင် အနာများဖြစ်ခြင်း၊ အစာအိမ် ရောင်ခြင်း၊ အဆီများစုဝေးလာခြင်း ( ဗိုက်ခေါက်၊ လက်မောင်း၊ ပေါင်၊ မျက်နှာ၊ အတွင်းကလီစာများ)၊ ကိုယ်ခံအားစနစ် အားနည်းလာခြင်း၊ ဓာတ်တိုးပစ္စည်းများကို မစွန့်ဖယ်အားသောကြောင့် ကင်ဆာရောဂါဖြစ်ပွားနိုင်ချေ များလာခြင်း၊ နောက်ဆက်တွဲအနေဖြင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ နှင့် ဆီးချိုရောဂါများ ဖြစ်ပွားလာနိုင်ခြင်း၊ ရူးခြင်း၊ အရိုးပွရောဂါများဖြစ်ခြင်း၊ အနာမကျက်ခြင်း အစရှိတဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။

Credit : Duwun



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top