iMyanmarHouse.com - Best Property Website for Myanmar
×

Relationship ေတာ္ေတာ္မ်ားမ်ားရဲ႕ အဆံုးသတ္ဟာ တစ္ေယာက္ကိုတစ္ေယာက္ တန္ဖိုးမထားတတ္ျခင္းက စတာပါ။ အိမ္ေထာင္သည္ဘ၀မွာလည္း ဒီလိုပါပဲ။ အေသးအဖြဲ႕ေလးေတြကို ဂရုမစိုက္တတ္တဲ့အခါ ရင္ထဲက အက်ိတ္အခဲေတြ ၾကီးမားသြားၿပီး တစ္ေယာက္ကို တစ္ေယာက္ ခြင့္မလႊတ္ႏိုင္ ျဖစ္သြားၾကတာပါ။ ဒါေၾကာင့္ တစ္ေယာက္ကို တစ္ေယာက္ တန္ဖိုးထားၿပီး ခံစားခ်က္ေလးေတြကို ဂရုစိုက္ေပးတတ္ဖို႕လိုပါတယ္။ သင့္ခ်စ္သူ သင့္အတြက္ ဖန္တီးပံုေဖာ္ေပးတဲ့ ၾကိဳးစားမႈတိုင္းကို ျမတ္ႏိုးတတ္ပါေစ။ သူ႕အားနည္းခ်က္ေတြကို နားလည္ေပးတတ္ပါေစ။ တကယ္ေတာ့ အခ်စ္ဆိုတာ မျပည့္စံုမႈေတြကို လက္ခံေပးႏိုင္တဲ့ အရာမ်ိဳးပါ။ သင့္အတြက္ ျဖည့္ဆည္ေပးခ်င္စိတ္ရွိတယ္ ဆိုကတည္းကို က သင့္အေပၚေလးနက္လို႕ပါ။ တကယ္လို႕ သင့္ေဘးမွာ ရွိေနတဲ့ သင့္ေကာင္ေလးက ေအာက္မွာေပးထားတဲ့အခ်က္ေတြ နဲ႕ကိုက္ညီတယ္ဆိုရင္ေတာ့ သင္ဟာ ေလာကၾကီးမွာ ကံအေကာင္းဆံုး မိန္းကေလးပါပဲ။

 (၁) သူသင့္ကို ယံုၾကည္ပါတယ္။ သင္ရဲ႕ အျပဳအမူတုိင္းကို သူ သံသယစိတ္နဲ႕ လိုက္ၾကည့္ေနမွာမဟုတ္ပါဘူး။

(၂) သူက သင့္အေပၚမွာ သစၥာရွိတယ္။ ဘာကိုမွ ဖုန္းကြယ္မထားဘူး။ သူ႕အတိတ္ သူ႕ပစၥဳပၸါန္ သူ႕အနာဂတ္စီမံကိန္း အားလံုး သင့္ကို သိခြင့္ေပးတယ္။

(၃) သင့္အၾကိဳက္မွန္သမွ် သူသိတယ္။ သင္ ကိုကာကိုလာၾကိဳက္လား ၊ ဘယ္လို ရုပ္ရွင္မ်ိဳးၾကိဳက္လဲ၊ သင့္၀ါသနာ အားလံုး အားလံုး သူသိတယ္။

(၄) သင့္ကို ကိုယ္ပိုင္အခ်ိန္ေလးေတြ ေပးတယ္ ။ သင့္သူငယ္ခ်င္းေတြနဲ႕ အျပင္သြားခ်င္လား၊ သင္ ဆံပင္ညွပ္ဆိုင္သြားခ်င္လား ဒါမွမဟုတ္ အခန္းေအာင္းၿပီး တစ္ေယာက္တည္း ေနခ်င္လား၊ အရာအားလံုးကို နားလည္ေပးထားတယ္။

(၅) သင့္အားလပ္ရက္ေတြမွာ သင့္ကို မပ်င္းရိေစဘူး။ သူသင့္ကို ဘယ္လို ေပ်ာ္ေအာင္ထားရမလဲဆိုတာ သူသိတယ္။

(၆) သင့္အခက္အခဲေတြကို ကူညီေပးတယ္။ သင္အားငယ္တဲ့အခါ၊ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈေတြ ေပ်ာက္ဆံုးေနတဲ့အခါ၊ စိတ္ဓာတ္က်တဲ့အခါေတြမွာ သင့္ေဘးနားမွာ အျမဲ အားေပးကူညီေဖးမတယ္။ အၾကံဥာဏ္ေကာင္းေတြေပးတယ္။

(၇) သင္ေျပာတဲ့ ဟာသေတြ မရယ္ရရင္ေတာင္ ရယ္ရသေယာင္ လုပ္ၿပီး သင့္ကို စိတ္ခ်မ္းသာေစတယ္။

(၈) သင့္အခ်စ္ကို တန္ဖိုးထားတယ္။ သင္ဟာ သူ႕အေပၚမွာ မရိုးသားတဲ့စိတ္မထားဘူးဆိုတာ ယံုၾကည္တယ္။ သင္နဲ႕ ပတ္သတ္တဲ့အရာတိုင္းဟာ သူ႕အတြက္ အမွန္တရားေတြခ်ည္းပါပဲ။

(၉) သင့္ကို ေပ်ာ္ရႊင္ေစတယ္။ သင္စိတ္ခ်မ္းသာေစမယ့္ အေၾကာင္းအရာေတြ ဖန္တီးေပးတယ္။ သင့္ကို ရယ္ေမာေပ်ာ္ရႊင္ေစတယ္။

(၁၀) သင့္ခံစားခ်က္ေတြကို ေလးစားတယ္။ သင္ ဘယ္လို ခံစားေနရမလဲ အျမဲေတြးေပးတယ္။ သင္စိတ္ဆင္းရဲေစမယ့္ အေၾကာင္းအရာေတြကို ေရွာင္ၾကဥ္တယ္။

(၁၁) သူ သင့္ကို ခ်စ္ေၾကာင္းသိသာေစတယ္။ စကားလံုးေတြနဲ႕ မဟုတ္ေတာင္ အျပဳအမူေတြနဲ႕ သူခ်စ္တာကို သိေအာင္ လုပ္ေပးတတ္တယ္။

(၁၂) သင့္ဘ၀ကို လြယ္လြယ္ကူကူ ျဖတ္သန္းရေအာင္ ဦးေဆာင္ေပးတယ္။ သင္ေ၀ခြဲရခက္တာေတြ၊ မတင္မက်နဲ႕ ဆံုးျဖတ္ရခက္တာေတြကို သူက အေျဖရွာေပးတယ္။

(၁၃) အိမ္အလုပ္ေတြမွာလည္း မ်က္ႏွာလႊဲ ခဲပစ္လုပ္မထားဘူး။ မဟာပုရိသ၀ါဒၾကီးလက္ကိုင္ထားၿပီး ဒါမိန္းမအလုပ္ ေယာက်ာ္းအလုပ္ခြဲျခားမေနဘဲ သူတတ္ႏိုင္သမွ် သင့္ကို ကူညီေပးတယ္။ သင္ေတာင္ ဘာမွ ေျပာေနစရာမလိုပါဘူး။

(၁၄) သင္၀မ္းနည္းတဲ့အခါတိုင္း ႏွစ္သိမ့္ေပးတယ္။ သင့္စိတ္တိုတဲ့အခါ စိတ္ေျပေအာင္ ေျပာေပးတတ္တယ္။ သင္ စိတ္ရႈပ္ေနတာကို သူမၾကိဳက္ဘူး။ ျပသနာတစ္ခုခု ျဖစ္တိုင္း ေအးခ်မ္းတဲ့နည္းလမ္းနဲ႕ သင္နား၀င္ေအာင္ ရွင္းျပတယ္။

(၁၅) သင့္အျပံဳးေတြကို ျမတ္ႏိုးတန္ဖိုးထားတယ္။ အျမဲတမ္း သင္ ျပံဳးေနေအာင္ ဖန္တီးေပးတယ္။

အဲ့လိုအခ်က္မ်ိဳးေတြနဲ႕ ကိုက္ညီတဲ့ ေကာင္ေလး ရွိခဲ့ရင္ သင္ သိပ္ကံေကာင္းပါတယ္။

Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

Relationship တော်တော်များများရဲ့ အဆုံးသတ်ဟာ တစ်ယောက်ကိုတစ်ယောက် တန်ဖိုးမထားတတ်ခြင်းက စတာပါ။ အိမ်ထောင်သည်ဘဝမှာလည်း ဒီလိုပါပဲ။ အသေးအဖွဲ့လေးတွေကို ဂရုမစိုက်တတ်တဲ့အခါ ရင်ထဲက အကျိတ်အခဲတွေ ကြီးမားသွားပြီး တစ်ယောက်ကို တစ်ယောက် ခွင့်မလွှတ်နိုင် ဖြစ်သွားကြတာပါ။ ဒါကြောင့် တစ်ယောက်ကို တစ်ယောက် တန်ဖိုးထားပြီး ခံစားချက်လေးတွေကို ဂရုစိုက်ပေးတတ်ဖို့လိုပါတယ်။ သင့်ချစ်သူ သင့်အတွက် ဖန်တီးပုံဖော်ပေးတဲ့ ကြိုးစားမှုတိုင်းကို မြတ်နိုးတတ်ပါစေ။ သူ့အားနည်းချက်တွေကို နားလည်ပေးတတ်ပါစေ။ တကယ်တော့ အချစ်ဆိုတာ မပြည့်စုံမှုတွေကို လက်ခံပေးနိုင်တဲ့ အရာမျိုးပါ။ သင့်အတွက် ဖြည့်ဆည်ပေးချင်စိတ်ရှိတယ် ဆိုကတည်းကို က သင့်အပေါ်လေးနက်လို့ပါ။ တကယ်လို့ သင့်ဘေးမှာ ရှိနေတဲ့ သင့်ကောင်လေးက အောက်မှာပေးထားတဲ့အချက်တွေ နဲ့ကိုက်ညီတယ်ဆိုရင်တော့ သင်ဟာ လောကကြီးမှာ ကံအကောင်းဆုံး မိန်းကလေးပါပဲ။

 (၁) သူသင့်ကို ယုံကြည်ပါတယ်။ သင်ရဲ့ အပြုအမူတိုင်းကို သူ သံသယစိတ်နဲ့ လိုက်ကြည့်နေမှာမဟုတ်ပါဘူး။

(၂) သူက သင့်အပေါ်မှာ သစ္စာရှိတယ်။ ဘာကိုမှ ဖုန်းကွယ်မထားဘူး။ သူ့အတိတ် သူ့ပစ္စုပ္ပါန် သူ့အနာဂတ်စီမံကိန်း အားလုံး သင့်ကို သိခွင့်ပေးတယ်။

(၃) သင့်အကြိုက်မှန်သမျှ သူသိတယ်။ သင် ကိုကာကိုလာကြိုက်လား ၊ ဘယ်လို ရုပ်ရှင်မျိုးကြိုက်လဲ၊ သင့်ဝါသနာ အားလုံး အားလုံး သူသိတယ်။

(၄) သင့်ကို ကိုယ်ပိုင်အချိန်လေးတွေ ပေးတယ် ။ သင့်သူငယ်ချင်းတွေနဲ့ အပြင်သွားချင်လား၊ သင် ဆံပင်ညှပ်ဆိုင်သွားချင်လား ဒါမှမဟုတ် အခန်းအောင်းပြီး တစ်ယောက်တည်း နေချင်လား၊ အရာအားလုံးကို နားလည်ပေးထားတယ်။

(၅) သင့်အားလပ်ရက်တွေမှာ သင့်ကို မပျင်းရိစေဘူး။ သူသင့်ကို ဘယ်လို ပျော်အောင်ထားရမလဲဆိုတာ သူသိတယ်။

(၆) သင့်အခက်အခဲတွေကို ကူညီပေးတယ်။ သင်အားငယ်တဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပျောက်ဆုံးနေတဲ့အခါ၊ စိတ်ဓာတ်ကျတဲ့အခါတွေမှာ သင့်ဘေးနားမှာ အမြဲ အားပေးကူညီဖေးမတယ်။ အကြံဉာဏ်ကောင်းတွေပေးတယ်။

(၇) သင်ပြောတဲ့ ဟာသတွေ မရယ်ရရင်တောင် ရယ်ရသယောင် လုပ်ပြီး သင့်ကို စိတ်ချမ်းသာစေတယ်။

(၈) သင့်အချစ်ကို တန်ဖိုးထားတယ်။ သင်ဟာ သူ့အပေါ်မှာ မရိုးသားတဲ့စိတ်မထားဘူးဆိုတာ ယုံကြည်တယ်။ သင်နဲ့ ပတ်သတ်တဲ့အရာတိုင်းဟာ သူ့အတွက် အမှန်တရားတွေချည်းပါပဲ။

(၉) သင့်ကို ပျော်ရွှင်စေတယ်။ သင်စိတ်ချမ်းသာစေမယ့် အကြောင်းအရာတွေ ဖန်တီးပေးတယ်။ သင့်ကို ရယ်မောပျော်ရွှင်စေတယ်။

(၁၀) သင့်ခံစားချက်တွေကို လေးစားတယ်။ သင် ဘယ်လို ခံစားနေရမလဲ အမြဲတွေးပေးတယ်။ သင်စိတ်ဆင်းရဲစေမယ့် အကြောင်းအရာတွေကို ရှောင်ကြဉ်တယ်။

(၁၁) သူ သင့်ကို ချစ်ကြောင်းသိသာစေတယ်။ စကားလုံးတွေနဲ့ မဟုတ်တောင် အပြုအမူတွေနဲ့ သူချစ်တာကို သိအောင် လုပ်ပေးတတ်တယ်။

(၁၂) သင့်ဘဝကို လွယ်လွယ်ကူကူ ဖြတ်သန်းရအောင် ဦးဆောင်ပေးတယ်။ သင်ဝေခွဲရခက်တာတွေ၊ မတင်မကျနဲ့ ဆုံးဖြတ်ရခက်တာတွေကို သူက အဖြေရှာပေးတယ်။

(၁၃) အိမ်အလုပ်တွေမှာလည်း မျက်နှာလွှဲ ခဲပစ်လုပ်မထားဘူး။ မဟာပုရိသဝါဒကြီးလက်ကိုင်ထားပြီး ဒါမိန်းမအလုပ် ယောကျာ်းအလုပ်ခွဲခြားမနေဘဲ သူတတ်နိုင်သမျှ သင့်ကို ကူညီပေးတယ်။ သင်တောင် ဘာမှ ပြောနေစရာမလိုပါဘူး။

(၁၄) သင်ဝမ်းနည်းတဲ့အခါတိုင်း နှစ်သိမ့်ပေးတယ်။ သင့်စိတ်တိုတဲ့အခါ စိတ်ပြေအောင် ပြောပေးတတ်တယ်။ သင် စိတ်ရှုပ်နေတာကို သူမကြိုက်ဘူး။ ပြသနာတစ်ခုခု ဖြစ်တိုင်း အေးချမ်းတဲ့နည်းလမ်းနဲ့ သင်နားဝင်အောင် ရှင်းပြတယ်။

(၁၅) သင့်အပြုံးတွေကို မြတ်နိုးတန်ဖိုးထားတယ်။ အမြဲတမ်း သင် ပြုံးနေအောင် ဖန်တီးပေးတယ်။

အဲ့လိုအချက်မျိုးတွေနဲ့ ကိုက်ညီတဲ့ ကောင်လေး ရှိခဲ့ရင် သင် သိပ်ကံကောင်းပါတယ်။


Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top