iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Trend Myanmar
Unicode Version
ကားသူခိုးတွေ သင့်ရဲ့ကားထဲ အဖိုးတန်ပစ္စည်းတွေ ခိုးယူဖို့ နည်းလမ်းအမျိုးမျိုး ရှာကြံကြပါတယ်။ ကားထဲ ဖောက်ဝင်ဖို့ အသုံးပြုတဲ့ ခေတ်မီနည်းပညာကိရိယာအမျိုးမျိုး ကြားဖူးပါလိမ့်မယ်။ ဒါပေမယ့် တချို့သူခိုးတွေ ပိုမိုလွယ်ကူတဲ့နည်းလမ်းကို အသုံးပြုကြပါတယ်။
အကြွေစေ့စတဲ့ ပစ္စည်းကိရိယာလေးတွေအသုံးပြုပြီး လုယက်မှုတွေရှိခဲ့ပါတယ်။ ကားဖောက်ဝင်ဖို့ အကြွေစေ့ကို သူတို့ ဘယ်လိုအသုံးပြုကြတာလဲ။ မိမိကားကို ခြံတွင်းလမ်းမှာ ရပ်ထားတဲ့ အချိန်ဖြစ်ဖြစ်၊ ဈေးဝယ်စင်တာကားရပ်နားနေရာမှာ ရပ်ထားစဉ်မှာဖြစ်ဖြစ် သူခိုးဟာ ယာဉ်မောင်းနဲ့ဆန့်ကျင်ဘက် ခရီးသည်ထိုင်ခုံကားတံခါးလက်ကိုင်မှာ အကြွေစေ့ ညှပ်ထားလိုက်မှာ ဖြစ်ပါတယ်။ နောက် ဘာဖြစ်သွားသလဲ။
သူတို့ သင်သွားလေရာကို နောက်က တစ်ကောက်ကောက်လိုက်လာကြပါလိမ့်မယ်။ နောက် ကားပေါ်ကဆင်းပြီး ကားတံခါးလှမ်းပိတ်ဖို့ ကြိုးစားတဲ့အချိန်မှာ တံခါးလက်ကိုင်ညှပ်မိပြီဖြစ်လို့ တံခါးသော့ပိတ်မိမှာ မဟုတ်ပါဘူး။ အဲဒီတော့ သင်ထွက်သွားတဲ့အချိန် သူတို့ ကားထဲဝင်ပြီး ကြိုက်တာ ခိုးနိုင်ပါတယ်။ လုပ်ချင်ရင် ကားတောင် မ သွားနိုင်ပါတယ်။ ဒီတော့ မိမိကားပေါ်မတက်ခင် တံခါးမှာ အကြွေစေ့ညှပ်ထားခြင်းရှိမရှိ သေချာစစ်ဆေးဖို့ လိုအပ်ပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top