iMyanmarHouse.com - Best Property Website for Myanmar
×

ပိုက္ဆံစုတယ္ဆိုတာ ႏွစ္အစတည္းက လူတိုင္းလုပ္ၾကတဲ့ အနာဂတ္အစီအစဥ္တစ္ခုပါ။ ဒါေပမယ့္ မွတ္ရမယ့္အခ်က္ေတြနဲ႔လွည့္ကြက္ေလးေတြေတာ့ရွိတာေပါ့။ ဘယ္လုိမ်ိဳးေတြလဲဆိုတာေရာမသိခ်င္ၾကဘူးလား။ ဒီအခ်က္ေတြသာ သင္သိသြားရင္ အနည္းနဲ႔အမ်ားေတာ့ ပိုက္ဆံေတြ စုမိသြားမွာပါ။

၁။ လက္သည္းေျခသည္းေတြ ကိုယ္တိုင္အိမ္မွာပဲ အလွဆင္ပါ။
ဒီဘက္ေခတ္မွာ လက္သည္းေျခသည္းလုပ္တာက မိန္းကေလးတိုင္း လုပ္တဲ့အရာျဖစ္ၿပီးေတာ့ စရိတ္စက ပိုၿပီးႀကီးပါတယ္။ ဒါေပမယ့္ လက္သည္းေျခသည္းပန္းခ်ီကို ေမ႔လိုက္ပါေတာ့။ အရည္အေသြးေကာင္းတဲ့ လက္သည္းနီ တစ္ပုလင္း၊ႏွစ္ပုလင္းေလာက္ ၀ယ္ထားၿပီးေတာ့ ျဖတ္ေက်ာ္လိုက္ပါ။ လက္သည္းေျခသည္း ပန္းခ်ီေဖာ္မယ့္အခ်ိန္ ကုန္က်မယ့္ ပိုက္ဆံထက္ အမ်ားၾကီး သက္သာသြားမွာျဖစ္သလို သင္လည္းပိုက္ဆံ အပိုေဆာင္းစုမိသြားမွာျဖစ္ပါတယ္။

၂။ ညစာကိုအိမ္မွာပဲခ်က္စားပါ။
ညဘက္ဆုိေတာ့ အလြန္အကၽြံစားတာက သင့္ကို ၀ိတ္တက္ေစတဲ့အျပင္ အျပင္မွာစားတဲ့အခါ ပိုၿပီးကုန္က်ေစပါတယ္။ ကိုယ္ကိုယ္တိုင္ခ်က္လို႔ရမယ့္ အစားအေသာက္ေတြလည္းအမ်ားၾကီးရွိတဲ့အျပင္ ညစာကို ေခၽြတာလိုက္တာက သင့္အတြက္ အပိုေငြထြက္လာႏိုင္ပါတယ္။

၃။ဘားေတြမထိုင္ခင္ နည္းနည္းေသာက္ထားပါ။
သင့္အေနနဲ႔ ဘာမွမစားထားမေသာက္ထားဘဲ ဘားထိုင္တာက သိပ္ေတာ့အလုပ္ျဖစ္မွာ မဟုတ္ပါဘူး။ ဘားေတြကလပ္ေတြမွာကေတ့ာ ေစ်းၾကီးမွာ အမွန္ပဲျဖစ္တဲ့အတြက္ သင့္အေနနဲ႔ အျပင္မွာ ေသာက္ထားပါ။ ဘားေတြကလပ္ေတြထဲမွာဆိုရင္ မွာရင္းမွာရင္းနဲ ႔ေဘလ္ ပိုတက္သြားႏိုင္လို႔ ၾကိဳစားထား၊ၾကိဳေသာက္ထားပါ။

၄။မီတာခေခၽြတာပါ။
ဒီလိုေသးေသးမႊားမႊားေလးေတြက အစသင့္အေနနဲ႔ သတိထားဖို႔ လိုပါတယ္။ မီးေတြ၊သင့္အိပ္ခန္းထဲက Air Conက အစ ျပင္သြားခါနီးပိတ္ဖို႔ မေမ့ပါနဲ႔။ အိမ္ကေန ထြက္တာနဲ႔ မီးေတြအကုန္ ပိတ္ခဲ့တ့ဲ အက်င့္ကို ရေအာင္ လုပ္ထားပါ။

၅။Discountေတြကို လက္မလႊတ္ပါနဲ႔။
သင္အေနနဲ႔ စူပါမားကတ္ေတြမွာ ေစ်း၀ယ္တဲ့အခါ Discount ရာခိုင္ႏႈန္းမ်ားမ်ား ခ်ထားတဲ့  အ၀တ္အစားေတြေတြ႔ရင္ သင့္ေတာ္တာမွန္သမွ် ေရြးခ်ယ္ဖို႔ မေမ့ပါနဲ႔။ သင့္အေနနဲ႔ အျပင္မွာ ၀ယ္ရင္ ႏွစ္ထည္စာ ေပးရမွာျဖစ္သလို သင္နဲ႔ အဆင္ေျပတာ ရမရ မေသခ်ာလို႔ Discount ေတြကိုလက္မလႊတ္ပါနဲ႔။

၆။ေစ်း၀ယ္မသြားခင္ စာရင္းလုပ္ထားပါ။
ေစ်း၀ယ္ျခင္းကဘယ္ေတာ့မွ ရပ္တန္႔လို႔မရပါဘူး။ ဒါေပမယ့္ ျမင္ျမင္သမွ် ၀ယ္မိမယ္ဆိုရင္ေတာ့ သင့္အိတ္ထဲမွာဘာမွကို က်န္ေတာ့မွာမဟုတ္ပါဘူး။ ဒါေၾကာင့္ အိမ္မွာတစ္ခုခု လိုလို႔ ေစ်း၀ယ္သြားမယ္ဆိုရင္ လိုအပ္သမွ် ပစၥည္းေတြကို စာရင္းမွတ္ထားပါ။ လိုအပ္သေလာက္ပဲ ၀ယ္ပါ။

၇။သြားရမယ့္လမ္းေၾကာင္းကို ႏွစ္ခါစဥ္းစားပါ။
သင့္အေနနဲ႔ သြားစရာလာစရာရွိလို႔ ကားစီးေတာ့မယ္ဆိုရင္ ကိုယ္သြားမယ့္ေနရာအေၾကာင္း အရင္စဥ္းစားပါ။ သင္ေနတဲ့ေနရာကေနသြားရမယ့္ေနရာထိ တိုက္ရိုက္ေရာက္ႏိုင္မယ့္ ဘတ္စ္၊ရထားစတာေတြ ရွိလားဆိုတာ စဥ္းစားပါ။ ရွိခဲ့ရင္ ပုိက္ဆံေခၽြတာတဲ့အေနနဲ႔ ဘတ္စ္ကား၊ရထားေတြနဲ႔ပဲ သြားပါ။ မျဖစ္မေန Taxi စီးရေတာ့မယ္ဆိုရင္လည္း Taxi စီးလိုက္ရတဲ႔ ပိုက္ဆံကို တျခားေနရာမွာ ေခၽြတာပါ။

၈။DIY ေတြလုပ္ပါ။
အိမ္မွာ ပိုေနတဲ့ ေရသန္႔ဗူးေတြ၊ မသံုးေတာ့တဲ့ လြယ္အိတ္ေတြ၊အက်ၤ ီေတြကို ျပန္ၿပိး ကိုယ္လိုတဲ့ ပစၥည္းေလးေတြ လုပ္လုိ႔ရပါတယ္။ ဒါ့အျပင္ လက္ေဆာင္ဗူးေတြ၊ အိမ္အလွဆင္တာေတြကို ကိုယ့္မွာ ရွိတဲ့ ပစၥည္းေတြနဲ႔ DIY ပစၥည္းအျဖစ္ ဖန္တီးလို႕ရပါတယ္။ ကုိယ္နဲ႔ပြေနလို႔ ေခ်ာင္ထိုးထားတဲ့အက်ၤီေတြကို ခါးကေန ညွပ္ၿပီး Crop Top ပြပြေလး ဖန္တီးတာမ်ိဳးေပါ့။

၉။ေဆးလိပ္ေသာက္တာရပ္ပါ။
ေဆးလိပ္မေသာက္ေတာ့တာက သင့္ရဲ႕ ပိုက္ဆံနည္းနည္း ျပန္တုိးလာေစသလို သင့္ရဲ႕ အဆုတ္ကိုလည္း ေကာင္းမြန္ေစပါတယ္။ ေနာက္ထပ္ ေရာဂါေတြျဖစ္ရင္ ေဆးကုရမယ့္ ပုိက္ဆံကို ေခၽြတာၿပီးသားလည္း ျဖစ္သြားပါတယ္။

၁၀။DrugStore ပစၥည္းေတြကို သံုးပါ။
Brand မွBrand ပဲ ဆုိတဲ့ အစြဲကလည္း သင့္ကို ပိုက္ဆံပိုကုန္ေစပါတယ္။ Brand နဲ႔ Drug Store ေစ်းႏႈန္းကလည္း နွစ္ဆေလာက္ကြာတဲ့အတြက္ သင့္အေနနဲ႔ Drugstore ပစၥည္းကို သံုးမယ္ဆိုရင္ပိုက္ဆံ ႏွစ္ဆေလာက္ ေခၽြတာၿပီးသား ျဖစ္မွာပါ။ Drugstore ပစၥည္းေတြထဲမွာလည္း Brand နဲ႔ ဆင္တာမ်ဳိး Dupe ေလးေတြ ရွိတဲ့အတြက္ ရွာသံုးတတ္ရင္ အဆင္ေျပပါတယ္။

၁၁။သူငယ္ခ်င္းေတြနဲ႔ေပ်ာ္လုိ႔ရမယ့္ Free Activitiesေတြ ရွာပါ။
သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါး အျပင္သြားမယ္ဆုိရင္ Happy Hoursေတြ ရွိမယ့္ေနရာကို ေရြးခ်ယ္ပါ။ သင့္အေနနဲ႔ အကုန္အက်နည္းသြားမွာျဖစ္သလို ေပ်ာ္လုိ႔လည္း ရမွာပါ။ ဒါ့အျပင္ သူငယ္ခ်င္းေတြနဲ႔ ကုိယ္တုိင္ ေယာဂအတူတူက်င့္ၾကည့္တာ၊ျပတိုက္ေတြ၊ျပပဲြေတြ အတူသြားတာ၊ေန၀င္ခ်ိန္အတူၾကည့္တာ၊ ကမ္းနားမွာ ထိုင္တာ စတာေတြ လုပ္လုိ႔ ရပါတယ္။

၁၂။ကိုယ့္အတြက္တကယ္လုိအပ္လား စဥ္းစားပါ။
သင့္အေနနဲ႔ ပစၥည္းတစ္ခုခု ၀ယ္ေတာ့မယ္ဆုိရင္ “ဒါကို ငါတကယ္လုိခ်င္လား ဒါမွမဟုတ္ ငါ့အတြက္ တကယ္ေရာ အသံုး၀င္လား”ဆိုတာ ကိုယ့္ကိုကိုယ္ေမးပါ။ သင္ကိုယ္တိုင္ ကိုယ့္ကိုကိုယ္ မလိမ္ညာဘဲ အမွန္အတိုင္းေျဖဖို႔ေတာ့ လိုအပ္ပါတယ္။ ကိုယ္တိုင္စဥ္းစားလို႔ မရဘူးဆိုရင္ေတာ့သင့္အေမပဲ ျဖစ္ျဖစ္၊ သင့္သူငယ္ခ်င္းေတြကိုပဲ ျဖစ္ျဖစ္ အႀကံဥာဏ္ေတာင္းၾကည့္ပါ။


Credit : Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ပိုက်ဆံစုတယ်ဆိုတာ နှစ်အစတည်းက လူတိုင်းလုပ်ကြတဲ့ အနာဂတ်အစီအစဉ်တစ်ခုပါ။ ဒါပေမယ့် မှတ်ရမယ့်အချက်တွေနဲ့လှည့်ကွက်လေးတွေတော့ရှိတာပေါ့။ ဘယ်လိုမျိုးတွေလဲဆိုတာရောမသိချင်ကြဘူးလား။ ဒီအချက်တွေသာ သင်သိသွားရင် အနည်းနဲ့အများတော့ ပိုက်ဆံတွေ စုမိသွားမှာပါ။

၁။ လက်သည်းခြေသည်းတွေ ကိုယ်တိုင်အိမ်မှာပဲ အလှဆင်ပါ။
ဒီဘက်ခေတ်မှာ လက်သည်းခြေသည်းလုပ်တာက မိန်းကလေးတိုင်း လုပ်တဲ့အရာဖြစ်ပြီးတော့ စရိတ်စက ပိုပြီးကြီးပါတယ်။ ဒါပေမယ့် လက်သည်းခြေသည်းပန်းချီကို မေ့လိုက်ပါတော့။ အရည်အသွေးကောင်းတဲ့ လက်သည်းနီ တစ်ပုလင်း၊နှစ်ပုလင်းလောက် ဝယ်ထားပြီးတော့ ဖြတ်ကျော်လိုက်ပါ။ လက်သည်းခြေသည်း ပန်းချီဖော်မယ့်အချိန် ကုန်ကျမယ့် ပိုက်ဆံထက် အများကြီး သက်သာသွားမှာဖြစ်သလို သင်လည်းပိုက်ဆံ အပိုဆောင်းစုမိသွားမှာဖြစ်ပါတယ်။

၂။ ညစာကိုအိမ်မှာပဲချက်စားပါ။
ညဘက်ဆိုတော့ အလွန်အကျွံစားတာက သင့်ကို ဝိတ်တက်စေတဲ့အပြင် အပြင်မှာစားတဲ့အခါ ပိုပြီးကုန်ကျစေပါတယ်။ ကိုယ်ကိုယ်တိုင်ချက်လို့ရမယ့် အစားအသောက်တွေလည်းအများကြီးရှိတဲ့အပြင် ညစာကို ချွေတာလိုက်တာက သင့်အတွက် အပိုငွေထွက်လာနိုင်ပါတယ်။

၃။ဘားတွေမထိုင်ခင် နည်းနည်းသောက်ထားပါ။
သင့်အနေနဲ့ ဘာမှမစားထားမသောက်ထားဘဲ ဘားထိုင်တာက သိပ်တော့အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဘားတွေကလပ်တွေမှာကတေ့ာ ဈေးကြီးမှာ အမှန်ပဲဖြစ်တဲ့အတွက် သင့်အနေနဲ့ အပြင်မှာ သောက်ထားပါ။ ဘားတွေကလပ်တွေထဲမှာဆိုရင် မှာရင်းမှာရင်းနဲ့ဘေလ် ပိုတက်သွားနိုင်လို့ ကြိုစားထား၊ကြိုသောက်ထားပါ။

၄။မီတာခချွေတာပါ။
ဒီလိုသေးသေးမွှားမွှားလေးတွေက အစသင့်အနေနဲ့ သတိထားဖို့ လိုပါတယ်။ မီးတွေ၊သင့်အိပ်ခန်းထဲက Air Conက အစ ပြင်သွားခါနီးပိတ်ဖို့ မမေ့ပါနဲ့။ အိမ်ကနေ ထွက်တာနဲ့ မီးတွေအကုန် ပိတ်ခဲ့တဲ့ အကျင့်ကို ရအောင် လုပ်ထားပါ။

၅။Discountတွေကို လက်မလွှတ်ပါနဲ့။
သင်အနေနဲ့ စူပါမားကတ်တွေမှာ ဈေးဝယ်တဲ့အခါ Discount ရာခိုင်နှုန်းများများ ချထားတဲ့  အဝတ်အစားတွေတွေ့ရင် သင့်တော်တာမှန်သမျှ ရွေးချယ်ဖို့ မမေ့ပါနဲ့။ သင့်အနေနဲ့ အပြင်မှာ ဝယ်ရင် နှစ်ထည်စာ ပေးရမှာဖြစ်သလို သင်နဲ့ အဆင်ပြေတာ ရမရ မသေချာလို့ Discount တွေကိုလက်မလွှတ်ပါနဲ့။

၆။ဈေးဝယ်မသွားခင် စာရင်းလုပ်ထားပါ။
ဈေးဝယ်ခြင်းကဘယ်တော့မှ ရပ်တန့်လို့မရပါဘူး။ ဒါပေမယ့် မြင်မြင်သမျှ ဝယ်မိမယ်ဆိုရင်တော့ သင့်အိတ်ထဲမှာဘာမှကို ကျန်တော့မှာမဟုတ်ပါဘူး။ ဒါကြောင့် အိမ်မှာတစ်ခုခု လိုလို့ ဈေးဝယ်သွားမယ်ဆိုရင် လိုအပ်သမျှ ပစ္စည်းတွေကို စာရင်းမှတ်ထားပါ။ လိုအပ်သလောက်ပဲ ဝယ်ပါ။

၇။သွားရမယ့်လမ်းကြောင်းကို နှစ်ခါစဉ်းစားပါ။
သင့်အနေနဲ့ သွားစရာလာစရာရှိလို့ ကားစီးတော့မယ်ဆိုရင် ကိုယ်သွားမယ့်နေရာအကြောင်း အရင်စဉ်းစားပါ။ သင်နေတဲ့နေရာကနေသွားရမယ့်နေရာထိ တိုက်ရိုက်ရောက်နိုင်မယ့် ဘတ်စ်၊ရထားစတာတွေ ရှိလားဆိုတာ စဉ်းစားပါ။ ရှိခဲ့ရင် ပိုက်ဆံချွေတာတဲ့အနေနဲ့ ဘတ်စ်ကား၊ရထားတွေနဲ့ပဲ သွားပါ။ မဖြစ်မနေ Taxi စီးရတော့မယ်ဆိုရင်လည်း Taxi စီးလိုက်ရတဲ့ ပိုက်ဆံကို တခြားနေရာမှာ ချွေတာပါ။

၈။DIY တွေလုပ်ပါ။
အိမ်မှာ ပိုနေတဲ့ ရေသန့်ဗူးတွေ၊ မသုံးတော့တဲ့ လွယ်အိတ်တွေ၊အကျၤ ီတွေကို ပြန်ပြိး ကိုယ်လိုတဲ့ ပစ္စည်းလေးတွေ လုပ်လို့ရပါတယ်။ ဒါ့အပြင် လက်ဆောင်ဗူးတွေ၊ အိမ်အလှဆင်တာတွေကို ကိုယ့်မှာ ရှိတဲ့ ပစ္စည်းတွေနဲ့ DIY ပစ္စည်းအဖြစ် ဖန်တီးလို့ရပါတယ်။ ကိုယ်နဲ့ပွနေလို့ ချောင်ထိုးထားတဲ့အကျၤီတွေကို ခါးကနေ ညှပ်ပြီး Crop Top ပွပွလေး ဖန်တီးတာမျိုးပေါ့။

၉။ဆေးလိပ်သောက်တာရပ်ပါ။
ဆေးလိပ်မသောက်တော့တာက သင့်ရဲ့ ပိုက်ဆံနည်းနည်း ပြန်တိုးလာစေသလို သင့်ရဲ့ အဆုတ်ကိုလည်း ကောင်းမွန်စေပါတယ်။ နောက်ထပ် ရောဂါတွေဖြစ်ရင် ဆေးကုရမယ့် ပိုက်ဆံကို ချွေတာပြီးသားလည်း ဖြစ်သွားပါတယ်။

၁၀။DrugStore ပစ္စည်းတွေကို သုံးပါ။
Brand မှBrand ပဲ ဆိုတဲ့ အစွဲကလည်း သင့်ကို ပိုက်ဆံပိုကုန်စေပါတယ်။ Brand နဲ့ Drug Store ဈေးနှုန်းကလည်း နှစ်ဆလောက်ကွာတဲ့အတွက် သင့်အနေနဲ့ Drugstore ပစ္စည်းကို သုံးမယ်ဆိုရင်ပိုက်ဆံ နှစ်ဆလောက် ချွေတာပြီးသား ဖြစ်မှာပါ။ Drugstore ပစ္စည်းတွေထဲမှာလည်း Brand နဲ့ ဆင်တာမျိုး Dupe လေးတွေ ရှိတဲ့အတွက် ရှာသုံးတတ်ရင် အဆင်ပြေပါတယ်။

၁၁။သူငယ်ချင်းတွေနဲ့ပျော်လို့ရမယ့် Free Activitiesတွေ ရှာပါ။
သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး အပြင်သွားမယ်ဆိုရင် Happy Hoursတွေ ရှိမယ့်နေရာကို ရွေးချယ်ပါ။ သင့်အနေနဲ့ အကုန်အကျနည်းသွားမှာဖြစ်သလို ပျော်လို့လည်း ရမှာပါ။ ဒါ့အပြင် သူငယ်ချင်းတွေနဲ့ ကိုယ်တိုင် ယောဂအတူတူကျင့်ကြည့်တာ၊ပြတိုက်တွေ၊ပြပွဲတွေ အတူသွားတာ၊နေဝင်ချိန်အတူကြည့်တာ၊ ကမ်းနားမှာ ထိုင်တာ စတာတွေ လုပ်လို့ ရပါတယ်။

၁၂။ကိုယ့်အတွက်တကယ်လိုအပ်လား စဉ်းစားပါ။
သင့်အနေနဲ့ ပစ္စည်းတစ်ခုခု ဝယ်တော့မယ်ဆိုရင် “ဒါကို ငါတကယ်လိုချင်လား ဒါမှမဟုတ် ငါ့အတွက် တကယ်ရော အသုံးဝင်လား”ဆိုတာ ကိုယ့်ကိုကိုယ်မေးပါ။ သင်ကိုယ်တိုင် ကိုယ့်ကိုကိုယ် မလိမ်ညာဘဲ အမှန်အတိုင်းဖြေဖို့တော့ လိုအပ်ပါတယ်။ ကိုယ်တိုင်စဉ်းစားလို့ မရဘူးဆိုရင်တော့သင့်အမေပဲ ဖြစ်ဖြစ်၊ သင့်သူငယ်ချင်းတွေကိုပဲ ဖြစ်ဖြစ် အကြံဉာဏ်တောင်းကြည့်ပါ။



Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top