iMyanmarHouse.com - Best Property Website for Myanmar
×

ကၽြန္မတို႔ခႏၶာကိုယ္ လုပ္ေဆာင္ခ်က္ေတြအတြက္မရွိမျဖစ္လိုအပ္တဲ႔ ဗီတာမင္နဲ႔ သတၱဳမ်ားစြာပါဝင္တဲ႔အသီးကိုေျပာပါဆိုရင္ သေဘၤာသီးကိုအရင္ဆံုး သတိရမိပါတယ္။ သေဘၤာသီးဟာ သူ႔ရဲ႕ အနံ႔နဲ႔အရသာေၾကာင့္ နာမည္ေက်ာ္လွတဲ႔အျပင္ က်န္းမာေရးအတြက္ ေကာင္းက်ိဳးမ်ားစြာလည္း ျဖစ္ထြန္းေစပါတယ္။ ဒါေၾကာင့္သေဘၤာသီးရဲ႕ေဆးဘက္ဝင္ပံုေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) အစာေခ်လမ္းေၾကာင္းအားေကာင္းမြန္ေစျခင္း
သေဘၤာသီးမွာပါဝင္တဲ႔ Papain လို႔ေခၚတဲ႔ဓာတ္တစ္မ်ိဳးဟာ ပရိုတင္းဓာတ္ေတြကိုျပိဳကြဲေစျခင္းျဖင့္ အစာေခ်စနစ္ကို ေကာင္းမြန္ေစျပီး အစာေခ်လမ္းေၾကာင္းကိုလည္း သန္႔ရွင္းေစပါတယ္

(၂) ခႏၶာကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ေပးႏိုင္ေပးျခင္း
သဘာဝအတိုင္းဝိတ္ခ်ခ်င္တဲ႔ သူေတြအတြက္ သေဘၤာသီးဟာ သိပ္ကိုအသံုးဝင္ပါတယ္။ ညေနခင္းနဲ႔ မနက္ခင္းေတြမွာ သေဘၤာသီးကို ပန္းကန္လံုးတစ္လံုးေလာက္စားေပးျခင္းဟာ က်န္းမာေရးနဲ႔ ညီညႊတ္စြာဝိတ္ခ်ရာ ေရာက္ပါတယ္။

(၃) ေရာဂါကူးစက္ျခင္းကိုကာကြယ္ေပးႏိုင္ျခင္း
သေဘၤာသီးမွာဆိုရင္ ခႏၶာကိုယ္ရဲ႕အူထဲမွာ တြယ္ကပ္ေနတဲ႔ ကပ္ပါးေကာင္ေတြကို ေသေစႏိုင္တဲ႔ အစြမ္းရွိတဲ႔အတြက္ ကူးစက္ေရာဂါနဲ႔ တျခားေရာဂါေတြကို ကာကြယ္ေပးႏိုင္ပါတယ္။

(၄) အေရျပားက်န္းမာလွပျခင္း
သေဘၤာသီးမွာပါဝင္တဲ႔ Papain လို႔ေခၚတဲ႔ဓာတ္တစ္မ်ိဳးဟာ ဆဲလ္အေသေတြကို ဖယ္ရွားေပးႏိုင္ျပီး အေရျပားကို သန္႔စင္ေပးႏိုင္ပါတယ္။ ေနေလာင္ျခင္းကိုလည္း ကုသေပးႏိုင္တဲ႔အတြက္ အမ်ိဳးသမီးအမ်ားစုက Facial Mask အျဖစ္အသံုးျပဳၾကပါတယ္။

(၅) ဝမ္းခ်ဳပ္ျခင္းမွ ကာကြယ္ေပးႏိုင္ျခင္း
ဗီတာမင္စီ၊ ဗီတာမင္အီး နဲ႔ ေဖာလိတ္တို႔ပါဝင္ျခင္းေၾကာင့္ အစာအိမ္နဲ႔ အူလမ္းေၾကာင္းမွာ ခုခံအားကို ထုတ္လႊတ္ေပးျပီး ဖ်ားနာျခင္းကို ကာကြယ္ေပးပါတယ္။ ဒါ့အျပင္ သေဘၤာသီးအမွည့္ဟာ အစာေခ်ဖ်က္ျခင္းကို ကူညီလုပ္ေဆာင္ေပးတဲ႔အတြက္ ဝမ္းခ်ဳပ္ျခင္းမွလည္းကင္းေဝးေစပါတယ္။

(၆) ဓမၼတာမွန္ေစျခင္း
အမ်ိဳးသမီးေတြအတြက္ သေဘၤာေဖ်ာ္ရည္တစ္ခြက္ဟာ ရာသီစက္ဝန္းအခ်ိန္ေတြမွာ ေကာင္းမြန္တဲ႔ အေထာက္အပံံ့တစ္ခု ျဖစ္ေစပါတယ္။ မမွည့္ေသးတဲ႔သေဘၤာသီးအစိမ္းကို စားေပးျခင္းဟာလည္း ဓမၼတာမွန္ေစပါတယ္။

Credit:momolay

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကျွန်မတို့ခန္ဓာကိုယ် လုပ်ဆောင်ချက်တွေအတွက်မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုများစွာပါဝင်တဲ့အသီးကိုပြောပါဆိုရင် သင်္ဘောသီးကိုအရင်ဆုံး သတိရမိပါတယ်။ သင်္ဘောသီးဟာ သူ့ရဲ့ အနံ့နဲ့အရသာကြောင့် နာမည်ကျော်လှတဲ့အပြင် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာလည်း ဖြစ်ထွန်းစေပါတယ်။ ဒါကြောင့်သင်္ဘောသီးရဲ့ဆေးဘက်ဝင်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အစာချေလမ်းကြောင်းအားကောင်းမွန်စေခြင်း
သင်္ဘောသီးမှာပါဝင်တဲ့ Papain လို့ခေါ်တဲ့ဓာတ်တစ်မျိုးဟာ ပရိုတင်းဓာတ်တွေကိုပြိုကွဲစေခြင်းဖြင့် အစာချေစနစ်ကို ကောင်းမွန်စေပြီး အစာချေလမ်းကြောင်းကိုလည်း သန့်ရှင်းစေပါတယ်

(၂) ခန္ဓာကိုယ်အလေးချိန်လျှော့ချပေးနိုင်ပေးခြင်း
သဘာဝအတိုင်းဝိတ်ချချင်တဲ့ သူတွေအတွက် သင်္ဘောသီးဟာ သိပ်ကိုအသုံးဝင်ပါတယ်။ ညနေခင်းနဲ့ မနက်ခင်းတွေမှာ သင်္ဘောသီးကို ပန်းကန်လုံးတစ်လုံးလောက်စားပေးခြင်းဟာ ကျန်းမာရေးနဲ့ ညီညွှတ်စွာဝိတ်ချရာ ရောက်ပါတယ်။

(၃) ရောဂါကူးစက်ခြင်းကိုကာကွယ်ပေးနိုင်ခြင်း
သင်္ဘောသီးမှာဆိုရင် ခန္ဓာကိုယ်ရဲ့အူထဲမှာ တွယ်ကပ်နေတဲ့ ကပ်ပါးကောင်တွေကို သေစေနိုင်တဲ့ အစွမ်းရှိတဲ့အတွက် ကူးစက်ရောဂါနဲ့ တခြားရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၄) အရေပြားကျန်းမာလှပခြင်း
သင်္ဘောသီးမှာပါဝင်တဲ့ Papain လို့ခေါ်တဲ့ဓာတ်တစ်မျိုးဟာ ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်ပြီး အရေပြားကို သန့်စင်ပေးနိုင်ပါတယ်။ နေလောင်ခြင်းကိုလည်း ကုသပေးနိုင်တဲ့အတွက် အမျိုးသမီးအများစုက Facial Mask အဖြစ်အသုံးပြုကြပါတယ်။

(၅) ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း
ဗီတာမင်စီ၊ ဗီတာမင်အီး နဲ့ ဖောလိတ်တို့ပါဝင်ခြင်းကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ခုခံအားကို ထုတ်လွှတ်ပေးပြီး ဖျားနာခြင်းကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သင်္ဘောသီးအမှည့်ဟာ အစာချေဖျက်ခြင်းကို ကူညီလုပ်ဆောင်ပေးတဲ့အတွက် ဝမ်းချုပ်ခြင်းမှလည်းကင်းဝေးစေပါတယ်။

(၆) ဓမ္မတာမှန်စေခြင်း
အမျိုးသမီးတွေအတွက် သင်္ဘောဖျော်ရည်တစ်ခွက်ဟာ ရာသီစက်ဝန်းအချိန်တွေမှာ ကောင်းမွန်တဲ့ အထောက်အပံံ့တစ်ခု ဖြစ်စေပါတယ်။ မမှည့်သေးတဲ့သင်္ဘောသီးအစိမ်းကို စားပေးခြင်းဟာလည်း ဓမ္မတာမှန်စေပါတယ်။

Credit:momolay

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top