iMyanmarHouse.com - Best Property Website for Myanmar
×

အခ်ိဳစားခ်င္စိတ္ပဲ ျဖစ္ေနတာမ်ိဳး လူတုိင္း ျဖစ္တတ္ပါတယ္။ ခႏၶာကိုယ္အတြင္း အဟာရဓာတ္ေတြ ဟန္ခ်က္မညီတာမ်ိဳးေၾကာင့္ အျဖစ္မ်ားပါတယ္။ တခ်ိဳ႕ကေတာ့ အေလ့အက်င့္လုပ္ထားလို႔ ျဖစ္ပါတယ္။ အခ်ိဳစားခ်င္စိတ္ပဲ ျဖစ္ေနရတဲ့ အေၾကာင္းအရင္း ၄ ခ်က္ ရွိပါတယ္။

၁ - ကယ္လိုရီ

ကယ္လိုရီ လံုလံုေလာက္ သင္မစားတဲ့အခါမွာ ခႏၶာကိုယ္ဟာ ေလာင္စာကို ျမန္ျမန္ဆန္ဆန္ရရွိဖို႔ ၾကိဳးစားလာပါတယ္။ ဒီအခါမွာ အခ်ိဳစားခ်င္စိတ္ ေပါက္လာပါတယ္။ ဒါေပမယ့္ အခ်ိဳစားလိုက္ျခင္းဟာ ခဏပဲ အာသီသ ေျပေစပါတယ္။  ခႏၶာကိုယ္ဟာ ကယ္လိုရီကိုသာ လိုအပ္ေနတာေၾကာင့္ ကယ္လိုရီပါတဲ့ အစားအစာေတြကိုသာ စားသံုးသင့္ပါတယ္။

၂ - အေလ့အက်င့္

အခ်ိဳစားတာကို အေလ့အက်င့္မ်ိဳး လုပ္ထားတာ ျဖစ္ပါတယ္။ ဥပမာ-  ထမင္းစားျပီးတဲ့အခါတုိင္း အခ်ိဳတစ္ခုခု စားတဲ့အက်င့္မ်ိဳး ရွိတဲ့အခါ ထမင္းျပီးရင္ အခ်ိဳစားရမွ ေက်နပ္တာမ်ိဳး ျဖစ္ပါတယ္။ ေန႔လယ္ဘက္အိပ္ျပီး ျပန္ထတဲ့အခါ အခ်ိဳစားတဲ့အက်င့္လုပ္ထားသူမ်ိဳးလည္း ရွိပါတယ္။ အခ်ိဳစားတာဟာ အက်င့္ျဖစ္လာျပီး မစားရတဲ့အခါမ်ိဳးမွာ တစ္ခုခုလိုသလို ျဖစ္ေနတတ္ပါတယ္။

၃ - အဆီနဲ႔ ပရိုတိန္း

ကစီဓာတ္မ်ားတဲ့ အစားအစာေတြကို စားျပီး အဆီနဲ႔ပရိုတိန္းဓာတ္လံုေလာက္စြာ မရရွိတဲ့အခါမွာလည္း အခ်ိဳစားခ်င္စိတ္ပဲ ျဖစ္ေနတတ္ပါတယ္။ ဗိုက္ျပည့္တယ္ဆိုတဲ့ ခံစားမႈကိုလည္း မရပါဘူး။ ဒီအခါမွာ အဆီနဲ႔ ပရိုတိန္းပါတဲ့ အစားအေသာက္မ်ိဳးကို စားသင့္ပါတယ္။ အသီးအရြက္နဲ႔ ေရာစားေပးရင္ ပိုေကာင္းပါတယ္။

၄ - ဆိုဒီယမ္

ဆိုဒီယမ္မ်ားတဲ့ အစားအေသာက္ေတြကိုပဲ စားေနတဲ့ အခါမွာလည္း အခ်ိဳစားခ်င္စိတ္ ပိုမိုျဖစ္ေပၚပါတယ္။ အသင့္ထုပ္ျပီးသားအစားအစာမ်ိဳးေတြပဲ စားေနတာဟာလည္း  ဆိုဒီယမ္ဓာတ္ပိုမို ရရွိျပီး အခ်ိဳဓာတ္ကို ပိုမိုေတာင့္တတတ္ပါတယ္။ ဒီလိုအေျခအေနေၾကာင့္ အခ်ိဳစားခ်င္တယ္ဆိုရင္ေတာ့ ခ်ိဳတဲ့သဘာဝအသီးအႏွံမ်ိဳးကို စားေပးသင့္ပါတယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
အချိုစားချင်စိတ်ပဲ ဖြစ်နေတာမျိုး လူတိုင်း ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်အတွင်း အဟာရဓာတ်တွေ ဟန်ချက်မညီတာမျိုးကြောင့် အဖြစ်များပါတယ်။ တချို့ကတော့ အလေ့အကျင့်လုပ်ထားလို့ ဖြစ်ပါတယ်။ အချိုစားချင်စိတ်ပဲ ဖြစ်နေရတဲ့ အကြောင်းအရင်း ၄ ချက် ရှိပါတယ်။

၁ - ကယ်လိုရီ

ကယ်လိုရီ လုံလုံလောက် သင်မစားတဲ့အခါမှာ ခန္ဓာကိုယ်ဟာ လောင်စာကို မြန်မြန်ဆန်ဆန်ရရှိဖို့ ကြိုးစားလာပါတယ်။ ဒီအခါမှာ အချိုစားချင်စိတ် ပေါက်လာပါတယ်။ ဒါပေမယ့် အချိုစားလိုက်ခြင်းဟာ ခဏပဲ အာသီသ ပြေစေပါတယ်။  ခန္ဓာကိုယ်ဟာ ကယ်လိုရီကိုသာ လိုအပ်နေတာကြောင့် ကယ်လိုရီပါတဲ့ အစားအစာတွေကိုသာ စားသုံးသင့်ပါတယ်။

၂ - အလေ့အကျင့်

အချိုစားတာကို အလေ့အကျင့်မျိုး လုပ်ထားတာ ဖြစ်ပါတယ်။ ဥပမာ-  ထမင်းစားပြီးတဲ့အခါတိုင်း အချိုတစ်ခုခု စားတဲ့အကျင့်မျိုး ရှိတဲ့အခါ ထမင်းပြီးရင် အချိုစားရမှ ကျေနပ်တာမျိုး ဖြစ်ပါတယ်။ နေ့လယ်ဘက်အိပ်ပြီး ပြန်ထတဲ့အခါ အချိုစားတဲ့အကျင့်လုပ်ထားသူမျိုးလည်း ရှိပါတယ်။ အချိုစားတာဟာ အကျင့်ဖြစ်လာပြီး မစားရတဲ့အခါမျိုးမှာ တစ်ခုခုလိုသလို ဖြစ်နေတတ်ပါတယ်။

၃ - အဆီနဲ့ ပရိုတိန်း

ကစီဓာတ်များတဲ့ အစားအစာတွေကို စားပြီး အဆီနဲ့ပရိုတိန်းဓာတ်လုံလောက်စွာ မရရှိတဲ့အခါမှာလည်း အချိုစားချင်စိတ်ပဲ ဖြစ်နေတတ်ပါတယ်။ ဗိုက်ပြည့်တယ်ဆိုတဲ့ ခံစားမှုကိုလည်း မရပါဘူး။ ဒီအခါမှာ အဆီနဲ့ ပရိုတိန်းပါတဲ့ အစားအသောက်မျိုးကို စားသင့်ပါတယ်။ အသီးအရွက်နဲ့ ရောစားပေးရင် ပိုကောင်းပါတယ်။

၄ - ဆိုဒီယမ်

ဆိုဒီယမ်များတဲ့ အစားအသောက်တွေကိုပဲ စားနေတဲ့ အခါမှာလည်း အချိုစားချင်စိတ် ပိုမိုဖြစ်ပေါ်ပါတယ်။ အသင့်ထုပ်ပြီးသားအစားအစာမျိုးတွေပဲ စားနေတာဟာလည်း  ဆိုဒီယမ်ဓာတ်ပိုမို ရရှိပြီး အချိုဓာတ်ကို ပိုမိုတောင့်တတတ်ပါတယ်။ ဒီလိုအခြေအနေကြောင့် အချိုစားချင်တယ်ဆိုရင်တော့ ချိုတဲ့သဘာဝအသီးအနှံမျိုးကို စားပေးသင့်ပါတယ်။


Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top