iMyanmarHouse.com - Best Property Website for Myanmar
×
💰ေငြေနာက္ကိုလိုက္ပါ
💰မကြွားဝါပါနဲ့ ။ တိတ်တဆိတ်ကြိုးစားပါ
ref: Topten Page
Credit: Thutazone
Unicode Version
💰ငွေနောက်ကိုလိုက်ပါ
ကနေ့ခေတ်စီးပွားရေးအရဆိုရင် သမရိုးကျနည်းတွေနဲ့ချမ်းသာဖို့ကခက်ခဲလွန်းပါတယ်။ ပထမဆုံးခြေလှမ်းကတော့သင့်ဝင်ငွေတိုးလာဖို့အာရုံစိုက်ရမယ် ။ ငွေတွေထပ်ခါ ထပ်ခါဝင်နေဖို့အာရုံစိုက်နေရမယ်။ ခုငွေနောက်ကိုစလိုက်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့်သင်ဟာ ငွေကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာသိလာပြီး အခွင့်အလမ်းတွေကိုမြင်လာမှာဖြစ်ပါတယ်
💰မကြွားဝါပါနဲ့။ တိတ်တဆိတ်ကြိုးစားပါ
သင်ရဲ့လုပ်ငန်း သင့်ရဲ့ရင်းနှီးမြှပ်နှံမှုတွေက ဝင်ငွေမပေါသေးဘဲနဲ့တန်ဖိုးကြီးကားတွေ, တန်ဖိုးကြီးနာရီတွေဝယ်မဝတ်ပါနဲ့။သင့်အလုပ်ကြောင့်လူသိပါစေ။သင်ဝယ်တဲ့အရာတွေကြောင့်လူမသိပါစေနဲ့။
💰ရင်းနှီးမြုပ်နှံဖို့ငွေစုပါ။ ငွေစုဖို့အတွက်ငွေမစုပါနဲ့
ငွေစုဖို့အတွက်တစ်ခုထဲတော့အကြောင်းပြချက်က ရင်းနှီးမြုပ်နှံဖို့ပါဘဲ။ ငွေစုပြီဆိုတာနဲ့စုတဲ့ငွေကိုလုံးဝမထိပါနဲ့။ ဘာအတွက်မှလည်းမသုံးပါနဲ့။ အရေးပေါ်အတွက်ဆိုရင်တောင်မသုံးပါနဲ့။ ဒီလိုလုပ်ခြင်းဟာ သင့်ရဲ့ဝင်ငွေကိုတိုးလာစေပါတယ်။
💰အကြွေးယူတာကိုရှောင်ပါ
သင်ဘယ်တော့မှငွေမချေးရအောင် အကောင်းဆူံးငွေကြေးကိူထိန်းချုပ်ပါ။ စည်းကမ်းတွေသတ်မှတ်ထားပါ။ ချမ်းသာတဲ့သူတွေဟာ ရင်းနှီးမြုပ်နှံမှုအသစ်တွေပြုလုပ်ဖို့ငွေကြေးစီးဆင်းမှုတိုးတတ်ဖို့အတွက်သာအကြွေးယူကြတာပါ။ ဆင်းရဲတဲ့သူတွေကတော့ ပစ္စည်းတွေဝယ်ဖို့ငွေချေးကြတယ်။ ဒီတော့ ဆင်းရဲတဲ့သူတွေကပိုဆင်းရဲပြီး ချမ်းသာတဲ့သူတွေက ပိုချမ်းသာကြပါတော့တယ်
💰ငွေကို သဝန်တိုတတ်တဲ့ချစ်သူတယောက်လိုပြုမူဆက်ဆံပါ
ငွေတွေပေါများလာပါစေလို့ဘယ်လောက်ဆုတောင်းနေနေ အချည်းနှီးပါဘဲ။ ငွေကြေးပိုင်းဆိုင်ရာလွပ်လပ်မှုရှိရမယ်ဆိုတာ ဦးစားပေးတစ်ခုအနေနဲ့သတ်မှတ်ထားပါ။ ချမ်းသာဖို့ဆိုရင် ငွေကိုဦးစားပေးတစ်ခုအနေနဲ့သတ်မှတ်ထားရမယ်။ ငွေဆိုတာ သဝန်တိုတတ်တဲ့ချစ်သူလိုဘဲ။ သင်ကသူမကိုဂရုမစိုက်ရင် သူမကလည်းသင့်ကိုဂရုစိုက်မှာမဟုတ်ပါဘူး။ ဒီထက်ဆိုးလာရင် သူမကသင့်ထက်ပိုကောင်းတဲ့သူတယောက်နဲ့တွေ့ပြီးသင့်ကို စွန့်ခွာကောင်းစွန့်ခွာသွားနိုင်ပါတယ်
💰ပိုက်ဆံကဘယ်တော့မှအိပ်မနေပါဘူး
ပိုက်ဆံဟာ နာရီကိုလည်းမသိဘူး။ အချိန်ဇယားတွေကိုလည်းမသိဘူး။ အားလပ်ရပ်တွေကိုလည်းမသိဘူး။ ငွေက အလုပ်ကြိုးစားတဲ့သူတွေကိုချစ်တယ်။
💰ဆင်းရဲတယ်ဆိုတာ အဓိပ္ပါယ်မရှိတဲ့အရာဘဲ
ဘီဂတ်က ," ဆင်းဆင်းရဲရဲနဲ့မွေးလာတာသင့်အပြစ်မဟုတ်ဘူး။ ဆင်းဆင်းရဲရဲနဲ့သေသွားရင်တော့သင့်အပြစ်ဘဲ" လို့ပြောဖူးပါတယ်။
💰အကောင်းဆုံးစိတ်ခွန်အားပေးနိုင်သူ အကြံပေးနိုင်သူကိုရှာပါ
တိုးတတ်အောင်မြင်ဖို့ဆိုရင် မိမိကိုတွန်းအားအကောင်းဆုံးပေးနိုင်တဲ့သူကိုရှာဖွေရမယ်။ ဒါဟာအကောင်းဆုံးနည်းလမ်းပါဘဲ
💰ကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်ပါ
အမွေတွေ ဘာတွေ စဉ်းစားမနေနဲ့။ စွန့်ဦးလုပ်ကိုင်သူတွေဟာအကောင်းဆုံး လုပ်ဆောင်နိုင်ပါတယ်။ မီလျံနာအများစုဟာ ကိုယ်တိုင်ကြိုးစားပြီးကြွယ်ဝလာသူတွေဖြစ်ပါတယ်။
ref: Topten Page
Credit: Thutazone
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top