iMyanmarHouse.com - Best Property Website for Myanmar
×

W Korea မဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာ ေဆာင္းေဟက်ဳိ (Song Hye Kyo) ဟာ အခ်စ္နဲ႔ ပတ္သက္ၿပီး ဘယ္လိုအျမင္ရွိသလဲဆုိတဲ့ ေမးခြန္းကို ပြင့္လင္းစြာ ေျပာျပခဲ့တာ ျဖစ္ပါတယ္။

"အခ်စ္ေရးမွာ ကၽြန္မ တတ္ႏုိင္သေလာက္ အေကာင္းဆံုးလုပ္တယ္။ ကၽြန္မက အခ်စ္နဲ႔ပတ္သက္ၿပီး အေကာင္းျမင္တတ္သူလို႔ ဆုိရမယ္။ ကၽြန္မ ခ်စ္သူရတာနဲ႔ ကၽြန္မတတ္ႏုိင္သေလာက္ အေကာင္းဆံုးေပးဆပ္တယ္။ ၿပီးသြားၿပီဆုိရင္ေတာ့ လွည့္မၾကည့္ေတာ့ဘူး။ ခ်စ္သူတစ္ေယာက္ရတဲ့အခါ ကၽြန္မတတ္ႏုိင္သေလာက္ အကုန္လုပ္ေပးတဲ့အတြက္ ျပတ္သြားၿပီးရင္ ေနာင္တေတြ၊ တမ္းတမႈေတြ ဘာမွမရွိေတာ့ဘူး။ ကၽြန္မႀကိဳးစားရဲ႕သားနဲ႔ အခ်စ္ေရးက အဆင္မေျပဘူးဆုိရင္ ကၽြန္မနဲ႔ အဆင္ေျပတာပဲလုိ႔ပဲ ကၽြန္မလက္ခံလိုက္ႏိုင္တယ္" လို႔ သူမက ဆုိခဲ့ပါတယ္။

ဒါ့အျပင္ သူမက လမ္းခြဲျခင္းနဲ႔ ပတ္သက္ၿပီး သူမရဲ႕သေဘာထားကို ႐ိုးသားစြာပဲ ဝန္ခံေျပာျပခဲ့ပါတယ္။

"ဆယ္လီေတြ လမ္းခြဲျခင္းနဲ႔ ပတ္္သက္ၿပီး ေရးတဲ့ ေဆာင္းပါးေတြထဲမွာ ဆယ္လီေတြက လုပ္ေဖာ္ကိုင္ဖက္အျဖစ္ ဆက္ဆံေရးကို ထိန္းသိမ္းထားႏုိင္တယ္လို႔ ဆုိၾကတယ္။ ဒါေပမဲ့ တကယ္တမ္းေတာ့ သူတုိ႔ဟာ သူစိမ္းေတြ မျဖစ္ေတာ့ဘူးလား။ ရင္းႏွီးတဲ့ လုပ္ေဖာ္ကိုင္ဖက္အျဖစ္ ဆက္ဆံေရးကို ထိန္းသိမ္းထားဖုိ႔ ဘယ္လိုမ်ား စိတ္ဝင္စားေသးတာလဲ။ လူတစ္ေယာက္နဲ႔ လမ္းခြဲလုိက္ၿပီဆုိတာနဲ႔ သူတုိ႔ကို အျမဲတမ္းေရွာင္ေနဖုိ႔ မသင့္ဘူးလား။ အဲဒါဟာ ေနာက္ထားမယ့္ ရည္းစားအတြက္လည္း အေကာင္းဆံုးလို႔ ကၽြန္မထင္တယ္" လို႔ သူမက ေျပာခဲ့ပါတယ္။

"လူတစ္ေယာက္နဲ႔ အ႐ူးအမူးခ်စ္ခဲ့တယ္ဆုိရင္ေတာင္ ျပတ္သြားၿပီဆုိတာနဲ႔ သူဟာ အိမ္နီးခ်င္းထက္ေတာင္ ဆုိးသြားႏုိင္ေသးတယ္။ အိမ္နီးခ်င္းကမွ ကိုယ္အကူအညီေတာင္းရင္ ကိုယ့္အိမ္ကနံရံမွာ သံလာ႐ိုက္ေပးႏုိင္ေသးတယ္" လို႔ ေဆာင္းေဟက်ဳိက ပြင့္လင္းစြာ ဆုိခဲ့ပါတယ္။

ေဆာင္းေဟက်ဳိဟာ လတ္တေလာမွာ Descendants of the Sun ဇာတ္ကားထဲက တြဲဖက္သ႐ုပ္ေဆာင္ ေဆာင္းဂၽြန္ကီနဲ႔ ခ်စ္သူေတြျဖစ္ေနၿပီလို႔ ေကာလာဟလေတြ ထြက္ေနေပမဲ့ သူတုိ႔ႏွစ္ဦးစလံုးက အတည္ျပဳေျပာၾကားျခင္းေတာ့ မရွိိေသးပါဘူး။

အႏုပညာလႈပ္ရွားမႈအေနနဲ႔ကေတာ့ အသက္ ၃၅ ႏွစ္အရြယ္ မင္းသမီးဟာ Ships Passing in the Night ဒရာမာဇာတ္ကားသစ္ကို ႐ုိက္ကူးေတာ့မယ္လို႔ သိရပါတယ္။

Credit : Duwun
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

W Korea မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဆောင်းဟေကျို (Song Hye Kyo) ဟာ အချစ်နဲ့ ပတ်သက်ပြီး ဘယ်လိုအမြင်ရှိသလဲဆိုတဲ့ မေးခွန်းကို ပွင့်လင်းစွာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

"အချစ်ရေးမှာ ကျွန်မ တတ်နိုင်သလောက် အကောင်းဆုံးလုပ်တယ်။ ကျွန်မက အချစ်နဲ့ပတ်သက်ပြီး အကောင်းမြင်တတ်သူလို့ ဆိုရမယ်။ ကျွန်မ ချစ်သူရတာနဲ့ ကျွန်မတတ်နိုင်သလောက် အကောင်းဆုံးပေးဆပ်တယ်။ ပြီးသွားပြီဆိုရင်တော့ လှည့်မကြည့်တော့ဘူး။ ချစ်သူတစ်ယောက်ရတဲ့အခါ ကျွန်မတတ်နိုင်သလောက် အကုန်လုပ်ပေးတဲ့အတွက် ပြတ်သွားပြီးရင် နောင်တတွေ၊ တမ်းတမှုတွေ ဘာမှမရှိတော့ဘူး။ ကျွန်မကြိုးစားရဲ့သားနဲ့ အချစ်ရေးက အဆင်မပြေဘူးဆိုရင် ကျွန်မနဲ့ အဆင်ပြေတာပဲလို့ပဲ ကျွန်မလက်ခံလိုက်နိုင်တယ်" လို့ သူမက ဆိုခဲ့ပါတယ်။

ဒါ့အပြင် သူမက လမ်းခွဲခြင်းနဲ့ ပတ်သက်ပြီး သူမရဲ့သဘောထားကို ရိုးသားစွာပဲ ဝန်ခံပြောပြခဲ့ပါတယ်။

"ဆယ်လီတွေ လမ်းခွဲခြင်းနဲ့ ပတ်သက်ပြီး ရေးတဲ့ ဆောင်းပါးတွေထဲမှာ ဆယ်လီတွေက လုပ်ဖော်ကိုင်ဖက်အဖြစ် ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်တယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ သူတို့ဟာ သူစိမ်းတွေ မဖြစ်တော့ဘူးလား။ ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်အဖြစ် ဆက်ဆံရေးကို ထိန်းသိမ်းထားဖို့ ဘယ်လိုများ စိတ်ဝင်စားသေးတာလဲ။ လူတစ်ယောက်နဲ့ လမ်းခွဲလိုက်ပြီဆိုတာနဲ့ သူတို့ကို အမြဲတမ်းရှောင်နေဖို့ မသင့်ဘူးလား။ အဲဒါဟာ နောက်ထားမယ့် ရည်းစားအတွက်လည်း အကောင်းဆုံးလို့ ကျွန်မထင်တယ်" လို့ သူမက ပြောခဲ့ပါတယ်။

"လူတစ်ယောက်နဲ့ အရူးအမူးချစ်ခဲ့တယ်ဆိုရင်တောင် ပြတ်သွားပြီဆိုတာနဲ့ သူဟာ အိမ်နီးချင်းထက်တောင် ဆိုးသွားနိုင်သေးတယ်။ အိမ်နီးချင်းကမှ ကိုယ်အကူအညီတောင်းရင် ကိုယ့်အိမ်ကနံရံမှာ သံလာရိုက်ပေးနိုင်သေးတယ်" လို့ ဆောင်းဟေကျိုက ပွင့်လင်းစွာ ဆိုခဲ့ပါတယ်။

ဆောင်းဟေကျိုဟာ လတ်တလောမှာ Descendants of the Sun ဇာတ်ကားထဲက တွဲဖက်သရုပ်ဆောင် ဆောင်းဂျွန်ကီနဲ့ ချစ်သူတွေဖြစ်နေပြီလို့ ကောလာဟလတွေ ထွက်နေပေမဲ့ သူတို့နှစ်ဦးစလုံးက အတည်ပြုပြောကြားခြင်းတော့ မရှိသေးပါဘူး။

အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ အသက် ၃၅ နှစ်အရွယ် မင်းသမီးဟာ Ships Passing in the Night ဒရာမာဇာတ်ကားသစ်ကို ရိုက်ကူးတော့မယ်လို့ သိရပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top