iMyanmarHouse.com - Best Property Website for Myanmar
×

အရင္ႏွစ္တုန္းက  Victoria's Secret ဖက္ရွင္ရႈိးမွာ ရီဟားနား လုပ္ေဆာင္သြားတဲ့အရာတစ္ခုကို အမွတ္ရေနၾကဦးမယ္လို႕ ထင္ပါတယ္။ အဲ့ဒါကဘာလဲဆုိေတာ့ သူမ ဒီပြဲမွာ ပါ၀င္ေဖ်ာ္ေျဖရမွာျဖစ္ေပမယ့္ မပါ၀င္ႏိုင္ခဲ့တာကို ၾကိဳတင္အသိေပးျခင္း မရွိခဲ့ပဲ။ ေဖ်ာ္ေျဖပြဲလုပ္ရမယ့္အခ်ိန္က်မွ ဒီေဖ်ာ္ေျဖပြဲမွာ သူမ မပါ၀င္ႏိုင္ေတာ့တဲ့အေၾကာင္း ဖက္ရွင္ရိႈးတစ္ေနရာမွာ ပူေဖာင္း အနီေရာင္ ေတြ လႊင့္တင္ၿပီး စာအခ်ိဳ႕ကိုေရးသားခဲ့ပါတယ္။  အဲ့ဒီစာကေတာ့ "မင္းတို႔အားလံုးနဲ႔ အတူရွိေနခ်င္ပါတယ္။ ဒီညေတာ့ ေမ့လိုက္ပါေတာ့ ၊ ေနာက္တစ္ႀကိမ္ျပန္ေတြ႕ၾကမယ္ ။ အခ်စ္မ်ားစြာနဲ႔ ရီဟားနား" ဆိုတဲ့ စာသားပါ။

ဒါကို ပရိသတ္ေတြက မေက်နပ္ႏိုင္ၾကပါဘူး။ သူမ အခုလို ေၾကညာႏိုင္ဖို႔အတြက္ ဒီပြဲမွာ သူမ မပါ၀င္ႏိုင္ေတာ့တာကို အေစာႀကီးကတည္းက သိထားလို႔ အခုလို ႀကိဳတင္ျပင္ဆင္ထားႏိုင္တာပါ။ ဒါေပမယ့္ သူမက ပြဲစေတာ့မွ ပရိသတ္ေတြကို ေပးသိခဲ့ပါတယ္။ ဒါဟာ တာ၀န္မယူတတ္တဲ့ လိမ္ညာျခင္း တစ္မ်ိဳးပါ။ အဲဒီလိုပဲ မိန္းကေလးေတြ ၾကားမွာလည္း ရီဟားနား လို လိမ္ညာတတ္တဲ့ ၊ တာ၀န္မယူတတ္တဲ့ မိန္းကေလး သူငယ္ခ်င္း ေတြရွိပါတယ္။ အဲဒီလို မိန္းကေလး သူငယ္ခ်င္းမ်ိဳးကို မိန္းကေလးေတြအေနနဲ႔ ေရွာင္ၾကဥ္ေပါင္းသင္းသင့္ပါတယ္။ သူတို႔ေတြကေတာ့ -   

၁။ အေရးႀကံဳရင္ေပ်ာက္ေနတတ္တဲ့ မိန္းကေလး

ဒီလို မိန္းကေလးမ်ိဳးဟာ သင္အေရးႀကံဳေနတဲ့အခ်ိန္ သင့္နား က ေပ်ာက္ကြယ္သြားၿပီး လိုအပ္ေတာ့မွ ျပန္ေပၚလာတတ္သူပါ။ သူမဟာ သင့္ရဲ႕ Instagram ဓါတ္ပံုေတြကို Like လုပ္ေလ့ မရွိပါဘူး။ အဲဒီလို မိန္းကေလးဟာ သူဘယ္ေရာက္ေနတယ္ဆိုတာ ဘယ္ေတာ့မွလည္း အမွန္မေျပာတတ္ပါဘူး။ သင့္အတြက္ေတာ့ ဘာေကာင္းက်ိဳးမွ မရွိတဲ့ သူငယ္ခ်င္းမ်ိဳးပါ။ 

၂။ ရည္ရြယ္ခ်က္မရွိ လိမ္ညာတတ္သူ မိန္းကေလး

တစ္ခ်ိဳ႕မိန္းကေလးေတြကေတာ့ လိမ္ညာတတ္ၾကပါတယ္။ ဒါေပမယ့္လည္း မိဘေတြကို လိမ္ညာ ရံုတင္မက ၊ ခ်စ္သူ ကို လိမ္ညာ ရံုတင္မက သူငယ္ခ်င္းေတြကိုပါ လိမ္ညာတတ္တဲ့ မိန္းကေလး ကေတာ့ သူငယ္ခ်င္းစာရင္းထဲ မထားသင့္ပါဘူး။ 

၃။ ေယာက်ၤားေလး သူငယ္ခ်င္းပဲ ထားတယ္ဆိုတဲ့ မိန္းကေလး

သူမဟာ မိန္းကေလး တစ္ေယာက္မွန္း လူတိုင္းသိပါတယ္။ အဲဒီလို မိန္းကေလးမ်ိဳးဟာ မိန္းကေလးေတြကို ဒရာမာ သိပ္မ်ားတယ္ဆိုၿပီး ရံႈ႕ခ်တတ္ၿပီး ေယာက်ာၤးေလးေတြနဲ႔ပဲ ေပါင္းတယ္ဆိုတဲ့ ခံယူခ်က္မ်ိဳးရွိသူပါ။ သူေပါင္းေနတဲ့ ေယာက်ာၤးေလး သူငယ္ခ်င္းကသာ ခ်စ္သူေကာင္မေလးတစ္ေယာက္ ရသြားရင္ေတာ့ ထို မိန္းကေလး ရဲ႕ မနာလို မႈေတြက သိသာလာပါလိမ့္မယ္။ ေပၚတင္ပဲ ေႏွာင့္ယွက္ျပပါလိမ့္မယ္။   

၄။ ပံုျပင္ေျပာတတ္သူ မိန္းကေလး  

မိန္းကေလး သူငယ္ခ်င္းတစ္ေယာက္က သင့္ကို တစ္ျခားမိန္းကေလး တစ္ေယာက္ရဲ႕ ဇာတ္လမ္းေတြကို ေျပာျပပါတယ္။ ဒါေပမယ့္ ေနာက္တစ္ႀကိမ္မွာေတာ့ ထို တစ္ျခားမိန္းကေလးရဲ႕ ဇာတ္ညႊန္းေတြက ေျပာင္းသြားျပန္ပါတယ္။ အဲဒီလို မိန္းကေလး မ်ိဳးဟာ သင့္အေၾကာင္းကိုလည္း ကြယ္ရာမွာ လိုတာထပ္ပိုၿပီး ပံုႀကီးခ်ဲ႕ေျပာဆိုတတ္သူျဖစ္ပါတယ္။ 

၅။ တစ္ကိုယ္ေကာင္းဆန္တတ္တဲ့ မိန္းကေလး

ထို မိန္းကေလးမ်ိဳးဟာ သူေအာင္ျမင္မႈ ရေနရင္ သင့္ကို သူ႔ေပ်ာ္ရႊင္မႈ ေတြ ေ၀မွ်ေပးပါလိမ့္မယ္။ ေကာ့ေတး သြားေသာက္ဖို႔ ဖိတ္ေခၚပါလိမ့္မယ္။ ဒါေပမယ့္ သင္ေအာင္ျမင္မႈ ရတဲ့အခ်ိန္မွာေတာ့ သူမက သင္နဲ႔ အတူ မေပ်ာ္ေပးႏိုင္ေတာ့ပါဘူး။ သင့္ေအာင္ျမင္မႈကို သူမ မနာလို ျဖစ္ေနလို႔ပါ။ 

၆။ ႏွာဗူးထ တဲ့ မိန္းကေလး

ဒီလို မိန္းကေလးေေတြကေတာ့ သိသာပါတယ္။ ေယာက်ာၤးေလးေတြရဲ႕ စိတ္၀င္စားမႈကို ရဖို႔ ဘာမဆို သူမ လုပ္ႏိုင္ပါတယ္။ အဲဒီလို မိန္းကေလး မ်ိဴးဟာ သင့္မွာ ခ်စ္သူရွိေနရင္ ၊ သူမ ထက္ ပိုေပ်ာ္ဖို႔ေကာင္းတဲ့ အခ်ိန္ေတြ ပိုင္ဆိုင္ေနရင္ မနာလို ျဖစ္လာပါလိမ့္မယ္။ သင့္ကို သူငယ္ခ်င္း အခ်င္းခ်င္းလည္း ေႏွာင့္ယွက္ဖို႔ ႀကိဳးစားလာပါလိမ့္မယ္။

ဒီအခ်က္ေတြကို ဖတ္ၾကည့္ၿပီး မိန္းကေလးတို႔အေနနဲ႔ မွန္ကန္တဲ့ သူငယ္ခ်င္းေကာင္းကို ေတြ႕ႏိုင္ၾကပါေစ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အရင်နှစ်တုန်းက  Victoria's Secret ဖက်ရှင်ရှိုးမှာ ရီဟားနား လုပ်ဆောင်သွားတဲ့အရာတစ်ခုကို အမှတ်ရနေကြဦးမယ်လို့ ထင်ပါတယ်။ အဲ့ဒါကဘာလဲဆိုတော့ သူမ ဒီပွဲမှာ ပါဝင်ဖျော်ဖြေရမှာဖြစ်ပေမယ့် မပါဝင်နိုင်ခဲ့တာကို ကြိုတင်အသိပေးခြင်း မရှိခဲ့ပဲ။ ဖျော်ဖြေပွဲလုပ်ရမယ့်အချိန်ကျမှ ဒီဖျော်ဖြေပွဲမှာ သူမ မပါဝင်နိုင်တော့တဲ့အကြောင်း ဖက်ရှင်ရှိုးတစ်နေရာမှာ ပူဖောင်း အနီရောင် တွေ လွှင့်တင်ပြီး စာအချို့ကိုရေးသားခဲ့ပါတယ်။  အဲ့ဒီစာကတော့ "မင်းတို့အားလုံးနဲ့ အတူရှိနေချင်ပါတယ်။ ဒီညတော့ မေ့လိုက်ပါတော့ ၊ နောက်တစ်ကြိမ်ပြန်တွေ့ကြမယ် ။ အချစ်များစွာနဲ့ ရီဟားနား" ဆိုတဲ့ စာသားပါ။

ဒါကို ပရိသတ်တွေက မကျေနပ်နိုင်ကြပါဘူး။ သူမ အခုလို ကြေညာနိုင်ဖို့အတွက် ဒီပွဲမှာ သူမ မပါဝင်နိုင်တော့တာကို အစောကြီးကတည်းက သိထားလို့ အခုလို ကြိုတင်ပြင်ဆင်ထားနိုင်တာပါ။ ဒါပေမယ့် သူမက ပွဲစတော့မှ ပရိသတ်တွေကို ပေးသိခဲ့ပါတယ်။ ဒါဟာ တာဝန်မယူတတ်တဲ့ လိမ်ညာခြင်း တစ်မျိုးပါ။ အဲဒီလိုပဲ မိန်းကလေးတွေ ကြားမှာလည်း ရီဟားနား လို လိမ်ညာတတ်တဲ့ ၊ တာဝန်မယူတတ်တဲ့ မိန်းကလေး သူငယ်ချင်း တွေရှိပါတယ်။ အဲဒီလို မိန်းကလေး သူငယ်ချင်းမျိုးကို မိန်းကလေးတွေအနေနဲ့ ရှောင်ကြဉ်ပေါင်းသင်းသင့်ပါတယ်။ သူတို့တွေကတော့ -  

၁။ အရေးကြုံရင်ပျောက်နေတတ်တဲ့ မိန်းကလေး

ဒီလို မိန်းကလေးမျိုးဟာ သင်အရေးကြုံနေတဲ့အချိန် သင့်နား က ပျောက်ကွယ်သွားပြီး လိုအပ်တော့မှ ပြန်ပေါ်လာတတ်သူပါ။ သူမဟာ သင့်ရဲ့ Instagram ဓါတ်ပုံတွေကို Like လုပ်လေ့ မရှိပါဘူး။ အဲဒီလို မိန်းကလေးဟာ သူဘယ်ရောက်နေတယ်ဆိုတာ ဘယ်တော့မှလည်း အမှန်မပြောတတ်ပါဘူး။ သင့်အတွက်တော့ ဘာကောင်းကျိုးမှ မရှိတဲ့ သူငယ်ချင်းမျိုးပါ။

၂။ ရည်ရွယ်ချက်မရှိ လိမ်ညာတတ်သူ မိန်းကလေး

တစ်ချို့မိန်းကလေးတွေကတော့ လိမ်ညာတတ်ကြပါတယ်။ ဒါပေမယ့်လည်း မိဘတွေကို လိမ်ညာ ရုံတင်မက ၊ ချစ်သူ ကို လိမ်ညာ ရုံတင်မက သူငယ်ချင်းတွေကိုပါ လိမ်ညာတတ်တဲ့ မိန်းကလေး ကတော့ သူငယ်ချင်းစာရင်းထဲ မထားသင့်ပါဘူး။

၃။ ယောကျၤားလေး သူငယ်ချင်းပဲ ထားတယ်ဆိုတဲ့ မိန်းကလေး

သူမဟာ မိန်းကလေး တစ်ယောက်မှန်း လူတိုင်းသိပါတယ်။ အဲဒီလို မိန်းကလေးမျိုးဟာ မိန်းကလေးတွေကို ဒရာမာ သိပ်များတယ်ဆိုပြီး ရှုံ့ချတတ်ပြီး ယောကျာၤးလေးတွေနဲ့ပဲ ပေါင်းတယ်ဆိုတဲ့ ခံယူချက်မျိုးရှိသူပါ။ သူပေါင်းနေတဲ့ ယောကျာၤးလေး သူငယ်ချင်းကသာ ချစ်သူကောင်မလေးတစ်ယောက် ရသွားရင်တော့ ထို မိန်းကလေး ရဲ့ မနာလို မှုတွေက သိသာလာပါလိမ့်မယ်။ ပေါ်တင်ပဲ နှောင့်ယှက်ပြပါလိမ့်မယ်။  

၄။ ပုံပြင်ပြောတတ်သူ မိန်းကလေး 

မိန်းကလေး သူငယ်ချင်းတစ်ယောက်က သင့်ကို တစ်ခြားမိန်းကလေး တစ်ယောက်ရဲ့ ဇာတ်လမ်းတွေကို ပြောပြပါတယ်။ ဒါပေမယ့် နောက်တစ်ကြိမ်မှာတော့ ထို တစ်ခြားမိန်းကလေးရဲ့ ဇာတ်ညွှန်းတွေက ပြောင်းသွားပြန်ပါတယ်။ အဲဒီလို မိန်းကလေး မျိုးဟာ သင့်အကြောင်းကိုလည်း ကွယ်ရာမှာ လိုတာထပ်ပိုပြီး ပုံကြီးချဲ့ပြောဆိုတတ်သူဖြစ်ပါတယ်။

၅။ တစ်ကိုယ်ကောင်းဆန်တတ်တဲ့ မိန်းကလေး

ထို မိန်းကလေးမျိုးဟာ သူအောင်မြင်မှု ရနေရင် သင့်ကို သူ့ပျော်ရွှင်မှု တွေ ဝေမျှပေးပါလိမ့်မယ်။ ကော့တေး သွားသောက်ဖို့ ဖိတ်ခေါ်ပါလိမ့်မယ်။ ဒါပေမယ့် သင်အောင်မြင်မှု ရတဲ့အချိန်မှာတော့ သူမက သင်နဲ့ အတူ မပျော်ပေးနိုင်တော့ပါဘူး။ သင့်အောင်မြင်မှုကို သူမ မနာလို ဖြစ်နေလို့ပါ။

၆။ နှာဗူးထ တဲ့ မိန်းကလေး

ဒီလို မိန်းကလေးေတွေကတော့ သိသာပါတယ်။ ယောကျာၤးလေးတွေရဲ့ စိတ်ဝင်စားမှုကို ရဖို့ ဘာမဆို သူမ လုပ်နိုင်ပါတယ်။ အဲဒီလို မိန်းကလေး မျိူးဟာ သင့်မှာ ချစ်သူရှိနေရင် ၊ သူမ ထက် ပိုပျော်ဖို့ကောင်းတဲ့ အချိန်တွေ ပိုင်ဆိုင်နေရင် မနာလို ဖြစ်လာပါလိမ့်မယ်။ သင့်ကို သူငယ်ချင်း အချင်းချင်းလည်း နှောင့်ယှက်ဖို့ ကြိုးစားလာပါလိမ့်မယ်။

ဒီအချက်တွေကို ဖတ်ကြည့်ပြီး မိန်းကလေးတို့အနေနဲ့ မှန်ကန်တဲ့ သူငယ်ချင်းကောင်းကို တွေ့နိုင်ကြပါစေ။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top