iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးတို႔ဘဝမွာ မျဖစ္ခ်င္ဆုံး ေရာဂါကို ျပပါဆိုရင္ သားအိမ္ေခါင္းကင္ဆာဟာ ထိပ္ဆုံးကေန ပါ၀င္ပါလိမ့္မယ္။ဟုတ္ပါတယ္။ သားအိမ္ေခါင္းကင္ဆာဟာ အရွက္တရားဆိုတဲ့ ေဘာင္တစ္ခုရဲ႕ ကန႔္သတ္ထားခ်က္ေတြအရ ယဥ္ေက်းမႈ ထြန္းကားလွတဲ့ ျမန္မာႏိုင္ငံလို ေနရာမ်ိဳးမွာ အမ်ိဳးသမီးေတြကို အသက္ဆုံးရႈံးေစသည္အထိ ထိခိုက္မႈရွိပါတယ္။ ဒီေတာ့ အမ်ိဳးသမီးေတြအေနနဲ႔ ဒီေရာဂါကို ရွက္ေန/ေၾကာက္႐ြံ႕ေနဖို႔ မလိုဘူးလို႔ အရင္ဆုံး အားေပးပါရေစ။ ဒါ့အျပင္ သား
အိမ္ေခါင္းကင္ဆာဟာ ေစာေစာသိေလ အသက္အႏၲရာယ္ကို ကာကြယ္ႏိုင္ေလျဖစ္ပါတယ္။ ဒီထက္ ၀မ္းသာစရာေကာင္းတာက ဒီသားအိမ္ေခါင္းကင္ဆာကို မျဖစ္ေအာင္ ႀကိဳတင္ကာကြယ္ႏိုင္တဲ့ နည္းလမ္းေတြ ရွိပါတယ္။

(၁) အနံ႔ကို ဂ႐ုစိုက္ပါ

အမ်ိဳးသမီးရဲ႕ ေယာနိအတြင္းကေန ထြက္ေလ့ရွိတဲ့ အနံ႔အသက္ ပုံမွန္ ဟုတ္မဟုတ္ စစ္ေဆးပါ။ ပုံမွန္မဟုတ္ဘူးဆိုရင္ ဆရာဝန္နဲ႔ အျမန္ဆုံး ျပသပါ။ သားအိမ္ေခါင္းကင္ဆာ မျဖစ္ခင္မွာ ပုံမွန္မဟုတ္တဲ့ အနံ႔အသက္ဟာ ေရွ႕ေျပးနိမိတ္ အ
ျဖစ္ ႏွစ္လ/သုံးလေလာက္ ႀကိဳၿပီး လာတတ္ပါတယ္။ ဒါကို သိရင္ မျဖစ္ခင္ ကာကြယ္ႏိုင္ပါတယ္။


(၂) လိင္ဆက္ဆံဘက္ မမ်ားပါနဲ႔

သားအိမ္ေခါင္းကင္ဆာဟာ AIDS ေရာဂါလိုပဲ လိင္ဆက္ဆံဘက္ မ်ားရင္ မ်ားသေလာက္ ျဖစ္ႏိုင္ေခ်ပိုမ်ားပါတယ္။ မိမိ
ရဲ႕ လင္ခင္ပြန္းက အေပ်ာ္အပါးမက္ေမာသူ-ဟု ပုဂၢိဳလ္ေရးအရ သိထားရင္ေတာ့ လိင္ဆက္ဆံတိုင္း အကာအကြယ္သုံး
သင့္ပါတယ္။

(၃) ေဆးလိပ္အရက္ျဖတ္ပါ

ေဆးလိပ္အရက္ဟာ ခႏၶာကိုယ္ရဲ႕ ေရာဂါကာကြယ္ေရးစနစ္ေတြကို အမ်ားႀကီးအေႏွာက္အယွက္ ေပးပါတယ္။ ေဆးလိပ္
အရက္ ျဖတ္လိုက္တဲ့အခါ ခႏၶာကိုယ္ရဲ႕ ေရာဂါကာကြယ္ေရးစနစ္ အလိုလို တက္လာမွာပါ။

(၄) ပုံမွန္မဟုတ္ေသာ လိင္ကိစၥကို ေရွာင္ပါ/ျငင္းပယ္ပါ

ညစ္ညမ္းဗြီဒီယိုဖိုင္ေတြထဲမွာ ပါေလ့ရွိတဲ့ ပုံမွန္မဟုတ္တဲ့ လိင္ဆက္ဆံျခင္းကို အမ်ိဳးသားေတြက အသစ္အဆန္းအေနနဲ႔ေတာင္းဆိုတတ္ပါတယ္။ ဒါဟာ သားအိမ္ကို ဘက္တီးရီးယားေတြ ကူစက္ႏို္ေခ်အမ်ားဆုံးအေျခအေနဆိုတာ သတိရပါ။

(၅) အသီးအ႐ြက္ကို မ်ားမ်ားစားေပးပါ
သဘာဝအသီးအ႐ြက္ေတြမွာ ကင္ဆာေရာဂါမ်ိဳးစုံကို ကာကြယ္ေပးႏိုင္တဲ့ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြ ပါ၀င္ပါတယ္။ ဒါ့အျပင္ အဲဒီအသီးအ႐ြက္ေတြဟာ ခႏၶာေဗဒရဲ႕ ေရာဂါကာကြယ္ေရးစနစ္အတြက္ အေရးပါတဲ့ အကူအညီေတြ အမ်ားႀကီးေပးႏိုင္လို႔ အမ်ိဳးသမီးတို႔ စြဲစြဲၿမဲၿမဲစားသင့္ပါတယ္။

(၆) ကာကြယ္ေဆးထိုးပါ

HPV vaccination လို႔ေခၚတဲ့ လိင္မွတစ္ဆင့္ ကူးဆက္ႏိုင္တဲ့ ေရာဂါေတြကို ကာကြယ္ေပးတဲ့ေဆးထိုးပါ။ ဒါဟာ HIV အစရွိတဲ့ အျခားေရာဂါဆိုးေတြကိုလည္း ကာကြယ္ေပးရာ ေရာက္ပါတယ္။

(၈) ပညာဉာဏ္နဲ႔ ခ်င့္ခ်ိန္ပါ

ဒီလို ေရာဂါဆိုးႀကီးေတြကို ကာကြယ္ဖို႔အတြက္ ကိုယ္ပိုင္ အသိဉာဏ္လည္း လိုအပ္ပါတယ္။ အထူးသျဖင့္ လိင္နဲ႔ပတ္သက္ၿပီး ကူးစက္တဲ့ ေရာဂါေတြရဲ႕ လကၡဏာအရပ္ရပ္ေတြကို ေစ့ေစ့ငင သိထားေလ မိမိအတြက္ ႀကိဳတင္ကာကြယ္ႏိုင္ေလပါ။ ဒါေၾကာင့္ အဲဒီလို စာ႐ြက္စာတမ္းေတြ ေဝတဲ့အခါ ယူဖို႔ မရွက္ပါနဲ႔။ ကိုယ့္အသက္ကို ကိုယ္ကာကြယ္ရမွာပါ။


Credit:Auntymay
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမျိုးသမီးတို့ဘဝမှာ မဖြစ်ချင်ဆုံး ရောဂါကို ပြပါဆိုရင် သားအိမ်ခေါင်းကင်ဆာဟာ ထိပ်ဆုံးကနေ ပါဝင်ပါလိမ့်မယ်။ဟုတ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာဟာ အရှက်တရားဆိုတဲ့ ဘောင်တစ်ခုရဲ့ ကန့်သတ်ထားချက်တွေအရ ယဉ်ကျေးမှု ထွန်းကားလှတဲ့ မြန်မာနိုင်ငံလို နေရာမျိုးမှာ အမျိုးသမီးတွေကို အသက်ဆုံးရှုံးစေသည်အထိ ထိခိုက်မှုရှိပါတယ်။ ဒီတော့ အမျိုးသမီးတွေအနေနဲ့ ဒီရောဂါကို ရှက်နေ/ကြောက်ရွံ့နေဖို့ မလိုဘူးလို့ အရင်ဆုံး အားပေးပါရစေ။ ဒါ့အပြင် သား
အိမ်ခေါင်းကင်ဆာဟာ စောစောသိလေ အသက်အန္တရာယ်ကို ကာကွယ်နိုင်လေဖြစ်ပါတယ်။ ဒီထက် ဝမ်းသာစရာကောင်းတာက ဒီသားအိမ်ခေါင်းကင်ဆာကို မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

(၁) အနံ့ကို ဂရုစိုက်ပါ

အမျိုးသမီးရဲ့ ယောနိအတွင်းကနေ ထွက်လေ့ရှိတဲ့ အနံ့အသက် ပုံမှန် ဟုတ်မဟုတ် စစ်ဆေးပါ။ ပုံမှန်မဟုတ်ဘူးဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသပါ။ သားအိမ်ခေါင်းကင်ဆာ မဖြစ်ခင်မှာ ပုံမှန်မဟုတ်တဲ့ အနံ့အသက်ဟာ ရှေ့ပြေးနိမိတ် အ
ဖြစ် နှစ်လ/သုံးလလောက် ကြိုပြီး လာတတ်ပါတယ်။ ဒါကို သိရင် မဖြစ်ခင် ကာကွယ်နိုင်ပါတယ်။


(၂) လိင်ဆက်ဆံဘက် မများပါနဲ့

သားအိမ်ခေါင်းကင်ဆာဟာ AIDS ရောဂါလိုပဲ လိင်ဆက်ဆံဘက် များရင် များသလောက် ဖြစ်နိုင်ချေပိုများပါတယ်။ မိမိ
ရဲ့ လင်ခင်ပွန်းက အပျော်အပါးမက်မောသူ-ဟု ပုဂ္ဂိုလ်ရေးအရ သိထားရင်တော့ လိင်ဆက်ဆံတိုင်း အကာအကွယ်သုံး
သင့်ပါတယ်။

(၃) ဆေးလိပ်အရက်ဖြတ်ပါ

ဆေးလိပ်အရက်ဟာ ခန္ဓာကိုယ်ရဲ့ ရောဂါကာကွယ်ရေးစနစ်တွေကို အများကြီးအနှောက်အယှက် ပေးပါတယ်။ ဆေးလိပ်
အရက် ဖြတ်လိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ရောဂါကာကွယ်ရေးစနစ် အလိုလို တက်လာမှာပါ။

(၄) ပုံမှန်မဟုတ်သော လိင်ကိစ္စကို ရှောင်ပါ/ငြင်းပယ်ပါ

ညစ်ညမ်းဗွီဒီယိုဖိုင်တွေထဲမှာ ပါလေ့ရှိတဲ့ ပုံမှန်မဟုတ်တဲ့ လိင်ဆက်ဆံခြင်းကို အမျိုးသားတွေက အသစ်အဆန်းအနေနဲ့တောင်းဆိုတတ်ပါတယ်။ ဒါဟာ သားအိမ်ကို ဘက်တီးရီးယားတွေ ကူစက်နိုချေအများဆုံးအခြေအနေဆိုတာ သတိရပါ။

(၅) အသီးအရွက်ကို များများစားပေးပါ
သဘာဝအသီးအရွက်တွေမှာ ကင်ဆာရောဂါမျိုးစုံကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် အဲဒီအသီးအရွက်တွေဟာ ခန္ဓာဗေဒရဲ့ ရောဂါကာကွယ်ရေးစနစ်အတွက် အရေးပါတဲ့ အကူအညီတွေ အများကြီးပေးနိုင်လို့ အမျိုးသမီးတို့ စွဲစွဲမြဲမြဲစားသင့်ပါတယ်။

(၆) ကာကွယ်ဆေးထိုးပါ

HPV vaccination လို့ခေါ်တဲ့ လိင်မှတစ်ဆင့် ကူးဆက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးတဲ့ဆေးထိုးပါ။ ဒါဟာ HIV အစရှိတဲ့ အခြားရောဂါဆိုးတွေကိုလည်း ကာကွယ်ပေးရာ ရောက်ပါတယ်။

(၈) ပညာဉာဏ်နဲ့ ချင့်ချိန်ပါ

ဒီလို ရောဂါဆိုးကြီးတွေကို ကာကွယ်ဖို့အတွက် ကိုယ်ပိုင် အသိဉာဏ်လည်း လိုအပ်ပါတယ်။ အထူးသဖြင့် လိင်နဲ့ပတ်သက်ပြီး ကူးစက်တဲ့ ရောဂါတွေရဲ့ လက္ခဏာအရပ်ရပ်တွေကို စေ့စေ့ငင သိထားလေ မိမိအတွက် ကြိုတင်ကာကွယ်နိုင်လေပါ။ ဒါကြောင့် အဲဒီလို စာရွက်စာတမ်းတွေ ဝေတဲ့အခါ ယူဖို့ မရှက်ပါနဲ့။ ကိုယ့်အသက်ကို ကိုယ်ကာကွယ်ရမှာပါ။


Credit:Auntymay

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top