iMyanmarHouse.com - Best Property Website for Myanmar
×

ပထမဦးဆံုး အိပ္ရာကႏိုးၿပီးၿပီးခ်င္း ၊ မ်က္ႏွာကိုအရင္မသစ္ရဘူး ၊ေျခေထာက္ႏွစ္ဖက္လံုး ဒူးအထက္ကေနၿပီး ေရသံုးခြက္စီေလာက္ေလာင္းေပးရမယ္ ။ ဒါက တစ္ကိုယ္လံုးမွာျပန္႔ႏွံေနတဲ့ အပူခိုးေတြကိုေျခေထာက္ေရာက္သြားေအာင္ ဆြဲခ်လိုက္တာပါ ။ ။ ။

အိပ္ရာကထလာတာနဲ႕အပူေတြကတစ္ကိုယ္လံုးမွာျပန္႕ႏွံ႕ေနတာပါ ၊ဒီအခ်ိန္မွာ အရင္ကထံုးစံအတိုင္း မ်က္ႏွာကိုအရင္သစ္လိုက္မယ္ဆိုရင္ေရနဲ႕ထိၿပီးေအးသြားတဲ့ မ်က္ႏွာတစ္ျပင္လံုးကို တစ္ကိုယ္လံုးက အပူေတြအကုန္ေျပးလာၾကပါတယ္ ၊ ဒါေၾကာင့္မ်က္စိကိုတစ္ကိုယ္လံုးက အပူခိုး ၊အပူေငြ႕ေတြလာရိုက္ေတာ့တာေပါ့ ။ ။ ။

ေသခ်ာသိခ်င္ရင္ မ်က္ႏွာသစ္ၿပီးတာနဲ႕ မွန္ေထာင္ၾကည့္လိုက္ပါ ၊မ်က္လံုးႏွစ္လံုးစလံုး ” ရဲ ” ေနတာေတြ႕ရလိမ့္မယ္၊ အဲ့ဒီလိုအပူခိုးေတြရိုက္ပါမ်ားလာတဲ့အခါ ” ဒီမ်က္စိကမႈန္ၿပီး အားနည္းသြားတာေပါ့ ” ။ ။ ။

ဒါေၾကာင့္အပူခိုးေတြမ်က္စိဆီကိုမသြားဘဲေအာက္ေရာက္သြားေအာင္ေျခေထာက္ကိုအရင္ေရေလာင္း
ရတာေပါ့ ၊ ဒူးကေနေရေလာင္းၿပီးတဲ့အခါမွာလည္းခ်က္ခ်င္းမ်က္ႏွာမသစ္ရေသးဘူး ။ ခ်ိဳင္းၾကားႏွစ္ဖက္မွာ ကပ္က်န္ေနတဲ့ အပူခိုးေတြထြက္သြားေအာင္ မတ္တတ္ရပ္ၿပီး လက္ႏွစ္ဘက္ကို ေခါင္းေပၚေျမွာက္တင္လိုက္ေအာက္ခ်လိုက္ နဲ႕ အနည္းဆံုး အႀကိမ္ ၂၀ ေလာက္လုပ္ေပးရမယ္ ။ ။ ။

အဲ့ဒါၿပီးတဲ့အခါတက္ေနတဲ့ဇက္ေၾကာေတြေလွ်ာ့သြားေအာင္ေခါင္းကိုေနာက္ေက်ာဘက္ေရာက္ႏိုင္
သေလာက္ လွန္ခ်ရမယ္ ၊ ေရွ႕ကိုလည္းရသေလာက္ ငံု႕ရမယ္ ။ ဒါကလည္းအႀကီမ္ ၂၀ ေလာက္ေပါ့ ၊ ၿပီးရင္ ေခါင္းကိုဘယ္ညာ အခါ ၂၀ ေလာက္လွည့္ေပးရမယ္ ။ ။ ။

ဒီေလ့က်င့္ခန္း သံုးခု ၿပီးတာနဲ႕ တစ္ကိုယ္လံုးမွာရွိတဲ့ အပူခိုးေတြေျခေထာက္ကတဆင့္ ထြက္ေနတာ ကုန္သြားပါၿပီ ။ ေသခ်ာသိခ်င္ရင္ေျခေထာက္ကိုစမ္းၾကည့္လိုက္ေပါ့ ။” ေရတစ္စက္မွမရွိေတာ့ဘဲ ေျခာက္ေနတာေတြ႕ရလိမ့္မယ္ ” ။အဲဒီက်ေတာ့မွ မ်က္ႏွာကို ဆပ္ျပာနဲ႕ ေသခ်ာသစ္ရမယ္ ၊ သြားမတိုက္ရေသးဘူး ။ပါးစပ္ကိုပိတ္ထားရမယ္ ။ မ်က္ႏွာသစ္ၿပီးတာနဲ႕ မ်က္ႏွာသုတ္ပု၀ါနဲ႕သုတ္ေပေတာ့ ။

ဒီအခ်ိန္မွာ မ်က္ႏွာမွာရွိတဲ့ ေမႊးညွင္းေပါက္ေတြ အကုန္ပြင့္သြားတာေပါ့ ၊အဲ့ဒီက်ေတာ့မွ သြားတိုက္ရမယ္ ၊ သြားတိုက္ရင္းနဲ႕ သြားႀကိဳသြားၾကားမွာရွိတဲ့အခိုးအေငြ႕ေတြဟာ ” မ်က္ႏွာကေမႊးညွင္းေပါက္မ်ားမွတဆင့္ ထြက္ကုန္မယ္ေလ” ။

ဒီနည္းကေတာ့” အပူေၾကာင့္ျဖစ္တဲ့ သြားကိုက္ေရာဂါ ” ကို ႀကိဳတင္ကာကြယ္နည္းပါ ။

ေနာက္ၿပီးျဖစ္ႏိုင္ရင္ ေန႕ဘက္ကို ဦးစားေပးၿပီး စာၾကည့္သင့္တယ္ ၊ညဘက္ကိုနည္းနည္း ပဲၾကည့္ေစခ်င္တယ္ ။ႊ ဒီနည္းျဖင့္ မ်က္စိမႈန္ေနသူမ်ား ျပန္အားေကာင္းႏိုင္ပါတယ္ ။မ်က္စိအားေကာင္းေသာ သူမ်ားပင္လွ်င္ ဒီနည္းကို အျမဲတေစျပဳလုပ္မည္ဆိုပါကမ်က္မွန္တတ္ရမည့္ အဆင့္သို႕ မေရာက္ႏိုင္ေတာ့ပါ ။ ။ ။

အရွင္ဇ၀န (ေမတၱာရွင္ – ေရႊျပည္သာ )
စာရိတၱသတၱိ စာအုပ္မွ မွ်ေ၀ပါသည္
ေမတၱာျဖင့္ … ျမစိုး

Credit: MMExpress

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ပထမဦးဆုံး အိပ်ရာကနိုးပြီးပြီးချင်း ၊ မျက်နှာကိုအရင်မသစ်ရဘူး ၊ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီး ရေသုံးခွက်စီလောက်လောင်းပေးရမယ် ။ ဒါက တစ်ကိုယ်လုံးမှာပြန့်နှံနေတဲ့ အပူခိုးတွေကိုခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ ။ ။ ။

အိပ်ရာကထလာတာနဲ့အပူတွေကတစ်ကိုယ်လုံးမှာပြန့်နှံ့နေတာပါ ၊ဒီအချိန်မှာ အရင်ကထုံးစံအတိုင်း မျက်နှာကိုအရင်သစ်လိုက်မယ်ဆိုရင်ရေနဲ့ထိပြီးအေးသွားတဲ့ မျက်နှာတစ်ပြင်လုံးကို တစ်ကိုယ်လုံးက အပူတွေအကုန်ပြေးလာကြပါတယ် ၊ ဒါကြောင့်မျက်စိကိုတစ်ကိုယ်လုံးက အပူခိုး ၊အပူငွေ့တွေလာရိုက်တော့တာပေါ့ ။ ။ ။

သေချာသိချင်ရင် မျက်နှာသစ်ပြီးတာနဲ့ မှန်ထောင်ကြည့်လိုက်ပါ ၊မျက်လုံးနှစ်လုံးစလုံး ” ရဲ ” နေတာတွေ့ရလိမ့်မယ်၊ အဲ့ဒီလိုအပူခိုးတွေရိုက်ပါများလာတဲ့အခါ ” ဒီမျက်စိကမှုန်ပြီး အားနည်းသွားတာပေါ့ ” ။ ။ ။

ဒါကြောင့်အပူခိုးတွေမျက်စိဆီကိုမသွားဘဲအောက်ရောက်သွားအောင်ခြေထောက်ကိုအရင်ရေလောင်း
ရတာပေါ့ ၊ ဒူးကနေရေလောင်းပြီးတဲ့အခါမှာလည်းချက်ချင်းမျက်နှာမသစ်ရသေးဘူး ။ ချိုင်းကြားနှစ်ဖက်မှာ ကပ်ကျန်နေတဲ့ အပူခိုးတွေထွက်သွားအောင် မတ်တတ်ရပ်ပြီး လက်နှစ်ဘက်ကို ခေါင်းပေါ်မြှောက်တင်လိုက်အောက်ချလိုက် နဲ့ အနည်းဆုံး အကြိမ် ၂၀ လောက်လုပ်ပေးရမယ် ။ ။ ။

အဲ့ဒါပြီးတဲ့အခါတက်နေတဲ့ဇက်ကြောတွေလျှော့သွားအောင်ခေါင်းကိုနောက်ကျောဘက်ရောက်နိုင်
သလောက် လှန်ချရမယ် ၊ ရှေ့ကိုလည်းရသလောက် ငုံ့ရမယ် ။ ဒါကလည်းအကြီမ် ၂၀ လောက်ပေါ့ ၊ ပြီးရင် ခေါင်းကိုဘယ်ညာ အခါ ၂၀ လောက်လှည့်ပေးရမယ် ။ ။ ။

ဒီလေ့ကျင့်ခန်း သုံးခု ပြီးတာနဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ အပူခိုးတွေခြေထောက်ကတဆင့် ထွက်နေတာ ကုန်သွားပါပြီ ။ သေချာသိချင်ရင်ခြေထောက်ကိုစမ်းကြည့်လိုက်ပေါ့ ။” ရေတစ်စက်မှမရှိတော့ဘဲ ခြောက်နေတာတွေ့ရလိမ့်မယ် ” ။အဲဒီကျတော့မှ မျက်နှာကို ဆပ်ပြာနဲ့ သေချာသစ်ရမယ် ၊ သွားမတိုက်ရသေးဘူး ။ပါးစပ်ကိုပိတ်ထားရမယ် ။ မျက်နှာသစ်ပြီးတာနဲ့ မျက်နှာသုတ်ပုဝါနဲ့သုတ်ပေတော့ ။

ဒီအချိန်မှာ မျက်နှာမှာရှိတဲ့ မွှေးညှင်းပေါက်တွေ အကုန်ပွင့်သွားတာပေါ့ ၊အဲ့ဒီကျတော့မှ သွားတိုက်ရမယ် ၊ သွားတိုက်ရင်းနဲ့ သွားကြိုသွားကြားမှာရှိတဲ့အခိုးအငွေ့တွေဟာ ” မျက်နှာကမွှေးညှင်းပေါက်များမှတဆင့် ထွက်ကုန်မယ်လေ” ။

ဒီနည်းကတော့” အပူကြောင့်ဖြစ်တဲ့ သွားကိုက်ရောဂါ ” ကို ကြိုတင်ကာကွယ်နည်းပါ ။

နောက်ပြီးဖြစ်နိုင်ရင် နေ့ဘက်ကို ဦးစားပေးပြီး စာကြည့်သင့်တယ် ၊ညဘက်ကိုနည်းနည်း ပဲကြည့်စေချင်တယ် ။ွှ ဒီနည်းဖြင့် မျက်စိမှုန်နေသူများ ပြန်အားကောင်းနိုင်ပါတယ် ။မျက်စိအားကောင်းသော သူများပင်လျှင် ဒီနည်းကို အမြဲတစေပြုလုပ်မည်ဆိုပါကမျက်မှန်တတ်ရမည့် အဆင့်သို့ မရောက်နိုင်တော့ပါ ။ ။ ။

အရှင်ဇဝန (မေတ္တာရှင် – ရွှေပြည်သာ )
စာရိတ္တသတ္တိ စာအုပ်မှ မျှဝေပါသည်
မေတ္တာဖြင့် … မြစိုး

Credit: MMExpress



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top