iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူက ေလာေလာလတ္လတ္ စြန႔္ပစ္သြားတဲ့ အေျခအေနကို ရင္ဆိုင္ေနရသလား … ? ဒါမွမဟုတ္ ၿပီးခဲ့တဲ့ အတိတ္က စြန႔္ပစ္သြားတဲ့ ခ်စ္သူကို စိတ္မကုန္ေသးဘူးလား … ? ေနာက္တစ္ေယာက္ေတြ႕လို႔ သင့္ကို ထားသြားတာလား … ? အဲဒီလိုအေျခအေနနဲ႔ ရင္ဆိုင္ေနရတဲ့ အမ်ိဳးသမီးေတြအတြက္ အန္တီေမက ေအာက္ပါအတိုင္း အႀကံျပဳခ်င္ပါတယ္။

(၁) သင့္ေၾကာင့္ မဟုတ္ပါဘူး
ခ်စ္သူက သင့္ကို စြန႔္ပစ္သြားတယ္ဆိုရင္ သင့္မွာ အျပစ္ရွိလို႔ မဟုတ္ပါဘူး။ သူ႔ရဲ႕ သစၥာမတည္ၿမဲျခင္းရဲ႕ သက္ေရာက္မႈ ျဖစ္ပါတယ္။ ဒီအတြက္ သင္ ၀မ္းသာရမွာက အဲဒီလို ေဖာက္လႊဲေဖာက္ျပန္လုပ္တတ္တဲ့ သူနဲ႔ သင္ လမ္းခြဲလိုက္ရျခင္းျဖစ္ပါတယ္။ ဒါဟာ ဘဝတစ္ခုလုံး စြန္းထင္းေစမယ့္ အမဲစက္ကို ေရွာင္ကြင္းႏိုင္ျခင္းပါဘဲ။

(၂) အခ်ိန္ယူကုစားပါ
အသဲကြဲတဲ့ဒဏ္ရာကို ကုဖို႔ အခ်ိန္လိုအပ္ပါတယ္။ ေန႔ခ်င္းညခ်င္း သက္သာေစဖို႔ဆိုတာ မျဖစ္ႏို္င္ပါဘူး။ ခရီးေတြထြက္မယ္၊ စာအုပ္ေတြ ဖတ္မယ္၊ သူနဲ႔ရင္းနီးပတ္သက္ခဲ့ဖူးတဲ့ ေနရာေတြ၊ လူေတြကို ေရွာင္မယ္၊ သူ႔ထားခဲ့တဲ့ အမွတ္တရေတြကို အေႂကြးမထားပဲ တစ္ခါတည္း ဖ်က္ဆီးပစ္မယ္ … ဒါဆိုရင္ အခ်ိန္နည္းနည္းပဲ လိုပါလိမ့္မယ္။


(၃) လြတ္လပ္ျခင္းဟာ ရတနာ
လြတ္လပ္ျခင္းရဲ႕ အရသာကို ခ်ဳပ္ေႏွာင္ခံရတဲ့ သူေတြမွသာ သိႏိုင္ပါတယ္။ သင္ဟာ လက္ရွိအခ်ိန္မွာ လြတ္လပ္ၿပီျဖစ္ါပတယ္။ သင္လုပ္ခ်င္ရာ၊ သင္သြားလိုရာကို ဘယ္သူ႔အတားအဆီးမွ မခံဘဲ လုပ္ႏိုင္ သြားႏိုင္ၿပီ ျဖစ္ပါတယ္။ ဒီအရသာကိုသာ သင္ အမွန္တကယ္ စြဲလန္းႏွစ္ၿခိဳက္သြားရင္ ဒုတိယတစ္ေယာက္ကိုေတာင္ ရွာဖို႔ ေမ့သြားမွာပါ။

(၄) အစတစ္ခုအတြက္ အဆုံးသတ္ျခင္း
အသစ္တစ္ခုစဖို႔ အေဟာင္းတစ္ခုက ပ်က္ေပးရတယ္၊ အဆုံးသတ္ေပးရတယ္၊ ဒါဟာ ဓမၼတာပါဘဲ။ ဒီလိုဓမၼတာတရားနဲ႔ အတူ ဆီးစင္းႏိုင္မွ လူ႔ဘဝက အန္ဝင္ခြင္က် ရွိတာ ျဖစ္ပါတယ္။ ဒါကို ေကာင္းေကာင္းနားလည္ထားၿပီဆိုရင္ သြားေလသူကို အမွ်ေဝဖို႔တာဝန္က သင့္တာဝန္ ျဖစ္ပါတယ္။ သင့္အတြက္ အသစ္ေတြ ျဖစ္ေပၚေစလို႔ သူ႔ကို ေက်းဇူးတင္ေၾကာင္း ေျပာလိုက္ပါဦး။


Credit:Auntymay


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ချစ်သူက လောလောလတ်လတ် စွန့်ပစ်သွားတဲ့ အခြေအနေကို ရင်ဆိုင်နေရသလား … ? ဒါမှမဟုတ် ပြီးခဲ့တဲ့ အတိတ်က စွန့်ပစ်သွားတဲ့ ချစ်သူကို စိတ်မကုန်သေးဘူးလား … ? နောက်တစ်ယောက်တွေ့လို့ သင့်ကို ထားသွားတာလား … ? အဲဒီလိုအခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ အမျိုးသမီးတွေအတွက် အန်တီမေက အောက်ပါအတိုင်း အကြံပြုချင်ပါတယ်။

(၁) သင့်ကြောင့် မဟုတ်ပါဘူး
ချစ်သူက သင့်ကို စွန့်ပစ်သွားတယ်ဆိုရင် သင့်မှာ အပြစ်ရှိလို့ မဟုတ်ပါဘူး။ သူ့ရဲ့ သစ္စာမတည်မြဲခြင်းရဲ့ သက်ရောက်မှု ဖြစ်ပါတယ်။ ဒီအတွက် သင် ဝမ်းသာရမှာက အဲဒီလို ဖောက်လွှဲဖောက်ပြန်လုပ်တတ်တဲ့ သူနဲ့ သင် လမ်းခွဲလိုက်ရခြင်းဖြစ်ပါတယ်။ ဒါဟာ ဘဝတစ်ခုလုံး စွန်းထင်းစေမယ့် အမဲစက်ကို ရှောင်ကွင်းနိုင်ခြင်းပါဘဲ။

(၂) အချိန်ယူကုစားပါ
အသဲကွဲတဲ့ဒဏ်ရာကို ကုဖို့ အချိန်လိုအပ်ပါတယ်။ နေ့ချင်းညချင်း သက်သာစေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ခရီးတွေထွက်မယ်၊ စာအုပ်တွေ ဖတ်မယ်၊ သူနဲ့ရင်းနီးပတ်သက်ခဲ့ဖူးတဲ့ နေရာတွေ၊ လူတွေကို ရှောင်မယ်၊ သူ့ထားခဲ့တဲ့ အမှတ်တရတွေကို အကြွေးမထားပဲ တစ်ခါတည်း ဖျက်ဆီးပစ်မယ် … ဒါဆိုရင် အချိန်နည်းနည်းပဲ လိုပါလိမ့်မယ်။


(၃) လွတ်လပ်ခြင်းဟာ ရတနာ
လွတ်လပ်ခြင်းရဲ့ အရသာကို ချုပ်နှောင်ခံရတဲ့ သူတွေမှသာ သိနိုင်ပါတယ်။ သင်ဟာ လက်ရှိအချိန်မှာ လွတ်လပ်ပြီဖြစ်ါပတယ်။ သင်လုပ်ချင်ရာ၊ သင်သွားလိုရာကို ဘယ်သူ့အတားအဆီးမှ မခံဘဲ လုပ်နိုင် သွားနိုင်ပြီ ဖြစ်ပါတယ်။ ဒီအရသာကိုသာ သင် အမှန်တကယ် စွဲလန်းနှစ်ခြိုက်သွားရင် ဒုတိယတစ်ယောက်ကိုတောင် ရှာဖို့ မေ့သွားမှာပါ။

(၄) အစတစ်ခုအတွက် အဆုံးသတ်ခြင်း
အသစ်တစ်ခုစဖို့ အဟောင်းတစ်ခုက ပျက်ပေးရတယ်၊ အဆုံးသတ်ပေးရတယ်၊ ဒါဟာ ဓမ္မတာပါဘဲ။ ဒီလိုဓမ္မတာတရားနဲ့ အတူ ဆီးစင်းနိုင်မှ လူ့ဘဝက အန်ဝင်ခွင်ကျ ရှိတာ ဖြစ်ပါတယ်။ ဒါကို ကောင်းကောင်းနားလည်ထားပြီဆိုရင် သွားလေသူကို အမျှဝေဖို့တာဝန်က သင့်တာဝန် ဖြစ်ပါတယ်။ သင့်အတွက် အသစ်တွေ ဖြစ်ပေါ်စေလို့ သူ့ကို ကျေးဇူးတင်ကြောင်း ပြောလိုက်ပါဦး။


Credit:Auntymay


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top