iMyanmarHouse.com - Best Property Website for Myanmar
×

ေက်ာျပင္မွာထြက္တဲ့ ဝက္ျခံေတြဟာ ခႏၶာကုိယ္ရိွ ကသိကေအာက္ႏုိင္ဆုံးအရာေတြ ျဖစ္ပါတယ္။ တကယ္လုိ႔ သင့္အသားအေရဟာ ဝက္ျခံျဖစ္တတ္တဲ့ အသားေရမ်ဳိးဆုိရင္ တင္းတိပ္၊ ဝက္ျခံေတြ မ်က္ႏွာေပၚေပါက္ရုံမက ေက်ာကုန္းေတြမွာလည္း ေတြ႔ႏုိင္ပါတယ္။ ဒါေပမယ့္ ဒီေက်ာျပင္ဝက္ျခံေတြ ကုသရာမွာ အံ့မခန္းဖြယ္ထိေရာက္တဲ့ အိမ္တြင္းေဆးနည္းတခ်ဳိ႕ရိွပါတယ္။ အဆီထုတ္လုပ္မႈ လြန္ကဲမႈေၾကာင့္ ေခြ်းေပါက္ေတြပိတ္ဆုိ႔တဲ့အခါ ေက်ာျပင္မွာ ဝက္ျခံေတြ ျဖစ္ပြားပါတယ္။ တခါတေလ ေက်ာမွာဝက္ျခံထြက္တာ အေရျပားဆဲလ္ေသေတြ စုပုံလာမႈေၾကာင့္ ျဖစ္ပါတယ္။ ဒီလုိဝက္ျခံရိွသူေတြအတြက္ ေဆးနည္းတခ်ဳိ႕ ေဖာ္ျပေပးလုိက္ပါတယ္။

၁။ သခြားသီး

သခြားသီးက အသားေရကို အစိုဓာတ္ရေစျပီး အညစ္အေၾကးေတြလည္း ေဆးေၾကာသန္႔စင္ေပးပါတယ္။ သခြားသီးက ေခြ်းေပါက္ပိတ္ဆုိ႔မႈကို ထိေရာက္စြာ ဖယ္ရွားေပးႏုိင္ပါတယ္။ သခြားသီးကို အပိုင္းပိုင္းလွီးျဖတ္ပါ။ ျပီးရင္ အရည္ပ်စ္ပ်စ္ျဖစ္ေအာင္ ၾကိတ္ျပီး ေက်ာကုန္းမွာ လိမ္းေပးရပါမယ္။ ခဏၾကာေစာင့္ျပီး ေရေအးနဲ႔ျပန္ေဆးခ်ရပါမယ္။

၂။ ၾကက္သြန္နီ

ၾကက္သြန္နီမွာ ေတြ႔ရတဲ့ ဖူးေရာင္မႈနဲ႔ဘက္တီးရီးယားကာကြယ္ေပးႏုိင္တဲ့ အစြမ္းသတိၱေတြေၾကာင့္ ဝက္ျခံကို အလြယ္အကူ ေပ်ာက္ကင္းေစႏုိင္ပါတယ္။ ဝက္ျခံမွာသာ ထိေရာက္တာမဟုတ္ဘဲ အမာရြတ္တုိ႔ကိုလည္း အလြယ္တကူ ေပ်ာက္ကင္းေစပါတယ္။ ၾကက္သြန္နီ ၂လုံးကို အရည္ညွစ္ယူရပါမယ္။ သံပုရာနဲ႔ ပ်ားရည္ အစက္(၁)စက္ေရာျပီး ေရာေမႊေပးရပါမယ္။ ရလာတဲ့အရည္ပ်စ္ပ်စ္ေလးကို လိမ္းျပီး ၁၅-၂၀ မိနစ္ျပီးေနာက္ ေရနဲ႔ ေဆးေၾကာေပးပါ။

၃။ နာနတ္သီး

ဖူးေရာင္မႈသက္သာေစတဲ့့ ျဒပ္သတၱိ bromelain ေၾကာင့္ နာနတ္သီးက ေက်ာကုန္းဝက္ျခံေတြကို တားဆီးေပးပါတယ္။ နာနတ္သီးကို အခ်ပ္လုိက္လွီးျပီး အရည္ညွစ္ထုတ္ပါ။ ဂြမ္းဖတ္ေလးနဲ႔ အရည္ကို ေက်ာကုန္းမွာ လိမ္းျပီး ေရနဲ႔ ျပန္ေဆးခ်ေပးရပါမယ္။ တစ္ေန႔ (၂)ၾကိမ္လုပ္ေပးပါ။

၄။ လိေမၼာ္သီးခြံ

လိေမၼာ္သီးခြံက လြယ္ကူတဲ့ ေက်ာျပင္ဝက္ျခံကုနည္းေတြထဲက တစ္ခုျဖစ္ပါတယ္။ လိေမၼာ္သီးခြံတခ်ဳိ႕ကို ေနပူထဲ အေျခာက္လွန္းပါ။ ျပီးေတာ့ အမႈန္႔ျဖစ္ေအာင္ ၾကိတ္ရပါမယ္။ နႏြင္းနဲ႔ ပ်ားရည္နဲ႔ ေရာစပ္ပါ။ အရည္ျပားမွာ လိမ္း၊ ၁၀မိနစ္ၾကာထားျပီးေနာက္ ေရေအးနဲ႔ ေဆးခ်ေပးရပါမယ္။

၅။ သံပုယိုရည္

Citric acid ေၾကာင့္ သံပုယုိသီးဟာ ေက်ာကုန္းဝက္ျခံကုသရာမွာ အလြန္ထိေရာက္ပါတယ္။ သူ႔ရဲ႕ျပင္းထန္တဲ့အစြမ္းသတၱိေၾကာင့္ ဝက္ျခံအမာရြတ္ေတြ အလြယ္စြာ ေပ်ာက္ကင္းေစပါတယ္။ သံပုယုိတစ္လုံးကို အခ်ပ္လုိက္လွီးျပီး ေက်ာကုန္း သုိ႔မဟုတ္ ဝက္ျခံေပၚ ပြတ္လိမ္းေပးရပါမယ္။ ေျခာက္ေအာင္ထားျပီး ေရနဲ႔ျပန္ေဆးခ်ရပါမယ္။ သံပုယုိရည္အသုံးျပဳျခင္းက အသားေရ pH အေနအထားျဖစ္ေအာင္ ထိန္းသိမ္းေပးပါတယ္။

၆။ မုန္႔ဖုတ္ဆိုဒါ baking soda

Baking soda မွာ ေတြ႔ရတဲ့ သဘာဝအေရျပားဆဲလ္ေသဖယ္ရွားႏုိင္မႈအစြမ္းေၾကာင့္ ေက်ာကုန္းဝက္ျခံ ထိေရာက္စြာ ကုသေပးႏုိင္ပါတယ္။ ျပီးေတာ့ ပိုးသတ္ေဆးနဲ႔ ဖူးေရာင္မႈတုိက္ဖ်က္ေပးႏုိင္မႈအစြမ္းသတၱိေတြေၾကာင့္ ေက်ာျပင္ဝက္ျခံေတြကို အလြယ္တကူ ဖယ္ရွားေပးပါတယ္။ Baking soda ကို ေရအနည္းငယ္ေရာျပီး လိမ္းေပးဖုိ႔ပါပဲ။

Credit :Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကျောပြင်မှာထွက်တဲ့ ဝက်ခြံတွေဟာ ခန္ဓာကိုယ်ရှိ ကသိကအောက်နိုင်ဆုံးအရာတွေ ဖြစ်ပါတယ်။ တကယ်လို့ သင့်အသားအရေဟာ ဝက်ခြံဖြစ်တတ်တဲ့ အသားရေမျိုးဆိုရင် တင်းတိပ်၊ ဝက်ခြံတွေ မျက်နှာပေါ်ပေါက်ရုံမက ကျောကုန်းတွေမှာလည်း တွေ့နိုင်ပါတယ်။ ဒါပေမယ့် ဒီကျောပြင်ဝက်ခြံတွေ ကုသရာမှာ အံ့မခန်းဖွယ်ထိရောက်တဲ့ အိမ်တွင်းဆေးနည်းတချို့ရှိပါတယ်။ အဆီထုတ်လုပ်မှု လွန်ကဲမှုကြောင့် ချွေးပေါက်တွေပိတ်ဆို့တဲ့အခါ ကျောပြင်မှာ ဝက်ခြံတွေ ဖြစ်ပွားပါတယ်။ တခါတလေ ကျောမှာဝက်ခြံထွက်တာ အရေပြားဆဲလ်သေတွေ စုပုံလာမှုကြောင့် ဖြစ်ပါတယ်။ ဒီလိုဝက်ခြံရှိသူတွေအတွက် ဆေးနည်းတချို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ သခွားသီး

သခွားသီးက အသားရေကို အစိုဓာတ်ရစေပြီး အညစ်အကြေးတွေလည်း ဆေးကြောသန့်စင်ပေးပါတယ်။ သခွားသီးက ချွေးပေါက်ပိတ်ဆို့မှုကို ထိရောက်စွာ ဖယ်ရှားပေးနိုင်ပါတယ်။ သခွားသီးကို အပိုင်းပိုင်းလှီးဖြတ်ပါ။ ပြီးရင် အရည်ပျစ်ပျစ်ဖြစ်အောင် ကြိတ်ပြီး ကျောကုန်းမှာ လိမ်းပေးရပါမယ်။ ခဏကြာစောင့်ပြီး ရေအေးနဲ့ပြန်ဆေးချရပါမယ်။

၂။ ကြက်သွန်နီ

ကြက်သွန်နီမှာ တွေ့ရတဲ့ ဖူးရောင်မှုနဲ့ဘက်တီးရီးယားကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိတွေကြောင့် ဝက်ခြံကို အလွယ်အကူ ပျောက်ကင်းစေနိုင်ပါတယ်။ ဝက်ခြံမှာသာ ထိရောက်တာမဟုတ်ဘဲ အမာရွတ်တို့ကိုလည်း အလွယ်တကူ ပျောက်ကင်းစေပါတယ်။ ကြက်သွန်နီ ၂လုံးကို အရည်ညှစ်ယူရပါမယ်။ သံပုရာနဲ့ ပျားရည် အစက်(၁)စက်ရောပြီး ရောမွှေပေးရပါမယ်။ ရလာတဲ့အရည်ပျစ်ပျစ်လေးကို လိမ်းပြီး ၁၅-၂၀ မိနစ်ပြီးနောက် ရေနဲ့ ဆေးကြောပေးပါ။

၃။ နာနတ်သီး

ဖူးရောင်မှုသက်သာစေတဲ့ ဒြပ်သတ္တိ bromelain ကြောင့် နာနတ်သီးက ကျောကုန်းဝက်ခြံတွေကို တားဆီးပေးပါတယ်။ နာနတ်သီးကို အချပ်လိုက်လှီးပြီး အရည်ညှစ်ထုတ်ပါ။ ဂွမ်းဖတ်လေးနဲ့ အရည်ကို ကျောကုန်းမှာ လိမ်းပြီး ရေနဲ့ ပြန်ဆေးချပေးရပါမယ်။ တစ်နေ့ (၂)ကြိမ်လုပ်ပေးပါ။

၄။ လိမ္မော်သီးခွံ

လိမ္မော်သီးခွံက လွယ်ကူတဲ့ ကျောပြင်ဝက်ခြံကုနည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ လိမ္မော်သီးခွံတချို့ကို နေပူထဲ အခြောက်လှန်းပါ။ ပြီးတော့ အမှုန့်ဖြစ်အောင် ကြိတ်ရပါမယ်။ နနွင်းနဲ့ ပျားရည်နဲ့ ရောစပ်ပါ။ အရည်ပြားမှာ လိမ်း၊ ၁၀မိနစ်ကြာထားပြီးနောက် ရေအေးနဲ့ ဆေးချပေးရပါမယ်။

၅။ သံပုယိုရည်

Citric acid ကြောင့် သံပုယိုသီးဟာ ကျောကုန်းဝက်ခြံကုသရာမှာ အလွန်ထိရောက်ပါတယ်။ သူ့ရဲ့ပြင်းထန်တဲ့အစွမ်းသတ္တိကြောင့် ဝက်ခြံအမာရွတ်တွေ အလွယ်စွာ ပျောက်ကင်းစေပါတယ်။ သံပုယိုတစ်လုံးကို အချပ်လိုက်လှီးပြီး ကျောကုန်း သို့မဟုတ် ဝက်ခြံပေါ် ပွတ်လိမ်းပေးရပါမယ်။ ခြောက်အောင်ထားပြီး ရေနဲ့ပြန်ဆေးချရပါမယ်။ သံပုယိုရည်အသုံးပြုခြင်းက အသားရေ pH အနေအထားဖြစ်အောင် ထိန်းသိမ်းပေးပါတယ်။

၆။ မုန့်ဖုတ်ဆိုဒါ baking soda

Baking soda မှာ တွေ့ရတဲ့ သဘာဝအရေပြားဆဲလ်သေဖယ်ရှားနိုင်မှုအစွမ်းကြောင့် ကျောကုန်းဝက်ခြံ ထိရောက်စွာ ကုသပေးနိုင်ပါတယ်။ ပြီးတော့ ပိုးသတ်ဆေးနဲ့ ဖူးရောင်မှုတိုက်ဖျက်ပေးနိုင်မှုအစွမ်းသတ္တိတွေကြောင့် ကျောပြင်ဝက်ခြံတွေကို အလွယ်တကူ ဖယ်ရှားပေးပါတယ်။ Baking soda ကို ရေအနည်းငယ်ရောပြီး လိမ်းပေးဖို့ပါပဲ။


Credit :Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top