iMyanmarHouse.com - Best Property Website for Myanmar
×

ဒီေဆာင္းပါးကို ဖတ္မယ္ဆုိကတည္းက သင့္အေနနဲ႔ သူမကို ဆံုးရံႈးၿပီးသားျဖစ္မယ္လုိ႕ ယူဆလုိ႕ရပါတယ္။ ဒီေတာ့ ေမးခြန္းက - သင့္အေနနဲ႔ သူမကိုျပန္ရယူခ်င္သလား။ လြန္ခဲ့တဲ့ တစ္လမကလုိ႕ တစ္ႏွစ္ေလာက္ အလြန္ကပဲ ျပတ္ခဲ့ပါေစ ျပန္လည္ရယူလိုတယ္ဆုိရင္ေတာ့ အၿမဲတမ္း နည္းလမ္းရွိပါတယ္။ ဒါေၾကာင့္ အခုေျပာျပတဲ့နည္းလမ္းေတြ ၊ စည္းမ်ဥ္းေတြကို ႀကိဳးစားၾကည့္ပါ။ ဘာေၾကာင့္လဲ ဆုိေတာ့ ဘ၀မွာ အခြင့္အေရးဆုိတာ (၂)ခါ မလာတတ္ပါဘူး။
 
(၁)     လမ္းခဲြခဲ့ရတဲ့ အေၾကာင္းရင္းကို နားလည္ေအာင္လုပ္ပါ
 
လမ္းခဲြခဲ့ရတယ္ ဆုိကတည္းက နားလည္မႈလဲြခဲ့ရျခင္း တခ်ိဳ႕နဲ႕ အမွားတခ်ိဳ႕တုိ႕ကေတာ့ မလဲြမေသြရွိခဲ့မွာ အမွန္ပါပဲ။ ဒီေတာ့ သင့္အေနနဲ႔ အလုပ္သင့္ဆံုးက “အတိတ္ကို ျပန္လည္ျပင္ဆင္” ပါ။ ဒီေတာ့ တျဖည္းျဖည္း ပိုပိုေ၀းမသြားခင္ တခ်ိန္က ဘာမွားခဲ့လဲဆုိတာ တတ္ႏုိင္သမွ် ျပန္လည္စဥ္းစားၾကည့္ပါ။ ဆုိရိုးစကားတစ္ခုကိုသတိရပါ။ “သင္က တျခားတစ္ေယာက္ကို လက္ညွိဳးတေခ်ာင္းထိုးေနခ်ိန္မွာ က်န္တဲ့ သံုးေခ်ာင္းက သင့္ကိုယ္သင္ ျပန္ထိုးေနတယ္” ဆုိတာကိုေပါ့။ ဘာေၾကာင့္ ျဖတ္ခဲ့လဲဆုိတာ အေၾကာင္းျပခ်က္ ေရေရရာရာ ခုိင္လံုမႈမရွိသေရြ႕ ဘယ္မိန္းကေလးကမွ သင့္ဆီျပန္မလာပါဘူး။
 
(၂)     ကိုယ့္ရဲ႕ ေျခလွမ္းကို စတင္လိုက္ပါ
 
ဆုိခဲ့သလို ကိုယ့္ကိုယ္ကို အျပန္အလွန္ သံုးသပ္ၾကည့္ၿပီး ေနာက္မွာ သူမကို လုိခ်င္ေနေသးတာ ေသခ်ာတယ္ဆုိရင္ေတာ့ သူမကိုျပန္လည္ ဆက္သြယ္မႈေတြ လုပ္ဖို႕လုိပါၿပီ။ သင့္အေနနဲ႕ တျခားဘာရည္ရြယ္ခ်က္မွ မရွိဘဲ ေကာ္ဖီေသာက္ ၊ မုန္႕စားရံုေလာက္ အျပင္အတူ ထြက္ခ်င္တယ္လို႕ သူမကိုေတာင္းဆုိပါ။ ေမးလ္ပို႔ၿပီးေတာ့လည္း ဆက္သြယ္ႏုိင္ပါတယ္။ ဒါေပမယ့္ ေမးလ္ပို႔မယ္ ဆုိရင္ေတာ့ ေပါ့ပါးၿပီး ခင္မင္ႏွစ္လိုဖြယ္ေကာင္းဖုိ႕ေတာ့ လုိပါလိမ့္မယ္။ ဥပမာ- “မင္းမရွိဘဲ ငါမေနႏုိင္ပါဘူး” ၊ “ငါမင္းကုိ ျပန္လိုခ်င္လုိက္တာကြာ” စတဲ့ အေရးအသားေတြေၾကာင့္ သူမအေနနဲ႕ သင့္ကိုေတြ႕ခ်င္စိတ္ ကုန္သြားႏုိင္ပါတယ္။ ပထမမွာ သူမကျငင္းလုိက္တယ္ဆုိရင္ အတင္းမေတာင္းဆုိပဲ သူမရဲ႕ဆံုးျဖတ္ခ်က္ကို ေလးစားမႈျပပါ။ ၿပီးမွ သူမ အလိုရွိတဲ့အခ်ိန္ ဆက္သြယ္ႏုိင္ပါတယ္လုိ႕ ေျပာထားခဲ့ျခင္းက သူမရဲ႕ သိလိုစိတ္ကို ႏိႈးဆြေပးၿပီး သင့္ကို ေခါင္းၿငိမ့္လာပါလိမ့္မယ္။
 
(၃)     ကိုယ့္ကိုယ္ကို တိုးတက္ေကာင္းမြန္လာေအာင္ လုပ္ေဆာင္ပါ
 
ဘယ္သူကပဲ စျဖတ္ခဲ့သည္ျဖစ္ေစ တကယ့္အေၾကာင္းအရင္းက အဲ့ဒီေနာက္မွာ ရွိပါတယ္။ တခ်ိန္က သူမေျပာေလ့ရွိခဲ့တဲ့ အရာေတြအေပၚ သင္အေနနဲ႔ ပိုၿပီးတုိးတက္ေအာင္ လုပ္ေဆာင္ထားႏုိင္ ၿပီလားဆုိတာ သူမနဲ႔ မေတြ႕ခင္ ေသခ်ာေနဖုိ႕ လုိပါတယ္။ ဘာေၾကာင့္လဲ ဆုိေတာ့ သူမနဲ႔ေတြ႕တဲ့အခါ သူမရဲ႕ ဆံုးျဖတ္ခ်က္အတြက္ ေနာင္တရေစခ်င္တယ္ မဟုတ္လား။ သင္ဟာ အရင္က “သင္” မဟုတ္ေတာ့ေၾကာင္း သူမကိုျပလုိက္ပါ။
 
(၄)     အတူရွိေနေပမယ့္ ေပါ့ေပါ့ ပါးပါးသာေနပါ
 
သူမနဲ႕ ပထမဆံုး ေတြ႕ဆံုခ်ိန္မွာ သူမဟာ အံ့ၾသစရာေကာင္းေလာက္ေအာင္ လွလာတယ္ ဆုိပါစို႕။ သင့္အေနနဲ႕ မွတ္ထားရမွာက ေပါ့ေပါ့ပါးပါးေနပါ။ ရယ္ရယ္ေမာေမာ စကားေျပာပါ။ အတိတ္က နာက်င္စရာေတြကို ျပန္တူးဆြမယ့္ပံု လုပ္ေနမယ့္အစား သင့္ရဲ႕ version အသစ္ကို ပထမဆံုးျပန္ေတြ႕ခ်ိန္မွာ ျပသလိုက္ပါ။
 
(၅)     ပန္းတုိင္ကို သြားပါ
 
ဒီအဆင့္ေတြ အားလံုး လုပ္ေဆာင္ၿပီးတဲ့ ေနာက္မွာေတာ့ သင္ဘာကို တကယ္လုိခ်င္လဲဆုိတာ ေသခ်ာေအာင္လုပ္ပါ။ သူမကို သင့္ရဲ႕ ဘ၀မွာ လုပ္ခဲ့မိတဲ့ အႀကီးမားဆံုးအမွားက သူမနဲ႔ လမ္းခြဲျခင္းပဲဆုိတာ သိေအာင္ ေျပာျပပါ။ သင္ဟာ ယခင္ကထက္ ရင့္က်က္လာၿပီျဖစ္ၿပီး သူမသာ ဆႏၵရွိမယ္ဆုိရင္ သူမျဖစ္ခ်င္တာ မွန္သမွ် ႀကိဳးစားေပးခ်င္ေၾကာင္း အခုိင္အမာ ရွင္းျပပါ။
 
ဒီအခ်က္ေတြ လုပ္ေဆာင္ေနစဥ္ ကာလအတြင္းမွာေတာ့ သင့္အေနနဲ႔ ပိုၿပီး စိတ္ရွည္ရမယ္။ ဆက္ဆံေရးလည္း ေကာင္းမြန္ရပါမယ္။ တကယ္လုိ႕မ်ားသာ သင္ဟာ ဒီအႀကံေပးခ်က္ေတြကို စနစ္တက်နဲ႕ စိတ္ပါလက္ပါ လုပ္ေဆာင္ၾကည့္မယ္ဆုိရင္ေတာ့ ဒီအခ်စ္ခရီးလမ္း ဆက္လက္ ရွင္သန္ဖုိ႕ ဘယ္အရာကမွ တားဆီးလုိ႕ရမွာ မဟုတ္ပါဘူး။
 
 Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဒီဆောင်းပါးကို ဖတ်မယ်ဆိုကတည်းက သင့်အနေနဲ့ သူမကို ဆုံးရှုံးပြီးသားဖြစ်မယ်လို့ ယူဆလို့ရပါတယ်။ ဒီတော့ မေးခွန်းက - သင့်အနေနဲ့ သူမကိုပြန်ရယူချင်သလား။ လွန်ခဲ့တဲ့ တစ်လမကလို့ တစ်နှစ်လောက် အလွန်ကပဲ ပြတ်ခဲ့ပါစေ ပြန်လည်ရယူလိုတယ်ဆိုရင်တော့ အမြဲတမ်း နည်းလမ်းရှိပါတယ်။ ဒါကြောင့် အခုပြောပြတဲ့နည်းလမ်းတွေ ၊ စည်းမျဉ်းတွေကို ကြိုးစားကြည့်ပါ။ ဘာကြောင့်လဲ ဆိုတော့ ဘဝမှာ အခွင့်အရေးဆိုတာ (၂)ခါ မလာတတ်ပါဘူး။

(၁)     လမ်းခွဲခဲ့ရတဲ့ အကြောင်းရင်းကို နားလည်အောင်လုပ်ပါ

လမ်းခွဲခဲ့ရတယ် ဆိုကတည်းက နားလည်မှုလွဲခဲ့ရခြင်း တချို့နဲ့ အမှားတချို့တို့ကတော့ မလွဲမသွေရှိခဲ့မှာ အမှန်ပါပဲ။ ဒီတော့ သင့်အနေနဲ့ အလုပ်သင့်ဆုံးက “အတိတ်ကို ပြန်လည်ပြင်ဆင်” ပါ။ ဒီတော့ တဖြည်းဖြည်း ပိုပိုဝေးမသွားခင် တချိန်က ဘာမှားခဲ့လဲဆိုတာ တတ်နိုင်သမျှ ပြန်လည်စဉ်းစားကြည့်ပါ။ ဆိုရိုးစကားတစ်ခုကိုသတိရပါ။ “သင်က တခြားတစ်ယောက်ကို လက်ညှိုးတချောင်းထိုးနေချိန်မှာ ကျန်တဲ့ သုံးချောင်းက သင့်ကိုယ်သင် ပြန်ထိုးနေတယ်” ဆိုတာကိုပေါ့။ ဘာကြောင့် ဖြတ်ခဲ့လဲဆိုတာ အကြောင်းပြချက် ရေရေရာရာ ခိုင်လုံမှုမရှိသရွေ့ ဘယ်မိန်းကလေးကမှ သင့်ဆီပြန်မလာပါဘူး။

(၂)     ကိုယ့်ရဲ့ ခြေလှမ်းကို စတင်လိုက်ပါ

ဆိုခဲ့သလို ကိုယ့်ကိုယ်ကို အပြန်အလှန် သုံးသပ်ကြည့်ပြီး နောက်မှာ သူမကို လိုချင်နေသေးတာ သေချာတယ်ဆိုရင်တော့ သူမကိုပြန်လည် ဆက်သွယ်မှုတွေ လုပ်ဖို့လိုပါပြီ။ သင့်အနေနဲ့ တခြားဘာရည်ရွယ်ချက်မှ မရှိဘဲ ကော်ဖီသောက် ၊ မုန့်စားရုံလောက် အပြင်အတူ ထွက်ချင်တယ်လို့ သူမကိုတောင်းဆိုပါ။ မေးလ်ပို့ပြီးတော့လည်း ဆက်သွယ်နိုင်ပါတယ်။ ဒါပေမယ့် မေးလ်ပို့မယ် ဆိုရင်တော့ ပေါ့ပါးပြီး ခင်မင်နှစ်လိုဖွယ်ကောင်းဖို့တော့ လိုပါလိမ့်မယ်။ ဥပမာ- “မင်းမရှိဘဲ ငါမနေနိုင်ပါဘူး” ၊ “ငါမင်းကို ပြန်လိုချင်လိုက်တာကွာ” စတဲ့ အရေးအသားတွေကြောင့် သူမအနေနဲ့ သင့်ကိုတွေ့ချင်စိတ် ကုန်သွားနိုင်ပါတယ်။ ပထမမှာ သူမကငြင်းလိုက်တယ်ဆိုရင် အတင်းမတောင်းဆိုပဲ သူမရဲ့ဆုံးဖြတ်ချက်ကို လေးစားမှုပြပါ။ ပြီးမှ သူမ အလိုရှိတဲ့အချိန် ဆက်သွယ်နိုင်ပါတယ်လို့ ပြောထားခဲ့ခြင်းက သူမရဲ့ သိလိုစိတ်ကို နှိုးဆွပေးပြီး သင့်ကို ခေါင်းငြိမ့်လာပါလိမ့်မယ်။

(၃)     ကိုယ့်ကိုယ်ကို တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်ပါ

ဘယ်သူကပဲ စဖြတ်ခဲ့သည်ဖြစ်စေ တကယ့်အကြောင်းအရင်းက အဲ့ဒီနောက်မှာ ရှိပါတယ်။ တချိန်က သူမပြောလေ့ရှိခဲ့တဲ့ အရာတွေအပေါ် သင်အနေနဲ့ ပိုပြီးတိုးတက်အောင် လုပ်ဆောင်ထားနိုင် ပြီလားဆိုတာ သူမနဲ့ မတွေ့ခင် သေချာနေဖို့ လိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူမနဲ့တွေ့တဲ့အခါ သူမရဲ့ ဆုံးဖြတ်ချက်အတွက် နောင်တရစေချင်တယ် မဟုတ်လား။ သင်ဟာ အရင်က “သင်” မဟုတ်တော့ကြောင်း သူမကိုပြလိုက်ပါ။

(၄)     အတူရှိနေပေမယ့် ပေါ့ပေါ့ ပါးပါးသာနေပါ

သူမနဲ့ ပထမဆုံး တွေ့ဆုံချိန်မှာ သူမဟာ အံ့သြစရာကောင်းလောက်အောင် လှလာတယ် ဆိုပါစို့။ သင့်အနေနဲ့ မှတ်ထားရမှာက ပေါ့ပေါ့ပါးပါးနေပါ။ ရယ်ရယ်မောမော စကားပြောပါ။ အတိတ်က နာကျင်စရာတွေကို ပြန်တူးဆွမယ့်ပုံ လုပ်နေမယ့်အစား သင့်ရဲ့ version အသစ်ကို ပထမဆုံးပြန်တွေ့ချိန်မှာ ပြသလိုက်ပါ။

(၅)     ပန်းတိုင်ကို သွားပါ

ဒီအဆင့်တွေ အားလုံး လုပ်ဆောင်ပြီးတဲ့ နောက်မှာတော့ သင်ဘာကို တကယ်လိုချင်လဲဆိုတာ သေချာအောင်လုပ်ပါ။ သူမကို သင့်ရဲ့ ဘဝမှာ လုပ်ခဲ့မိတဲ့ အကြီးမားဆုံးအမှားက သူမနဲ့ လမ်းခွဲခြင်းပဲဆိုတာ သိအောင် ပြောပြပါ။ သင်ဟာ ယခင်ကထက် ရင့်ကျက်လာပြီဖြစ်ပြီး သူမသာ ဆန္ဒရှိမယ်ဆိုရင် သူမဖြစ်ချင်တာ မှန်သမျှ ကြိုးစားပေးချင်ကြောင်း အခိုင်အမာ ရှင်းပြပါ။

ဒီအချက်တွေ လုပ်ဆောင်နေစဉ် ကာလအတွင်းမှာတော့ သင့်အနေနဲ့ ပိုပြီး စိတ်ရှည်ရမယ်။ ဆက်ဆံရေးလည်း ကောင်းမွန်ရပါမယ်။ တကယ်လို့များသာ သင်ဟာ ဒီအကြံပေးချက်တွေကို စနစ်တကျနဲ့ စိတ်ပါလက်ပါ လုပ်ဆောင်ကြည့်မယ်ဆိုရင်တော့ ဒီအချစ်ခရီးလမ်း ဆက်လက် ရှင်သန်ဖို့ ဘယ်အရာကမှ တားဆီးလို့ရမှာ မဟုတ်ပါဘူး။

 Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top