iMyanmarHouse.com - Best Property Website for Myanmar
×

သံပုရာသီးဟာ ထိခိုက္ဒဏ္ရာရတဲ့အခါမွာ ဘက္တီးရီးယား ပိုးမႊားေတြ မဝင္ႏိုင္ေအာင္ ဖ်က္ဆီးေပးႏိုင္တဲ့ သတၱိရွိပါတယ္။ သံပုရာသီးဟာ ဆီးခ်ိဳနဲ႔ အ႐ိုးပြျခင္းကို မျဖစ္ေအာင္ တားဆီးေပးႏုိင္ပါတယ္။ အထူးသျဖင့္ အသားအေရလွပဖို႔နဲ႔ အေရျပားျပႆနာေတြျဖစ္တဲ့ မွဲ႔ေျခာက္၊ ဝက္ၿခံနဲ႔ ယားနာေတြကို ေပ်ာက္ကင္းေစတဲ့သတၱိ ရွိပါတယ္။

အသားအေရေျခာက္ေသြ႕ျခင္းအတြက္

ငွက္ေပ်ာသီးမွည့္တစ္လံုးကိုယူၿပီး ေခ်ေပးပါ။ ၿပီးရင္ေတာ့ လတ္လတ္ဆတ္ဆတ္ သံပုရာရည္ တစ္စက္ႏွစ္စက္နဲ႔ ေခ်ထားတဲ့ ငွက္ေပ်ာသီးတို႔ကို ေရာစပ္ေပးပါ။ မ်က္ႏွာနဲ႔ လက္ကို လိမ္းေပးမယ္ဆိုရင္ အသားအေရကို ေခ်ာေမြ႕သန္႔ရွင္းေစပါတယ္။ ေနာက္တစ္နည္းကေတာ့ သံပုရာရည္ တစ္စက္၊ ပ်ားရည္လက္ဖက္ရည္ဇြန္းတစ္ဇြန္းနဲ႔ သံလြင္ဆီ ေရာေပးပါ။ ၿပီးရင္ လက္ေတြ၊ တံေတာင္ဆစ္ေတြ၊ ေျခဖေနာင့္ေတြနဲ႔ ၾကမ္းေထာ္ေနတဲ့ေနရာေတြကို လိမ္းေပးပါ။ လိမ္းၿပီးရင္ (၁၀) မိနစ္ေလာက္ ေစာင့္ေပးၿပီး ေရေဆးေပးလိုက္တာနဲ႔ အဆင္ေျပသြားတာကို ေတြ႔ရမွာပါ။

အဆီျပန္တဲ့အသားအေရပိုင္ရွင္မ်ားအတြက္

သံပုရာရည္ လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္း၊ နႏြင္းမႈန္႔ ဇြန္းတစ္ဝက္ခန္႔(လက္ဖက္ရည္ဇြန္း) တို႔ကိုယူပါ။ သေဘၤာသီးစိတ္ကိုေခ်ၿပီး ေပ်ာ့ဖတ္သဖြယ္ရေအာင္လုပ္ပါ။ ယင္းသေဘၤာသီးရည္ကို သံုးဇြန္းခန္႔ ယူပါ။ အားလံုးကို ေရာစပ္ၿပီး မ်က္လံုးကလြဲရင္ မ်က္ႏွာတစ္ျပင္လံုးကို လိမ္းေပးရမွာ ျဖစ္ပါတယ္။ လိမ္းၿပီး မိနစ္ (၂၀) ခန္႔ၾကာေအာင္ ေစာင့္ေပးပါ။ ၿပီးမွ ေရနဲ႔ တစ္ဖန္ ျပန္ေဆးေၾကာေပးပါ။

ေႏြရာသီမွာ ေခၽြးထြက္ၿပီး ရင္ပူေနျခင္းအတြက္

ပူျပင္းေျခာက္ေသြ႕တဲ့ေႏြရာသီမွာ ေခၽြးထြက္သက္သာေအာင္ပဲ ျဖစ္ျဖစ္၊ ရင္ပူသက္သာေအာင္လုပ္ဖို႔ပဲ ျဖစ္ျဖစ္ သံပုရာသီးရည္ကို ပ်ားရည္တစ္ဇြန္းနဲ႔ေရာၿပီး ေသာက္ေပးပါ။ ေသြးေလလည္ပတ္မႈကို ေကာင္းမြန္ေစ႐ံုမွ်မက ေခၽြးထြက္ျခင္းကိုပါ သက္သာေစပါတယ္။ သံပုရာသီးထဲမွာ ပါရွိတဲ့ ဂလူးကိုစ့္ (Glucose) နဲ႔ သတၱဳဓာတ္ေတြေၾကာင့္ ခႏၶာကိုယ္ကို ေခၽြးထြက္ျခင္းမွ ကာကြယ္ေပးတဲ့အျပင္ ကိုယ္အပူခ်ိန္က်ၿပီး ေအးျမေအာင္လည္း စြမ္းေဆာင္ေပးႏိုင္ပါတယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

သံပုရာသီးဟာ ထိခိုက်ဒဏ်ရာရတဲ့အခါမှာ ဘက်တီးရီးယား ပိုးမွှားတွေ မဝင်နိုင်အောင် ဖျက်ဆီးပေးနိုင်တဲ့ သတ္တိရှိပါတယ်။ သံပုရာသီးဟာ ဆီးချိုနဲ့ အရိုးပွခြင်းကို မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ အထူးသဖြင့် အသားအရေလှပဖို့နဲ့ အရေပြားပြဿနာတွေဖြစ်တဲ့ မှဲ့ခြောက်၊ ဝက်ခြံနဲ့ ယားနာတွေကို ပျောက်ကင်းစေတဲ့သတ္တိ ရှိပါတယ်။

အသားအရေခြောက်သွေ့ခြင်းအတွက်

ငှက်ပျောသီးမှည့်တစ်လုံးကိုယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာရည် တစ်စက်နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီးတို့ကို ရောစပ်ပေးပါ။ မျက်နှာနဲ့ လက်ကို လိမ်းပေးမယ်ဆိုရင် အသားအရေကို ချောမွေ့သန့်ရှင်းစေပါတယ်။ နောက်တစ်နည်းကတော့ သံပုရာရည် တစ်စက်၊ ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ သံလွင်ဆီ ရောပေးပါ။ ပြီးရင် လက်တွေ၊ တံတောင်ဆစ်တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေတဲ့နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် (၁၀) မိနစ်လောက် စောင့်ပေးပြီး ရေဆေးပေးလိုက်တာနဲ့ အဆင်ပြေသွားတာကို တွေ့ရမှာပါ။

အဆီပြန်တဲ့အသားအရေပိုင်ရှင်များအတွက်

သံပုရာရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း၊ နနွင်းမှုန့် ဇွန်းတစ်ဝက်ခန့်(လက်ဖက်ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီးစိတ်ကိုချေပြီး ပျော့ဖတ်သဖွယ်ရအောင်လုပ်ပါ။ ယင်းသင်္ဘောသီးရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံးကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် (၂၀) ခန့်ကြာအောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ တစ်ဖန် ပြန်ဆေးကြောပေးပါ။

နွေရာသီမှာ ချွေးထွက်ပြီး ရင်ပူနေခြင်းအတွက်

ပူပြင်းခြောက်သွေ့တဲ့နွေရာသီမှာ ချွေးထွက်သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူသက်သာအောင်လုပ်ဖို့ပဲ ဖြစ်ဖြစ် သံပုရာသီးရည်ကို ပျားရည်တစ်ဇွန်းနဲ့ရောပြီး သောက်ပေးပါ။ သွေးလေလည်ပတ်မှုကို ကောင်းမွန်စေရုံမျှမက ချွေးထွက်ခြင်းကိုပါ သက်သာစေပါတယ်။ သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့် (Glucose) နဲ့ သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် ကိုယ်အပူချိန်ကျပြီး အေးမြအောင်လည်း စွမ်းဆောင်ပေးနိုင်ပါတယ်။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top