iMyanmarHouse.com - Best Property Website for Myanmar
×

၂၀၁၆ အကယ္ဒမီဇာတ္ေဆာင္ဆုနဲ႕ပတ္သက္ၿပီး အားလံုးရဲ႕ ထင္ေၾကးေပးေမွ်ာ္လင့္ျခင္းကို ခံေနရသူကေတာ့ မၾကာေသးခင္ကမွ အိမ္ေထာင္ျပဳသြားခဲ့တဲ့ သရုပ္ေဆာင္ျမင့္ျမတ္ပါ။ ျမင့္ျမတ္ဟာ ကားၾကီးအေနနဲ႕လဲ ရုိက္ရတာနည္းခဲ့သလို အခုေနာက္ပိုင္းမွသာ သူပါ၀င္ရုိက္ကူးရတဲ့ ရုပ္ရွင္ဇာတ္ကားၾကီးေတြ မ်ားလာတာျဖစ္ပါတယ္။ အဲ့ဒီလိုကားၾကီးေတြရိုက္လာရတဲ့ေနာက္ပိုင္းမွာမွ အခုလက္ရွိ မတ္လ ၁၈ ရက္ေန႕မွာ က်င္းပမဲ့ အကယ္ဒမီေပးပြဲမွာ သူပါ၀င္သရုပ္ေဆာင္ထားတဲ့ ရုပ္ရွင္ကားၾကီး သံုးကားပါ၀င္လာခဲ့တာျဖစ္သလို အားလံုးကလည္း သူ႕ကုိပဲရေစခ်င္ေနၾကပါတယ္။ သူကုိယ္တုိင္ကလဲ အကယ္ဒမီနဲ႕ပတ္သက္တဲ့ သေဘာထား၊ အကယ္ဒမီအေပၚထားတဲ့စိတ္နဲ႕လက္ရွိမွာ သူပါ၀င္သရုပ္ေဆာင္ေနတဲ့ ရုပ္ရွင္ကားၾကီးအေၾကာင္းကိုေျပာျပလာတဲ့အခါ

-ဒီေန႕ရိုက္တဲ့ကားေလးကုိ အရင္ဦးဆံုးေျပာျပေပးပါဦး။

အခုရုိက္ေနတာက အမည္ေပါက္ႏွင့္က်ဴး တဲ့။ ဒါရုိက္တာက ကိုေဇာ္မ်ိဳး မင္းသမီးက အိေခ်ာပို နဲ႕ တျခားဟာသသရုပ္ေဆာင္ေတြအမ်ားၾကီးပါပါတယ္။

-အစ္ကို႕ကာရိုက္တာေလးကေရာ ဘယ္လိုမ်ိဳးမ်ားလဲ။

က်ဴးေက်ာ္မွာေနတဲ့ လူငယ္တစ္ေယာက္ေပါ့။

-အကယ္ဒမီေပးပြဲေရာတက္ျဖစ္မလား။

တက္ျဖစ္ပါမယ္။

-ဒီဇိုင္နာကဘယ္သူမ်ားလဲ။

ကိုေကာင္းျမတ္ပါ။ အေရာင္ကေတာ့ ကိုေကာင္းျမတ္ပဲ အစအဆံုးစီစဥ္တာပါ။

-ဒီႏွစ္မွာ အစ္ကို႕ကားေတြလဲပါေတာ့ ပရိသတ္ေတာ္ေတာ္မ်ားမ်ားကလဲ အစ္ကို႕ကုိမွန္းေပးေနၾကတဲ့အေပၚ ဘယ္လိုစိတ္လႈပ္ရွားမႈရွိလဲ။

မရွိပါဘူး။ ပရိသတ္ကေတာ့ ရေစခ်င္ၾကတာေပါ့။ ရျခင္းမရျခင္းကေတာ့ ပြဲက်မွပဲသိမွာပဲ။ ဒါကေတာ့ ကံပါပဲ။

-အစ္ကိုပါ၀င္သရုပ္ေဆာင္ထားတဲ့ဇာတ္ကားေတြထဲမွာ ဘယ္ကားကို အားအရဆံုးလဲ။

၀င္တာက သံုးကားေပါ့။ ေမွာ္ေက်ာက္စာရယ္၊ ခုိးဆိုးလုႏိႈက္ရယ္၊ မင္းလဲဘိုေကငါလဲဘိုေကရယ္။ ဒါေပမဲ့ ေမွာ္ေက်ာက္စာနဲ႕ခုိးဆိုးလုႏိႈက္ကေတာ့ အားရတယ္။

-ဒီႏွစ္စံုတြဲတက္ျဖစ္မွာေပါ့။

ႏွစ္ေယာက္ မတက္ျဖစ္ေလာက္ဘူးဗ်။ ဘာလို႕လဲဆိုေတာ့ ကၽြန္ေတာ့္ေကာင္မေလးက လူမ်ားတဲ့ေနရာဆိုရင္ သူသိပ္မေနတတ္လို႕တစ္ေယာက္တည္းပဲတက္ျဖစ္မွာပါ။

-ပရိသတ္ေတာ္ေတာ္မ်ားမ်ားကလဲ ရသင့္ေနၿပီဆိုၿပီး အစ္ကို႕ကိုရေစခ်င္ေနၾကတဲ့အေပၚ ဘယ္လိုေျပာျပခ်င္လဲ။

အရမ္းကိုေက်းဇူးတင္ပါတယ္။ ကၽြန္ေတာ့္ကိုခ်စ္ၾကတဲ့အတြက္ရေစခ်င္ၾကတာပါ။ အဲ့ဒီအတြက္လဲ ၀မ္းသာပါတယ္။ ေက်းဇူးလဲတင္ပါတယ္။ ဒါေပမဲ့လဲ တကယ္တမ္းရျခင္းမရျခင္းကေတာ့ ကံတရားေပၚလဲမူတည္ပါတယ္လို႕ပဲေျပာခ်င္ပါတယ္။

-အကယ္ဒမီကေရာ အစ္ကို႕ဘ၀အတြက္ဘယ္ေလာက္ထိအေရးပါလဲ။

အေရးကေတာ့ ပါတာေပါ့ဗ်။ သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့အတြက္ အကယ္ဒမီဆိုတာကေတာ့ သရုပ္ေဆာင္ေတြရဲ႕အိပ္မက္လို႕ေတာင္ေျပာလို႕ရပါတယ္။

-အခုေနာက္ပုိင္း မိန္းမလ်ာကာရိုက္တာေတြသိပ္ရိုက္တာမေတြ႕ရျပန္ဘူး။

အေျခာက္ကာရိုက္တာေတြ နည္းနည္းေလးရပ္ထားတယ္။ အရိုက္မ်ားရင္ အီသြားမွာစိုးလို႕ပါ။

-သၾကၤန္က်ရင္ေရာ ဘာအစီအစဥ္ေတြရွိလဲ။ ဟန္းနီးမြန္းေရာမထြက္ျဖစ္ေတာ့ဘူးလား။

ဘာမွေတာ့မရွိေသးဘူး။ ေလာေလာဆယ္ေတာ့မရွိေသးဘူးေပါ့။

-အခုေနာက္ပိုင္းေရာ ဘာေတြထူးထူးျခားျခား လက္ခံထားတာရွိဦးမလဲ။

ကာရိုက္တာေတြကေတာ့ အစံုလက္ခံထားပါတယ္။ ဟာသေတြေရာ၊ အက္ရွင္ေတြေရာ၊ ရိုမန္႕စ္ေတြေရာ အစံုလက္ခံထားပါတယ္။

-လူပ်ိဳဘ၀နဲ႕အိမ္ေထာင္သည္ဘ၀ထူးထူးျခားျခားဘာေတြကြာျခားသြားတာရွိမလဲ။

ဘာမွမကြာဘူး။ ဒီအတိုင္းပဲ။

-ရင္ေသြးေလးေရာ ဘယ္ေတာ့ေလာက္ယူျဖစ္မလဲ။

ကေလးကေတာ့ယူမွာပါ။ အျမန္ဆံုးၾကိဳးစားမွာေပါ့။

-အိမ္ေထာင္က်သြားၿပီးေနာက္ပိုင္းမွာေရာ အစ္မရႈတင္ေတြေန႕တိုင္းလုိက္ျဖစ္ေသးလား။

အရင္ေလာက္ေတာ့မလုိက္ျဖစ္ေတာ့ဘူး။ နည္းနည္းေတာ့ နည္းသြားတာေပါ့။

-အစ္ကိုတို႕စံုတြဲေလးဆုိရင္လဲ ပရိသတ္ကခ်စ္ၾကတယ္။ အားက်ၾကတဲ့ အေပၚမွာေရာ ဘယ္လိုခံစားရလဲ။

အရမ္း၀မ္းသာပါတယ္။ အရမ္းလဲေပ်ာ္တာေပါ့ေနာ္။ ကၽြန္ေတာ္တို႕ဆို အခုမွသာယူျဖစ္တာဆိုေပမဲ့ သမီးရည္းစားဘ၀နဲ႕ကငါးႏွစ္ေက်ာ္ေလာက္ရွိၿပီ။ အဲ့ဒီကတည္းကလဲ သိေနၾကၿပီ။ ပရိသတ္ေတြက ႏွစ္ေတြအၾကာၾကီးတြဲၿပီးမွယူခဲ့ၾကတာဆိုေတာ့ သူ႕ကိုလဲ သိေနၿပီး အားလံုးက၀ိုင္းၿပီးခ်စ္ၾကတာေပါ့။ အဲ့ဒီအတြက္လဲေက်းဇူးတင္ပါတယ္လို႕။

-အကယ္ဒမီနဲ႕ပတ္သက္ၿပီး အစ္ကို႕ကုိေမွ်ာ္လင့္ေပးေနၾကတဲ့ ပရိသတ္ေတြကုိေရာ ေနာက္ဆံုးအေနနဲ႕ဘယ္လိုေျပာျပခ်င္ေသးလဲ။

ေနာက္ဆံုးအေနနဲ႕ဆိုရင္ ဒါရသည္ျဖစ္ေစ၊ မရသည္ျဖစ္ေစ ကၽြန္ေတာ္ကေတာ့ ကိုယ္လုပ္စရာရွိတဲ့အလုပ္ကို အေကာင္းဆံုးျဖစ္ေအာင္ၾကိဳးစားသြားမွာပါလို႕ေျပာခ်င္ပါတယ္။

Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version
၂၀၁၆ အကယ်ဒမီဇာတ်ဆောင်ဆုနဲ့ပတ်သက်ပြီး အားလုံးရဲ့ ထင်ကြေးပေးမျှော်လင့်ခြင်းကို ခံနေရသူကတော့ မကြာသေးခင်ကမှ အိမ်ထောင်ပြုသွားခဲ့တဲ့ သရုပ်ဆောင်မြင့်မြတ်ပါ။ မြင့်မြတ်ဟာ ကားကြီးအနေနဲ့လဲ ရိုက်ရတာနည်းခဲ့သလို အခုနောက်ပိုင်းမှသာ သူပါဝင်ရိုက်ကူးရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ များလာတာဖြစ်ပါတယ်။ အဲ့ဒီလိုကားကြီးတွေရိုက်လာရတဲ့နောက်ပိုင်းမှာမှ အခုလက်ရှိ မတ်လ ၁၈ ရက်နေ့မှာ ကျင်းပမဲ့ အကယ်ဒမီပေးပွဲမှာ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကြီး သုံးကားပါဝင်လာခဲ့တာဖြစ်သလို အားလုံးကလည်း သူ့ကိုပဲရစေချင်နေကြပါတယ်။ သူကိုယ်တိုင်ကလဲ အကယ်ဒမီနဲ့ပတ်သက်တဲ့ သဘောထား၊ အကယ်ဒမီအပေါ်ထားတဲ့စိတ်နဲ့လက်ရှိမှာ သူပါဝင်သရုပ်ဆောင်နေတဲ့ ရုပ်ရှင်ကားကြီးအကြောင်းကိုပြောပြလာတဲ့အခါ

-ဒီနေ့ရိုက်တဲ့ကားလေးကို အရင်ဦးဆုံးပြောပြပေးပါဦး။

အခုရိုက်နေတာက အမည်ပေါက်နှင့်ကျူး တဲ့။ ဒါရိုက်တာက ကိုဇော်မျိုး မင်းသမီးက အိချောပို နဲ့ တခြားဟာသသရုပ်ဆောင်တွေအများကြီးပါပါတယ်။

-အစ်ကို့ကာရိုက်တာလေးကရော ဘယ်လိုမျိုးများလဲ။

ကျူးကျော်မှာနေတဲ့ လူငယ်တစ်ယောက်ပေါ့။

-အကယ်ဒမီပေးပွဲရောတက်ဖြစ်မလား။

တက်ဖြစ်ပါမယ်။

-ဒီဇိုင်နာကဘယ်သူများလဲ။

ကိုကောင်းမြတ်ပါ။ အရောင်ကတော့ ကိုကောင်းမြတ်ပဲ အစအဆုံးစီစဉ်တာပါ။

-ဒီနှစ်မှာ အစ်ကို့ကားတွေလဲပါတော့ ပရိသတ်တော်တော်များများကလဲ အစ်ကို့ကိုမှန်းပေးနေကြတဲ့အပေါ် ဘယ်လိုစိတ်လှုပ်ရှားမှုရှိလဲ။

မရှိပါဘူး။ ပရိသတ်ကတော့ ရစေချင်ကြတာပေါ့။ ရခြင်းမရခြင်းကတော့ ပွဲကျမှပဲသိမှာပဲ။ ဒါကတော့ ကံပါပဲ။

-အစ်ကိုပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားတွေထဲမှာ ဘယ်ကားကို အားအရဆုံးလဲ။

ဝင်တာက သုံးကားပေါ့။ မှော်ကျောက်စာရယ်၊ ခိုးဆိုးလုနှိုက်ရယ်၊ မင်းလဲဘိုကေငါလဲဘိုကေရယ်။ ဒါပေမဲ့ မှော်ကျောက်စာနဲ့ခိုးဆိုးလုနှိုက်ကတော့ အားရတယ်။

-ဒီနှစ်စုံတွဲတက်ဖြစ်မှာပေါ့။

နှစ်ယောက် မတက်ဖြစ်လောက်ဘူးဗျ။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကောင်မလေးက လူများတဲ့နေရာဆိုရင် သူသိပ်မနေတတ်လို့တစ်ယောက်တည်းပဲတက်ဖြစ်မှာပါ။

-ပရိသတ်တော်တော်များများကလဲ ရသင့်နေပြီဆိုပြီး အစ်ကို့ကိုရစေချင်နေကြတဲ့အပေါ် ဘယ်လိုပြောပြချင်လဲ။

အရမ်းကိုကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကိုချစ်ကြတဲ့အတွက်ရစေချင်ကြတာပါ။ အဲ့ဒီအတွက်လဲ ဝမ်းသာပါတယ်။ ကျေးဇူးလဲတင်ပါတယ်။ ဒါပေမဲ့လဲ တကယ်တမ်းရခြင်းမရခြင်းကတော့ ကံတရားပေါ်လဲမူတည်ပါတယ်လို့ပဲပြောချင်ပါတယ်။

-အကယ်ဒမီကရော အစ်ကို့ဘဝအတွက်ဘယ်လောက်ထိအရေးပါလဲ။

အရေးကတော့ ပါတာပေါ့ဗျ။ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် အကယ်ဒမီဆိုတာကတော့ သရုပ်ဆောင်တွေရဲ့အိပ်မက်လို့တောင်ပြောလို့ရပါတယ်။

-အခုနောက်ပိုင်း မိန်းမလျာကာရိုက်တာတွေသိပ်ရိုက်တာမတွေ့ရပြန်ဘူး။

အခြောက်ကာရိုက်တာတွေ နည်းနည်းလေးရပ်ထားတယ်။ အရိုက်များရင် အီသွားမှာစိုးလို့ပါ။

-သင်္ကြန်ကျရင်ရော ဘာအစီအစဉ်တွေရှိလဲ။ ဟန်းနီးမွန်းရောမထွက်ဖြစ်တော့ဘူးလား။

ဘာမှတော့မရှိသေးဘူး။ လောလောဆယ်တော့မရှိသေးဘူးပေါ့။

-အခုနောက်ပိုင်းရော ဘာတွေထူးထူးခြားခြား လက်ခံထားတာရှိဦးမလဲ။

ကာရိုက်တာတွေကတော့ အစုံလက်ခံထားပါတယ်။ ဟာသတွေရော၊ အက်ရှင်တွေရော၊ ရိုမန့်စ်တွေရော အစုံလက်ခံထားပါတယ်။

-လူပျိုဘဝနဲ့အိမ်ထောင်သည်ဘဝထူးထူးခြားခြားဘာတွေကွာခြားသွားတာရှိမလဲ။

ဘာမှမကွာဘူး။ ဒီအတိုင်းပဲ။

-ရင်သွေးလေးရော ဘယ်တော့လောက်ယူဖြစ်မလဲ။

ကလေးကတော့ယူမှာပါ။ အမြန်ဆုံးကြိုးစားမှာပေါ့။

-အိမ်ထောင်ကျသွားပြီးနောက်ပိုင်းမှာရော အစ်မရှုတင်တွေနေ့တိုင်းလိုက်ဖြစ်သေးလား။

အရင်လောက်တော့မလိုက်ဖြစ်တော့ဘူး။ နည်းနည်းတော့ နည်းသွားတာပေါ့။

-အစ်ကိုတို့စုံတွဲလေးဆိုရင်လဲ ပရိသတ်ကချစ်ကြတယ်။ အားကျကြတဲ့ အပေါ်မှာရော ဘယ်လိုခံစားရလဲ။

အရမ်းဝမ်းသာပါတယ်။ အရမ်းလဲပျော်တာပေါ့နော်။ ကျွန်တော်တို့ဆို အခုမှသာယူဖြစ်တာဆိုပေမဲ့ သမီးရည်းစားဘဝနဲ့ကငါးနှစ်ကျော်လောက်ရှိပြီ။ အဲ့ဒီကတည်းကလဲ သိနေကြပြီ။ ပရိသတ်တွေက နှစ်တွေအကြာကြီးတွဲပြီးမှယူခဲ့ကြတာဆိုတော့ သူ့ကိုလဲ သိနေပြီး အားလုံးကဝိုင်းပြီးချစ်ကြတာပေါ့။ အဲ့ဒီအတွက်လဲကျေးဇူးတင်ပါတယ်လို့။

-အကယ်ဒမီနဲ့ပတ်သက်ပြီး အစ်ကို့ကိုမျှော်လင့်ပေးနေကြတဲ့ ပရိသတ်တွေကိုရော နောက်ဆုံးအနေနဲ့ဘယ်လိုပြောပြချင်သေးလဲ။

နောက်ဆုံးအနေနဲ့ဆိုရင် ဒါရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကျွန်တော်ကတော့ ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားမှာပါလို့ပြောချင်ပါတယ်။


Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top