iMyanmarHouse.com - Best Property Website for Myanmar
×

တစ္စုံတစ္ေယာက္က သင့္ကိုနာက်ည္းေအာင္လုပ္တဲ့အခ်ိန္မွာ သူ႔ကိုျပန္ျပီးေတာ့ ၾကင္နာျပဖို႔ ခက္ခဲႏိုင္ပါတယ္။ သူၾကင္မွ ကိုယ္ၾကင္မယ္ ဆိုတဲ့ပုံစံမ်ဳိးနဲ႔ပဲ အမ်ားအားျဖင့္ေအာင္ တုံ႔ျပန္ၾကတာပဲမ်ားပါတယ္။ ဒီလိုလုပ္ျခင္းဟာ တကယ္ေတာ့ အရမ္းၾကီးမားတဲ့ အမွားတစ္ခုပဲ ျဖစ္ပါတယ္။ တျခားသူဆိုးတာ မဆိုးတာက သူ႔တို႔အပိုင္းေပါ့။ ကိုယ္ကအျမဲတမ္း တည္ျငိမ္ျပီးေတာ့ စိတ္ထားမြန္ျမတ္ဖို႔ အေရးၾကီးပါတယ္။ ေအာက္မွာ ေဖာ္ျပေပးထားတဲ့ အခ်က္ေတြကို ေလ့လာျပီးေတာ့ ကိုယ့္ကိုနာက်င္ေအာင္လုပ္တဲ့သူကို ပိုျပီး ဘာအေၾကာင္းျပခ်က္ေတြနဲ႔ ခ်စ္သင့္သလဲဆိုတာကို ပိုျပီးနားလည္သြားလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

၁။ သင္ဟာ ဘယ္ေလာက္စိတ္ထားေကာင္းတဲ့သူျဖစ္သလဲဆိုတာ ေဖာ္ျပေပးပါတယ္။


ဘယ္သူ႔ဆီမွာမွ ေျဖရွင္းစရာ ဘာမွမလိုတဲ့အခ်ိန္မွာ သင့္ကိုနာက်င္ေအာင္ လုပ္တဲ့သူကို ၾကင္နာျခင္းက သင္ဘယ္ေလာက္ ထက္ျမတ္တဲ့သူျဖစ္လဲဆိုတာကို ေဖာ္ျပေပးပါလိမ့္မယ္။ ခက္ခဲတဲ့ အေျခအေနမွာေတာင္ ခြန္အားရိွတဲ့ သင့္ကို ဘယ္သူမွ မခ်ီးက်ဴးပဲ ေနႏိုင္မွာမဟုတ္ပါဘူး။

 ၂။ သူ႔တို႔ဆီမွာရိွတဲ့ သင့္ရဲ႕ခံယူခ်က္ေတြကို ေပ်ာ့ေပ်ာင္းေစပါတယ္။

သူတို႔ ကိုယ့္ကို နာက်င္အာင္လုပ္သလိုပဲ ကိုယ္ကလဲ စာနာစိတ္ ကင္းမဲ့စြာနဲ႔ ျပန္တုံ႔ျပန္လို႔ရပါတယ္။ ဒါေပမယ့္ ဒီလိုလုပ္ျခင္းက အရာရာကို ပိုျပီးဆိုးသြားေစႏုိင္တယ္ဆိုတာ အားလုံးလက္ခံၾကမွာပါ။ အရင္ကထက္ပိုျပီးခ်စ္ခင္စြာနဲ႔ သူတို႔ကိုျပန္တုံ႔ျပန္ျခင္းဟာ ေကာင္းမြန္တဲ့ေျဖရွင္းနည္းပဲျဖစ္ပါတယ္။ တစ္ခါခြင့္လႊတ္ႏိုင္တယ္ဆိုရင္ သင္ေနာက္တစ္ၾကိမ္ သူတို႔အေပၚမွာရိွတဲ့ စိတ္ထားဟာ အလိုလိုအေလ်ာ့ေပး ခ်စ္ခင္ဖို႔ ခဲယဥ္းမွာေတာ့မွာ မဟုတ္ပါဘူး။

၃။ ဒီကိစၥဟာ ေကာက္က်စ္တယ္ဆိုျပီး သင္ခံစားရမွာ မဟုတ္ပါဘူး။

ကိုယ့္ကို ျပသနာရွာတာေတာ့မွန္ေပမယ့္ သင္ၾကင္နာျပမယ္ဆိုရင္ေတာ့ ဒီကိစၥဟာ အလုိလိုေနရင္း သင့္စိတ္ထဲမွာ ေကာက္က်စ္တဲ့သူလုပ္တဲ့အရာဆိုျပီး ခံစားရမွာမဟုတ္ပါဘူး။ အၾကင္နာမဲ့တဲ့အျပဳအမူကို တုံ႔ျပန္ဖို႔အေကာင္းဆုံးနည္းလမ္းကေတာ့ ျပဳံးျပျပီး အရင္ကထက္ပိုျပီး ခ်စ္ခင္ဖို႔ပဲျဖစ္ပါတယ္။

၄။ သင္ေနလို႔ထိုင္လို႔ေကာင္းမွာျဖစ္ပါတယ္။

သင့္ကိုနာၾကင္ေအာင္လုပ္တဲ့သူကို သင္ခ်စ္ခင္တယ္ဆိုရင္ေတာ့ သင္ဟာ အဲလူထက္ပိုျပီးေကာင္းတဲ့အတြက္ သင္ေနလို႔ထိုင္လို႔ ေကာင္းမွာေတာ့ ေသခ်ာပါတယ္။ ရိုင္းရိုင္းစိုင္းစိုင္း ျပန္တုံ႔ျပန္မိရင္ေတာ့ သင္ပိုျပီးစိတ္မသက္မသာျဖစ္မွာပါ။ သင့္ရဲ႕ၾကင္နာတတ္တဲ့ အျပဳအမူေၾကာင့္လည္း အျခားလူေတြက သင့္ကို အတုယူျပီးေတာ့ ေလးစားၾကမွာပဲ ျဖစ္ပါတယ္။

၅။ သင့္ရဲ႕ၾကင္နာမႈက သူတို႔ကို သတ္သြားလိမ့္မယ္။

သင့္ရဲ႕ခ်စ္ခင္ၾကင္နာမႈက သူတို႔ရဲ႕အမွားကို ဝန္ခံေအာင္နဲ႔ ေတာင္းပန္ေအာင္ ျပဳလုပ္ႏုိင္ပါတယ္။ သူတို႔မဝန္ခံရင္ေတာင္မွ သင့္ရဲ႕ခ်စ္ခင္မႈက သူ႔တို႕ကို အရွက္ရေစျပီးေတာ့ သင့္ကိုေႏွာက္ယွက္ရဲေတာ့မွာ မဟုတ္ပါဘူး။

၆။ အျခားလူေတြက သင့္ရဲ႕စိတ္ထားေကာင္းမႈေတြေၾကာင့္ ခ်ီးက်ဴးမွာ ျဖစ္ပါတယ္။

အျခားလူေတြရဲ႕ေရွ႕မွာ သင့္ကိုနာၾကင္ေအာင္ တစုံတေယာက္ကလုပ္တဲ့ဆိုရင္ သင္အရႈံးေပးလိုက္ျခင္းက သင္ပိုအားနည္းေနတယ္ဆိုတဲ့သေဘာမေဆာင္ပါဘူး။ သင္ဟာ ပိုျပီး ေကာင္းျမတ္တဲ့သူျဖစ္ေၾကာင္း သင္သက္ေသျပဖို႔ အခြင့္အေရးေကာင္းပဲ ျဖစ္ပါတယ္။ ျမင္တဲ့သူက သင့္ကို ေလးစားျပီး ခ်ီးက်ဴးမွာပဲ ျဖစ္ပါတယ္။

Credit :Trend Myanmar
 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version

တစ်စုံတစ်ယောက်က သင့်ကိုနာကျည်းအောင်လုပ်တဲ့အချိန်မှာ သူ့ကိုပြန်ပြီးတော့ ကြင်နာပြဖို့ ခက်ခဲနိုင်ပါတယ်။ သူကြင်မှ ကိုယ်ကြင်မယ် ဆိုတဲ့ပုံစံမျိုးနဲ့ပဲ အများအားဖြင့်အောင် တုံ့ပြန်ကြတာပဲများပါတယ်။ ဒီလိုလုပ်ခြင်းဟာ တကယ်တော့ အရမ်းကြီးမားတဲ့ အမှားတစ်ခုပဲ ဖြစ်ပါတယ်။ တခြားသူဆိုးတာ မဆိုးတာက သူ့တို့အပိုင်းပေါ့။ ကိုယ်ကအမြဲတမ်း တည်ငြိမ်ပြီးတော့ စိတ်ထားမွန်မြတ်ဖို့ အရေးကြီးပါတယ်။ အောက်မှာ ဖော်ပြပေးထားတဲ့ အချက်တွေကို လေ့လာပြီးတော့ ကိုယ့်ကိုနာကျင်အောင်လုပ်တဲ့သူကို ပိုပြီး ဘာအကြောင်းပြချက်တွေနဲ့ ချစ်သင့်သလဲဆိုတာကို ပိုပြီးနားလည်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

၁။ သင်ဟာ ဘယ်လောက်စိတ်ထားကောင်းတဲ့သူဖြစ်သလဲဆိုတာ ဖော်ပြပေးပါတယ်။


ဘယ်သူ့ဆီမှာမှ ဖြေရှင်းစရာ ဘာမှမလိုတဲ့အချိန်မှာ သင့်ကိုနာကျင်အောင် လုပ်တဲ့သူကို ကြင်နာခြင်းက သင်ဘယ်လောက် ထက်မြတ်တဲ့သူဖြစ်လဲဆိုတာကို ဖော်ပြပေးပါလိမ့်မယ်။ ခက်ခဲတဲ့ အခြေအနေမှာတောင် ခွန်အားရှိတဲ့ သင့်ကို ဘယ်သူမှ မချီးကျူးပဲ နေနိုင်မှာမဟုတ်ပါဘူး။

 ၂။ သူ့တို့ဆီမှာရှိတဲ့ သင့်ရဲ့ခံယူချက်တွေကို ပျော့ပျောင်းစေပါတယ်။

သူတို့ ကိုယ့်ကို နာကျင်အာင်လုပ်သလိုပဲ ကိုယ်ကလဲ စာနာစိတ် ကင်းမဲ့စွာနဲ့ ပြန်တုံ့ပြန်လို့ရပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ခြင်းက အရာရာကို ပိုပြီးဆိုးသွားစေနိုင်တယ်ဆိုတာ အားလုံးလက်ခံကြမှာပါ။ အရင်ကထက်ပိုပြီးချစ်ခင်စွာနဲ့ သူတို့ကိုပြန်တုံ့ပြန်ခြင်းဟာ ကောင်းမွန်တဲ့ဖြေရှင်းနည်းပဲဖြစ်ပါတယ်။ တစ်ခါခွင့်လွှတ်နိုင်တယ်ဆိုရင် သင်နောက်တစ်ကြိမ် သူတို့အပေါ်မှာရှိတဲ့ စိတ်ထားဟာ အလိုလိုအလျော့ပေး ချစ်ခင်ဖို့ ခဲယဉ်းမှာတော့မှာ မဟုတ်ပါဘူး။

၃။ ဒီကိစ္စဟာ ကောက်ကျစ်တယ်ဆိုပြီး သင်ခံစားရမှာ မဟုတ်ပါဘူး။

ကိုယ့်ကို ပြသနာရှာတာတော့မှန်ပေမယ့် သင်ကြင်နာပြမယ်ဆိုရင်တော့ ဒီကိစ္စဟာ အလိုလိုနေရင်း သင့်စိတ်ထဲမှာ ကောက်ကျစ်တဲ့သူလုပ်တဲ့အရာဆိုပြီး ခံစားရမှာမဟုတ်ပါဘူး။ အကြင်နာမဲ့တဲ့အပြုအမူကို တုံ့ပြန်ဖို့အကောင်းဆုံးနည်းလမ်းကတော့ ပြုံးပြပြီး အရင်ကထက်ပိုပြီး ချစ်ခင်ဖို့ပဲဖြစ်ပါတယ်။

၄။ သင်နေလို့ထိုင်လို့ကောင်းမှာဖြစ်ပါတယ်။

သင့်ကိုနာကြင်အောင်လုပ်တဲ့သူကို သင်ချစ်ခင်တယ်ဆိုရင်တော့ သင်ဟာ အဲလူထက်ပိုပြီးကောင်းတဲ့အတွက် သင်နေလို့ထိုင်လို့ ကောင်းမှာတော့ သေချာပါတယ်။ ရိုင်းရိုင်းစိုင်းစိုင်း ပြန်တုံ့ပြန်မိရင်တော့ သင်ပိုပြီးစိတ်မသက်မသာဖြစ်မှာပါ။ သင့်ရဲ့ကြင်နာတတ်တဲ့ အပြုအမူကြောင့်လည်း အခြားလူတွေက သင့်ကို အတုယူပြီးတော့ လေးစားကြမှာပဲ ဖြစ်ပါတယ်။

၅။ သင့်ရဲ့ကြင်နာမှုက သူတို့ကို သတ်သွားလိမ့်မယ်။

သင့်ရဲ့ချစ်ခင်ကြင်နာမှုက သူတို့ရဲ့အမှားကို ဝန်ခံအောင်နဲ့ တောင်းပန်အောင် ပြုလုပ်နိုင်ပါတယ်။ သူတို့မဝန်ခံရင်တောင်မှ သင့်ရဲ့ချစ်ခင်မှုက သူ့တို့ကို အရှက်ရစေပြီးတော့ သင့်ကိုနှောက်ယှက်ရဲတော့မှာ မဟုတ်ပါဘူး။

၆။ အခြားလူတွေက သင့်ရဲ့စိတ်ထားကောင်းမှုတွေကြောင့် ချီးကျူးမှာ ဖြစ်ပါတယ်။

အခြားလူတွေရဲ့ရှေ့မှာ သင့်ကိုနာကြင်အောင် တစုံတယောက်ကလုပ်တဲ့ဆိုရင် သင်အရှုံးပေးလိုက်ခြင်းက သင်ပိုအားနည်းနေတယ်ဆိုတဲ့သဘောမဆောင်ပါဘူး။ သင်ဟာ ပိုပြီး ကောင်းမြတ်တဲ့သူဖြစ်ကြောင်း သင်သက်သေပြဖို့ အခွင့်အရေးကောင်းပဲ ဖြစ်ပါတယ်။ မြင်တဲ့သူက သင့်ကို လေးစားပြီး ချီးကျူးမှာပဲ ဖြစ်ပါတယ်။

Credit :Trend Myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top