iMyanmarHouse.com - Best Property Website for Myanmar
×

၁. ကိုယ္ရည္ကိုယ္ေသြးညံ႕ဖ်င္းသူနွင့္မပတ္သက္ပါနဲ႕
ကိုယ့္ကိုယ္ကိုမခ်စ္တတ္ တန္ဖိုးမထားတတ္သူဟာ သူတစ္ပါးကုိလဲ စိတ္ခ်မ္းသာေအာင္ထားနိုင္မွာမဟုတ္ပါဘူး။ ကိုယ္ရည္ကိုယ္ေသြးျမင့္မားသူကိုသာရွာလိုက္ပါ။

၂. မိသားစု အသုိင္းအဝိုင္းခ်င္းကိုက္ညီသူျဖစ္ပါေစ
သူ႔မိသားစူကေႏြးေႏြးေထြးေထြးရိွရဲ႕လား အလုပ္အကိုင္နဲ႔ တာဝန္ယူနိုင္မႈတို႔ကေရာ စိတ္ခ်ရတဲ႔အေနအထားမွာရိွရဲ႕လား ။

၃. အက်င့္ဆိုးေတြကိုလံုးဝလက္မခံပါနဲ႔
အရင္လူမွာရိွတဲ႔အက်င့္စရိုက္ဆိုးေတြ ဒီလူမွာလဲပါလာဦးမယ္ဆိုရင္ မင္းဒီတစ္သက္လူေကာင္းနဲ႔ေတြ႕ပါဦးမလား။

၄. သူ႕လုပ္ရပ္ကိုေစာင့္ၾကည့္ပါ. အေျပာကိုမယံုၾကည္ပါနဲ႔ အေျပာနဲ႔အလုပ္ညီေသာ အေတြးအေခၚေကာင္းေသာတည္ျငိမ္ေသာ ခ်စ္သူဟာ အနာဂတ္ရဲ႕ခင္ပြန္းေလာင္းပါပဲ။

၅. မင္းကိုေရရွည္အတည္တြဲ မတြဲသိေအာင္လုပ္ပါ
ဘဝကိုမင္းနဲ႔အတူအေျခက်ဖို႔ အစီစဥ္ေတြဆြဲမယ္ သူ႕အသိုင္းအဝိုင္းမွာလဲ မင္းကိုဂုဏ္ယူစြာမိတ္ဆက္ေပးမယ္ဆိုရင္ သူအမွန္တကယ္ရည္ရြယ္ေၾကာင္းသိနိုင္ပါတယ္။

၆. မင္းတစ္ေယာက္တည္းကို နွစ္နွစ္ကာကာခ်စ္ေၾကာင္း ေသခ်ာပါေစ
အစစအရာရာထပ္ဦးစားေပးပါလိမ့္မယ္။ သူနဲ႕ပတ္သက္ျပီး မ်က္ရည္က်စရာမရိွေအာင္ထားပါလိမ့္မယ္။ အေရးၾကီးဆံုးကေတာ့ မင္းကလြဲျပီး တျခားတစ္ေယာက္ကိုလံုးဝစိတ္မဝင္စားပါဘူး။

၇. စမ္းသပ္ပါ
သူနဲ႔ပတ္သက္ျပီး သေဘာမက်စရာရိွရင္ ပြင့္ပြင့္လင္းလင္းထုတ္ေျပာပါ။ သူ႔ရဲ႕တံု႕ျပန္မႈက အျပဳသေဘာေဆာင္ရဲ႕လား လက္လြယ္စပယ္ ေျပာဆိုျပီး မင္းကိုစိတ္ထိခိုက္ေစလား။ ကိုယ့္ကိုကိုယ္ထိန္းခ်ဳပ္နိုင္စြမ္းရိွျပီး မင္းရဲ႕ခံစားခ်က္ကို အေလးအနက္ထားသူကိုသာလက္တြဲပါ။

၈. အတူေနဖို႔ဆႏၵမေစာပါနဲ႔
သူကအေတာ္အသင့္ လက္ခံနိုင္တဲ႔အေနအထားရိွေၾကာင္းသိျပီးတဲ႔ေနာက္မွာ အလ်င္စလိုဆံုးျဖတ္ခ်က္မခ်ပါနဲ႔။ အရြယ္ေရာက္ျပီးသူေတြျဖစ္ေနေသာ္ျငားလည္း အလြယ္တကူမေနသင့္ပါဘူး။ ေရရွည္လက္တြဲဖို႔ရည္ရြယ္ရင္ အတူေနဖို႔ကိစၥက နံပါတ္ ၁ ျဖစ္ေနမွာမဟုတ္ပါဘူး။

၉. သူနဲ႔လက္တြဲထားရခ်ိန္ေတြဟာ မင္းအတြက္အေပ်ာ္ရႊင္ရဆံုးအခ်ိန္ေတြျဖစ္ပါေစ
ဟန္ေဆာင္မႈ စိုးရိမ္ပူပန္မႈ ေတြနဲ႔ တင္းၾကပ္ျပီး စိတ္ဖိစီးမႈမ်ားမေနသင့္ပါဘူး။ သူကသာ မင္းရဲ႕လက္တြဲေဖာ္အစစ္အမွန္ ဆိုရင္ ၂ ေယာက္သားအတူရိွခ်ိန္တိုင္းဟာ ေပါ့ေပါ့ပါးပါး နဲ႔ေပ်ာ္စရာေကာင္းေနမွာပါ။

လက္တြဲေဖာ္အစစ္အမွန္ကိုရွာေတြ႕ၾကပါေစ ။


Credit:Hnin Pwint


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version


၁. ကိုယ်ရည်ကိုယ်သွေးညံ့ဖျင်းသူနှင့်မပတ်သက်ပါနဲ့
ကိုယ့်ကိုယ်ကိုမချစ်တတ် တန်ဖိုးမထားတတ်သူဟာ သူတစ်ပါးကိုလဲ စိတ်ချမ်းသာအောင်ထားနိုင်မှာမဟုတ်ပါဘူး။ ကိုယ်ရည်ကိုယ်သွေးမြင့်မားသူကိုသာရှာလိုက်ပါ။

၂. မိသားစု အသိုင်းအဝိုင်းချင်းကိုက်ညီသူဖြစ်ပါစေ
သူ့မိသားစူကနွေးနွေးထွေးထွေးရှိရဲ့လား အလုပ်အကိုင်နဲ့ တာဝန်ယူနိုင်မှုတို့ကရော စိတ်ချရတဲ့အနေအထားမှာရှိရဲ့လား ။

၃. အကျင့်ဆိုးတွေကိုလုံးဝလက်မခံပါနဲ့
အရင်လူမှာရှိတဲ့အကျင့်စရိုက်ဆိုးတွေ ဒီလူမှာလဲပါလာဦးမယ်ဆိုရင် မင်းဒီတစ်သက်လူကောင်းနဲ့တွေ့ပါဦးမလား။

၄. သူ့လုပ်ရပ်ကိုစောင့်ကြည့်ပါ. အပြောကိုမယုံကြည်ပါနဲ့ အပြောနဲ့အလုပ်ညီသော အတွေးအခေါ်ကောင်းသောတည်ငြိမ်သော ချစ်သူဟာ အနာဂတ်ရဲ့ခင်ပွန်းလောင်းပါပဲ။

၅. မင်းကိုရေရှည်အတည်တွဲ မတွဲသိအောင်လုပ်ပါ
ဘဝကိုမင်းနဲ့အတူအခြေကျဖို့ အစီစဉ်တွေဆွဲမယ် သူ့အသိုင်းအဝိုင်းမှာလဲ မင်းကိုဂုဏ်ယူစွာမိတ်ဆက်ပေးမယ်ဆိုရင် သူအမှန်တကယ်ရည်ရွယ်ကြောင်းသိနိုင်ပါတယ်။

၆. မင်းတစ်ယောက်တည်းကို နှစ်နှစ်ကာကာချစ်ကြောင်း သေချာပါစေ
အစစအရာရာထပ်ဦးစားပေးပါလိမ့်မယ်။ သူနဲ့ပတ်သက်ပြီး မျက်ရည်ကျစရာမရှိအောင်ထားပါလိမ့်မယ်။ အရေးကြီးဆုံးကတော့ မင်းကလွဲပြီး တခြားတစ်ယောက်ကိုလုံးဝစိတ်မဝင်စားပါဘူး။

၇. စမ်းသပ်ပါ
သူနဲ့ပတ်သက်ပြီး သဘောမကျစရာရှိရင် ပွင့်ပွင့်လင်းလင်းထုတ်ပြောပါ။ သူ့ရဲ့တုံ့ပြန်မှုက အပြုသဘောဆောင်ရဲ့လား လက်လွယ်စပယ် ပြောဆိုပြီး မင်းကိုစိတ်ထိခိုက်စေလား။ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်စွမ်းရှိပြီး မင်းရဲ့ခံစားချက်ကို အလေးအနက်ထားသူကိုသာလက်တွဲပါ။

၈. အတူနေဖို့ဆန္ဒမစောပါနဲ့
သူကအတော်အသင့် လက်ခံနိုင်တဲ့အနေအထားရှိကြောင်းသိပြီးတဲ့နောက်မှာ အလျင်စလိုဆုံးဖြတ်ချက်မချပါနဲ့။ အရွယ်ရောက်ပြီးသူတွေဖြစ်နေသော်ငြားလည်း အလွယ်တကူမနေသင့်ပါဘူး။ ရေရှည်လက်တွဲဖို့ရည်ရွယ်ရင် အတူနေဖို့ကိစ္စက နံပါတ် ၁ ဖြစ်နေမှာမဟုတ်ပါဘူး။

၉. သူနဲ့လက်တွဲထားရချိန်တွေဟာ မင်းအတွက်အပျော်ရွှင်ရဆုံးအချိန်တွေဖြစ်ပါစေ
ဟန်ဆောင်မှု စိုးရိမ်ပူပန်မှု တွေနဲ့ တင်းကြပ်ပြီး စိတ်ဖိစီးမှုများမနေသင့်ပါဘူး။ သူကသာ မင်းရဲ့လက်တွဲဖော်အစစ်အမှန် ဆိုရင် ၂ ယောက်သားအတူရှိချိန်တိုင်းဟာ ပေါ့ပေါ့ပါးပါး နဲ့ပျော်စရာကောင်းနေမှာပါ။

လက်တွဲဖော်အစစ်အမှန်ကိုရှာတွေ့ကြပါစေ ။


Credit:Hnin Pwint


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top