iMyanmarHouse.com - Best Property Website for Myanmar
×

မိတ္ကပ္လိမ္းမထားတဲ့ မ်က္ႏွာေလးကမွ ပိုၿပီးစြဲေဆာင္မႈရွိတယ္လို႔ Bangor တကၠသိုလ္မွ သုေတသီေတြကေျပာခဲ့ပါတယ္။သုေတသီေတြဟာ မိန္းကေ လးေတြရဲ႕ မိတ္္ကပ္ မလိမ္းမီနဲ႔လိမ္းၿပီးမ်က္ႏွာ before နဲ႔ after ကို ဓါတ္ပံု ရိုက္ေလ့လာခဲ့ပါတယ္။အဲ့ဒီအခါမွာေတာ့ ဘာမွ လိမ္းမထားတဲ့ သဘာ၀ အလွက မိတ္ကပ္လိမ္းထားတဲ့ မ်က္ႏွာထက္ ပိုစြဲေဆာင္မႈ ရွိတယ္ဆိုတယ္လို႔ လက္ခံခဲ့ပါတယ္။မိတ္ကပ္လိမ္းမထားတဲ့ မ်က္ႏွာက ပိုစြဲေဆာင္မႈရွိရတဲ့ အေၾကာင္းအရင္းေတြရွိပါတယ္။အဲ့ဒါေတြကေတာ့….

(၁)ယံုၾကည္မႈပို ရွိ

မိန္းကေလးတစ္ေယာက္က သူ႔ရဲ႕ ဘာမွ လိမ္းမထားတဲ့ မ်က္ႏွာကို ထုတ္ျပရဲ တယ္ဆိုတာ တစ္နည္းအားျဖင့္ သူဟာ သူ႔ကိုယ္သူ ယံုၾကည္မႈရွိတယ္ဆိုတာ ကို ျပ လိုက္တာပါ။သုေတသေတြ႔ရွိခ်က္ေတြအရ မိမိကိုယ္ကို ယံုၾကည္မႈကမွ မိန္းကေလးတစ္ေယာက္ကို ဆက္စီက်ေစတာပါ။

(၂)ရင္းႏီွးမႈကို ျပ
မိန္းကေလးတစ္ေယာက္ဟာ လူတစ္ေယာက္ကို မိတ္ကပ္မပါပဲ မ်က္နွာ ေျပာင္ နဲ႔ ေတြ႕တယ္ဆိုတာ ဒီလူ႔အနားမွာ ေနရတာ သူ႔အတြက္ သက္ေသာင့္ သက္ သာရွိေစတဲ့ သူဆိုတာကုိ ျပေနတာပါ။

(၃)ႏွစ္လိုဖြယ္ ပိုေကာင္း
ယံုခ်င္ယုံ မယံုခ်င္ေနပါ။မိတ္ကပ္လိမ္းမထား မ်က္ႏွာေျပာင္က ပိုၿပီးေတာ့ ႏွစ္လို ဖြယ္ေကာင္းတဲ့ပံု၊ယံုၾကည္ခ်င္စရာ ေကာင္းတဲ့ ပံုပို ေပါက္ေစပါတယ္။


(၄)မိတ္ကပ္ အစား အၿပံဳးကိုေဆာင္
မိန္းကေလးတစ္ေယာက္ဟာ မိတ္ကပ္လိမ္းမထားပဲ သူ႔မ်က္ႏွာမွာ အၿပံဳး တစ္ခု တည္းကို ေဆာင္ထားတဲ့ အခ်ိန္ဟာ အလွဆံုးပါ။မိတ္ကပ္မပါတဲ့ မ် က္ႏွာ ေျပာ င္ေလးက အလွဆံုးလို႔ အမ်ိဳးသားေတာ္ေတာ္မ်ားမ်ားက လက္ခံထားၾကပါတယ္။


(၅) သဘာ၀အလွကို ျမင္ႏိုင္

 အေပၚယံ မိတ္ကပ္လိမ္းခ်ယ္မႈေတြမပါေတာ့ အဲ့ဒီမိန္းကေလးရဲ႕ သဘာ၀ အလွကို ျမင္ေတြ႔ႏိုင္ပါတယ္။မိတ္ကပ္မပါတဲ့ မ်က္ႏွာေျပာင္ေလးကမွ ပိုၿပီး ႏွစ္လိုစရာေကာင္းပါတယ္။

 (၆)ခ်ဥ္းကပ္ခ်င္စရာေကာင္း

မိတ္ကပ္လိမ္းမထားတဲ့ မ်က္ႏွာေလးက အမ်ိဳးသားေတြကုိ ပိုစြဲေဆာင္ႏိုင္ တာေၾကာင့္ ပိုၿပီး ခ်ဥ္းကပ္ခ်င္စရာေကာင္းတဲ့ ခံစားခ်က္ကို ခံစားရေစပါတယ္။ ဘာမွမပါတဲ့ သဘာ၀အလွက ပိုၿပီး ပြင့္ပြင့္လင္းလင္းစကားေျပာလို႔ ေကာင္းမယ့္ ပံုမ်ိဳး ေပါက္ေစပါတယ္။

(၇)အျပစ္ကင္းစင္


မိတ္ကပ္လိမ္းမထားတဲ့ မ်က္ႏွာေလးက အျပစ္ကင္းစင္တဲ့ ပံု ပိုေပါက္ေစ တယ္လို႔ သုေတသီေတြက ေျပာထားပါတယ္။သဘာ၀အလွကမွ ပိုၿပီး relationship ကို တည္ၿမဲေစမယ့္ပံု၊သစၥာရွိတဲ့ ပံု ပိုေပါက္ေစပါတယ္။

Credit : Shwemom

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မိတ်ကပ်လိမ်းမထားတဲ့ မျက်နှာလေးကမှ ပိုပြီးစွဲဆောင်မှုရှိတယ်လို့ Bangor တက္ကသိုလ်မှ သုတေသီတွေကပြောခဲ့ပါတယ်။သုတေသီတွေဟာ မိန်းကေ လးတွေရဲ့ မိတ်ကပ် မလိမ်းမီနဲ့လိမ်းပြီးမျက်နှာ before နဲ့ after ကို ဓါတ်ပုံ ရိုက်လေ့လာခဲ့ပါတယ်။အဲ့ဒီအခါမှာတော့ ဘာမှ လိမ်းမထားတဲ့ သဘာ၀ အလှက မိတ်ကပ်လိမ်းထားတဲ့ မျက်နှာထက် ပိုစွဲဆောင်မှု ရှိတယ်ဆိုတယ်လို့ လက်ခံခဲ့ပါတယ်။မိတ်ကပ်လိမ်းမထားတဲ့ မျက်နှာက ပိုစွဲဆောင်မှုရှိရတဲ့ အကြောင်းအရင်းတွေရှိပါတယ်။အဲ့ဒါတွေကတော့….

(၁)ယုံကြည်မှုပို ရှိ

မိန်းကလေးတစ်ယောက်က သူ့ရဲ့ ဘာမှ လိမ်းမထားတဲ့ မျက်နှာကို ထုတ်ပြရဲ တယ်ဆိုတာ တစ်နည်းအားဖြင့် သူဟာ သူ့ကိုယ်သူ ယုံကြည်မှုရှိတယ်ဆိုတာ ကို ပြ လိုက်တာပါ။သုတေသတွေ့ရှိချက်တွေအရ မိမိကိုယ်ကို ယုံကြည်မှုကမှ မိန်းကလေးတစ်ယောက်ကို ဆက်စီကျစေတာပါ။

(၂)ရင်းနှီးမှုကို ပြ
မိန်းကလေးတစ်ယောက်ဟာ လူတစ်ယောက်ကို မိတ်ကပ်မပါပဲ မျက်နှာ ပြောင် နဲ့ တွေ့တယ်ဆိုတာ ဒီလူ့အနားမှာ နေရတာ သူ့အတွက် သက်သောင့် သက် သာရှိစေတဲ့ သူဆိုတာကို ပြနေတာပါ။

(၃)နှစ်လိုဖွယ် ပိုကောင်း
ယုံချင်ယုံ မယုံချင်နေပါ။မိတ်ကပ်လိမ်းမထား မျက်နှာပြောင်က ပိုပြီးတော့ နှစ်လို ဖွယ်ကောင်းတဲ့ပုံ၊ယုံကြည်ချင်စရာ ကောင်းတဲ့ ပုံပို ပေါက်စေပါတယ်။


(၄)မိတ်ကပ် အစား အပြုံးကိုဆောင်
မိန်းကလေးတစ်ယောက်ဟာ မိတ်ကပ်လိမ်းမထားပဲ သူ့မျက်နှာမှာ အပြုံး တစ်ခု တည်းကို ဆောင်ထားတဲ့ အချိန်ဟာ အလှဆုံးပါ။မိတ်ကပ်မပါတဲ့ မျ က်နှာ ပြော င်လေးက အလှဆုံးလို့ အမျိုးသားတော်တော်များများက လက်ခံထားကြပါတယ်။


(၅) သဘာဝအလှကို မြင်နိုင်

 အပေါ်ယံ မိတ်ကပ်လိမ်းချယ်မှုတွေမပါတော့ အဲ့ဒီမိန်းကလေးရဲ့ သဘာ၀ အလှကို မြင်တွေ့နိုင်ပါတယ်။မိတ်ကပ်မပါတဲ့ မျက်နှာပြောင်လေးကမှ ပိုပြီး နှစ်လိုစရာကောင်းပါတယ်။

 (၆)ချဉ်းကပ်ချင်စရာကောင်း

မိတ်ကပ်လိမ်းမထားတဲ့ မျက်နှာလေးက အမျိုးသားတွေကို ပိုစွဲဆောင်နိုင် တာကြောင့် ပိုပြီး ချဉ်းကပ်ချင်စရာကောင်းတဲ့ ခံစားချက်ကို ခံစားရစေပါတယ်။ ဘာမှမပါတဲ့ သဘာဝအလှက ပိုပြီး ပွင့်ပွင့်လင်းလင်းစကားပြောလို့ ကောင်းမယ့် ပုံမျိုး ပေါက်စေပါတယ်။

(၇)အပြစ်ကင်းစင်


မိတ်ကပ်လိမ်းမထားတဲ့ မျက်နှာလေးက အပြစ်ကင်းစင်တဲ့ ပုံ ပိုပေါက်စေ တယ်လို့ သုတေသီတွေက ပြောထားပါတယ်။သဘာဝအလှကမှ ပိုပြီး relationship ကို တည်မြဲစေမယ့်ပုံ၊သစ္စာရှိတဲ့ ပုံ ပိုပေါက်စေပါတယ်။


Credit : Shwemom


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top